ထိမိဂွိ by ဟိဏ်းသစ်

ထိမိဂွိ by ဟိဏ်းသစ် စားသောက်ကုန်လုပ်ငန်း Food and Beverages

ချဉ်ငံစပ် ဆိုမှ တကယ့်ချဉ်ငံစပ် ဟင်းအတွဲအစပ်ပဲ 😋ပထမဟင်းကတော့ ရခိုင်ခရမ်းသီးကို ငါးခြောက်၊ ငရုတ်သီးစိမ်း၊ ငပိစိမ်းစား နှင့...
15/09/2026

ချဉ်ငံစပ် ဆိုမှ တကယ့်ချဉ်ငံစပ် ဟင်းအတွဲအစပ်ပဲ 😋
ပထမဟင်းကတော့ ရခိုင်ခရမ်းသီးကို ငါးခြောက်၊ ငရုတ်သီးစိမ်း၊ ငပိစိမ်းစား နှင့်ချက်ပြီး နံနံပင်များများအုပ်ထားတယ်။ ရခိုင်ဟင်းတွေမှာ အများဆုံးသုံးတဲ့ခရမ်းသီးမို့ပါ။ သူကအချဉ်အရသာလေးနဂိုထဲကပါတော့ ငရုတ်သီးစိမ်း၊ ငပိ ငါးခြောက်နဲ့ လုံးချက်လေးချက်လိုက်တာ လုံးဝ ထိမိဂွိ ..
ဒုတိယဟင်းက ဘဲဥအာလူးကို မော်လမြိုင်နည်းအတိုင်း ကလယ်ချက်ချက်ထားတယ်။ ငရုတ်သီးအကြတ်မှုန်၊ ငရုတ်ကောင်းမှုန့်၊ မဆလာများများနှင့်မို့ ဟင်းကမွှေးကြိုင်ပြီး ထမင်းကိုမြိန်နေတာ..
တတိယဟင်းက ပဲပင်ပေါက်သုပ်၊ ရေနွေးဖြောပြီး ဆီချက် ပဲအကျက်မှုန့်ခပ်များများနှင့် ထွေးထွေးလေးသုပ်ထားတယ်။ အိမ်မှာ ကန်စွန်းရွက် ၂ ရိုး ၃ ရိုးရှိနေတာပါ ကျန်ဖြတ်လုပ်ပြီး ထည့်သုပ်လိုက်တယ်။
ထိမိဂွိ ငရုတ်သီးစိမ်းငပိချက်ဗူး တဗူးဖောက်ဦးမယ်လေ။ တို့စရာအစုံ နှင့် မိုးဖွဲဖွဲနှင့် လိုက်ဖတ်တဲ့ဘဝ လေးပေါ့... ထိမိဂွိ တဲ့

13/09/2026

စိတ်ရှုပ်လို့ ချွေးတွေရော နှပ်တွေရော ထွက်အောင် ချက်စားလိုက်တယ်
သင်္ဘောသီးရခိုင်သုပ်၊ ပုဇွန်အစပ်ကြော်၊ သင်္ဘောသီးချဉ်ဟင်း နှင့် ကန်စွန်းရွက်ကြော်

မိုးနဲ့လေနဲ့ ဆိုပေမယ့် ဗိုက်နှင့်ပါးစပ်က ရာသီဥတုနဲ့ အလိုက်လေး စားချင်သေးတာ 😋တခုတည်းနဲ့ ထိမိဂွိဖြစ်အောင်လို့ သင်္ဘောသီးရခ...
12/09/2026

မိုးနဲ့လေနဲ့ ဆိုပေမယ့် ဗိုက်နှင့်ပါးစပ်က ရာသီဥတုနဲ့ အလိုက်လေး စားချင်သေးတာ 😋
တခုတည်းနဲ့ ထိမိဂွိဖြစ်အောင်လို့ သင်္ဘောသီးရခိုင်သုပ် သုပ်ထားတယ်။ သင်္ဘောသီးကို အပြားတွေလှီး ငပိစိမ်းစားမီးဖုတ်ပြီး ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းများများလေး နှင့်သုပ် ပုစွန်ခြောက်များများဖြူးလိုက်သေး။
ပုစွန်ကို ခပ်သွက်သွက်လေးပဲ ငရုတ်သီးခွဲကြမ်းနှင့် အစပ်လေးကြော်လိုက်တယ်။ အရည်သောက်အတွက် သင်္ဘောသီးကို ခရမ်းချဉ်သီး၊ ကြံမဆိုင်နှင့် ချဉ်ရည်ဟင်းပူပူလေးချက်ထားတယ်။ အရွက်ကတော့ တရုတ်ကန်စွန်းကြော်၊ ခရုဆီလေးနှင့်ပေါ့။
ပူစပ်မှတော့ ဂိတ်ဆုံးစားမယ်ဆိုပြီး ထိမိဂွိ ငရုတ်သီးစိမ်းငပိချက်ဗူးသေး ဖောက်လိုက်သေးတယ်။ တို့စရာကလည်း စုံပလုံစိ.. ဂွိ
စားကြပါဦးဗျ

07/09/2026

ရေညှိကြော် နှင့်တွဲစား အရသာတမူထူးခြားတဲ့ ထိမိဂွိ ဆာဒင်းငါးသေတ္တာထမင်းသုပ်

ပဲ ၃ မျိုးဟင်း၊ ပဲဟင်းနှင့်ဆို မပါမဖြစ် ငါးနီတူကို ခွဲကြမ်းဖတ်နဲ့ အစပ်ကြော်၊ မော်လမြိုင်ဒေသစာ ကြက်သားနှင့်ပဲလိပ်ခြောက်ချ...
04/09/2026

ပဲ ၃ မျိုးဟင်း၊ ပဲဟင်းနှင့်ဆို မပါမဖြစ် ငါးနီတူကို ခွဲကြမ်းဖတ်နဲ့ အစပ်ကြော်၊ မော်လမြိုင်ဒေသစာ ကြက်သားနှင့်ပဲလိပ်ခြောက်ချက်
တို့စရာကတော့ အစိမ်းတွေရော ချဉ်ဖတ်တွေရော စုံစိနေရောပဲ။ မနေ့က ကျန်တဲ့ ထိမိဂွိ ငရုတ်သီးစိမ်းငပိချက် ပြန်နွေးထားတယ်။ ထိမိဂွိ ငါးငပိချဉ်ပေါင်ကြော် ဗူးသေးလေးဖောက်ဦးမယ်လေ။
စားပါဦးဗျ 😬

03/09/2026

🌶️ “ ထိမိဂွိ ” ကထုတ်ထားတဲ့
အောင်ပန်းအာလူးကြော်များ...
၁။ အောင်ပန်းအာလူးကြော် အချို၊
၂။ အောင်ပန်းအာလူးကြော် အစပ်၊
၃။ အောင်ပန်းအာလူးကြော် ရေညှိ၊
၄။ အောင်ပန်းအာလူးကြော် ပူစပ် (Hot& Spicy) တို့ပဲဖြစ်ပါတယ်ခင်ဗျ။
ကိုယ်ထုတ် ကိုယ်စား ကိုယ်ကြိုက်တဲ့ အဖွဲ့ကပါ 😁🤭🤭

Million Mart ဆိုင်ခွဲများတွင် ‘‘  ထိမိဂွိ ’’ Product များအောင်ပန်းအာလူးကြော် အစပ်အရသာ၊အောင်ပန်းအာလူးကြော်ပူစပ်အရသာ (hot ...
02/09/2026

Million Mart ဆိုင်ခွဲများတွင် ‘‘ ထိမိဂွိ ’’ Product များ
အောင်ပန်းအာလူးကြော် အစပ်အရသာ၊

အောင်ပန်းအာလူးကြော်ပူစပ်အရသာ (hot & Spicy)၊

အောင်ပန်းအာလူးကြော် စပ်စပ်လေး (Little Spicy)၊

မြေပဲအစပ်ကြော် နှင့်

ဆိမ့်မွှေးကြက်ကြော် များကို ဝယ်ယူရရှိနိုင်ပါပြီ။

30/08/2026

ထိမိဂွိ ရန်ကုန်မုန့်ဟင်းခါး
ပဲ၊ ငါး နှင့် ကြက်သွန်နီ တို့ကိုအချိုးကျကျရောချက်ထားတဲ့ ထိမိဂွိ ရန်ကုန်မုန့်ဟင်းခါး

ဆီပြန်ဟင်းမဟုတ်တဲ့ ဟင်းတွေနဲ့ ထမင်းမြိန်တဲ့နေ့..ငပိရည်ဖျော်ကို ငါးခူကိုမီးကင်ပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ခပ်ပြစ်ပ...
28/08/2026

ဆီပြန်ဟင်းမဟုတ်တဲ့ ဟင်းတွေနဲ့ ထမင်းမြိန်တဲ့နေ့..
ငပိရည်ဖျော်ကို ငါးခူကိုမီးကင်ပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ခပ်ပြစ်ပြစ်လေးဖျော်ထားတယ်။
ပုဇွန်ဆိတ်လေးတွေ ချက်ရင် အာစူးတယ်ဆိုလို့ အကြော်မှုန့်နဲ့ အကြွပ်ကြော်ထားသေးတယ်။
အာလူးသေးလေးတွေကို ခရမ်းချဉ်သီးများများ နှင့် ငပိစိမ်းစားထည့်ပြီး အာလူးငပိချက် ချက်ပြီး ပင်စိမ်းအုပ်ထားတယ်။
ဗူးသီးဟင်းခါးကို မြင်းခွာရွက်ပါခပ်၊ ငရုတ်ကောင်းများများလေးနဲ့ပေါ့။
ထိမိဂွိ က အသစ်ထွက်ထားတဲ့ ဆိမ့်မွှေးကြက်ကြော် တစ်ထုပ်ဖောက်ဦးမယ်။ သူ့မှာပါတဲ့ အမွှေးအကြိုင်က တအားထမင်းမြိန်တာနော်၊ မယုံရင်မြည်းကြည့် 😋

26/08/2026

ထိမိဂွိ ဆိမ့်မွှေးကြက်ကြော်
ကြက်သားကြော်ကိုမှ မွမွလေးနှင့် ကြော်လှော်ထားတဲ့ အရသာနှင့် အမွှေးအကြိုင်တွေက တကယ်စားကောင်းတာ.. အပိုမပြောဘူး
မြည်းကြည့်ပေးဦးနော်

Address

No. 25A1, New University Avenue Road, Bahan Township
Yangon
11201

Telephone

+959794950590

Website

Alerts

Be the first to know and let us send you an email when ထိမိဂွိ by ဟိဏ်းသစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထိမိဂွိ by ဟိဏ်းသစ်:

Shortcuts

Share