SAM နှင့်ခရီးသွားကြမယ်

SAM နှင့်ခရီးသွားကြမယ် Thailand Servive

🧋🌿 Bangkok မှာ ဒီလိုနေရာလေးရှိတာ သိကြလား? 👀✨ရေပြာပြာလေးတွေနဲ့ 💦သစ်ပင်စိမ်းစိမ်းတွေကြားက သာယာလှပတဲ့ရှုခင်းတွေ 🌿Bubble Tea...
08/09/2026

🧋🌿 Bangkok မှာ ဒီလိုနေရာလေးရှိတာ သိကြလား? 👀✨

ရေပြာပြာလေးတွေနဲ့ 💦
သစ်ပင်စိမ်းစိမ်းတွေကြားက သာယာလှပတဲ့ရှုခင်းတွေ 🌿
Bubble Tea လေးသောက်ရင်း Chill လို့ရသလို 🧋💚

🇹🇭 Thai Traditional အစားအသောက်ကောင်းကောင်းလေးတွေလည်း စားလို့ရတယ် 🍜🥭
တစ်နေရာတည်းမှာ စားလို့ကောင်း၊ ရှုခင်းလှ၊ Photo ရိုက်လို့ကောင်း ဆိုတော့
သူငယ်ချင်းတွေနဲ့ Date လုပ်ဖို့ဖြစ်ဖြစ်၊ Family နဲ့ Chill ဖို့ဖြစ်ဖြစ် Perfect! 😍

Bangkok ရောက်ရင် ဒီ Hidden Spot လေးကို
Save ထားပြီး တစ်ခေါက်တော့ သွားကြည့်နော် 📌✨

🧋 Bubble Tea
🌿 Nature Vibe
💦 Blue Water View
🍜 Thai Traditional Food
📸 Photo Spot

Bangkok မှာ ဒီလိုနေရာမျိုးကို ရှာနေတယ်ဆိုရင်… Found it! 💚

🛕 Wat Weru Wanaram ဘာကြောင့်ထူးခြားလဲ?Wat Weluwanaram ဟာ Don Mueang ဘက်မှာရှိတဲ့ ဒေသခံတွေ အဓိကသွားလာတဲ့ ဘုရားကျောင်းတစ်ခ...
07/09/2026

🛕 Wat Weru Wanaram ဘာကြောင့်ထူးခြားလဲ?

Wat Weluwanaram ဟာ Don Mueang ဘက်မှာရှိတဲ့ ဒေသခံတွေ အဓိကသွားလာတဲ့ ဘုရားကျောင်းတစ်ခုပါ။ 1901 ခုနှစ်လောက်က King Rama V လက်ထက်မှာ စတင်တည်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ မူလအမည်က Wat Kok ဖြစ်ပြီး ဝါးပင်များပြားလို့ နောက်ပိုင်း Wat Phai Khiao (Green Bamboo Temple) လို့လည်း ခေါ်ကြပါတယ်။

🐍 အဓိကနာမည်ကြီးတာ — Naga Cave

ဒီဘုရားရဲ့ အထူးခြားဆုံးနေရာက Naga Cave (ถ้ำนาคา) ပါ။

အတွင်းမှာ Phaya Ananta Naga ခေါင်း ၁၀၈ ခေါင်း ပါတဲ့ နဂါးရုပ်ပွားတော်ကြီးကို ဖူးမြော်နိုင်ပါတယ်။ Cave ထဲမှာ နဂါးပုံစံအလှဆင်မှု၊ မီးအလင်းအမှောင်နဲ့ ကျောက်ဂူပုံစံဖန်တီးထားတာကြောင့် တကယ့်နဂါးဂူထဲ ရောက်သွားသလို ခံစားရပါတယ်။

နဂါးကို ဗုဒ္ဓဘာသာယုံကြည်မှုမှာ ဓမ္မကို ကာကွယ်စောင့်ရှောက်သူအဖြစ် တွေ့ရပါတယ်။ ဗုဒ္ဓဘုရားကို မုန်တိုင်းမိုးကြီးအတွင်း ကာကွယ်ပေးခဲ့တဲ့ မုစလိန္ဒနဂါး ဇာတ်ကြောင်းနဲ့လည်း ဆက်စပ်ပါတယ်။

🙏 ဘာအတွက် ဆုတောင်းကြလဲ?

ဒေသခံယုံကြည်မှုအရ နဂါးကို အကာအကွယ်၊ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ငွေကြေးကံကောင်းခြင်း တို့အတွက် ဆုတောင်းကြပါတယ်။ ဒါတွေက ဘာသာရေးယုံကြည်မှု/ရိုးရာအယူအဆဖြစ်ပြီး အာမခံချက်တစ်ခုအဖြစ်တော့ မယူသင့်ပါဘူး။

📍 သွားရောက်ဖူးမြော်ရန်

လိပ်စာ: 449 Thanon Wat Weru Wanaram, Don Mueang, Bangkok 10210
ဖွင့်ချိန်: လက်ရှိရရှိတဲ့အချက်အလက်အရ 08:00–18:00 နေ့စဉ်ဖွင့်ထားပါတယ်။

Don Mueang Airport ကနေ ခန့်မှန်း 8 km လောက်သာရှိတာကြောင့် လေဆိပ်ဘက်သွားရင်း/ပြန်ရင်း ဝင်ဖူးလို့လည်း အဆင်ပြေပါတယ်။

🐉 Wat Weru Wanaram
နဂါး ၁၀၈ ခေါင်း စောင့်ရှောက်ထားတဲ့ Naga Cave လေးထဲမှာ
ကိုယ်လိုချင်တာထက် ကိုယ်လိုအပ်တာတွေ ပြည့်စုံပါစေလို့ ဆုတောင်းခဲ့ပါတယ်။

စိတ်အေးချမ်းခြင်း၊ ကံကောင်းခြင်း၊
အလုပ်အကိုင်နဲ့ စီးပွားရေး အဆင်ပြေခြင်းတွေ

နေ့ရက်တိုင်းမှာ တဖြည်းဖြည်း ပြည့်စုံလာပါစေ 🙏✨

🌸✨ ဘန်ကောက်မှာ မယ်တော် Lakshmi ကို ဖူးမြော်ပြီး ဆုတောင်းချင်သူတွေအတွက်… 🙏💗📍 Wat Phai Ngoen Chotinaramวัดไผ่เงินโชตนารามဘ...
05/09/2026

🌸✨ ဘန်ကောက်မှာ မယ်တော် Lakshmi ကို ဖူးမြော်ပြီး ဆုတောင်းချင်သူတွေအတွက်… 🙏💗

📍 Wat Phai Ngoen Chotinaram
วัดไผ่เงินโชตนาราม

ဘန်ကောက် Bang Kho Laem ဘက်မှာရှိတဲ့ ဒီဘုရားကျောင်းလေးထဲမှာ พระแม่ลักษมี (Goddess Lakshmi) ကို ဖူးမြော်ဆုတောင်းနိုင်တဲ့ နေရာတစ်ခုရှိပါတယ်။ 🌸

💰 ချမ်းသာကြွယ်ဝမှု
🍀 ကံကောင်းခြင်း
✨ အလုပ်အကိုင်နဲ့ စီးပွားရေးအောင်မြင်မှု
❤️ အချစ်ရေးနဲ့ မိသားစုအေးချမ်းမှု
🌺 ဘဝမှာ အခွင့်အလမ်းကောင်းတွေ ရရှိစေဖို့

စိတ်ရင်းမှန်နဲ့ ယုံကြည်ဆုတောင်းကြတဲ့သူတွေကြားမှာ လူသိများတဲ့ မယ်တော် Lakshmi ကို ဒီနေရာမှာ သွားရောက်ဖူးမြော်နိုင်ပါတယ်။

အထူးသဖြင့် အလုပ်အကိုင်၊ စီးပွားရေးနဲ့ ငွေကြေးကံကောင်းခြင်း အတွက် ဆုတောင်းချင်သူတွေအနေနဲ့ Bangkok မှာ သွားရောက်ဖူးမြော်လို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။ 🙏✨

🌸 ဆုတောင်းတဲ့အခါ
မိမိလိုချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း စိတ်ထဲကနေ ရည်မှန်းပြီး ကောင်းမွန်တဲ့စိတ်နဲ့ ဆုတောင်းကြပါနော်

📍 Location: 882 Chan 43 Alley, Bang Khlo, Bang Kho Laem, Bangkok 10120
📌 Wat Phai Ngoen Chotinaram

🙏 ယုံကြည်မှုနဲ့ ဆုတောင်းခြင်းက စိတ်ကိုလည်း အားပေးပေးနိုင်ပါတယ်။
✨ ကိုယ်ဆုတောင်းသမျှ ပြည့်စုံပြီး ကံကောင်းခြင်းတွေ ဝင်လာပါစေ… 💰🌸❤️



#ဘန်ကောက် #ဆုတောင်းရာနေရာ
#စီးပွားရေးကံကောင်းပါစေ
ှင့်ခရီးသွားကြမယ်

03/09/2026

🌴🌊 Pattaya ကို တစ်နေ့တာလောက် အပန်းဖြေခရီးထွက်ကြမလား? 🏝️✨

မနက်စောစော Bangkok ကနေထွက်ပြီး📍 Khao Chi Chan (လေဆာဘုရား) မှာ ဘုရားဖူး၊ လည်ပတ်
ပြီးတော့ 🚤 Koh Larn ကိုသွားပြီး
ပင်လယ်ရေပြာပြာလေးနဲ့ အပန်းဖြေကြမယ် 💙

ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့
🍌 Banana Boat
🪂 Parasailing
🤿 Snorkeling
🏄‍♀️ Jet Ski စတဲ့ Island Activities တွေကိုလည်း စီစဉ်ပေးမှာဖြစ်ပါတယ်😍
ရှုခင်းတွေ တွေနှင့် ပင်လယ် ကို တဝကြီးကြည့်ရှုပြီးရင် ဓာတ်ပုံလှလှလေးတွေရော ရိုက်ပေးမှာဖြစ်ပါတယ် 🤍
နောက်ဆုံးမှာတော့ 🐠 Underwater World ကိုသွားပြီး ရေပြင်အောက်က အံ့သြစရာကမ္ဘာလေးကို လေ့လာကြမယ် ✨
Ticket တွေကိုလဲ စျေးနှုန်းသက်သာအောင် စီစဉ်ပေးမှာဖြစ်လို့
တစ်နေ့တည်းနဲ့ နေရာစုံလည်၊ Activity စုံလုပ်ပြီး
ပျော်စရာအမှတ်တရတွေ အပြည့်ဖန်တီးလိုက်ပါ 🤍
✨ ခရီးသွားချင်တာပဲ လိုတယ် —
ကျန်တာတွေကို Sam က စီစဉ်ပေးမယ်။

🏝️ Sam နဲ့အတူ ခရီးသွားကြမယ် 💙

🙏 Bangkok ရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာ — Erawan Shrine 🌸🇹🇭 Erawan Shrine (ศาลท้าวมหาพรหม) ဟာ Bangkok မြို့လယ်၊ Ratch...
02/09/2026

🙏 Bangkok ရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာ — Erawan Shrine 🌸
🇹🇭 Erawan Shrine (ศาลท้าวมหาพรหม) ဟာ Bangkok မြို့လယ်၊ Ratchaprasong လမ်းဆုံ အနီးမှာ တည်ရှိတဲ့ နာမည်ကြီး ဘုရားဖူးနေရာတစ်ခုပါ။
🇲🇲မြန်မာအများစုက လေးမျက်နှာဘုရားလို့ခေါ်ကြတယ်
ဒီနေရာမှာ ကိုးကွယ်ကြတာက Phra Phrom (พระพรหม) — Hindu ဘာသာရဲ့ Brahma ကို ထိုင်းယဉ်ကျေးမှုနဲ့ ပေါင်းစပ်ကိုးကွယ်ထားတာဖြစ်ပါတယ်။ 🙏
✨ ဘာကြောင့် လူသိများလဲ?
💰 စီးပွားရေးအောင်မြင်ဖို့ ဆုတောင်းသူများ
❤️ အချစ်ရေးအတွက် ဆုတောင်းသူများ
🏡 မိသားစုအေးချမ်းသာယာရေး
✈️ ခရီးသွားလာရေး အဆင်ပြေဖို့ ဆုတောင်းသူများ
🌟 ဆုတောင်းပြည့်ရင် ပြန်လာပြီး ပူဇော်ပသကြသူများ
💃 အထူးသဖြင့် Thai Traditional Dance(နတ်သမီးဝတ်စုံများ) နဲ့ ပူဇော်ပသတာကိုလည်း တွေ့မြင်နိုင်ပြီး Erawan Shrine ရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
📍 Location: Ratchaprasong, Bangkok
🚆 အလွယ်ဆုံးသွားနည်း: BTS Chit Lom Station ကနေ လမ်းလျှောက်သွားလို့ရပါတယ်။ Central World, Big C Ratchadamri တို့ကနေ လမ်းလျှောက် ၅ မိနစ်ပါ
🌸 Bangkok ရောက်ရင် Shopping တင်မကဘဲ ထိုင်းရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးအငွေ့အသက်ကို ခံစားချင်ရင် Erawan Shrine ကို တစ်ခေါက်တော့ သွားကြည့်သင့်ပါတယ်။
🙏 ဆုတောင်းတိုင်း ပြည့်ပါစေ…
လာဘ်လာဘများပြီး စီးပွားရေးများ တိုးတက်ကြပါစေ ✨
#เที่ยวกรุงเทพ

28/08/2026

🚆 ဘန်ကောက်ရဲ့ ရုန်းရင်းဆန်ခတ်တွေကြားကနေ SRT ရထားလေးစီးပြီး အယုဒ္ဓယမြို့ဟောင်းဆီ ၁ ရက်တာ ထွက်ခွာခဲ့စဉ်... 🏛️☕️
မြို့ပြနားက အေးချမ်းတဲ့ သမိုင်းဝင်
အမွေအနှစ်မြို့တော်လေးဆီ ဘုရားဖူးရင်
အမောအပန်းဖြေဖို့ စဉ်းစားနေတယ်ဆိုရင် ဒီခရီးစဉ်vlogလေးကို Save ထားဖို့ မမေ့နဲ့နော်! 😉👇

✨ SAMနှင့်ခရီးသွားကြမယ် ရဲ့ One Day Trip Travel Packages များ
အယုဒ္ဓယတင်မကဘဲ အချိန်တိုအတွင်း လူမပင်ပန်းဘဲ သက်တောင့်သက်သာ လည်ပတ်နိုင်ဖို့ Pattaya, Khao Yai, Kanchanaburi စတဲ့ အထင်ကရ မြို့တွေအတွက်လည်း Package Size မျိုးစုံနဲ့ စိတ်ကြိုက် ရွေးချယ်နိုင်ပါပြီ! 🚗💨

Disclaimer: I do not own the rights to this music. All rights belong to the rightful owner. No copyright infringement intended

ှင့်ခရီးသွားကြမယ်

ဒီနေ့မှာတော့ SAM နှင့်ခရီးသွားကြမယ် ရဲ့ စီစဉ်ပေးမှုနဲ့အတူ ခရီးသည်တွေ Pattaya - Koh Larn 1-Day Trip ကို စိတ်ချမ်းသာစွာနဲ့...
27/08/2026

ဒီနေ့မှာတော့ SAM နှင့်ခရီးသွားကြမယ် ရဲ့ စီစဉ်ပေးမှုနဲ့အတူ ခရီးသည်တွေ Pattaya - Koh Larn 1-Day Trip ကို စိတ်ချမ်းသာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် လည်ပတ်ခဲ့ကြတဲ့ အမှတ်တရလေးတွေကို မျှဝေပေးချင်ပါတယ်! ✨🚙

ခရီးစဉ်အစမှာ ဘန်ကောက်ကနေ သန့်ရှင်းအေးမြတဲ့ VIP Aircon ကားလေးနဲ့ သက်တောင့်သက်သာ စတင်ထွက်ခွာခဲ့ပြီး၊ ပတ္တရားရောက်တာနဲ့ နေရာစုံအောင် အချိန်ကုန်လူမပင်ပန်းဘဲ လည်ပတ်နိုင်ခဲ့ပါတယ် -

🏝️ Koh Larn Island (ကော့လန်းကျွန်း): ကြည်လင်လှပတဲ့ ပင်လယ်ရေပြင်နဲ့ သဲသောင်ပြင်မှာ အပန်းဖြေရင်း ရေပြင်လှုပ်ရှားမှုတွေကို လွတ်လပ်စွာ ခံစားခဲ့ကြပါတယ်။

🧘‍♂️ Khao Chi Chan (ခေါင်ချီချန်း): သဘာဝတောင်ကုန်းကြီးပေါ်မှာ ရွှေရောင်လေဆာဖြင့် ထုဆစ်ထားတဲ့ ကြီးမားလှပသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အေးအေးဆေးဆေး ဖူးမြော်ခဲ့ကြပါတယ်။

🐠 Underwater World Pattaya: ရေအောက်လိုဏ်ဂူထဲမှာ ပင်လယ်သတ္တဝါမျိုးစုံကို အနီးကပ် လေ့လာကြည့်ရှုရင်း အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးခဲ့ကြပါတယ်။

လမ်းကြောင်း စီစဉ်ရတာ ခေါင်းခြောက်စရာမလိုဘဲ ကားငှားရမ်းမှု၊ ဟိုတယ်နဲ့ ဝင်ကြေးလက်မှတ်တွေအထိ အစအဆုံး အဆင်ပြေအောင် တာဝန်ယူ စီစဉ်ပေးခဲ့တာမို့ ခရီးသည်တွေလည်း အပြုံးကိုယ်စီနဲ့ ကျေနပ်ခဲ့ကြတဲ့ ခရီးစဉ်လေးဖြစ်ခဲ့ပါတယ်!

သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ ဒီလို မမေ့နိုင်စရာ Pattaya 1-Day Trip လေးကို သက်တောင့်သက်သာ လိုက်ပါချင်တယ်ဆိုရင်တော့ အခုပဲ SAM နှင့်ခရီးသွားကြမယ် ရဲ့ Chat Box မှာ ခရီးစဉ်ရက်စွဲနဲ့ လူဦးရေလေး ပို့ပြီး စုံစမ်းမေးမြန်းလိုက်ပါနော်! 📱💬

ှင့်ခရီးသွားကြမယ် #ပတ္တရားခရီးစဉ်

ဒီနေ့မှာပဲ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ချစ်စရာ မိသားစုလေး ကို SAM နှင့်ခရီးသွားကြမယ်ကနေက လေဆိပ်အကြိုအတွက် အပြည့်...
25/08/2026

ဒီနေ့မှာပဲ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ချစ်စရာ မိသားစုလေး ကို SAM နှင့်ခရီးသွားကြမယ်ကနေက လေဆိပ်အကြိုအတွက် အပြည့်အဝ တာဝန်ယူ ကူညီဆောင်ရွက်ပေးခဲ့တာလေး မျှဝေပါရစေ

ထိုင်းနိုင်ငံကို အလည်အပတ် လာတော့မယ်ဆိုရင် ဘာသာစကား အခက်အခဲ၊ ခရီးစဉ် စီစဉ်ဖို့ အလုပ်ရှုပ်တာတွေအတွက် စိတ်မပူပါနဲ့တော့နော်။ SAM နှင့်ခရီးသွားကြမယ် မှာဆိုရင်တော့ customerများအတွက် လေဆိပ်တွင် အကြိုအပို့လုပ်ပေးခြင်း အပါအဝင် customer များသွားလိုရာ နေရာများကို Tour package များအပြင် personalised tour package များကိုစီစဉ်ရေးဆွဲပေးခြင်း၊ hotel booking ချိတ်ပေးခြင်း၊ ထိုင်းနိုင်ငံ ခရီးတစ်လျှောက် လည်ပတ်စရာ အထင်ကရနေရာများအတွက် လက်မှတ်များ၊dinner cruise အတွက်လက်မှတ်များကိုပါ စျေးနှုန်းမှန်ကန်စွာ ဝယ်ပေးခြင်းတို့ကို အစအဆုံး အဆင်ပြေအောင် စီစဉ်ပေးနေတာဘဲဖြစ်ပါတယ်။

ဒါကြောင့်မလို့ ထိုင်းနိုင်ငံအနှံ့ကို လည်ပတ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ မိမိလာ‌ရောက်လည်ပတ်လိုသည့် ရက်နှင့် ရက်အတိုင်းအတာကို Messenger Chatbox မှာ ပြောပြပေးရုံဖြင့် သင့်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွက် support ဘယ်လိုပေးလဲဆိုတာကို အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။ 🚗🚗
#လေဆိပ်ကြိုပို့ #ထိုင်းခရီးစဉ် #ဘန်ကောက်ခရီးစဉ် ှင့်ခရီးသွားကြမယ်

18/08/2026

ဟိတ်.. သူငယ်ချင်းတွေနဲ့ Thailand Trip ထွက်ဖို့ Plan ချရင်း ခေါင်းခြောက်နေတုန်းလား? 🤔❌
လမ်းကြောင်းစဉ်းစားရတာ၊ ဟိုတယ်နဲ့ ကားငှားရတာတွေ စိတ်မရှုပ်ရအောင် SAM နှင့် ခရီးသွားကြမယ် က အစအဆုံး တာဝန်ယူ စီစဉ်ပေးနေပါပြီ! ✨
🚗 Private Aircon Car & Sightseeing Service
🏨 Hotel Booking (Budget နဲ့ Location အလိုက် စီစဉ်ပေးခြင်း)
🎟️ Safari World, Mahanakhon, Cruise သီးသန့် အထူးဈေး Ticket များ
📍 Ayuthaya, Bangkok, Pattaya, Chiang Mai, Phuket, Khao Yai, Khao Kho ခရီးစဉ်များ
လူနည်းသည်ဖြစ်စေ၊ Large Group/Company Trip ပဲဖြစ်ဖြစ် စိတ်ကြိုက် Travel Package များကို SAM နှင့်ခရီးသွားကြမယ်မှာ စိတ်ချယုံကြည်စွာ ဝန်ဆောင်မှု ရယူနိုင်ပါတယ်။
မမေ့နိုင်စရာ ခရီးစဉ်လေးဖြစ်ဖို့ အခုပဲ Chat Box မှာ ခရီးစဉ်ရက်စွဲနဲ့ လူဦးရေလေး ပို့ပြီး စုံစမ်းလိုက်ပါနော်! 📱💬
နှင့်ခရီးသွားကြမယ်

Music Credit: All rights belong to the respective owner. No copyright infringement intended. Music used for entertainment purposes only.

ဘန်ကောက်မြို့ဟောင်း (Rattanakosin) တစ်ခွင်က နာမည်ကြီးဘုရားတွေကို တစ်ရက်တည်းနဲ့ ဘယ်လို ချွေးတစ်စက်မှမထွက်ဘဲ အကုန်အစင် ဖူး...
18/08/2026

ဘန်ကောက်မြို့ဟောင်း (Rattanakosin) တစ်ခွင်က နာမည်ကြီးဘုရားတွေကို တစ်ရက်တည်းနဲ့ ဘယ်လို ချွေးတစ်စက်မှမထွက်ဘဲ အကုန်အစင် ဖူးမြော်မလဲ? 🤔

ဘန်ကောက်မြို့ဟောင်း Rattanakosin ကျွန်းပေါ်မှာ အချိန်တိုအတွင်း ဘုရားစုံစုံလင်လင် ဖူးချင်ပေမဲ့ အပူချိန်ပြင်းထန်မှုနဲ့ နေရာကွာဟချက်တွေကြောင့် စိတ်ပူနေပြီလား? 🤔 တကယ်တော့ ဒီကျွန်းပေါ်နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ သမိုင်းဝင် ဘုရားကျောင်းတွေဟာ တစ်ခုနဲ့တစ်ခု ခြေလျင် သို့မဟုတ် ကားနဲ့ မိနစ်ပိုင်းလောက်သာ ကွာဝေးတာကြောင့် ဒေသအလိုက် (Area-by-Area) စနစ်တကျ လှည့်ပတ်မယ်ဆိုရင် တစ်ရက်တည်းနဲ့ အကုန်အစင် ဖူးမြော်လို့ ရပါတယ်! ဘန်ကောက်မြို့ရဲ့ အထင်ကရ ရှေးဟောင်းဘုရားတွေကို တစ်ရက်တည်း ဖူးမြှော်ဖို့ စီစဉ်နေတယ်ဆိုရင်တော့ ဒီ Post လေးကို Save & Share လုပ်ထားလိုက်ပါတော့နော်။

📍 ၁။ မြဘုရားနှင့် လျောင်းတော်မူဘုရား ရှိရာ Sanam Chai ဧရိယာ-

Rattanakosin ကျွန်းရဲ့ အဓိကဗဟိုချက်ဖြစ်တဲ့ မြဘုရား (Wat Phra Kaew) ကနေ စတင်ပြီး ဘေးချင်းကပ်လျက်မှာရှိတဲ့ ကြီးမားခမ်းနားတဲ့ လျောင်းတော်မူဘုရား (Wat Pho) တို့ကို တစ်ဆက်တည်း ခြေလျင်နဲ့ပါ လွယ်ကူစွာ ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။

📍 ၂။ ရှေးဟောင်းမြို့ပြနှင့် အထင်ကရနေရာများ (Historic Old Town ဧရိယာ) -

ကျွန်းရဲ့ အတွင်းပိုင်းနဲ့ အနီးတဝိုက်မှာ တည်ရှိတဲ့ ကမ္ဘာကျော် ငြမ်းကြီးရှေ့က ဘုရား (Wat Suthat)၊ သမိုင်းဝင် စစ်ပွဲအောင်မြင်မှုအထိမ်းအမှတ်ဘုရား (Wat Chana Songkhram)၊ တော်ဝင်သမိုင်းအငွေ့အသက်လွှမ်းတဲ့ ကျောင်းတော် (Wat Bowonniwet Vihara) နဲ့ မြို့ဟောင်းအလှကို ၃၆၀ ဒီဂရီ အပေါ်စီးကနေ ကြည့်ရှုပြီး ခရီးစဉ်အဆုံးသတ်နိုင်တဲ့ ရွှေတောင်ဘုရား (Wat Saket) တို့ကို တစ်ဆက်တည်း လည်ပတ်နိုင်ဖူးမြှော်နိုင်မှာ ဖြစ်ပါတယ်။

✨ဒါ့အပြင် Rattanakosinကျွန်းပေါ်က ဘုရားတွေအပြင် ယခု Social Media မှာ ရေပန်းစားခေတ်စားနေတဲ့ Wat Paknam Phasi Chaoran ကိုပါ ကားနဲ့ မိနစ် ၂၀ လောက် အချိန်ပေးရုံနဲ့ ဆက်လက်သွားရောက် ဖူးမြော်လို့ ရပါသေးတယ်ရှင်။

🚗 ဘယ်လို သက်တောင့်သက်သာ သွားကြမလဲ? ဒီလို Rattanakosinကျွန်းပေါ်က သမိုင်းဝင်ဘုရားတွေနဲ့ ရေပန်းစားနေတဲ့ နေရာတွေကို ဘန်ကောက်ရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကို မခံရဘဲ အေးအေးလူလူ သက်တောင့်သက်သာနဲ့ တစ်ရက်တည်း အပြည့်အဝ ဖူးမြှော်ချင်
တယ်ဆိုရင်တော့ SAM နှင့်ခရီးသွားကြမယ် ရဲ့ Car Rental Service လေးကို သတိရလိုက်ပါနော်။ ✨

🔷 𝗣𝗥𝗢𝗙𝗘𝗦𝗦𝗜𝗢𝗡𝗔𝗟 𝗩𝗜𝗦𝗔 & 𝗦𝗘𝗥𝗩𝗜𝗖𝗘 🔷
𝗦𝗔𝗠 နှင့်ခရီးသွားကြမယ်
✨ ယုံကြည်စိတ်ချရ
✨ အမြန်ဆောင်ရွက်
✨ အတွေ့အကြုံပြည့်ဝ
━━━━━━━━━━━━━━
📍 𝗬𝗚𝗡 𝗢𝗳𝗳𝗶𝗰𝗲
🏢 အမှတ် 89/48 ပထမထပ် (ခေါင်းရင်းခန်း)
📌 အလယ်ဗဟိုလမ်း × ဒေးဗစ်ရွှေနုလမ်းထောင့်
📍 ခဝဲခြံ၊ မရမ်းကုန်းမြို့နယ်
📍 𝗕𝗮𝗻𝗴𝗸𝗼𝗸 𝗢𝗳𝗳𝗶𝗰𝗲
🏢 Interchange 21 Building, Asoke BTS
📍Khlong Toey 10110, Bangkok
━━━━━━━━━━━━━━
📞 𝗬𝗚𝗡 𝗛𝗼𝘁𝗹𝗶𝗻𝗲
☎ 09786007719
📞 𝗕𝗞𝗞 𝗛𝗼𝘁𝗹𝗶𝗻𝗲
☎ 0654815492
📲 𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀
📌 Viber – +959799838115
📌 WhatsApp – +9595060065
📌 Line – szh7
━━━━━━━━━━━━━━။
✅ Travel and Tour Package
✅ Car Rental Service

📩 Inbox Now – အခမဲ့ မေးမြန်းနိုင်ပါသည်



#မြဘုရား

Address

Asoke
Yangon
10110

Telephone

+959799838115

Website

Alerts

Be the first to know and let us send you an email when SAM နှင့်ခရီးသွားကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SAM နှင့်ခရီးသွားကြမယ်:

Shortcuts

Share