05/08/2025
💁♀️ကုန်စုံဆိုင်တစ်ဆိုင်မှာ အမြတ်ဘယ်လောက်ရလဲဆိုတာကိုပြောပြချင်တယ်❗
❗တကယ်တမ်းပြောရရင်အမျိုးအစားအလိုက်ကဏ္ဍခွဲပြီးပြောမှ တွက်မှ ပြည့်စုံတယ်လို့ပဲဆိုချင်တယ်။👌
❗အအေး
❗ဖုန်းဘေ
❗ခြင်ဆေးခွေ
❗ဆန်
❗ဆီ
❗ကုန်ခြောက်အစုံနဲ့
❗မုန်မျိုးစုံဆိုပြီးခွဲလိုက်ပါတယ်အဲဒီပစ္စည်းတွေအပေါ်ရင်းနှီးငွေသတ်မှတ်လိုက်ပြီး ဝယ်ရတဲ့အကြိမ်အရေအတွက်ပေါ်မူတည်ပြီးအမြတ်ကိုတွက်လို့ရပါတယ်
💁♂️ဥပမာ
👍ဖုန်းဘေကိုတစ်သိန်းအရင်းထည့်ထားပြီးနှစ်ရက်တစ်ခါပြန်ဝယ်ရရင်အကြမ်းဖျင်းအမြတ်ကနှစ်ရက်ကို5000မြတ်ပါတယ်👍ရက်သုံးဆယ်ဆို75000မြတ်ပါတယ်💥ဒါကအရင်းတစ်သိန်းနဲ့ဥပမာတွက်ပြထားတာပဲဖြစ်ပါတယ်
👍ကျန်တဲ့အအေး ရေသန့်အခြားကုန်ခြောက်ပစ္စည်းတွေလည်း ထို့တူတွက်ရင် အကျိုးအမြတ်ကိုသိနိုင်မှာဖြစ်ပါတယ်။
👍ဒီနေရာမှာ အချို့ကုန်ပစ္စည်းတွေက အမြတ်ဒီထက်များတာရှိသလို အချို့ကုန်ပစ္စည်းတွေက အမြတ်နည်းပါးတာတွေလည်းရှိပါတယ်။
💁♂️ဥပမာ
👍မုန့်မျိုးစုံဟာ အမြတ်နည်းပေမယ့် အကြိမ်များစွာနေ့စဥ်ဝယ်ယူရလို့ သူ့ကရတဲ့အမြတ်ကလည်းမဆိုးဘူးလို့ ဆိုချင်ပါတယ် ။
💥ဒါပေမယ့်
တကယ်အမြတ်ရတာက ဆန်ကအမြတ်ပိုရပြီး အရောင်းအနေအထားကောင်းရင် အမြတ်ကများစွာရလို့ အကျိုးဖြစ်ထွန်းမှုမှာ သူကပိုများတယ်လို့ပဲဆိုချင်ပါတယ်။
❗ဒါကလည်း နေရာဒေသအခြေအနေပေါ်မှာမူတည်တာဖြစ်လို့ ဆန်ကပုံသေသတ်မှတ်နိုင်လို့မရနိုင်ပေမယ် အမြတ်ကြမ်းတာကတော့အခြားကုန်တွေထက် သာတယ်လို့ပဲဆိုချင်ပါတယ်။
👌အချုပ်အားဖြင့်ပြောရရင် ဖုန်းဘေ အအေး ရေသန့် ခေါက်ဆွဲခြောက်တွေဟာအမြတ်ကျန်တာများလို့ အကြိမ်များစွာဝယ်ရလေ အကျိုးဖြစ်ထွန်းမှုများလေပဲဆိုတာကို သိစေချင်ပါတယ်။👍
💝ပြောရရင်ကုန်စုံဆိုင်လုပ်ငန်းဟာ နည်းနည်းချင်းစုပြီးရတဲ့ လုပ်ငန်းဖြစ်လို့ မချမ်းသာပေမယ့်လည်း မိသားစုတွေအတွက်တော့ တပိုင်တနိုင်လုပ်သင့်တဲ့လုပ်ငန်း
အကျိုးရှိတဲ့လုပ်ငန်းတစ်ခု
ဆိုတာကိုသိစေချင်ပါတယ်💞💕💝🙏
👌👌👌💁♀️👌👌👌
🌿 to original writer 🙏🙏🙏
.......🌿ကုန်စုံဆိုင်လုပ်ငန်းရှင်များအတွက် အရမ်းအကျိုးရှိလို့ ပြန်လည်မျှဝေတာပါရှင်..🙏.....🌿သစ္စာအောင်မြေ စက်ရုံတိုက်ရိုက်ဖြန့်ချိရေး👩💻.....🌿ရန်ကုန်မြို့ နှင့်မန္တလေးမြို့👩💻