Komeko Rice Flour Society

Komeko Rice Flour Society "နူးညံ့ဆိမ့်သက်သောဆန်မှုန့်ဖြင့် သဘာဝအရသာကိုခံစားကြည့်ပါ"

မေမေတို့အတွက် အချိန်မကုန်စေမယ့် လျှို့ဝှက်ချက်🤫မနက်ခင်း Breakfast အတွက်ပဲ ဖြစ်ဖြစ်...ညနေခင်း သရေစာပဲ ဖြစ်ဖြစ် မိသားစုကို...
11/09/2026

မေမေတို့အတွက် အချိန်မကုန်စေမယ့် လျှို့ဝှက်ချက်🤫

မနက်ခင်း Breakfast အတွက်ပဲ ဖြစ်ဖြစ်...
ညနေခင်း သရေစာပဲ ဖြစ်ဖြစ် မိသားစုကို ကိုယ်တိုင် မုန့်လုပ်ကျွေးချင်ပေမယ့် ဘယ်ကနေစရမှန်း မသိဘဲ အချိန်ကုန်မှာ စိုးရိမ်နေရပြီလား?

ဒါဆိုရင်တော့ မေမေတို့ရဲ့ မီးဖိုချောင်ထဲမှာတင် အချိန်ကုန်ခံစရာမလိုဘဲ လွယ်လွယ်ကူကူနဲ့ အရသာရှိတဲ့ မုန့်တွေကို ဖန်တီးနိုင်ဖို့...

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ သာ သတိရလိုက်ပါနော်။

🍥❝ခေါ်မယ်ကို❞ အမှတ်တံဆိပ် မှာဆိုရင် ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ငချိတ်မှုန့် နဲ့

🍥 ❝မှာမယ်ကို❞ အမှတ်တံဆိပ် မှာဆိုရင် ကုလားပဲမှုန့်၊ မတ်ပဲမှုန့်၊ ပဲတီစိမ်းမှုန့်၊ ကုလားပဲမှုန့် အလှော်တို့ကို ရရှိနိုင်မှာမို့ ကိုယ်ကြိုက်နှစ်သက်ရာ မုန့်မျိုးစုံကို လွယ်လွယ်ကူကူ ဖန်တီးနိုင်ပြီပေါ့နော်။

ကဲ...ဒါဆို အချိန်ကုန်လည်း သက်သာပြီး အရသာရှိတဲ့ မုန့်မျိုးစုံကို တစ်နေ့တစ်မျိုး ပြုလုပ်နိုင်ဖို့ အခုပဲ ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို ဆောင်ထားလိုက်ကြစို့နော်။😉

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ် ၇၅၊ ၉ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး မျက်စောင်းထိုး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️

ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို

ခေါ်မယ်ကိုနဲ့အတူ တရုတ်ရိုးရာ လမုန့်ကန်တော့ပွဲအတွက် ကြိုတင်ပြင်ဆင်ကြမယ်🥮မကြာခင် တရုတ်လမုန့်ကန်တော့ပွဲ ရောက်တော့မှာဆိုတော့...
04/09/2026

ခေါ်မယ်ကိုနဲ့အတူ တရုတ်ရိုးရာ လမုန့်ကန်တော့ပွဲအတွက် ကြိုတင်ပြင်ဆင်ကြမယ်🥮

မကြာခင် တရုတ်လမုန့်ကန်တော့ပွဲ ရောက်တော့မှာဆိုတော့ မိသားစုနဲ့အတူ အိမ်မှာတင် လမုန့်လုပ်စားချင်သူတွေအတွက် လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြပေးမယ်နော်။👨‍🍳

အရင်ဦးဆုံး လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေ စုကြရအောင်။

မုန့်သားအတွက်...

- ခေါ်မယ်ကို ဆန်မှုန့် - ၃၅ ဂရမ်
- ခေါ်မယ်ကို ကောက်ညှင်းမှုန့် - ၅၀ ဂရမ်
- ဂျုံကော်မှုန့် - ၃၅ ဂရမ်
- သကြားအမှုန့် - ၂၅ ဂရမ်
- နွားနို့ - ၁၇၀ မီလီလီတာ
- နှင်းဆီအချိုရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
- နေကြာဆီ - စားပွဲတင်ဇွန်း ၃ ဇွန်း နဲ့

ပဲအနှစ်စာအတွက်ကတော့...

- Red Bean (ပဲရေပွ) - ၁၅၀ ဂရမ်
- ထောပတ် - ၁ တုံး
- သကြား၊ ဆီ၊ ဆား - အနည်းငယ်တို့ ပါဝင်ပါတယ်နော်။

ကဲ...ပါဝင်ပစ္စည်းလေးတွေ စုံလင်ပြီဆိုရင်တော့ လမုန့်လေးတွေကို စတင်ပြီးလုပ်ဖို့ ပြင်ဆင်​လိုက်ကြစို့နော်။

🫘 ပထမဦးဆုံး အနေနဲ့ ရေတစ်ညစိမ်ထားတဲ့ Red Bean (ပဲရေပွ)တွေ ကို နူးအိအောင် ၁ နာရီခန့် ပြုတ်ပြီး ညက်နေအောင် ကြိတ်ပေးပါ။

🫘 ကြိတ်ထားပြီး ရလာတဲ့ ပဲအနှစ်ထဲကို ဆီ၊ သကြား၊ ဆား၊ ထောပတ်တို့ထည့်ပြီး ဒယ်အိုးထဲမှာ စေးပိုင်လာသည်အထိ မွှေပေးကာ အအေးခံထားရပါမယ်နော်။

နောက်ပြီးတော့ မုန့်သားပြုလုပ်ဖို့အတွက်...

🥮ခေါ်မယ်ကို ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ဂျုံကော်မှုန့်၊ သကြားအမှုန့်၊ နွားနို့နဲ့ နှင်းဆီအချိုရည်တို့ကို သမအောင် ဖျော်ပြီး ရေနွေးငွေ့ဖြင့် မိနစ် ၃၀ခန့် ပေါင်းပေးရပါမယ်။
(လမုန့်ရောင်စုံလေးတွေ ဖန်တီးချင်ရင်တော့ အစားအသောက်ဆိုးဆေး အနည်းငယ် သုံးနိုင်ပါတယ်ရှင်။)

🥮ပေါင်းပြီးရလာတဲ့ မုန့်သားထဲကို နေကြာဆီ (၃) ဇွန်းထည့်ပြီး စေးစေးအိအိ ဖြစ်လာသည်အထိ နယ်ပေးထားရပါမယ်နော်။

🥮ထို့နောက် မုန့်သားမကပ်စေရန် ခေါ်မယ်ကို ကောက်ညှင်းမှုန့်ကို မီးအေးအေးဖြင့် လှော်ထားပြီး

🥮ရလာပြီဆိုရင်တော့ မုန့်သားထဲ ပဲအနှစ်ထည့်၍ လုံးပေးရပါမယ်။

🥮နောက်ဆုံးအနေနဲ့ လမုန့်မိုလ် (Mold) အတွင်း ကောက်ညှင်းလှော်မှုန့် သုတ်ပြီး မုန့်လုံးလေးများထည့်ကာ ပုံသွင်း ရိုက်ထုတ်လိုက်ရင်တော့ အရသာရှိပြီး အာဟာရပြည့်တဲ့ လမုန့်လေးများ ရပါပြီရှင်။

ဒါကြောင့် လာမယ့် တရုတ်လမုန့်ကန်တော့ပွဲမှာ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး လမုန့်လုပ်စားဖို့အတွက်ဆိုရင်တော့ ခေါ်မယ်ကိုသာ ရွေးချယ်လိုက်တော့နော်။🤗

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ် ၇၅၊ ၉ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး မျက်စောင်းထိုး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️

ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို

မြန်မာမုန့်ဆို အိစက်ညက်ညောနေမှ ကြိုက်တဲ့သူတွေအတွက်မုန့်ဆန်းဆန်းတွေ ဘယ်လောက်ပဲ ပေါပေါ… မြန်မာမုန့် အိစက်အိစက်လေးတွေရဲ့ အရ...
27/08/2026

မြန်မာမုန့်ဆို အိစက်ညက်ညောနေမှ ကြိုက်တဲ့သူတွေအတွက်

မုန့်ဆန်းဆန်းတွေ ဘယ်လောက်ပဲ ပေါပေါ… မြန်မာမုန့် အိစက်အိစက်လေးတွေရဲ့ အရသာကိုတော့ ဘာနဲ့မှ လဲလို့မရဘူးမဟုတ်လား?

ဒါပေမယ့် မုန့်လုပ်တဲ့အခါ မုန့်သားက နူးညံ့မနေဘဲ ကြမ်းကြမ်းကြီး ဖြစ်သွားရင်တော့ အရသာ ဘယ်လောက်ကောင်းကောင်း အားမရတော့ဘူးလေ။

ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆို ခေါ်မယ်ကို နဲ့ မှာမယ်ကိုသာ သတိရလိုက်တော့နော်။

ခေါ်မယ်ကို နဲ့ မှာမယ်ကို ထုတ်ကုန်အမှုန့်တွေဟာ ဆိုရင်...

🌾 သဘာဝကုန်ကြမ်းစစ်စစ်တွေကို အခြေခံထားပြီး ခေတ်မီနည်းပညာစက်ကြီးတွေနဲ့အတူ အထူးနူးညံ့မှု (Super Fine) ဖြစ်အောင် ထုတ်လုပ်ထားတာမို့ မုန့်လုပ်တဲ့အခါတိုင်းမှာ အိစက်နေတဲ့ အရသာကို ခံစားရရှိစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်...မြန်မာမုန့်လုပ်စားတဲ့အခါတိုင်း မုန့်သားအိအိလေးကိုမှ အရသာရှိရှိလေးမှ ကြိုက်တယါဆိုရင်တော့ အခုပဲ ခေါ်မယ်ကို နဲ့ မှာမယ်ကိုသာ​ ဆောင်ထားလိုက်တော့နော်။

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ် (၆)၊ ၉ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး မျက်စောင်းထိုး ၊ CB bank အနီး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️
ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို

ခေါ်မယ်ကိုလား....မှာမယ်ကိုလား?ဟင်းချက်တဲ့အခါတိုင်း၊ မုန့်လုပ်တဲ့အခါတိုင်း လက်မလွတ်တမ်း သုံးမိနေတဲ့ မီးဖိုချောင်ရဲ့ အနှစ်...
13/08/2026

ခေါ်မယ်ကိုလား....မှာမယ်ကိုလား?

ဟင်းချက်တဲ့အခါတိုင်း၊ မုန့်လုပ်တဲ့အခါတိုင်း လက်မလွတ်တမ်း သုံးမိနေတဲ့ မီးဖိုချောင်ရဲ့ အနှစ်သာရလေးက ဘယ်တစ်ခုဖြစ်မလဲ။?

🍚 ❝ခေါ်မယ်ကို❞ အမှတ်တံဆိပ်ဖြစ်တဲ့ ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ငချိတ်မှုန့်ကို သုံးဖြစ်တာများတာလား...

🫘 ❝မှာမယ်ကို❞ အမှတ်တံဆိပ်ဖြစ်တဲ့ ကုလားပဲမှုန့်၊ မတ်ပဲမှုန့်၊ ပဲတီစိမ်းမှုန့်၊ ကုလားပဲမှုန့် အလှော်တို့ကိုပဲ စွဲစွဲမြဲမြဲ သုံးဖြစ်နေတာလား...

ကိုယ့်ရဲ့မီးဖိုချောင်ထဲမှာ ဘယ် brand လေးကို အများဆုံး သုံးဖြစ်နေလည်းဆိုတာ Comment မှာ ရေးပေးခဲ့ကြပါဦးနော်။👇

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ်(၇၃) ၊ ဒုတိယထပ် ၊ ၉ ရပ်ကွက် ၊ အထက်ပုဇွန်တောင်လမ်း ပုဇွန်တောင်စျေးအနီး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️
ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို
#ပဲတီစိမ်းမှုန့်

မှာမယ်ကို ပဲတီစိမ်းမှုန့်နဲ့အတူ ကျန်းမာပြီး လှပကြမယ်💃Hello အိမ်ရှင်မေမေတို့ရေ...မှာမယ်ကို ပဲတီစိမ်းမှုန့်လေးက အရသာရှိတဲ့...
06/08/2026

မှာမယ်ကို ပဲတီစိမ်းမှုန့်နဲ့အတူ ကျန်းမာပြီး လှပကြမယ်💃

Hello အိမ်ရှင်မေမေတို့ရေ...မှာမယ်ကို ပဲတီစိမ်းမှုန့်လေးက အရသာရှိတဲ့ မုန့်တွေပဲ လုပ်စားလို့ရတယ်လို့ပဲ သိထားတာမှတ်လား?

ဒါဆိုရင်တော့ မေမေတို့ မသိသေးတဲ့ မှာမယ်ကို ပဲတီစိမ်းမှုန့်လေးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေနဲ့ အလှအပရေးရာ အတွက်ပါ ဘယ်လို အထောက်အကူပြုလည်းဆိုတာ ပြောပြပေးမယ်နော်။💁

မှာမယ်ကိုထုတ်ကုန် ပဲတီစိမ်းအမှုန့်တွေက...

✅ခန္ဓာကိုယ်တွင်း အပူကင်းဝေးစေလို့ အပူဖုနဲ့ နှုတ်ခမ်းကွဲတာတွေ ကင်းဝေးစေခြင်း။

✅အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်ကြွယ်ဝလို့ ဝမ်းမှန်စေရုံသာမက ခန္ဓာကိုယ်ဆဲလ်တွေကို ပြုပြင်ပေးပြီး ကြွက်သားထုကို တည်ဆောက်ပေးခြင်း။

✅သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးလို့ ဆီးချို၊ သွေးတိုးရှိသူများအတွက်ပါ အထူးသင့်တော်ပါတယ်။

ဒါ့အပြင် အလှအပအတွက်ဆို Face Mask အဖြစ် သုံးပေးရုံနဲ့...

💆ဝက်ခြံ၊ အဆီဖုနဲ့ အဆီပြန်တာတွေကို သိသိသာသာ သက်သာစေပြီး

💆ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ အမည်းစက်တွေ ပါးပြီး အသားအရေကို ကြည်လင်စေပါတယ်။

ဒါဆို...ကျန်းမာလှပတဲ့ ဘဝကို သဘာဝအတိုင်း ဖန်တီးဖို့ "မှာမယ်ကို" ပဲတီစိမ်းမှုန့်လေးကို အခုပဲ ရွေးချယ်လိုက်တော့နော်။💚

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ် (၆)၊ ၉ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး မျက်စောင်းထိုး ၊ CB bank အနီး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️
ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို
#ပဲတီစိမ်းမှုန့်

ကျန်းမာခြင်းရဲ့ အစ... ဘယ်ကစ? 🌾✨မိသားစုဝင်တွေအတွက် နေ့စဉ် ချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ အစားအသောက်တွေထဲမှာ စိတ်ချယုံကြည်ရတဲ့ အ...
30/07/2026

ကျန်းမာခြင်းရဲ့ အစ... ဘယ်ကစ? 🌾✨

မိသားစုဝင်တွေအတွက် နေ့စဉ် ချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ အစားအသောက်တွေထဲမှာ စိတ်ချယုံကြည်ရတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေရဲ့လား...❓

ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ဖို့ဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းကတော့ မိသားစု နေ့စဉ် စားသုံးနေတဲ့ အစားအသောက် ကုန်ကြမ်းတွေ စိတ်ချရဖို့ပဲ ဖြစ်ပါတယ်။

လတ်ဆတ်တဲ့ ဆန်မှုန့်၊ ပဲမှုန့်နဲ့ အစားအသောက် ကုန်ကြမ်းများကို လိုအပ်လာပြီဆိုရင်တော့ "ခေါ်မယ်ကို" နဲ့ "မှာမယ်ကို" ကို အပြည့်အဝ သတိရလိုက်ပါ ✨

💚 ခေါ်မယ်ကို နဲ့ မှာမယ်ကို ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

၁၀၀% လတ်ဆတ်သန့်ရှင်းခြင်း: သဘာဝအတိုင်း သန့်စင်ထားပြီး အရည်အသွေးမြင့်မားသော ကုန်ကြမ်းများကိုသာ အသုံးပြုထားပါတယ်။

အာဟာရဓာတ် မပျက်စီးခြင်း: သဘာဝဓာတ်များ မပျက်စီးဘဲ ဘေးကင်းလုံခြုံစွာ ထုတ်လုပ်ထားလို့ မိသားစုတိုင်းအတွက် အာဟာရပြည့်ဝစေပါတယ်။

ယုံကြည်စိတ်ချရမှု: ဂျပန်နည်းပညာ (Japan Technology) ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်လုပ်ထားတာကြောင့် မိသားစုတိုင်းအတွက် စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းလျာတွေကို ဖန်တီးဖို့ မိသားစုတိုင်းရဲ့ မီးဖိုချောင်မှာ "ခေါ်မယ်ကို" နဲ့ "မှာမယ်ကို" ကို အဆင်သင့် ဆောင်ထားလိုက်ရအောင်နော်...

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ် (၆)၊ ၉ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး မျက်စောင်းထိုး ၊ CB bank အနီး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️

ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို
#ပဲမှုန့်

ဝါဆိုလပြည့်နေ့ ဆုတောင်း🙏ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ခု၊ ဒုတိယ ဝါဆိုလဆန်း ၁၅ရက်ရက်နေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓဘာ...
29/07/2026

ဝါဆိုလပြည့်နေ့ ဆုတောင်း🙏

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ခု၊ ဒုတိယ ဝါဆိုလဆန်း ၁၅ရက်ရက်နေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး စိတ်နှလုံးရွှင်လန်အေးချမ်းပြီး စီးပွားရေးများ ဒီရေအလား တိုးတက်အောင်မြင်ပါစေကြောင်း ခေါ်မယ်ကို မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို

#ဝါဆိုလပြည့်နေ့

ခေါ်မယ်ကိုနဲ့ အတူ လက်စွမ်းပြဖို့ အချိန်ရောက်ပြီ ✨🍳"မင်းက အိမ်မှာ အငယ်ဆုံး မီးဖိုချောင်ထဲ ဝင်မရှုပ်နဲ့...""မီးဖိုချောင်တာ...
23/07/2026

ခေါ်မယ်ကိုနဲ့ အတူ လက်စွမ်းပြဖို့ အချိန်ရောက်ပြီ ✨🍳

"မင်းက အိမ်မှာ အငယ်ဆုံး မီးဖိုချောင်ထဲ ဝင်မရှုပ်နဲ့..."
"မီးဖိုချောင်တာဝန်တွေက နင်နဲ့ မတန်သေးပါဘူး..."

အိမ်မှာ အငယ်ဆုံး သမီးလေးမို့လို့ပဲ မီးဖိုချောင်ထဲဝင်ရင် တစ်အိမ်သားလုံးက မယုံမကြည်နဲ့ ကြည့်နေကြတုန်းလား? 😉

အမြဲတမ်း ကလေးလိုပဲ သတ်မှတ်ထားကြတဲ့ မိသားစုဝင်တွေကို ဘယ်လောက်ထိ လက်စွမ်းပြနိုင်လဲဆိုတာ သက်သေပြဖို့ အချိန်တန်ပြီနော်။
ကဲ...ဒါဆို မီးဖိုချောင်ထဲက အခက်အခဲမှန်သမျှကို အဆင်ပြေပြေနဲ့ ဟင်းပွဲတိုင်းကို လက်ရာမြောက်သွားအောင် ကူညီပေးမယ့် "ခေါ်မယ်ကို" ရှိနေပြီလေ!

ဒီနေ့တော့ "အငယ်မလေး မီးဖိုချောင်ဝင်ရင် ဘာမှလုပ်တတ်တာမဟုတ်ဘူး" ဆိုတဲ့ စကားကို အပြီးတိုင် ရုပ်သိမ်းလိုက်တော့မယ်။

ဆရာကြီးလို ဟန်ပါပါနဲ့ မိသားစုကို အံ့ဩမှင်သက်သွားစေမယ့် ဟင်းလျာတွေကို ခေါ်မယ်ကို နဲ့အတူ လက်စွမ်းပြလိုက်ရအောင်။

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ် (၆)၊ ၉ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး မျက်စောင်းထိုး ၊ CB bank အနီး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️

ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို
#ငချိတ်မှုန့်

❝၇၉ နှစ်မြောက် အာဇာနည်နေ့❞ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၇၉နှစ်မြောက် အာဇာနည်နေ့ကို မြန်မာပြည်သူ၊ ပြည...
19/07/2026

❝၇၉ နှစ်မြောက် အာဇာနည်နေ့❞

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၇၉နှစ်မြောက် အာဇာနည်နေ့ကို မြန်မာပြည်သူ၊ ပြည်သားများ နှင့်အတူ ခေါ်မယ်ကို မိသားစုမှ ဂုဏ်ပြုဂါရဝပြုအပ်ပါတယ်။

#ခေါ်မယ်ကို #မှာမယ်ကို #အာဇာနည်နေ့

အမှုန့်တိုင်းက ကျန်းမာရေးနဲ့ မညီဘူးဆိုတာ တကယ်ပဲလား?အမှုန့်တွေကစားရင် ရင်ပြည့်တယ်၊ ဝတယ်၊ ကျန်းမာရေးနဲ့မညီဘူးဆိုပြီး အမှုန...
16/07/2026

အမှုန့်တိုင်းက ကျန်းမာရေးနဲ့ မညီဘူးဆိုတာ တကယ်ပဲလား?

အမှုန့်တွေကစားရင် ရင်ပြည့်တယ်၊ ဝတယ်၊ ကျန်းမာရေးနဲ့မညီဘူးဆိုပြီး အမှုန့်မြင်တာနဲ့ ဘေးဖယ်ထားတတ်တဲ့ အယူအဆအမှားတစ်ခု ရှိပါတယ်။

တကယ်တော့ အမှုန့်တိုင်းက ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ အဓိကက ဘယ်လိုထုတ်လုပ်ထားလည်းဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

🌾 ဓာတုဗေဒနည်းအရ အရောင်ချွတ်၊ ပြုပြင်ထားတဲ့ အမှုန့်တွေကသာ ခန္ဓာကိုယ်ကို ဆိုးကျိုးပေးတာဖြစ်ပြီး... သဘာဝအတိုင်း ကုန်ကြမ်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့အမှုန့်တွေကတော့ ကျန်းမာရေးအတွက် အထူးညီညွတ်စေပါတယ်။

🫘 ဒါ့အပြင် ဆန် နဲ့ ပဲကနေ သဘာာဝအတိုင်း ထုတ်လုပ်ထားတဲ့ အမှုန့်တွေက Gluten-Free ဖြစ်တဲ့အတွက်ကြောင့် ဂျုံနဲ့မတည့်သူတွေ၊ အစာမကြေ လေပွတတ်သူတွေအတွက် အဆင်ပြေစေပါတယ်။

💪ဒါတင်မကသေးပါဘူးနော်.... ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ Energy ကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်တဲ့ အပြင် အာဟာရဓာတ်များစွာလည်း ကြွယ်ဝတာကြောင့် လူကြီး၊ လူငယ်မရွေး စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။

ခေါ်မယ်ကို နဲ့ မှာမယ်ကို ထုတ်ကုန်အမှုန့်တွေဟာဆိုရင်လည်း သဘာဝကုန်ကြမ်းစစ်စစ်တွေကိုသာ အခြေခံပြီး သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ထားတာမို့..... အမှုန့်ဆို တော်ပြီလို့ ရှောင်မနေတော့ဘဲ ခန္ဓာကိုယ်အတွက် တကယ်အကျိုးရှိမယ့် သဘာဝအာဟာရစစ်စစ်တွေကိုသာ အခုပဲ ရွေးချယ်လိုက်တော့နော်။

❝မြန်မာတို့ရဲ့ ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်❞(𝗚𝗹𝘂𝘁𝗲𝗻-𝗙𝗿𝗲𝗲) ❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ကို ရွေးချယ်လိုက်ပါ💚

❝ခေါ်မယ်ကို❞ နဲ့ ❝မှာမယ်ကို❞ ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Super Market တွေမှာ ဝယ်ယူရရှိနိုင်သလို ⤵️⤵️

အမှတ် (၆)၊ ၉ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး မျက်စောင်းထိုး ၊ CB bank အနီး။

ဖုန်းနံပါတ် 09 260 260 071 ၊ 09 260 260 072 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ် ☎️☎️

ဝယ်ယူရရှိနိုင်မယ့် နေရာ Link -
https://www.facebook.com/share/p/1DRs95vpok/

#ဆန်နဲ့ပဲတန်ဖိုးမြှင့်အစီအစဉ်
#ခေါ်မယ်ကို #မှာမယ်ကို

Address

No(73) 2nd Floor, 9 Ward, Upper Pazundaung Road, Near Pazundaung Market
Yangon
11171

Alerts

Be the first to know and let us send you an email when Komeko Rice Flour Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Komeko Rice Flour Society:

Shortcuts

Share