Eaint YaThar - အိမ့်ရသာ

Eaint YaThar - အိမ့်ရသာ Providing special tastes and good services combined with all the fresh ingredients to our customers

22/06/2026
မုန်ု့ဟင်းခါးအနှစ်ဆိုရင်"" Eaint YaThar-အိမ့်ရသာ ""ရန်ကုန် အိမ်ချက်မုန့်ဟင်းခါးအနှစ်ထုပ်ကိုသတိရလိုက်တော့နော်-ငါးကြင်း. ....
22/06/2026

မုန်ု့ဟင်းခါးအနှစ်ဆိုရင်
"" Eaint YaThar-အိမ့်ရသာ ""
ရန်ကုန် အိမ်ချက်မုန့်ဟင်းခါးအနှစ်ထုပ်ကို
သတိရလိုက်တော့နော်
-ငါးကြင်း. . နေကြာဆီ နဲ့ထုပ်လုပ်ထားပါတယ်
-ကြာရှည်ခံဆေး လုံးဝ(လုံးဝ) မသုံးပါ။
-ရင်ပူခြင်းမရှိပါ။
-သန့်ရှင်းလတ်ဆတ်သော ပါဝင်ပစ္စည်းများကိုသာ
သုံးစွဲပါတယ်။
-မကျန်းမာသူများလည်း စားသုံးနိုင်ပါတယ်။
-မှာယူမှသာ ပြုလုပ်ပေးပါတယ်။
-ပုံစံ ၃ မျိုး ထုပ်လုပ်ပါတယ်။
( 800g, 360g, 200g ) ဖြစ်ပါတယ်
၃ မျိုး လုံး၏ အရသာ , အနံ့ ,
စားသုံးနှုန်းမုန့်ဟင်းခါးဖတ် တူညီပါတယ်။
သယ်ယူခ သက်သာစေရန်
အလေးချိန် ခွဲထားခြင်းဖြစ်ပါတယ်
- ၃ ရက် ကြိုတင်မှာယူနိုင်ပါတယ်။
ချစ် Customers အ​ဟောင်း အသစ်များအားလုံးကို
ကျေးဇူးပါရှင့်😍
-မှာယူမည်ဆိုပါက
09 757536506 , ( viber )

22/06/2026
13/06/2026

အင်းစိန်ဖော့ကန်နားရောက်ပြီ ပြန်လာနေပြီဆိုပြီး ဖုန်းဆက်ခဲ့တဲ့မောင်လေး အခုထိ ပျောက်ဆုံးနေလို့ ကူကျပါဦး

အိမ်ပြန်ရောက်တော့မယ်ဆိုပြီး မိသားစုကို မျှော်လင့်ချက်တွေ ပေးခဲ့တဲ့ သားတစ်ယောက်၊ ညီတစ်ယောက် ရုတ်တရက်ကြီး အစအနမရ ပျောက်ဆုံးသွားလို့ မိသားစုဝင်တွေခမျာ သောကမီးဝိုင်းပြီး ရင်ကွဲမတတ် ခံစားနေရတဲ့ သနားစရာ လူပျောက်သတင်းလေးတစ်ခုကို အရေးတကြီး ကူညီ မျှဝေပေးလိုက်ပါတယ်။

💼 အလုပ်သွားရာကနေ ပျောက်ဆုံးသွားတဲ့ မောင်လေး
အခုလို ရုတ်တရက် ပျောက်ဆုံးနေတဲ့ မောင်လေးရဲ့ နာမည်ကတော့ "မောင်ခန့်ကျော်ဇံ (ခ) မောင်သီဟ" လို့ ခေါ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄) ရက်နေ့ (4.5.2026) မနက် (၇) နာရီ ဝန်းကျင်လောက်မှာ လှည်းတန်းအနီး ဗဟိုလမ်းဘက်ကို အလုပ်သွားမယ်ဆိုပြီး နေအိမ်ကနေ ပုံမှန်အတိုင်း ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

📱 အိမ်ကို မျှော်လင့်ချက်ပေးခဲ့တဲ့ နောက်ဆုံးဖုန်းကောလ်
မိသားစုတွေ အသည်းနာရဆုံး အချက်ကတော့... အဲဒီနေ့ ည (၈) နာရီ (၃၇) မိနစ် ဝန်းကျင်လောက်မှာ မောင်လေးဆီကနေ "ပြန်လာနေပြီ... အင်းစိန်ဖော့ကန်နား ရောက်ပြီ" ဆိုပြီး ဖုန်းဆက်ခဲ့ပါသေးတယ်။ မကြာခင် အိမ်ပြန်ရောက်တော့မယ်ဆိုပြီး ပျော်ရွှင်စွာနဲ့ စောင့်နေခဲ့ကြပေမယ့်... အဲဒီအချိန် နောက်ပိုင်းကစလို့ ဖုန်းလည်း လုံးဝ ဆက်လို့မရတော့သလို၊ စာပို့လို့လည်း မရတော့ဘဲ ဒီကနေ့အချိန်ထိ အဆက်အသွယ် လုံးဝ (လုံးဝ) ပြတ်တောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

☎️ ပြည်သူတွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါသည်
လမ်းမှာ ဘာအခက်အခဲတွေ၊ ဘာအန္တရာယ်တွေနဲ့များ ကြုံနေရလဲဆိုတာ တွေးကြည့်ရုံနဲ့တင် မိသားစုတွေခမျာ နေ့ရောညပါ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေရပါပြီ။ ဒါကြောင့် ဒီပိုစ့်လေးကို တွေ့မြင်ရတဲ့ ပြည်သူတွေအနေနဲ့ မောင်လေး မောင်ခန့်ကျော်ဇံ (ခ) မောင်သီဟ ကို လမ်းမှာဖြစ်ဖြစ် တွေ့ရှိခဲ့ရင်ပဲဖြစ်ဖြစ်၊ သဲလွန်စ တစ်စုံတစ်ရာ သိရှိခဲ့ရင်ပဲဖြစ်ဖြစ်... အောက်ပါ ဖုန်းနံပါတ်တွေကို အချိန်မရွေး ချက်ချင်း ဆက်သွယ် အကြောင်းကြားပေးကြဖို့ အထူးပဲ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

09 796 343 422

09 519 1159

မောင်လေး ဘေးကင်းကင်းနဲ့ မိသားစု ရင်ခွင်ဆီ အမြန်ဆုံး ပြန်လည်ရောက်ရှိလာအောင်... အားလုံးပဲ ဖုန်းလေးပွတ်ရင်း တစ်ယောက် တစ်ချက်စီ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကုသိုလ်ယူ ကူညီရှာဖွေပေးသွားကြပါဦးခင်ဗျာ။ 🙏✨

07/06/2026

Watch, follow, and discover more trending content.

25/05/2026

အဖြစ်ဆိုးပြန်ပြီ.. အဝေးမြေမှာ မြန်မာသင်္ဘောသား ၃ ယောက်တောင် ထပ်ပြီး..

မိသားစုတွေအတွက် ရှာဖွေကျွေးမွေးနေကြတဲ့ နိုင်ငံခြားပြန် မြန်မာသင်္ဘောသားတွေရဲ့ ရင်နင့်စရာ ဖြစ်ရပ်တစ်ခုကတော့ လူမှုကွန်ရက်ပေါ်မှာ အတော်လေး စိတ်မကောင်းစရာ ဖြစ်နေပါတယ်။

မေလ ဒုတိယအပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျာမာဆင် (Banjarmasin) ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ကုန်တင်တွဲသင်္ဘော (Barge) ရဲ့ အလုံပိတ်နေရာ (Enclosed Space) အတွင်းကို ရေဝင်၊ မဝင် စစ်ဆေးဖို့ ဝင်ရောက်သွားခဲ့တဲ့ မြန်မာသင်္ဘောသား ၃ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ဟာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဘဝတစ်ပါး ပြောင်းရွှေ့သွားခဲ့ရတဲ့ မြန်မာသင်္ဘောသားတွေကတော့ ကိုသူရဇော် (၃၈ နှစ်)၊ ကိုဇော်မင်းထက် (၃၄ နှစ်) နဲ့ ကိုဟန်ထူးအောင် (၂၈ နှစ်) တို့ ဖြစ်ကြပါတယ်။ ယမန်နေ့ မေလ ၂၄ ရက်နေ့မှာတော့ ၎င်းတို့ရဲ့ ရုပ်အလောင်းတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်းနဲ့ ပြန်လည်သယ်ဆောင်လာခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) က မြောက်ဥက္ကလာပဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း အလားတူ သင်္ဘောအင်ဂျင်ခန်း အလုံပိတ်နေရာမှာ အလုပ်လုပ်ရင်း မြန်မာသင်္ဘောသား ၂ ဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။ သင်္ဘောများပေါ်ရှိ အလုံပိတ်နေရာ (Enclosed Space) များဟာ လေလုံနေတဲ့အတွက် အောက်ဆီဂျင် အလွန်နည်းပါးပြီး အဆိပ်ငွေ့များ ရှိနေနိုင်တာကြောင့် စနစ်တကျ လေဝင်လေထွက် (Ventilation) မလုပ်ဘဲ မဝင်ရောက်ကြဖို့နဲ့ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အထူးသတိပြုကြဖို့ ဝါရင့်သင်္ဘောကပ္ပတိန်များက အလေးအနက် တိုက်တွန်းထားကြပါတယ်။

အသက်ဆုံးရှုံးသွားခဲ့ရသူ အားလုံးအတွက် မိသားစုများနှင့်ထပ်တူ စိတ်မကောင်းခြင်းများစွာဖြင့်...။

20/05/2026

ကျွန်မ အဖေ့ကို ရှာချင်တာပါ။
အဖေက ကျွန်မတို့ ငယ်ငယ်ကတည်းက အိမ်ကနေ ထွက်သွားတာပါ။
ကျွန်မတို့က မောင်နှမ များပါတယ်။ ငါးယောက်ပါ။ ကျွန်မက ဒုတိယသမီးပါ။ ‌မောင်နှမက များပြီး အိမ်စားရိတ်ထောင်းတော့ ကျွန်မနဲ့ အစ်ကိုကြီးက ကျောင်းကို ပြီးဆုံးအောင် ဆက်မတက်နိုင်ကြပါဘူး။ အငယ်သုံးယောက်ကိုတော့ ကျောင်းထားနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။
အဖေက ဘောက်လုပ်ရသူမို့ ဝင်ငွေက အမြဲ မမှန်ပါဘူး။ အမေကတော့ ဈေးထဲ ရာသီပေါ် အရွက်လေးတွေ ဘာလေးတွေ ရောင်းပါတယ်။ အစ်ကိုကြီးက အဖေနဲ့ အတူ လိုက်ကူပါတယ်။ အဲဒီတုန်းက ငယ်သေးတော့ အဖေက အုန်းပင်ခုတ်တာ အုန်းသီးခူးတာလုပ်ရင် သူက ကြိုးလိုက်ကိုင် လှေခါးလိုက်ကိုင် အဆင့်ပါပဲ။ ကျွန်မကတော့ အမေနဲ့ အတူ ဈေးထွက်ရသလို မောင်ညီမလေးတွေ ကျောင်းအတွက် ထမင်းဟင်းချက် အလုပ်ကို ၁၀ နှစ်ကျော်စ ကတည်းက လုပ်နေရပါြပီ။
ကျွန်မတို့ မိသားစုမှာ ဆိုးတာက အမေလို့ ထင်ခဲ့ဖူးပါတယ်။ အမေက အမြဲ တဆူဆူ တပူပူလုပ်ပါတယ်။ ညနေဆိုရင် အဖေက ပင်ပန်းလို့ထင်ပါရဲ့ အရက်လေး နည်းနည်းသောက်တတ်ပါတယ် ။သောက်ပြီး ပြဿနာ ရှာတဲ့ လူမျိုးမဟုတ်ပါဘူး။ အိပ်တာပါပဲ။ မနက်ကျ ‌စောစောထပြီး ဘယ်က အလုပ်ရမလဲ လိုက်ရှာရသူပါ။
ကျွန်မတို့က အဖေချစ်တွေပါ။ အဖေက အနေအေးတာရော၊ သားသမီးတွေအပေါ် စိတ်ရှည်တာရော၊ မဆူမ‌ငေါက် ဖူးတာကြောင့်ရော အဖေငွေမရှာနိုင်လည်း ကျွန်မတို့က ချစ်ပါတယ်။ ချို့တဲ့နေလည်း အဖေ ရှိရင် ပျော်ပါတယ်။
အမေကတော့ ခုမှ ပြန်တွေးရင် သူလည်း ပင်ပန်းရှာတယ် ထင်ပါတယ်။ အဖေ့ကို အမြဲ အလိုမကျ တဆူဆူ တပူပူ အမြဲ လုပ်ပါတယ်။ အဲဒီတုန်းက ငယ်သေးတော့ ကျွန်မတို့က အမေက သိပ်နားပူတာလို့ ထင်ဖူးတာပါ။
တစ်ရက်တော့ အဖေက အရက်မူးပြန်လာတာကို အမေက ခါတိုင်းလို ဆူရင်း ဆဲရင်း သနပ်ခါးတုံးနဲ့ ကောက်ပေါက် လိုက်တာပါ။ အဖေကလက်မောင်းကို ထိပြီး အမေ့ကို တွေတွေကြီး စိုက်ကြည့်နေတာ ကျွန်မ မှတ်မိပါတယ်။
နောက်တော့ အဖေက ဦးထုပ်လေးဆောင်းပြီး မှောင်ကြီးထဲ ထထွက်သွားတာ ခုထိပါပဲ။ အနှစ်နှစ်ဆယ်ကျော်ပါပြီ။ အဖေ့ကို ဘယ်မှာမှကျွန်မတို့ ရှာမတွေ့တော့ပါဘူ။
အမေလည်း အသိတွေကို လိုက်မေးရင်း ဗေဒင်တွေမေးရင်း သူ့အပြစ်ပဲ လို့ စိတ်စွဲပြီး ကွယ်လွန်ခဲ့တာ နှစ်နှစ် ရှိပါပြီ။
ကျွန်မတို့ မောင်နှမတွေ ခုထိ တစ်‌ယောက်မှ အိမ်ထောင်မကျကြသေးပါဘူး။ အိမ်လည်း ခွဲမထွက်ကြဘဲ အကုန် အတူနေကြပါတယ်။ စည်းစည်းလုံးလုံးနဲ့ စီးပွားရေးလည်း အဆင်ပြေနေပါပြီ။ အဖေ့ကို ခုထိ မျှော်လင့်နေကြတုန်းပါ။
အရင်က အမေ့ကို မုန်းခဲ့ပေမယ့် ကျွန်မတို့ မောင်နှမ ငါးယောက်ဒဏ်ကို အဖေမပါဘဲ အမေ တစ်ယောက်တည်း ထမ်းပြီး ဆက်လျှောက်လာခဲ့တာကို တွေးမိတိုင်း အမေ့ကျေးဇူးကိုလည်း ကျွန်မတို့ ဦးထိပ်ထားလျက်ပါ။
အဖေ့ကိုလည်း ကျေးဇူးဆပ်ပြီး အလုပ်အကျွေးပြန်ပြုချင်လို့ သမီးတို့စောင့်နေဆဲပါဆိုတာကို သိစေချင်ပါတယ်။
အဖေ့သမီးက အဖေ့နာမည် ပါတဲ့ နှင်းနှင်းဦးဆိုတဲ့ နာမည်ပါ။ ဒီအဖြစ်တွေကို ဖတ်မိရင် အဖေ မှတ်မိမှာပါ။
ဒီပေ့ချ် ကနေ ကျွန်မတို့ကို ဆက်သွယ်ပေးပါ အဖေရေ...။

20/05/2026

"ကိုရီးယားမှာ ကွယ်လွန်သွားတဲ့ လှိုင်မြို့နယ်က ကိုမင်းမင်းအောင်ရဲ့ မိသားစုဝင်တွေကို ဝိုင်းဝန်းရှာဖွေပေးကြပါဦး"

မိသားစုဝင်တွေ အမြန်ဆုံး အဆက်အသွယ်ရရှိနိုင်ဖို့ ဝိုင်းဝန်း ကူညီပေးကြပါဦး . . . တောင်ကိုရီးယားမှာ ကွယ်လွန်သွားခဲ့တဲ့ အသက် ၄၀ အရွယ် ကိုမင်းမင်းအောင် 😭ထပ်တူဝမ်းနည်းရပါတယ် 🙏

တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ်၊ ဂင်မဲမြို့မှာ အလုပ်လာရောက်လုပ်ကိုင်နေရင်း မိမိနေအိမ်အတွင်းမှာ မထင်မှတ်ဘဲ ကွယ်လွန်သွားခဲ့တဲ့ ကိုမင်းမင်းအောင် (အသက် ၄၀ နှစ်) ရဲ့ မိသားစုဝင်တွေနဲ့ အမြန်ဆုံး အဆက်အသွယ်ရရှိဖို့ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ကိုမင်းမင်းအောင်ဟာ ကိုရီးယားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်နီးပါးခန့် ရှိပြီဖြစ်ပြီး၊ သူ့ရဲ့ဇာတိကတော့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘာတာမှတ်တိုင်အနီးမှာ နေထိုင်တယ်ဆိုတာပဲ လောလောဆယ် သိရှိထားရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ကိုမင်းမင်းအောင်တစ်ယောက် နေအိမ်အတွင်း ကွယ်လွန်နေတာကို တွေ့ရှိခဲ့ရလို့ အလုပ်ရှင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကွယ်လွန်သူ ကိုမင်းမင်းအောင်ရဲ့ ရုပ်အလောင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံက မိသားစုဝင်တွေ အမြန်ဆုံး ဆက်သွယ်လာဖို့ လိုအပ်နေပါတယ်။ တောင်ကိုရီးယားရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူများကလည်း မိသားစုဝင်များကို သိရှိသူများရှိပါက အမြန်ဆုံး ကူညီချိတ်ဆက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

လှိုင်မြို့နယ် ဘာတာမှတ်တိုင်နားက မိသားစုဝင်တွေ သို့မဟုတ် ၎င်းကို သိရှိတဲ့ မိတ်ဆွေသူငယ်ချင်းများဆီ ဒီသတင်းစကား အမြန်ဆုံး ရောက်ရှိသွားနိုင်အောင် အားလုံးပဲ တစ်ယောက်တစ်ချက်စီ ဝိုင်းဝန်း မျှဝေ (Share) ပေးကြပါဦးနော်။ 🙏

Address

No. (117) , Mahar Thukhitar Road (East Gyogone), Insein Township
Yangon
11011

Telephone

+959757536506

Website

Alerts

Be the first to know and let us send you an email when Eaint YaThar - အိမ့်ရသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eaint YaThar - အိမ့်ရသာ:

Shortcuts

Share