18/09/2026
တကယ်တော့ လူတချို့က ပေါင်းသင်းဆက်ဆံဖို့အတွက် မဟုတ်ဘူး။
ရှောင်ဖို့အတွက် ဖြစ်နေတတ်တယ်။
ကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့ စိတ်ကောင်းကို
လူတိုင်းအတွက် ထုတ်သုံးဖို့ မလိုပါဘူး။
တချို့က ကိုယ်ယဉ်ယဉ်ကျေးကျေး ဆက်ဆံလေ သူတို့က ပိုအတင့်ရဲလေဖြစ်တယ်။
ကိုယ်က ပိုရိုးသားကြင်နာလေ
သူတို့က ကိုယ့်ကို အနိုင်ကျင့်လို့ရတဲ့လူလို့ ပိုထင်လေဖြစ်တယ်။
ဒါကြောင့် ဘဝကို နားလည်လာပြီဆိုရင်
သင်ယူရမယ့်အရာတစ်ခု ရှိလာတယ်။
အဲဒါကတော့ လူရှောင်တတ်ဖို့ဖြစ်တယ်။
အရှက်မရှိတဲ့လူကို ရှောင်ရမယ်။
ဘာလို့လဲဆိုတော့ သူတို့မှာ စည်းမရှိလို့ပါ။
ကလိမ်ကကျစ်စိတ်ရှိတဲ့လူကို ရှောင်ရမယ်။
ကိုယ်က သူတို့ကို စိတ်ရင်းနဲ့ ဆက်ဆံတဲ့အချိန်
သူတို့က ကိုယ့်ကို ဘယ်လိုအကောက်ကြံမလဲဆိုတာ စဉ်းစားနေတတ်တယ်။
ကိုယ့်ကိုယ်ကိုယ် အမြဲ အကောင်းပြောပြီး
တခြားသူကို နှိမ့်ချတတ်တဲ့လူကိုလည်း ရှောင်ရမယ်။
တကယ် အရည်အချင်းရှိတဲ့သူဆိုတာ
တခြားသူကို နင်းပြီး ကိုယ့်ကိုယ်ကိုယ်
မြှင့်တင်ဖို့ မလိုပါဘူး။
အကျင့်စာရိတ္တမကောင်းတဲ့သူ၊
ယဉ်ကျေးမှုမရှိတဲ့သူတွေကိုလည်း ရှောင်ရမယ်။
ဒါဟာ ကိုယ်က မာနကြီးလို့ မဟုတ်ဘူး။
ဘဝအမြင်ချင်း မတူရင် အတင်းအကျပ် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေစရာ
မလိုတာပါ။
ပြီးတော့
လူဆိုးတွေကို ရှောင်ရမယ်။
လူယုတ်မာတွေကို ရှောင်ရမယ်။
စိတ်နေသဘောထား သေးသိမ်တဲ့လူကို ရှောင်ရမယ်။
“ငါ ဘာမှ မမှားဘဲနဲ့ ဘာလို့ ရှောင်ရမှာလဲ” လို့
မတွေးပါနဲ့။
ဘာလို့လဲဆိုတော့ အရွယ်ရောက်သူရဲ့ ကမ္ဘာမှာ
ကိစ္စတိုင်းကို အနိုင်အရှုံးဆိုပြီး အဆုံးအဖြတ်ပေးစရာ မလိုတော့ဘူး။
ရွှံ့နွံကို နင်းမိနိုင်ရင် ကိုယ်က ရှောင်ရမှာပါပဲ။ ရွှံ့နွံထဲ တိုးဝင်ပြီး “ငါ့ကို ဘာလို့ ညစ်ပတ်အောင်
လုပ်တာလဲ” လို့ အငြင်းပွားမှာလား။
အရင်တုန်းက
“ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တာက သတ္တိ” လို့ ထင်ခဲ့တယ်။
အခုချိန်မှာတော့
လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို သိသွားတဲ့နောက် မတွယ်တာဘဲ လှည့်ထွက်သွားနိုင်တာကမှ
တကယ့်အသိတရားဆိုတာ နားလည်လာတယ်။
မငြင်းတာက မငြင်းနိုင်လို့ မဟုတ်ဘူး။
မပြောတာက ပြောမနိုင်လို့ မဟုတ်ဘူး။
ထွက်သွားတာကလည်း ကြောက်လို့ မဟုတ်ဘူး။
ဒီအရွယ်ရောက်လာတော့
အချိန်က တန်ဖိုးရှိလာတယ်။
စိတ်ခံစားချက်က တန်ဖိုးရှိလာတယ်။
စိတ်ကောင်းနေတဲ့အချိန်က ပိုပြီးတောင်
တန်ဖိုးရှိလာတယ်။
ကိုယ့်ဘဝနဲ့ ဘာမှမဆိုင်တဲ့ လူတစ်ယောက်ကို ပြုပြင်ပြောင်းလဲဖို့၊ ပတ်သက်ဖို့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့နေ့ရက်တွေကို ဖြုန်းတီးဖို့ တာဝန်ရှိမနေပါဘူး။
လူလတ်ပိုင်းအရွယ် ရောက်လာတဲ့နောက်
အကြီးမားဆုံး စွန့်လွှတ်တတ်ခြင်းဆိုတာ ပစ္စည်းဘယ်နှစ်ခု ပစ်ထုတ်လိုက်နိုင်တယ်ဆိုတာ မဟုတ်ဘဲ
ကိုယ့်ဘဝထဲက မလိုအပ်တဲ့လူတွေကို
တဖြည်းဖြည်း ထွက်သွားစေတာပဲဖြစ်တယ်။
ဒါကြောင့် “နင် အရင်လို မနွေးထွေးတော့ဘူး” လို့
မပြောပါနဲ့။
ကိုယ်အေးစက်သွားတာ မဟုတ်ပါဘူး။
ဘဝကို ဘယ်လိုနေထိုင်ရမလဲဆိုတာ နောက်ဆုံး နားလည်လာတာပါ။
ကောင်းတာတွေကို တန်ဖိုးထားမယ်။
မကောင်းတာတွေကို ဝေးဝေးရှောင်မယ်။
စိတ်ကောင်းရှိသူတွေကို စိတ်ရင်းနဲ့ ဆက်ဆံမယ်။
ကိုယ့်ကို ပင်ပန်းစေတဲ့လူတွေကိုတော့ ရှင်းပြချက်ပေးဖို့တောင် မလိုပါဘူး။
ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေမှာ
ကိုယ့်ဘေးမှာ လူတွေ အများကြီးရှိဖို့ မလိုတော့ဘူး။
ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းဖို့၊
နားငြိမ်းဖို့၊
စိတ်ငြိမ်းချမ်းဖို့ပဲ လိုတော့တယ်။
လူမှုဆက်ဆံရေး ကောင်းကောင်းလုပ်တတ်တာက ယဉ်ကျေးမှုပါ။
မသင့်တော်တဲ့လူကို ရှောင်တတ်တာကတော့ အသိတရား ဖြစ်ပါတယ်။
ကိုယ်တို့က ပေါင်းသင်းရ ခက်သွားတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ မသင့်တော်တဲ့လူတွေအပေါ် ထပ်ဖြုန်းဖို့ အချိန်တွေ သိပ်မများတော့လို့ပါ။
-- မျှဝေပါတယ်
crd
💌
#နိုင်းနိုင်းစနေ