Ziwaka Pharmacy - ဇီဝကဆေးဆိုင်

Ziwaka Pharmacy - ဇီဝကဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ziwaka Pharmacy - ဇီဝကဆေးဆိုင်, No. 85, Kyauk Myaung Street, Yangon.

1️⃣စျေးနှုန်းချိုသာပြီး အရည်အသွေးပြည့်ဝသော ဆေးဝါးများ
2️⃣ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ
3️⃣လူသုံးကုန်ပစ္စည်းများ ကို စုံလင်စွာ ရွေးချယ်ဝယ်ယူနိုင်မည့် သင်နှင့် အနီးဆုံးမှာ ရှိနေမယ့် #ဇီဝကဆေးဆိုင်

19/09/2026

Evening Primose Oil ကို ဘာအတွက်သောက်ကြတာလဲ❓
Evening Primose Oil ဆိုတာ ကြားဖူးပေမယ့်
“ဒါက ဘာအတွက်လဲ?” ဆိုတာ သေချာမသိသေးတဲ့သူတွေရှိရင် ဒီ Video လေးကို ကြည့်ပေးပါနော်...

Ziwaka Pharmacy မှာ Eposoft, Evprim, Prime E စတဲ့ Evening Primrose Oil တွေလည်း ရရှိပါတယ်...

ကျန်းမာရေးနဲ့ ဆေးဝါးအကြောင်း သိချင်တာလေးတွေရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်....

👶🏻 ကလေးလေးတွေ Diaper Rash ဖြစ်နေလို့ ဘာလိမ်းပေးရမလဲ?Diaper ကို အချိန်ကြာကြာပတ်ထားရတာ၊ ဆီး/ဝမ်းနဲ့ ထိတွေ့ပြီး စိုစွတ်နေတတ...
18/09/2026

👶🏻 ကလေးလေးတွေ Diaper Rash ဖြစ်နေလို့ ဘာလိမ်းပေးရမလဲ?

Diaper ကို အချိန်ကြာကြာပတ်ထားရတာ၊ ဆီး/ဝမ်းနဲ့ ထိတွေ့ပြီး စိုစွတ်နေတတ်တာတွေကြောင့် ကလေးလေးတွေရဲ့ တင်ပါးနဲ့ Diaper ပတ်တဲ့နေရာတစ်ဝိုက်မှာ အသားနီရဲတာ၊ အဖုအပိန့်လေးတွေထွက်တာ၊ ယားယံပြီး မသက်မသာဖြစ်တာ တွေ ဖြစ်လာတတ်ပါတယ်။

အဲ့ဒီလို Diaper Rash ဖြစ်လာတဲ့အခါ အသုံးပြုဖို့ Ointment လေးတွေ ရှာနေတယ်ဆိုရင် 👇🏻

🩷 Nappy-Hippo Zinc Oxide
🩷 Bepanthen Ointment လေးတွေကို Ziwaka Pharmacy မှာ ရပါတယ်...

မွေးကင်းစကလေးလေးတွေအတွက် ရှိထားသင့်တာလေးမလို့ မေမေတွေရှာရခက်နေရင် အခုပဲ လာရောကဝယ်ယူထားလိုက်တော့နော်...

16/09/2026

🗣️ဗုဒ္ဓဟူးနေ့တိုင်း "Free"
ဆီးချိုဆိုတာ ကိုယ့်မှာရှိနေမှန်း မသိဘဲနဲ့ နေနေတဲ့သူတွေလည်း ရှိတတ်တယ်နော်…
အဲ့ဒါကြောင့် လက္ခဏာမရှိလို့ဆိုပြီး မစစ်ဘဲနေတာထက် ကိုယ့်ရဲ့ သွေးတွင်းသကြားဓာတ်အခြေအနေကို သိထားတာက ပိုကောင်းပါတယ်..

ဗုဒ္ဓဟူးနေ့တိုင်း ဆီးချို Free စစ်ပေးပါတယ်။ ပြီးတော့ ဆိုင်ခွဲ ၂ ခုလုံးမှာ စစ်ဆေးလို့ရပါတယ်။ ပုံမှန်ရက်တွေဆို ၁,၂၀၀ ကျပ် နဲ့ စစ်ဆေးပေးပါတယ်...❤️

#ဆီးချိုစစ် #ဆိုင်ခွဲ၁ #ဆိုင်ခွဲ၂

15/09/2026

ဆေးဆိုင်အသစ်ဖွင့်ချင်ပေမယ့် ဘယ်ဆေးတွေ အရောင်းသွက်လဲ ဘာတွေထည့်ထားသင့်လဲ မသိသေးဘူးဆိုရင်?

ဆေးဆိုင်တစ်ဆိုင်စဖွင့်တဲ့အခါ ဆေးတွေကို အများကြီးဝယ်ထားရုံနဲ့ မပြီးပါဘူး။ ကိုယ့်ဆေးဆိုင်ရဲ့နေရာ၊ Customer လိုအပ်ချက်နဲ့ အရောင်းသွက်တဲ့ဆေးဝါးတွေကို သိထားဖို့လည်း လိုပါတယ်။

ဒါကြောင့် Ziwaka Pharmacy မှာ ဆေးဆိုင်အသစ်ဖွင့်ချင်သူတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို အလွယ်တကူရွေးချယ်နိုင်အောင် Package လေးတွေ စီစဉ်ပေးထားပါတယ်။

ဆရာဝန်တစ်ဦးရဲ့ အတွေ့အကြုံနဲ့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးရဲ့ အတွေ့အကြုံ တွေကို အခြေခံပြီး
ဆေးဆိုင်စဖွင့်မယ့်သူတွေအတွက် လိုအပ်တာတွေကို တတ်နိုင်သလောက် ကူညီပေးနေပါတယ်။

အခုလို Ziwaka Pharmacy ကို ယုံကြည်စွာနဲ့ ဆေးဝါးတွေ လာမှာယူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်... 🤍

🚏အမှတ်(၈၅)၊မြေညီထပ်၊ကျောက်မြောင်းလမ်း၊တာမွေမြို့နယ်။
☎️ 09-762577625, 09-885158815

🚏အမှတ်(၂၄)၊မြေညီထပ်၊ဓမ္မဝိဟာရလမ်း၊တာမွေမြို့နယ်။
☎️ 09-449554085, 09-885158815

#ဆေးဆိုင်ဖွင့်ချင်သူများ ီဝကဆေးဆိုင် #လက်လီလက္ကား #ဆွေးနွေးတိုင်ပင်နိုင်ပါတယ် #ရန်ကုန်

14/09/2026

Ziwaka Pharmacy ကို တစ်ခါမှ မရောက်ဖူးသေးတဲ့သူတွေရှိလား?

ဒီနေ့တော့ Ziwaka Pharmacy ကို အတူတူ လိုက်ကြည့်ကြမယ်နော်။ ဘယ်လိုပစ္စည်းတွေ ရှိလဲ၊ ဘာတွေဝယ်လို့ရလဲ တစ်ခါတည်း ကြည့်သွားရအောင်။

ဆိုင်ထဲဝင်လာတာနဲ့ မြင်ရမှာကတော့ နေ့စဉ်အသုံးများတဲ့ ဆေးဝါးတွေကနေ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ Supplement တွေအထိ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ပြီးတော့ အသားအရေထိန်းသိမ်းဖို့ Skincare Products လေးတွေလည်း ရပါတယ်နော်။

ကိုယ်လိုချင်တာကို ကိုယ်တိုင်မရွေးတတ်သေးရင်လည်း Ziwaka Pharmacy ဝန်ထမ်းတွေကို မေးမြန်းပြီး ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ပါတယ်။

ဆိုင်ကိုမလာနိုင်ရင်လည်း Messenger ကနေ လာမေးပြီး Online မှာယူလို့ရပါတယ်။

လိုအပ်တာရှိရင် Ziwaka Pharmacy ကို သတိရလိုက်နော်... 🤍

“ဆေးဝါးအတွက်ဆို စိတ်သာချ၊ အားလုံးအတွက် ဇီဝက”

“ဇီဝက” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏အမှတ်(၈၅)၊မြေညီထပ်၊ကျောက်မြောင်းလမ်း၊တာမွေမြို့နယ်။
☎️ 09-762577625, 09-885158815

🚏အမှတ်(၂၄)၊မြေညီထပ်၊ဓမ္မဝိဟာရလမ်း၊တာမွေမြို့နယ်။
☎️ 09-449554085, 09-885158815

ီဝကဆေးဆိုင်

12/09/2026

Vitamin E အမျိုးအစားတွေ ရှာနေလား❓
EPosoft
Evprim
EV-O3
Enat 400
Prime E-1000
AME-Rose
ဒီအမျိုးအစားတွေကို Ziwaka Pharmacy မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ လိုအပ်တဲ့ဆေးအမျိုးအစားနဲ့ ပတ်သက်ပြီး မေးမြန်းချင်ရင် Ziwaka Pharmacy ကို Chat Box ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...



တစ်နေ့တစ်နေ့ အလုပ်တွေ၊ မိသားစုအရေးတွေနဲ့ လုံးပန်းနေရလို့ မောပန်းနွမ်းနယ်နေပြီလား...❓ နေ့စဉ်စားသောက်မှုမှာ ဗီတာမင်နဲ့ သတ္...
11/09/2026

တစ်နေ့တစ်နေ့ အလုပ်တွေ၊ မိသားစုအရေးတွေနဲ့ လုံးပန်းနေရလို့ မောပန်းနွမ်းနယ်နေပြီလား...❓

နေ့စဉ်စားသောက်မှုမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ပြည့်ဝဝ မရရှိရင် ကိုယ်ခံအားကျပြီး အလွယ်တကူ နဂိုထက် ပိုပင်ပန်းလွယ်တတ်ပါတယ်။

✅ Vitacap / Supravit / Once A Day
တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးပြီး အမောခံနိုင်အောင်နဲ့ ကိုယ်ခံအား ကောင်းမွန်စေဖို့အတွက် သောက်သုံးနိုင်ပါတယ်။
✅ Diabetone (Vitabiotics)
ဆီးချိုရောဂါရှိသူများအတွက် အထူးဖော်စပ်ထားပြီး သွေးတွင်းသကြားဓာတ် မတက်စေဘဲ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးပါတယ်။
✅ Heart-Q (CoQ10 + Omega 3)
နှလုံးလုပ်ဆောင်ချက်ကို အားကောင်းစေပါတယ်။
✅ GreenLife Women Vitalmax 50+
အသက် ၅၀ ကျော် အမျိုးသမီးများအတွက် အထူးဖော်စပ်ထားပြီး အရိုးအဆစ်၊ ဟော်မုန်းနဲ့ အထွေထွေ ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
✅ Ferrovit Plus
သွေးအားနည်းသူများ၊ အားနည်းပြီး မူးဝေတတ်သူများအတွက် သွေးအားကောင်းစေမယ့် သံဓာတ်ပါဝင်သော အားဆေးဖြစ်ပါတယ်။
✅ Revital
ဂျင်းဆင်း ပါဝင်တာကြောင့် ပင်ပန်းနွမ်းနယ်မှုကို မြန်မြန်ဆန်ဆန် သက်သာစေပြီး တက်ကြွလန်းဆန်းစေပါတယ်။

မိသားစုဝင်တိုင်း၊ လူတိုင်းရဲ့ ကျန်းမာရေး လိုအပ်ချက်နဲ့ ကိုက်ညီမယ့် စိတ်ချရတဲ့ ဗီတာမင်နဲ့ အားဆေးတွေကို Ziwaka Pharmacy မှာ အစုံအလင် ဝယ်ယူရရှိနိုင်ပါတယ်ရှင့်....🗨️

"ဆေးဝါးအတွက်ဆို စိတ်သာချ၊ အားလုံးအတွက် ဇီဝက"

အသားအရေပေါ်က အမာရွတ်လေးတွေကို ဖုံးထားရုံနဲ့ မလုံလောက်ဘူး… 👀ဝက်ခြံပြီးလို့ ကျန်ခဲ့တဲ့ အမာရွတ်တွေ၊အသားအရေခြောက်ပြီး မညီမညာ...
09/09/2026

အသားအရေပေါ်က အမာရွတ်လေးတွေကို ဖုံးထားရုံနဲ့ မလုံလောက်ဘူး… 👀

ဝက်ခြံပြီးလို့ ကျန်ခဲ့တဲ့ အမာရွတ်တွေ၊
အသားအရေခြောက်ပြီး မညီမညာဖြစ်နေတဲ့နေရာတွေ၊ Stretch Mark တွေကြောင့် ကိုယ့်အသားအရေကိုယ် မကြိုက်ဖြစ်နေတတ်တယ်။

ဒီလို Skin ပြဿနာ တွေအတွက်
နေ့စဉ် Skincare Routine ထဲ Bio-Oil လေး ထည့်သုံးကြည့်ပါနော်...

အသားအရေကို Moisturize လုပ်ပေးပြီး
ခြောက်သွေ့တဲ့အသားအရေကို ပိုမိုနူးညံ့စိုပြေစေဖို့ ကူညီပေးနိုင်ပါတယ်။

အမာရွတ်တွေကို တစ်ညတည်းနဲ့ ပျောက်သွားမယ်ဆိုတဲ့ Miracle Product မဟုတ်ပါဘူး။ ပုံမှန်သုံးစွဲပြီး အသားအရေကို ဂရုစိုက်ပေးနော်...💜

08/09/2026

ဆေးဆိုင်တစ်ဆိုင်ဖွင့်ဖို့ 75 သိန်းနဲ့ စလို့ရမယ်ဆို စိတ်ဝင်စားလား? 👀

အရင်းအနှီးတော့ရှိတယ်၊ ဆေးဆိုင်လည်း ဖွင့်ချင်တယ်။
ဒါပေမယ့်
ဘာတွေဝယ်ရမလဲ?
ဘယ်ကနေစရမလဲ?
ကိုယ်တိုင်စီစဉ်ရင် အဆင်ပြေပါ့မလား?ဆိုပြီး မသေချာဖြစ်နေတယ်ဆိုရင် Ziwaka Pharmacy ကနေ 75 သိန်းဖိုးနဲ့ ဆေးဆိုင်စတင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

75 သိန်းဖိုးမှာ ဘာတွေပါလဲဆိုတာ Video ထဲမှာ ကြည့်လိုက်ပါနော်...👇

ကိုယ်တိုင်လည်း ဆေးဆိုင်စဖို့ စိတ်ဝင်စားနေတယ်ဆိုရင်
အသေးစိတ်ကို Ziwaka Pharmacy မှာ လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်...🗨️
စိတ်ဝင်စားရင် Comment မှာလည်း "interest" လို့မန့်ခဲ့ပေးပါ။ ရှင်း‌ပြပေးပါမယ်...

#ဆေးဆိုင်ဖွင့်ချင်သူများ #လက္ကား #၇၅သိန်း #စတင်နိုင်ပါပြီ #ဆေးဆိုင်
#ရန်ကုန်

Address

No. 85, Kyauk Myaung Street
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Ziwaka Pharmacy - ဇီဝကဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share