Sawbwa Coffee စော်ဘွားကော်ဖီ

Sawbwa Coffee စော်ဘွားကော်ဖီ SAWBWA | Roasters of Myanmar's Finest Coffee
Sawbwa source and roast the highest grade specialty beans from small communities across the country
(1)

Day 1 of Food & Beverage Myanmar | HoReCa Myanmar 2025Don’t miss our 15% OFF Promotions _event only and just 2 days left...
27/06/2025

Day 1 of Food & Beverage Myanmar | HoReCa Myanmar 2025

Don’t miss our 15% OFF Promotions _
event only and just 2 days left!

See you at Booth -1K1 ☕️

&beveragemyanmar

YCC မှာ ကျင်းပမယ့် HoReCa Myanmar 2025  ပြပွဲမှာ လာရောက်ဝယ်ယူတဲ့ စော်ဘွားကော်ဖီချစ်သူတွေအတွက်  အထူး Promotion  🎉🎉အောက်မှ...
20/06/2025

YCC မှာ ကျင်းပမယ့် HoReCa Myanmar 2025 ပြပွဲမှာ လာရောက်ဝယ်ယူတဲ့ စော်ဘွားကော်ဖီချစ်သူတွေအတွက် အထူး Promotion 🎉🎉

အောက်မှာပြထားတဲ့ ကော်ဖီထုပ်တွေထဲက ဘယ်အမျိုးစားဝယ်ဝယ် 15% Discount ရရှိနိုင်မယ့်အပြင်

☕️ ပြပွဲလေးမှာ ချစ်ရတဲ့ကော်ဖီအကြောင်းတွေပြောမယ်

☕️ ကော်ဖီနဲ့ပက်သက်တဲ့ ဗဟုသုတတွေ မျှဝေကြမယ် ၊

☕️ စိတ်ကြိုက်မြည်းစမ်းကြည့်ပြီးမှ အကြိုက်ဆုံးကော်ဖီကို အတန်ဆုံး ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အခွင့်ရေးကောင်းလေးဖြစ်လို့ လက်လွှတ်မခံနဲ့တော့နော် 😉

📅 June 27 to 29 , 2025

📍 Yangon Convention Center (YCC)

⏰ 9:00 AM – 5:00 PM

📌 Booth No -1K1 မှာ တွေ့ကြမယ်နော် ☕️

Yangon Convention Center မှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မယ့် Food & Beverage Myanmar / HoReCa Myanmar 2025 မှာ စော်ဘ...
19/06/2025

Yangon Convention Center မှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မယ့် Food & Beverage Myanmar / HoReCa Myanmar 2025 မှာ စော်ဘွားကော်ဖီလည်း ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်။

ကော်ဖီချစ်သူတို့အတွက် Promotion အစီစဉ်လေးလည်း ပါဝင်မှာမို့လို့ စိတ်ဝင်စားဖွယ်ရာဆိုင်ခန်းတွေကိုလေ့လာရင်း ကော်ဖီအတူတူသောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်။

📅 27, 28, 29 June, 2025

🕘 9:00 AM – 5:00 PM

📍 YCC (Inya Lake Hotel Compound)


&beveragemyanmar

မတူညီတဲ့အနုပညာနှစ်ခုပေါင်းစပ်ခဲ့တဲ့ Brew and Weaves ပွဲလေးမှာ ၁၉၉၀ ခုနှစ်ကို ပြန်လည်ပုံဖော်ရင်း အပြုံးတွေ တူညီစွာ ဖန်တီး...
13/06/2025

မတူညီတဲ့အနုပညာနှစ်ခုပေါင်းစပ်ခဲ့တဲ့ Brew and Weaves ပွဲလေးမှာ

၁၉၉၀ ခုနှစ်ကို ပြန်လည်ပုံဖော်ရင်း

အပြုံးတွေ တူညီစွာ ဖန်တီးခဲ့ကြတယ် ☕️

အမှတ်တရတွေများစွာနဲ့ အတွေ့ကြုံတွေကို

လွတ်လပ်စွာ မျှဝေပေးနေကြတဲ့ မမေ့နိုင်စရာနေ့လေးရဲ့ ပျော်ရွှင်မှုတွေကို ခံစားရစေဖို့ မျှဝေပေးရင်း

အခုလိုပွဲလေးဖြစ်အောင် အတူတူလက်တွဲခဲ့တဲ့ အဖွဲ့သားများအားလုံးနဲ့ ပွဲနေ့လေးမှာ လာရောက်ပေးခဲ့တဲ့ စော်ဘွားကော်ဖီချစ်သူတွေနဲ့အတူ ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိရပါတယ်ရှင့်။

Coffee Capsule ဆိုရင် Nespresso Machine အတွက်လား ? Dolce Gusto Machine အတွက်လား? ဘာအတွက်ပဲလိုလို Capsule ဆိုတာနဲ့ စော်ဘွ...
12/06/2025

Coffee Capsule ဆိုရင် Nespresso Machine အတွက်လား ?

Dolce Gusto Machine အတွက်လား?

ဘာအတွက်ပဲလိုလို Capsule ဆိုတာနဲ့ စော်ဘွားကော်ဖီကိုသတိရလိုက်ပါ 😉

Nespresso Original Capsule Machine နဲ့ တွဲသုံးတဲ့ Coffee Capsule ထဲမှာဆို

▪️ ခါးပြင်းတာကြိုက်တဲ့သူတွေအတွက် Monsoon Capsule
▪️ ပြေပြေငြိမ်ငြိမ်လေးကြိုက်တဲ့သူတွေအတွက် Myanmar Morning Capsule
▪️ Coffee Capsule ကိုမှ Specialty အနေနဲ့ ခံစားချင်တဲ့သူတွေအတွက် Indigo Mountain Capsule ကိုရွေးချယ်နိုင်ပါတယ်။

Dolce Gusto Capsule Machine နဲ့တွဲသုံးနိုင်တဲ့ Coffee Capsule ထဲမှာဆို

▪️ Espresso shot အရသာအတိုင်း အခါးပြင်းပြင်းကြိုက်သူတွေ၊ နွားနို့လေးရောပြီး Latte, Cappuccino လုပ်သောက်ချင်တဲ့သူတွေအတွက် Sawbwa Espresso ဆိုပြီး ဝယ်ယူရရှိနိုင်ပါတယ်။

အပြင်မှာ ကိုယ်တိုင်ဝယ်ယူချင်တဲ့သူတွေအတွက်လည်း ပန်းဆိုးတန်းလမ်း Omnivore မှာဝယ်ယူနိုင်သလို၊ ဓမ္မစေတီလမ်းပေါ်မှာရှိတဲ့ Sharky’s နဲ့ ပါရမီလမ်းပေါ်မှာရှိတဲ့ Dacco. Myanmar မှာလည်းဝယ်ယူနိုင်ပါတယ်။

Page messenger မှတစ်ဆင့်ဆက်သွယ်မှာယူနိုင်သလို အသေးစိတ်သိရှိလိုပါက အောက်မှာပေးထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်နိုင်ပါတယ်..

🚚 ရန်ကုန်မြို့အပြင် အခြားနယ်မြို့တွေကိုလည်း အိမ်အရောက်ငွေချေစနစ် (သို့မဟုတ်) သက်ဆိုင်ရာကားဂိတ်ကနေတစ်ဆင့်ပို့ဆောင်ပေးနေပါတယ်

📞 Contact us: 09269392580
🌐 Website: www.sawbwacoffee.com

ကော်ဖီဆိုရင် ကိုယ်တိုင် စိတ်တိုင်းကျရွေးပြီး ဝယ်ရမှကျေနပ်တဲ့ စော်ဘွားကော်ဖီချစ်သူတို့အတွက် ရွေးချယ်စရာနောက်ထပ်ဆိုင်တစ်ခု...
10/06/2025

ကော်ဖီဆိုရင် ကိုယ်တိုင် စိတ်တိုင်းကျရွေးပြီး ဝယ်ရမှကျေနပ်တဲ့
စော်ဘွားကော်ဖီချစ်သူတို့အတွက် ရွေးချယ်စရာနောက်ထပ်ဆိုင်တစ်ခု တိုးလာပြန်ပါပြီ 🤩🤩

ဗဟန်းမြို့နယ် ၊ ဓမ္မစေတီလမ်းပေါ်မှာရှိတဲ့ Sharky’s ဆိုင်မှာ ပုံမှန် City Mart မှာရနေကျ ကော်ဖီထုပ်တွေအပြင်
Page မှာ သီးသန့်မှာယူလို့ရနိုင်တဲ့

Sawbwa Espresso DG capsule, Bant Sawk Specialty Capsuleနဲ့
Taste and Tales Collection ဖြစ်တဲ့ Drum, Harp, Bant Sawk Coffee လေးတွေကိုပါ ဝယ်ယူရရှိနိုင်မှာဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်။

အသေးစိတ်သိရှိလိုပါက အောက်မှာပေးထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။

📞 Contact us: 09269392580
🌐 Website: www.sawbwacoffee.com

Capsule ကိုမှ Specialty taste ကို ခံစားရမယ့် စော်ဘွားကော်ဖီရဲ့ Indigo Mountain Capsule အသစ်Light Roast ကော်ဖီကိုမှ ✔️Qua...
07/06/2025

Capsule ကိုမှ Specialty taste ကို ခံစားရမယ့် စော်ဘွားကော်ဖီရဲ့ Indigo Mountain Capsule အသစ်

Light Roast ကော်ဖီကိုမှ

✔️Quantity ကိုမကြည့်ပဲ Quality ကိုသာအဓိကထားထုတ်ထားတဲ့ ကော်ဖီစေ့ကိုသုံးထားပြီး

✔️ ကော်ဖီမှာ ရှိနေတဲ့ အချို၊ အချဉ်ကို ထူးကဲပေါ်လွင်အောင် ဂရုတစိုက်လှော်ထားတဲ့အတွက်

တကျိုက်လောက်သောက်လိုက်ရုံနဲ့ တောင်တန်းတွေထဲ ရောက်သွားသလို ခံစားချက်မှုမျိုးနဲ့ Fresh ဖြစ်သွားစေမှာပါ။

ဘယ်လိုလူမျိုးတွေဝယ်သင့်လဲဆိုရင်

Light Roast ကော်ဖီချစ်သူတွေ၊ Light Roast ကိုမှ Capsuleအနေနဲ့ စမ်းသောက်ကြည့်ချင်တဲ့သူတွေ၊ သောက်လိုက်တာနဲ့ ချက်ချင်းလန်းဆန်းမှုကိုရတဲ့ ခံစားချက်ကိုကြိုက်တဲ့သူတွေ၊ ကော်ဖီဆိုအခါးမကြိုက်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

Specialty Capsule – ကော်ဖီရဲ့ ထူးခြားမှုကို နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ချင်တယ်ဆိုရင်

အောက်မှာပေးထားတဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်နိုင်သလို page messengerမှာလည်းဆက်သွယ်မှာယူနိုင်ပါတယ်။

📞 Contact us: 09269392580
🌐 Website: www.sawbwacoffee.com

Exclusive presents: Craft cup holders for each one who try brewing coffee at the event.🎁Can’t wait to share it all with ...
29/05/2025

Exclusive presents: Craft cup holders for each one who try brewing coffee at the event.🎁

Can’t wait to share it all with you tomorrow.

See you at Brews & Weaves ☕🧵

Address : YWCA, Bogalay Zay Street, Botahtaung tsp.
Time : 10AM to 4PM
Dress Code : 1990s vibe.

ကော်ဖီဆိုတာ အနုပညာတစ်ခုတဲ့ ဒါဆို လက်မှုအနုပညာနဲ့ ပေါင်းစပ်ကြည့်ရင်ရော….မတူညီတဲ့အပိုင်းစတွေကို ဆွဲထုတ်ကြည့်ရင်းထပ်တူညီတဲ့...
26/05/2025

ကော်ဖီဆိုတာ အနုပညာတစ်ခုတဲ့

ဒါဆို လက်မှုအနုပညာနဲ့ ပေါင်းစပ်ကြည့်ရင်ရော….

မတူညီတဲ့အပိုင်းစတွေကို ဆွဲထုတ်ကြည့်ရင်း

ထပ်တူညီတဲ့ အနုပညာတစ်ခုကို Brew and Weaves ပွဲ‌လေးမှာ 1990's ခုနှစ်ကာလကို ပြန်လည် တမ်းတရင်း အတူတူရှာဖွေကြရအောင် ဖိတ်ခေါ်လိုက်ပါတယ်။

📌 ပြပွဲအစီစဉ်လေးမှာ ဘာတွေပါဝင်မလဲဆိုရင်

☕ Brewing Through Times – 1990's ခုနှစ်ကနေ 2025အတွင်းပြောင်းလဲသွား Coffee Cultureကို လေ့လာနိုင်ပြီး၊ ကိုယ်တိုင် ကြိုက်တဲ့နည်းနဲ့ ကော်ဖီဖျော်နိုင်တဲ့ အစီစဉ်တွေရှိမယ်။

🧵 Craft, Culture & Conversation – လက်မှုပစ္စည်းတွေနဲ့ ဖန်တီးသူတွေရဲ့ ဖန်တီးမှုတွေကို ပြသထားပြီး ဝယ်ယူနိုင်မဲ့ အစီစဉ်တွေရှိမယ်။

🎶 Moments Corner –1990's Vibe အပြည့် သံစဉ်တွေနဲ့အတူ နားဆင်ရုံသာမက ကိုယ်တိုင်သီဆိုနိုင်မှာ ဖြစ်ပြီးပြပွဲမှာရှိတဲ့ ကော်ဖီနဲ့ အနုပညာလက်ရာတွေကို တစ်ပါတည်းဝယ်ယူနိုင်မယ်။

Youths/Women Corner - ချည်ထည်လုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ကိုင်နေသူများ လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းများဆွေးနွေးတဲ့ အစီစဉ်လည်းပါဝင်ပါမယ်။

Dress code – ပိုပြီးအသက်ဝင်အောင် 1990's Fashion နဲ့ ပါဝင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

🗓 May 30, 2025 (Friday)

🕙 10:00 a.m – 4:00 p.m

📍 Yangon YWCA, Bogalayzay Street

📞 RSVP – 09967802195 | 09257084187

အလုပ်တွေရှုပ်နေပြီဆို ကော်ဖီကသောက်ချင်ပြီဖျော်ဖို့အချိန်ကလည်းမရှိ၊ ကော်ဖီကလည်း မဖြစ်မနေလိုအပ်လာတဲ့ အခြေနေမျိုးမှာ Coffee...
24/05/2025

အလုပ်တွေရှုပ်နေပြီဆို ကော်ဖီကသောက်ချင်ပြီ

ဖျော်ဖို့အချိန်ကလည်းမရှိ၊ ကော်ဖီကလည်း မဖြစ်မနေလိုအပ်လာတဲ့ အခြေနေမျိုးမှာ

Coffee Capsule Machine လေးနဲ့သာဆိုရင် 🤔

☕️ အခုဖျော်

☕️ အခုသောက်

☕️ အခုချက်ချင်း စိတ်ကြည်စေမှာပါ။

Capsule Machine ကသာ ကော်ဖီတစ်ခွက်ကိုအမြန်ဆုံးရနိုင်တယ်ဆိုရင် အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံးကော်ဖီကို ပေးစွမ်းဖို့အတွက်တော့ စော်ဘွားကော်ဖီရဲ့ Espresso Capsule က တာဝန်ယူပေးပါရစေ 😉

တစ်ဗူးလျှင် 10ခု ပါ Sawbwa Espresso Capsule ကို 35000 ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

Physical Store အနေနဲ့ကတော့ Omnivore Pansodan Restaurant နှင့် ဓမ္မံစေတီလမ်းပေါ်မှာရှိနေတဲ့ Sharky’s ဆိုင်မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး

Page messenger မှတစ်ဆင့် ဆက်သွယ်မှာယူနိုင်သလို အသေးစိတ်သိရှိလိုပါက အောက်မှာပေးထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်နိုင်ပါတယ်။

🚚 ရန်ကုန်မြို့အပြင် အခြားနယ်မြို့တွေကိုလည်း အိမ်အရောက်ငွေချေစနစ် (သို့မဟုတ်) သက်ဆိုင်ရာကားဂိတ်ကနေတစ်ဆင့်ပို့ဆောင်ပေးနေပါတယ်

📞 Contact us: 09269392580
🌐 Website: www.sawbwacoffee.com

မနက်ခင်းတိုင်းစိတ်ကြည်နေဖို့အတွက် ကော်ဖီကောင်းတစ်ခွက်က ပထမဆုံးလိုအပ်ချက်ပဲ မဟုတ်လား? စော်ဘွားရဲ့ Morning Blend Coffee လေ...
17/05/2025

မနက်ခင်းတိုင်းစိတ်ကြည်နေဖို့အတွက် ကော်ဖီကောင်းတစ်ခွက်က ပထမဆုံးလိုအပ်ချက်ပဲ မဟုတ်လား?

စော်ဘွားရဲ့ Morning Blend Coffee လေးက

✔️ သင်းပျံ့တဲ့ ရနံ့

✔️ လတ်ဆတ်တဲ့ အရသာနဲ့

✔️ အခါးမပြင်းတဲ့ Medium Roast ဖြစ်တာကြောင့်

မနက်ခင်းတိုင်း ရွေးချယ်ဖို့အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

📞 Contact us: 09269392580
🌐 Website: www.sawbwacoffee.com

ကော်ဖီချစ်သူတိုင်း အပြင်သွားရင်း ကော်ဖီအရမ်းသောက်ချင်လာတဲ့အချိန် နီးစပ်ရာ Cafe ဆိုင်မှာ ကော်ဖီဝယ်သောက်တဲ့အခါ ကိုယ်မျှော်...
11/05/2025

ကော်ဖီချစ်သူတိုင်း အပြင်သွားရင်း ကော်ဖီအရမ်းသောက်ချင်လာတဲ့အချိန် နီးစပ်ရာ Cafe ဆိုင်မှာ ကော်ဖီဝယ်သောက်တဲ့အခါ ကိုယ်မျှော်လင့်ထားတဲ့ အရသာတိုင်း မရလို့ စိတ်အနည်းထိခိုက်ရတာမျိုးတွေ ကြုံရလေ့ရှိပါတယ်

ဒါကြောင့် နေ့တနေ့ရဲ့ အစမှာ ကိုယ့်စိတ်တိုင်းကျ ကော်ဖီအရသာနဲ့စိတ်ကျေနပ်စေဖို့အတွက်ဆို အောက်ကအချက်လေးတွေ ဆိုင်ကို ကြိုမေးပြီးမှ မှာတာက ပိုအဆင်ပြေစမှာပါ။

နံပါတ် (၁) ကော်ဖီက Robustaလား Arabicaလားဆိုတာကိုမေးပါ

ကိုယ်က Black Coffeeပြေပြေလေးသောက်ချင်နေတဲ့အချိန်မှာ ဆိုင်က Robustaသုံးတာဆို ပြေပြေလေးမရနိုင်တော့တဲ့အတွက် မှာပြီးမှ မျှော်လင့်တာနဲ့လွဲတဲ့အခါ အင်မတန် ဝမ်းနည်းစရာပါ။
တကယ်လို့ Robusta ဆိုတာကြိုသိရင် အပူမမှာတော့ပဲ Ice coffee ပဲမှာလိုက်တာမျိုးလုပ်လို့ရပါတယ်။

နံပါတ်(၂)က ကော်ဖီစက်ကိုကြည့်ပါ

Espresso Machine မတွေ့ရင် ဘာစက်နဲ့ ကော်ဖီဖျော်တာလဲမေးပါ
ရောက်တဲ့ဆိုင်မှာက Coffee Maker လိုမျိုးနဲ့ နှပ်ပြီးရောင်းနေတဲ့ဆိုင်မှာ Double Espressoမရနိုင်တာသေချာပါတယ်။ အကယ်၍ Menu ထဲမှာ Espresso တွေ့နေရင်တောင် စက်ကိုမေးကြည့်ပြီးမှ Confirmလုပ်ပါ။

နံပါတ်(၃)ကတော့ ကော်ဖီက Localလား Importလား မေးပါ

ဒါကတော့ ကော်ဖီဆိုင်က ဝန်ထမ်းလေးတွေစဉ်းစားစရာဖြစ်အောင်ပါ။ တော်တော်များများက Brandမသိရင်တောင် localလား Importလားတော့ သိပါတယ်။အဓိကကတော့ ကိုယ်သောက်တဲ့ကော်ဖီက ကိုယ့်နိုင်ငံကနေ စိုက်ပျိုးထုတ်လုပ်ထားတဲ့ကော်ဖီဆိုတာသိတဲ့အခါ ကော်ဖီသောက်နေရင်း ပိုပြီး ဂုဏ်ယူရတာပေါ့။

တချို့ဆိုင်တွေဆို ကိုယ်ပိုင်Farmကနေ ကိုယ်တိုင်လှော်ပြီး ဆိုင်ဖွင့်တာမျိုးဆိုတော့ ကိုယ်မေးတဲ့အခါ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတွေ သိလာရနိုင်ပါတယ်။

နံပါတ်(၄) အနေနဲ့က ကော်ဖီဆိုင်တွေမှာ Signature Brewဆိုတာ ရှိပါတယ် တကယ်လို့ ကိုယ်သောက်ချင်တာနဲ့ ဆိုင်ရဲ့ Signature coffeeနဲ့ကိုက်တယ်ဆိုရင် မမှာခင် ဘယ်လိုမျိူးဖန်တီးထားလဲဆိုတာမေးပါ၊

Signature ဖြစ်ရတဲ့နောက်ကွယ်မှာ ဆိုင်ဘက် တီထွင်ထားတာ ပိုအားစိုက်ထားတာ တခုခုရှိတာမျိုး မို့ ဒီအချက်ကလဲ စိတ်ဝင်စားစရာကောင်းစေမှာပါ။

နိဂုံး အနေနဲ့ကတော့ ကော်ဖီဆိုင်မှာ ကော်ဖီနဲ့ပတ်သက်တာ မေးချင်းအားဖြင့် ကော်ဖီဖျော်တဲ့သူနဲ့ ကိုယ်နဲ့ ရင်းနှီးမှုပိုရပါတယ်။

လက်ရှိမြန်မာနိုင်ငံက Cafe တွေတော်တော်များများနဲ့ Barista တွေက အမြတ်အစွန်းဆိုတာထက် ကော်ဖီကို ချစ်တဲ့စိတ်နဲ့လုပ်နေကြတာများကြပါတယ်။

ဒါကြောင့် ကိုယ်ကလဲ ကော်ဖီချစ်လို့ ကော်ဖီမှာသောက်တဲ့ Customerတစ်ယောက်အနေနဲ့ အပေါ် က မေးခွန်းတွေ မေးတာဟာ ကော်ဖီချစ်ကြောင်းပြတဲ့ သက်သေပါပဲ။

အားလုံးပဲ ကော်ဖီကနေအစပြုပြီး နွေးထွေးတဲ့ Environmentလေးတွေ ဖန်တီးကြစို့နော်။

Address

No 4, Industrial 8 Street, Zone 1
Yangon
11411

Alerts

Be the first to know and let us send you an email when Sawbwa Coffee စော်ဘွားကော်ဖီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sawbwa Coffee စော်ဘွားကော်ဖီ:

Shortcuts

Share

Sawbwa - Myanmar’s Finest Coffee

Available at WWW.SAWBWACOFFEE.COM and at CITYMART MARKETPLACE | SHARKY’S | PROMART | DE MART | YANGON DOOR2DOOR | YANGON INTERNATIONAL AIRPORT

Suppliers to F&B across Myanmar, including; Sharky’s, The Pansodan, The Pegu Club, The Excelsior Hotel, Port Autonomy, The Penthouse, Parami Pizza, Gekko, 50th Street, Locale...

Sawbwa Coffee Co.

Sawbwa bring you Myanmar’s world-class specialty coffee. Expert artisan roasters, we are one of only a handful of domestic companies sourcing the country’s highest rated Specialty Coffee Association of America (SCAA) arabica beans.