မုဒြာ သဘာဝထုတ်ကုန်များ

  • Home
  • Myanmar
  • Yangon
  • မုဒြာ သဘာဝထုတ်ကုန်များ

မုဒြာ သဘာဝထုတ်ကုန်များ ကရမက် ၊တောင်တန်ကြီး ၊ နနွင်းစစ်စစ် နှင့် သဘာဝထုတ်ကုန်များ

"ကျန်းမာ အလှပ၊ မုဒြာ ကနဦးသဘာဝ"ဓာတုဆိုးဆေးတွေ၊ ကြာရှည်ခံဆေးတွေနဲ့ ဖြည့်စွက်စာတွေကြောင့် နေ့စဉ်ဘဝမှာ စိတ်ချရတဲ့ သဘာဝထုတ်ကု...
05/07/2026

"ကျန်းမာ အလှပ၊ မုဒြာ ကနဦးသဘာဝ"

ဓာတုဆိုးဆေးတွေ၊ ကြာရှည်ခံဆေးတွေနဲ့ ဖြည့်စွက်စာတွေကြောင့် နေ့စဉ်ဘဝမှာ စိတ်ချရတဲ့ သဘာဝထုတ်ကုန်စစ်စစ်ကို ရှာဖွေရခက်ခဲနေပါသလား?

ဒါဆိုရင်တော့ သဘာဝအတိုင်း ၁၀၀% သန့်စင်ပြီး အရည်အသွေးအကောင်းဆုံး နနွင်းမြစ်တွေကိုပဲ စနစ်တကျ ရွေးချယ်မှုကြိတ်ခွဲထားတဲ့ Mudra ရဲ့ သဘာဝ နနွင်းမှုန့်စစ်စစ် လေး ရှိပါတယ်ရှင်။

သူ့ကို သာမန်နနွင်းမှုန့်တွေလို ဟင်းချက်ဖို့တစ်ခုတည်းတင် မဟုတ်ဘဲ လုပ်ဆောင်ချက် (၃) မျိုးအတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်ရှင် -

အစားအသောက်အတွက် - ဟင်းလျာများတွင် အရောင်အနံ့နှင့် အရသာအတွက် သဘာဝအတိုင်း စိတ်ချစွာ ထည့်သွင်းချက်ပြုတ်ရန်။

ကျန်းမာရေးအတွက် - ရေနွေး (သို့မဟုတ်) ပျားရည်နှင့် ဖျော်၍ သဘာဝအားဖြည့်ဆေးအဖြစ် သောက်သုံးရန်။

အလှကုန်အတွက် - သနပ်ခါး၊ ပျားရည်တို့နှင့် ရောစပ်ပြီး အသားအရေကို ပေါင်းတင်/စခရပ်လုပ်ပေးခြင်းဖြင့် သဘာဝအတိုင်း ဝင်းပစိုပြေစေရန်။

Minimalist ဒီဇိုင်း ကတ်ထူပြား (Header Card) လှလှလေးနဲ့ သေသပ်စွာ ထုပ်ပိုးထားလို့ မိမိကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အလွန်ရောင်းပန်းလှတဲ့ သဘာဝလက်ဆောင်မွန်လေးတစ်ခု ဖြစ်ပါတယ်ရှင်။

Mudra သဘာဝနနွင်းမှုန့်စစ်စစ်

အလေးချိန် - ၅၀ ဂရမ်

အခုပဲ Page Chat Box ကနေတစ်ဆင့် အလွယ်တကူ ဆက်သွယ်မှာယူနိုင်ပါပြီရှင်။ (ရန်ကုန်မြို့တွင်းနှင့် နယ်မြို့များသို့ အိမ်အရောက် Delivery ဖြင့် ပို့ဆောင်ပေးပါတယ်ရှင်)။

Mudra Origins ရဲ့ သဘာဝထုတ်ကုန်တွေအကြောင်း အမြဲလေ့လာနိုင်ဖို့ Page လေးကို Like & Follow လုပ်ထားပေးဦးနော်

မီးဖိုချောင်ထဲက ရွှေရောင်ဆေးတိုက် (သို့မဟုတ်) နနွင်း ✨​နနွင်းဆိုတာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုတင်မကဘဲ ရှေးယခင်ကတည်းက ကျန်း...
16/04/2026

မီးဖိုချောင်ထဲက ရွှေရောင်ဆေးတိုက် (သို့မဟုတ်) နနွင်း ✨

​နနွင်းဆိုတာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုတင်မကဘဲ ရှေးယခင်ကတည်းက ကျန်းမာရေးနဲ့ အလှအပအတွက် အားကိုးခဲ့ရတဲ့ "သဘာဝဆေးစွမ်းကောင်း" တစ်ခု ဖြစ်ပါတယ်ရှင်။

​နနွင်းမှာပါဝင်တဲ့ Curcumin (ကာကူးမင်း) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းဟာ ကျန်းမာရေးအတွက် အံ့မခန်း အကျိုးကျေးဇူးတွေ ပေးနိုင်လို့ပါပဲ။

​🌿 မုဒြာ (MUDRA) ရဲ့ နနွင်းမှုန့်စစ်စစ်က ပေးစွမ်းမယ့် အကျိုးကျေးဇူးများ

​၁။ ရောင်ရမ်းမှုကို လျော့ကျစေခြင်း: ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို သက်သာစေလို့ အဆစ်အမြစ် ကိုက်ခဲသူတွေအတွက် အထူးကောင်းမွန်သလို၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ကင်ဆာရောဂါတွေကိုလည်း တစ်ဖက်တစ်လမ်းက ကာကွယ်ပေးပါတယ်။

​၂။ ဦးနှောက်စွမ်းဆောင်ရည်နှင့် မှတ်ဉာဏ်: မှတ်ဉာဏ်ကို လန်းဆန်းစေပြီး ဦးနှောက်နဲ့ အာရုံကြောကို အားကောင်းစေလို့ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မေ့လျော့တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

​၃။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း: လေပွတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာနဲ့ ဗိုက်အောင့်တာတွေကို သက်သာစေပြီး အစာကြေညက်အောင် ကူညီပေးပါတယ်။

​၄။ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း: ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိလို့ အအေးမိ၊ နှာစေး၊ ဖျားနာမှုတွေကို ကာကွယ်ပေးပါတယ်။

​၅။ သွေးသန့်စင်စေခြင်း: သွေးထဲက အဆိပ်အတောက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး နှလုံးကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။

​✨ ပိုမိုထိရောက်စေမည့် MUDRA ရဲ့ လျှို့ဝှက်ချက်

နနွင်းကို သံလွင်ဆီ အနည်းငယ်နဲ့ ရောစပ်သောက်သုံးရင် ရေနဲ့ဖျော်သောက်တာထက် ခန္ဓာကိုယ်ထဲ စိမ့်ဝင်မှုနှုန်း (၁၁) ဆ ပိုများလို့ ပိုမိုထိရောက်ပါတယ်ရှင်။ (မှတ်ချက် - ဗိုက်ထဲမှာ အစာရှိချိန်မှသာ သောက်သုံးပေးပါရန် အကြံပြုပါရစေရှင်)။

​ကျန်းမာလှပတဲ့ နေ့ရက်တိုင်းအတွက် မုဒြာ (MUDRA) ရဲ့ နနွင်းမှုန့်စစ်စစ်ကို အမြဲဆောင်ထားပါရှင်။ 💛

80g - 1500 ကျပ်
160g - 3000 ကျပ်

​ #မုဒြာနနွင်းမှုန့်စစ်စစ်

ကရမက်ရုက္ခဗေဒအမည် - Mansonia gagei Drummondမျိုးရင်း - Sterculiaceae (လက်ခုပ်မျိုးရင်း)အင်္ဂလိပ်အမည် - Bustart Sandalwoo...
07/03/2026

ကရမက်
ရုက္ခဗေဒအမည် - Mansonia gagei Drummond
မျိုးရင်း - Sterculiaceae (လက်ခုပ်မျိုးရင်း)
အင်္ဂလိပ်အမည် - Bustart Sandalwood
အဓိကအသုံးဝင်ပုံ
ခန္ဓာကိုယ်အသားအရေ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ရာသီဥတုဒဏ်မခံနိုင်ခြင်း၊ ကိုယ်သားကိုယ်ရေ ခြောက်ခန်း ခြင်း၊ အရေပြားတွဲကျခြင်း၊ အမျိုးသမီးများ မီးယပ်ချမ်းထခြင်း၊ မီးယပ်ကွက်ထခြင်း၊ ကိုယ်လက်လေးလံခြင်း များအတွက် အသုံးများသဖြင့် မိန်းမတို့ အသက် ကရမက် ဟု အဆိုရှိသည်။
နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက်ဟူ၍ နံ့သာမျိုးငါးပါးတွင် ကရမက်သည် တစ်ပါးအပါအဝင် ဖြစ်သည်။ ကရမက်ကို ခန္ဓာကိုယ်တွင် သွေးလိမ်းရန်သာမက တန်ဖိုးကြီးသောသွေးဆေး၊ သည်းခြေဆေး များတွင်လည်း ထည့်သွင်းဖော်စပ်သည်။ နာမည်ကျော် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၅) သည်းခြေ ဆေးတွင် ကရမက်ပါဝင်သည်။
အပင်ပုံသဏ္ဌာန်
အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၄၀ ကျော်ထိ ရှိနိုင်သည်။ အပင်လုံးပတ်မှာ ၅ ပေ၊ ၆ ပေ အထိရှိသည်။ အညိုရောင်ရှိ၍ မာကျောသော အနှစ်ပါသည့် အပင်မျိုးဖြစ်သည်။ သစ်သားသည် စန္ဒကူးနှင့်တူသည်။
အရွက်သည် ရွက်ပြားကြီး၍ ထီးပုံသဏ္ဌာန်ရှိသည်။ အပွင့်သည် ညိုဝါရောင်ရှိသည်။ ကတ္တီပါအမွေးနု များရှိ သည်။ အနံ့အလွန်မွှေးသည်။ အသီးသည် အတောင့်ပါသီးဖြစ်၍ တစ်လက်မခန့်ရှည်သည်။ အစေ့တစ်ခုတည်း သာရှိသည်။ ရင့်သောအခါ အက်ကွဲသည်။
ပေါက်ရောက်သည့်နေရာ
တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်နိမိတ်တစ်လျှောက်ရှိ တောင်ကုန်း များပေါ်တွင် အမြဲစိမ်းလန်းသော သစ်တောများရှိသည်။ ထိုသစ်တောများတွင် ကရမက်ပင်များ သဘာဝ အလျောက်ပေါက်ရောက်သည်။ နောက်ပိုင်းတွင် ဥယျာဉ်ခြံမြေပိုင်သူများက အစေ့မှမျိုးပွားပြီး စိုက်ပျိုးမှုများ လည်းရှိသည်။
ဆေးဖက်ဝင်အာနိသင်
ကရမက်ပင်၏အမြစ်၊ ပင်စည်၊ အသား၊ အပွင့်အားလုံး ဆေးဖက်ဝင်အဖြစ် အသုံးပြုနိုင်သည်။ မြန်မာ့ ဆေးကျမ်းများအလိုအရ ခါး၍အေးသော အရသာရှိသည်။ သလိပ်ကိုဖြစ်စေသည်။ လေကိုပွားစေသည်။ ဝမ်းမီးကိုတောက်စေသည်။ ထိုအပင်၏ အနှစ်အသားသည် မွှေး၏။ သွေး၍ လိမ်းခြင်းဖြင့် စိတ်ကိုကြည်လင် စေသော အာနိသင်ရှိသည်။
ကရမက်ကိုသွေးပြီး ဟင်းစားဇွန်းတစ်ဇွန်းစာမျှ သောက်ပေးခြင်းဖြင့် နှလုံးရောဂါကိုသက်သာစေသည်ဟု ဆိုသည်။ သလိပ်ကြေပြီး အစာကိုစားချင်စိတ် ဖြစ်စေသည်။ အချို့ဆရာများက ရေလဲအဖြစ်သုံးသည်။ အပူလွန်နာ၊ သည်းခြေနာ၊ စိတ်မငြိမ် ရောဂါများအတွက် ဆေးဖက်ဝင်သည်။
ကရမက်ပင်နှစ်မျိုး
ကရမက်ပင်ကို ဆေးဆရာများက လူသတ်-နတ်သတ် ဟူ၍ နှစ်မျိုးခွဲခြားကြသည်။ ကရမက်ပင်သည် နံ့သာမျိုးဆိုသည့်အတိုင်း အနှစ်အသားသည် မွှေးရမည်ဖြစ်သည်။ သို့သော် ကရမက်အပင်တိုင်း မမွှေးပေ။ အထူးသဖြင့် လူတို့ကရောင်းချရန်အတွက် ခုတ်လှဲသောအပင်၊ အပင်သက်မရင့်သေးဘဲ ခုတ်လှဲသော အပင် များသည် ထင်သလောက်မမွှေးချေ။ ထိုအပင်မျိုးကို လူသတ်သောအပင်ဟု ခေါ်သည်။
အပင်သက်တမ်းကြီးရင့်သောအခါ ကရမက်ပင်သည် သူ့အလိုလို သေသွားတတ်သည်။ ထိုအပင်မျိုးကို နတ်သတ်သော အပင်ဟုခေါ်သည်။ ထိုအပင်မျိုး၏ အနှစ်အသားသည် အလွန်မွှေးကြိုင်သည်။ သွေး၍ လိမ်းခြင်းဖြင့်ပင် အပူနာရောဂါ၊ အမောရောဂါ၊ နှလုံးရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။
သွေး၍သောက်ခြင်းဖြင့်လည်း အမျိုးအမည်မဖော်ပြနိုင်သော ကိုယ်တွင်းရောဂါ၊ ငုပ်လျှိုးသောရောဂါများ ပျောက်ကင်းနိုင်သည်ဟု ရှေးဆရာကြီးများက ညွှန်းဆိုကြသည်။ ထို့ကြောင့် ကရမက်ဝယ်လျှင် သဘာဝ မွှေးကြိုင်သောနတ်သတ်ပင်ကို ရွေးချယ်ဝယ်ယူလျှင် အကောင်းဆုံးဖြစ်သည်
crd #

နံ့သာဖြူ(စန္ဒကူးဖြူ)အင်္ဂလိပ်အမည်- Sandalwoodမျိုးရင်း- Santalaceae (စန္ဒကူးမျိုးရင်း)ရုက္ခဗေဒအမည်- Santalum album Linn;...
24/02/2026

နံ့သာဖြူ(စန္ဒကူးဖြူ)
အင်္ဂလိပ်အမည်- Sandalwood
မျိုးရင်း- Santalaceae (စန္ဒကူးမျိုးရင်း)
ရုက္ခဗေဒအမည်- Santalum album Linn;
အဓိကဆေးဖက်ဝင်ပုံ
အဖျားရောဂါ၊ ကိုယ်အပူကြီးခြင်း၊ အပူလောင် ခြင်း၊ မိတ်ထွက်ခြင်း၊ အပူကန်ခြင်း၊ ယားယံခြင်း၊ ဒက်၊ ဗောက်၊ အနာစက်ပေါက်ခြင်း၊ ကြို့ထိုးခြင်း၊ အဆစ်အမျက်များရောင်ခြင်း၊ အရေပြားရောင်ရောဂါ၊ နှလုံးပူသောရောဂါ၊ ရေငတ် ရင်ပူရောဂါ၊ သွေးကျသော ရောဂါများအတွက် ဆေးဖက်ဝင်သည်။
ပေါက်ရောက်သည့်ဒေသ
မိုးအသင့်အတင့်ရွာသောဒေသ၊ မိုးရေချိန် ၂၅ လက်မမှ ၆၅ လက်မနှင့် အပူချိန် ၅၀ ဒီဂရီဖာရင်ဟိုက်မှ ၉၅ ဒီဂရီဖာရင်ဟိုက်အတွင်း စိုက်ပျိုးပေါက်ရောက်ဖြစ်ထွန်းသည်။ အမြင့်ပေ ၂၀၀၀ မှ ၃၀၀၀ မြင့်မားသောဒေသများ၌ ပေါက်ရောက်အားကောင်းသည်။ စမ်းသပ်စိုက်ခင်းများအဖြစ် ပုပ္ပား၊ ပြင်ဦးလွင်နှင့် မြေလတ်ပိုင်းဒေသများ၌ စနစ်တကျ စိုက်ပျိုးထားသည်ကို တွေ့ရသည်။ နှစ်ကြာပြီး အပင်လုံးပတ်ကြီးမှသာ ခုတ်ယူရသော အပင်မျိုးဖြစ်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အပင်၏ရင့်သောအနှစ်သားကို သွေးလိမ်းရန်နှင့် ဆေးဖော်ရန် အသုံးပြုသည်။
အပင်ပုံသဏ္ဌာန်
အပင်သည် အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်သည်။ ပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်မှာ အညိုရင့် ရောင် သို့မဟုတ် နီညိုရောင် ရှိသည်။ အတွင်းသားမှာ မာ၍ ချောမွတ်သည်။ အညို ရောင်သန်းသည်။ နံ့သာဖြူ၏အကာသားမှာ ဖြူသည်။ အပင်ငယ်စဉ်တွင် အပွေးများ ချောမွတ်သော်လည်း အပင်ကြီးလျှင် ကြမ်းတမ်း၍ အမြှောင်းလိုက် အက်ရာ များထင်ရှားစွာ ပေါ်လာသည်။ အကိုင်းအခက်များမှာ အပင်လုံးကြီးသော်လည်း သေးသွယ်၍ တွဲကျသော အကိုင်းအခက်များရှိသည်။ အတန်းလိုက် စိုက်ပျိုး လျှင် တစ်ပင်နှင့်တစ်ပင် ၅ ပေမှ ၁၀ ပေအထိခြား၍ စိုက်ပျိုးကြသည်။
အရွက်သည် ရုက္ခဗေဒသဘောအားဖြင့် ရွက်ဆိုင် ထွက်သော အပင်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ရွက်လွှဲလည်း ထွက်သည်။ အရွက်မှာ ၃ လက်မအထိရှည်သည်။ စိမ်းဝါရောင်ဖျော့ဖျော့ အရောင်အဆင်းရှိပြီး အရွက်ရင့်လျှင် အစိမ်းရောင်ရှိသည်။ အရွက်အပေါ်မျက်နှာ ပြင်မှာ ပြောင်ချော၍ အောက်မျက်နှာပြင်ထက် အရောင်ပိုရင့်သည်။ တစ်နှစ်လျှင်နှစ်ကြိမ် ရွက်နုများ ထွက်လေ့ရှိသည်။
အပွင့်သည် ပွင့်ခါစတွင် ညိုဝါရောင်ရှိသည်။ မြက်ခြောက်ရောင်ဟုလည်း ဆိုကြသည်။ ရင့်လာသောအခါ ခရမ်းရောင်သန်းသော အညိုရောင်ဖြစ်လာသည်။ နံ့သာဖြူအနှစ်သည် မွှေးသော်လည်း အပွင့်တွင် အနံ့မရှိချေ။ အပင်သက်ရင့်လာပြီး သုံးလေးနှစ်မှသာ အပွင့်ပွင့်သည်။ တစ်နှစ်ပတ်လုံးပွင့်သည်။ အသီးသည် လုံးဝန်းသည်။ အသီးအရွယ်အစားမှာ ပုဏ္ဍရိက်သီးနှင့် ဆင်တူပြီး အနည်းငယ် ပိုကြီးသည်။ ရင့်မှည့်သောအခါ ညိုနက်သော အရောင်ဖြစ်လာသည်။ အရည်ရွှမ်းသည်။ အစေ့သည် သေးသွယ်၍ မာသည်။ ငရုတ်ကောင်းစေ့ထက် အနည်းငယ်ပိုကြီးသည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ နံ့သာဖြူသည် ခါးသောအရသာရှိ၏။ အေး၏။ နှလုံးကိုအကျိုးပြု၏။ ကိုယ်သားကိုယ်ရေ အရောင် အဆင်းကို ကောင်းစေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ အဆိပ်၊ ရေငတ်၊ သွေးအန်သွေးကျ၊ အပူနာရောဂါတို့ကို ပျောက်ကင်း စေသော အာနိသင်ရှိ၏။ အာယုဗေဒ ဆေးကျမ်းများအဆိုအရ နံ့သာဖြူ၏ဂုဏ်နှင့် စွမ်းရည်မှာ ခါး၍ အေးသော်လည်း ဝိပါက၌ ကြေကျက်ပြီး အရသာ၌စပ်၏။ ကြေကျက်လွယ်၏။ အစာကိုကြေစေ၏။ လူကိုနှစ်သက်စေ၏။
နံ့သာဖြူကောင်းဟူသည် အနှစ်နံ့သာမျိုးဖြစ်၍ အနှစ်ရှိသော အကိုင်းအခက်မျိုးမှရရှိသည့် နံ့သာမျိုးထက် အနှစ်အသားရှိသော ပင်စည်မှရရှိသည့် နံ့သာဖြူမျိုးသည် ပို၍ကောင်းပေသည်။ နံ့သာဖြူကောင်းဟူသည် အရသာခါးသက်သက်ရှိရမည်၊ သွေးလိုက်ပါက အဝါရောင်ထွက်လာရမည်၊ ဖြတ်လိုက်သောအခါ ထိပ်ဝတွင် အနီရောင်သန်းရမည်၊ အတုံးလိုက်ကြည့်မူ အပြင်ဘက်တွင် ဖြူနေ ရမည်၊ အတုံးတွင် အဖုအထစ်နှင့် အပေါက်အခေါင်းများ ရှိရမည်ဟု ရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန်တွင် ဖော်ပြထားသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
ဖျား၍ အပူကြီးခြင်း၊ ကိုယ်သားကိုယ်ရေပူခြင်း၊ အပူလွန်သောရောဂါများတွင် နံ့သာဖြူကိုသွေးပြီး ပရုတ်ရည်နှင့်ရော၍ ဦးခေါင်းတွင် လိမ်းပေးပါက အပူခိုးများထွက်သွားလိမ့်မည်ဟု အာယုဗေဒဆေးကျမ်းမှ ဆိုသည်။ ခန္ဓာကိုယ်ယားယံခြင်း၊ သွေးယားခြင်းတို့ဖြစ်လျှင် နံ့သာဖြူအဆီနှင့် သံပရာရည်ရောစပ်၍ လိမ်းပေးပါ။ သို့မဟုတ် နံ့သာဖြူတုံးကို သံပရာရည်နှင့်ရောသွေးပြီးလိမ်းပေးပါက သက်သာ ပျောက်ကင်းစေနိုင်သည်။
ဆီးအောင့်ရောဂါဖြစ်လျှင် နံ့သာဖြူကိုသွေး၍ ဆန်ဆေးရည်နှင့်ရောပြီးတိုက်ပေးလျှင် ကောင်းစွာ ဆီးသွားစေနိုင်သည်။ ဝမ်းသွား ရောဂါဖြစ်လျှင် ဆန်ဆေးရည်နှင့်နံ့သာဖြူ ရောသွေး၍ ပျားရည် သို့မဟုတ် သကြားနှင့်သင့်လျော် အောင်ရောစပ်ပြီး တိုက်ပေးပါက အပူဝမ်းသွားရောဂါများ ပျောက်ကင်းစေနိုင်သည်။ ဦးခေါင်းတွင် ဒက်ပေါက်ခြင်း၊ အပူကန် အနာစက် ပေါက်ခြင်းများဖြစ်ပါက နံ့သာဖြူသွေးလိမ်းပေးလျှင် ပျောက်ကင်းစေနိုင်သည်။ လေပူအထက်ဆန်ခြင်း၊ လေအကျဉ်းကျခြင်း၊ ကြို့ထိုးခြင်းများဖြစ်လျှင် ဆန်ဆေးရည်နှင့် နံ့သာဖြူကိုသွေးပြီး သကြားခဲနှင့် ရော၍သောက်ပါက ပျောက်ကင်းစေနိုင်သည်။
ရောဂါကျွမ်း၍ ကုသရခက်ခဲသောရောဂါများဖြစ်လျှင်၊ လူနာသတိလစ်ခြင်းဖြစ်လျှင်၊ အစာနှင့်ရေမသုံးဆောင်လိုခြင်းဖြစ်လျှင် နံ့သာငါးပါးကိုသွေး၍လိမ်းကျံခြင်း၊ သွေးဆေး စသည်နှင့်ရောစပ်၍ တိုက်ကျွေးခြင်း ပြုလုပ်ပါက ပြန်လည်သက်သာလာစေနိုင်သည်။ နံ့သာငါးပါးဆိုသည်မှာ ကျမ်းများအဆိုအရ နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက်တို့ဖြစ်သည်
crd # # #

Address

Yangon
1111

Telephone

09790149400

Website

Alerts

Be the first to know and let us send you an email when မုဒြာ သဘာဝထုတ်ကုန်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share