21/08/2026
ဆရာစံလမ်းပေါ်က ဇော်ဂျီ တီးဟောက်စ် ကတော့ လုပ်ချလိုက်ပြန်ပြီ....ဇော်ဂျီရဲ့ ဆန်းဆန်းပြားပြား "ဇော်ဂျီပလာတာ" တဲ့ဗျာ...
ပဲအနှစ်မဟုတ်ဘူး… ကန်စွန်းဥအနှစ်နဲ့ ပလာတာ!
ပလာတာကို ပဲအနှစ်နဲ့ပဲ စားရမယ်လို့ ဘယ်သူပြောလဲ?
ပုံမှန် ပဲအနှစ်နဲ့ပဲ တွဲစားနေကျဆိုပေမယ့် ဇော်ဂျီမှာတော့ ထူးထူးခြားခြားလေး ပြောင်းထားပါတယ်
ပဲအနှစ်အစား ကန်စွန်းဥအနှစ်လေးကို ထည့်ထားတာပါ🍠✨
ကန်စွန်းဥရဲ့ ချိုချိုအိအိ အရသာလေးနဲ့ ပလာတာရဲ့ မွှေးမွှေးကြွပ်ကြွပ်ကို ပေါင်းစပ်ထားလို့ ရိုးရိုးပလာတာနဲ့မတူတဲ့ အရသာလေးကို ခံစားရမှာပါ။
ပလာတာကို ဒီလိုအရသာအသစ်နဲ့ မစားဖူးသေးရင် ဆရာစံလမ်းပေါ်က ဇော်ဂျီတီးဟောက်စ်မှာ လာစားကြည့်ပါဗျာ😉
ဖွင့်ချိန် - မနက် ၇ နာရီ မှ ညနေ ၄နာရီထိ ။
ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴
လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
#𝐙𝐚𝐰𝐆𝐲𝐢𝐓𝐞𝐚𝐇𝐨𝐮𝐬𝐞 #လက်ဖက်ရည်ဆိုင် #တီးဟောက်စ် #မြန်မာစာ #မနက်စာ #ဆရာစံလမ်းပေါ် #နန်းကြီးသုပ် #နန်းပြားသုပ် #ဇော်ဂျီပလာတာ #