13/09/2025
Happy Thadingyut festival 🧨🎇🎆
ပျော်ရွင်ဖွယ်သီတင်းကျွတ်မီးထွန်းပွဲးတော် တစ်ဖန်ပြန်လည်ရောက်ရှိလာတော့မယ်ဗျို့
မြန်မာထုံးစံများအရ ကလေးများမှာ မီးရှူးမီးပန်းများ ပစ်ဖောက်ဆော့ကစားလေ့ရှိကြပြီး လူကြီးများမှာမူ မီးပုံးပျံများပစ်လွှတ်ခြင်း ဆီမီးပူဇော်ခြင်းများဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပူဇော်လေ့ရှိကြသည်။ သီတင်းကျွတ်အခါတွင် ရပ်ဝေးတွင်သွားရောက်အလုပ်လုပ်ကိုင်နေသောသူများမှာ မိဘဘိုးဘွားများရှိရာသို့ ပြန်လာ၍ ကျေးဇူးဆပ်ပူဇော်ကန်တော့လေ့ရှိသောကာလလည်းဖြစ်သည်။ ခွင့်လွှတ်ခြင်း ကျေးဇူးဆပ်ခြင်းတို့နှင့် ချစ်ခြင်းမေတ္တာများကို မျှဝေကြသတည်။
လာမည့်သီတင်းကျွတ်မီးထွန်းပွဲးတော်မှာပျော်ရွင်ကြပါစေ🎆
၂၀၂၅ ၊ အောက်တိုဘာလ ၅ ရက်နေ့ ၊ တနင်္လာနေ့ သီတင်းကျွတ်မီးထွန်းပွဲးတော်စတင်မည်။