Slices of Life

Slices of Life Información de contacto, mapa y direcciones, formulario de contacto, horario de apertura, servicios, puntuaciones, fotos, videos y anuncios de Slices of Life, Mexico City.

15/05/2024



၁။ မပျင်းပါနဲ့။ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။စိတ်ကူးယဉ်မနေပါနဲ့။လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။၂။ ဘဝရဲ့ စိန်ခေါ်မှုတွေ...
11/07/2022

၁။ မပျင်းပါနဲ့။
ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။
စိတ်ကူးယဉ်မနေပါနဲ့။
လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။
၂။ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့။
ဘဝကို ပုံပြင်စာအုပ် တစ်အုပ်လို သဘောထားပါ။
တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင်
အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ ဘာကိုမှ မကျော်ပဲ
တစ်မျက်နှာချင်း လှန်ဖတ်သွားရင်
ဘဝရဲ့ ရသကို ခံစားရမှာပါ။
၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့။
အသံရင်းမြစ် ဖြစ်ဖို့ ကြိုးစားပါ။
ပဲ့တင်သံ အဖြစ်ကို ကျေနပ်မနေပါနဲ့။
ကိုယ်ပိုင်စိတ်ကူး အိပ်မက်အသစ်တွေကို
ဖော်ဆောင်ဖို့ သတ္တိမွေးပါ။
၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့။
အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော
မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာ
ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ
မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။
၅။ ဟန်မဆောင်ပါနဲ့။
လူတွေဘယ်လို ထင်မြင်ယူဆမလဲ ဆိုတာကို
တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်
မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ် ဆိုရင် သင်ဟာ
သင် မဟုတ်တော့ပါဘူး။ ပတ်ဝန်းကျင်က
ပုံသွင်းတာကို လက်မခံပါနဲ့။
ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။
၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့။
တစ်ခါတစ်ရံမှာ ကျင့်ဝတ်သိက္ခာတွေကို
ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို
ဖော်ထုတ်ပြသဖို့ လိုပါတယ်။
ဒါက လူသားတွေရဲ့ သဘာဝပါ။
၇။ အရာအားလုံးကို မတတ်သာလို့
လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့။
ဘဝဆိုတာ ရတောင့်ရခဲ အခွင့်ထူး တစ်ခုပါ။
ဘဝအတွက် လုပ်ဆောင်ရမှာတွေကို
အာရုံစိုက်တတ်မယ် ဆိုရင် ပျော်ရွှင်မှုနဲ့
အကျိုးသက်ရောက်မှုတွေကို ရရှိမှာ ဖြစ်ပါတယ်။
၈ ။ အားလုံးကို တစ်ခါတည်းနဲ့ အောင်နိုင်ဖို့
မကြိုးစားပါနဲ့။ မိုင်ထောင်ချီ ဝေးတဲ့ခရီး တစ်ခုကို
ခြေတစ်လှမ်းနဲ့ စရတာ ဖြစ်ပါတယ်။ ဒါကြောင့်
တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။
၉။ အတိတ်က ပြသနာတွေကို
အာရုံစိုက်မနေပါနဲ့။
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။
ဘဝမှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ
သင်ခန်းစာကို သိနိုင်တာ ဖြစ်ပါတယ်။
အတိတ်က အမှားကို သင်ခန်းစာ ယူနိုင်ရင်
လုံလောက်ပါပြီ။
၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့။
အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရင်
ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ့။
၁၁။ အရေးမပါတဲ့ ကိစ္စတွေကြောင့်
အာရုံနောက် မခံပါနဲ့။
ကောင်းတာတွေ ရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို
သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။
ခြေလှမ်းတိုင်းကို အသိအမှတ် ပြုပါ။
ကျန်တာအားလုံးကို မေ့ထားပါ။
၁၂။ ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့။
ဘဝက ပြောင်းလဲနေပါတယ်။ ဘယ်အရာမှ
မတည်မြဲဘူး ဆိုတာ အမှတ်ရပါ။
၁၃။ လက်ရှိပျော်ရွှင်မှုကို လျစ်လျူ မရှုပါနဲ့။
အခုရှိနေတာကိုမှ အသိအမှတ် မပြုရင်
လမ်းဆုံးရင်လည်း ရွာတွေ့မှာ မဟုတ်ပါဘူး။
အနာဂတ်ကို အများကြီး မျှော်လင့်ပြီး
လက်ရှိဘဝကို အလဟသ မဖြစ်ပါစေနဲ့။
၁၄။ အယူချည်းပဲ မဖြစ်ပါစေနဲ့။
ငွေကြေး ဥစ္စာ ပစ္စည်း အရမ်းရှိတယ် ဆိုရင်
ချမ်းသာမှုကို ဝေမျှ ပါ။ မရှိဘူး ဆိုရင် နှလုံးသားကို
ဝေမျှ ပါ။ ပေးနိုင်သမျှ ပေးကမ်း စွန့်ကြဲပါ။
၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာ
စောင့်မနေပါနဲ့။
ဘယ်သူ့ကိုမှ အားကိုးနေစရာ မလိုပါဘူး။
ပြောစရာရှိတာ ပြောပါ။ လုပ်စရာရှိတာ လုပ်ပါ။
အတွေးနဲ့ ခံစားချက်ကို ဖုံးကွယ်မထားပါနဲ့။
၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့။
အမှန်တရားဆီ လမ်းကြောင်းတွေ အများကြီး
ရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကို သက်သေ
ပြဖို့ထက် အရှုံးပေးလိုက်တာက
နှလုံးအေးပါတယ်။
၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့။
အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့
အမူအကျင့်ကို ကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ်
အကဲဖြတ်တာကို လျှော့ပါ။
ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။
၁၈။ အမုန်းကိုလည်း စွဲမြဲ မနေပါစေနဲ့။
တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို
မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။
မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်း
ထိုးဆွနေတတ်ပါတယ်။
မမုန်းပါနဲ့ ခွင့်လွှတ်လိုက်ပါ။
၁၉။ အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ
သိပ်မတွေးပါနဲ့။
ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲ့
လက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။
ပြန်ပေးဖို့တော့ ဘာကြောင့်ခက်ခဲနေကြတာပါလဲ။
အများကြီး မစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်း
ထပ်တူကျရင် အချစ်စစ်ပါပဲ။
၂၀။ အရင်းနှီးဆုံး မိတ်ဆွေတွေကို ပစ်မထားပါနဲ့။
အမြဲတမ်း ဆက်သွယ်နေပါ။
သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း
သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။
အရင်းနှီးဆုံး မိတ်ဆွေဆိုတာ ဘဝနဲ့
ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့
ကော်တစ်မျိုး ဖြစ်ပါတယ်။
လက်လှမ်းမှီသလောက် ဖတ်ဖူးထားတဲ့
စာအုပ်လေးထဲကပါ။ မိတ်ဆွေတို့ အတွက်
ပြန်လည် မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
#လေးစားစွာဖြင့်credit

ဒီနေ့ပြောပြချင်တဲ့ ပုံပြင်လေးကတော့" အတွေးမတူရင် အပြေးမတူဘူး "__________________________      တစ်ခါတုန်းက တောလိုက်ခွေးတစ်...
11/07/2022

ဒီနေ့ပြောပြချင်တဲ့ ပုံပြင်လေးကတော့
" အတွေးမတူရင် အပြေးမတူဘူး "
__________________________
တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာ
ယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ် ။
ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ်...။
နည်းလမ်းမျိုးစုံအောင် လှည့်ပက်လို့ပြေးတယ်...။
ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...
" ဟေ့ ခွေးကောင်..
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။ ခွေးက...
" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့...
" မင်းက တစ်နပ်စာအတွက်လိုက်တယ်...
ငါက တစ်သက်စာအတွက် ပြေးရတာလေ...
အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။
ဒီလိုပါပဲ ။
လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ် ။
ဒါပေမဲ့..မတူညီတာက...
တချို့က...
တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က...
တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။
ဘာပဲဖြစ်ဖြစ်...
ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့
ပြေးနိုင်ခဲ့သေးရင်...
ကိုယ်လည်း တစ်သက်စာပြေလည်ဖို့
အလုပ်တွေလုပ်နိုင်ရမယ်လေ ... 💪💪💪
#𝐂𝐫𝐝𝐢𝐭

Dirección

Mexico City
SUMPRABOMSTREET,INJANDONWARD

Horario de Apertura

Lunes 8am - 7pm
Martes 8am - 7pm
Miércoles 8am - 7pm
Jueves 8am - 7pm
Viernes 8am - 7pm
Sábado 8am - 7pm
Domingo 8am - 7pm

Teléfono

+959955381218

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Slices of Life publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Compartir