06/10/2025
မလေးရှားတွင် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ကျားဖြန့်လိမ်လည်ခံရ။
အောက်တိုဘာ ၆၊ ၂၀၂၅။
မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များကို ပစ်မှတ်ထားသည့် “Cafe Bustelo” ဝက်ဘ်ဆိုက်အမည်ခံ ကျားဖြန့်လိမ်လည်မှုတွင် ချင်းလူမျိုးအများစုပါဝင်သည့် မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် ငွေကြေးဆုံးရှုံးခဲ့ရကြောင်း ငွေကြေးလိမ်လည်ခံရသူများက ကီမိုမီဒီယာသို့ပြောသည်။
၂၀၂၅ ဇွန်လတွင် စတင်ခဲ့သည့် ယင်းလိမ်လည်မှုသည် ရင်းဂစ် ၆၀ ရင်းနှီးမြှုပ်နှံပါက တစ်နေ့လျှင် ရင်းဂစ် ၃ အမြတ်နှင့် ၃၆ ရက်အတွင်း ရင်းဂစ် ၁၀၈ ရရှိမည်ဖြစ်ပြီး WhatsApp နှင့် Telegram မှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး မိတ်ဆက်သူများအတွက် ကော်မရှင်ခပေးမည်ဟု ဆွဲဆောင်ခဲ့သည်။
သို့သော် အောက်တိုဘာ ၄ ရက်တွင် ဝက်ဘ်ဆိုက်ရုတ်တရက် ပိတ်သိမ်းသွားပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေများ ပြန်ထုတ်ယူ၍မရတော့ပေ။ အစောပိုင်းတွင် အမြတ်အနည်းငယ်ရခဲ့သူများရှိသော်လည်း နောက်ပိုင်းရင်းနှီးသူများမှာ အရင်းအားလုံး ဆုံးရှုံးခဲ့ရသည်။
မြန်မာနိုင်ငံသား ၁၀၀၀ ကျော် လိမ်လည်ခံရသည့်အတွက် တစ်ဦးလျှင် ရင်းကစ် ၁၀၀၀ နှုန်းဖြင့် ပျဉ်းမျှ ဆိုပါက ရင်းကစ် ၁၀သိန်း(၁သန်း)ခန့် ဆုံးရှုံးနိုင်ကြောင်း မလေးရှားနိုင်ငံရောက်ချင်းအမျိုးသားတစ်ဦးကပြောသည်။
Liya ဆိုတဲ့တရုတ်မနဲ့ မြန်မာ Zomi ၃ဦးကနေ ဦးဆောင် ပြီး လုပ်ဆောင်တဲ့ online invest ကြားဖြန့် လိမ်လဲမူကြီးဖြစ်ပါတယ်
ဒီသုံးဦးက ဦးဆောင်ပြီးလူတကာကို invest လုပ်ဖို့ ဖိတ်ခေါ်ပြီး အာမခံချက် video တွေလဲ တင်ခဲ့ကြပါတယ်
ဒီ Bustelo cafe က ၂၀၃၀ ထိ စီမန်ကိမ်းရှိပြီး Bustelo cafe မှာ ဝင်တဲ့သူတွေအားလုံး ၁၀၀% အာမခံပေးကြောင်းလည်း ချင်းလူမျိုးတစ်ဦး က video မှာ ပြောဆိုထားပါတယ်
အခုဆိုရင် ပိုက်ဆံထုတ်ဖို့ရန် RHB Card ၅၅၀ ၁၄၈၀ ၂၅၀၀ ၃၅၀၀ ဆိုပြီး ဝယ်မှသာ ပိုက်ဆံ ထုတ်နိုင်မှုဖြစ်ကြောင်းနဲ့
ဝယ်ထားတဲ့သူတွေကို တစ်ကယ်ထုတ်ပေးသလားဆိုတာ စောင့်ကြည့်အုံးမှာ ဖြစ်ပါတယ်
တစ်ခြားကြားဖြန့် Invest ငါးခုလောက်ရှိသေးတယ်လို့ သိရလို့ အားလုံးသတိထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်
Crd : all sources