07/10/2023
🇲🇾 ကမ်းမယုံလာလား Kam Heong Lala
♨️ ပရာနကန် (Paranakan) အစာအစာလို့ ယုံကြည်ရတဲ့ ကမ်းမယုံလာလား (Kam Heong Lala) ဟာ အစောဆုံး မလေးရှားကို ဖူကျန့် (Fujian) တရုတ်တွေဝင်လာခဲ့တဲ့ ၁၅ ရာစုလောက်ကတည်းက စတင်ချက်ပြုတ်စားသောက်ကြတယ်လို့ယူဆစရာရှိပါတယ်။ ဖူကျန့်တရုတ်တွေဟာ ဒေသခံအစ္စလာမ် ဘာသာဝင်မလေးတွေနဲ့ ထိမ်းမြားပြီး ပရာနကန်အဖြစ်သို့ပြောင်းလဲလာကြပါတယ်။ အမျိုးသားကို ဘာဘာ (Baba)၊ အမျိုးသမီးကို ညိုညာ (Nyonya) အဖြစ်ခေါ်ကြတဲ့ ဘာဘာညိုညာ (Baba Nyonya) ပရာနကန်တို့ဟာ မလက္ကာရေလက်ကြား တလျှောက်က စင်္ကာပူရ၊ မလက္ကာ နဲ့ ပီနန်တို့မှာ အများအပြားနေထိုင်ကြပါတယ်။ ပရာနကန်တို့ရဲ့ ယဉ်ကျေးမှု့ဓလေ့ထုံးစံတွေဟာ တသီးတခြားစိတ်ဝင်စားဖွယ်ရာဖြစ်သလို ပရာနကန်တို့ရဲ့ အစားအသောက်ချက်နည်းပြုတ်နည်းတွေဟာလဲ ဖွယ်ဖွယ်ရာရာ များပြားထူးခြားလှသလို အရသာလဲ ထူးခြားလှပါပေတယ်။
အဲဒီအထဲမှာ ကမ်းမယုံလာလား (Kam Heong Lala) ဆိုတဲ့ဟင်းတမယ်လဲပါဝင်ပါတယ်။ ကမ်းယုံ (Kam Heong) ဆိုတာ ပရာနကန်တို့ရဲ့ဟင်းအနှစ်ချက်နည်းတစ်မျိုးဖြစ်ပါတယ်။ Lala ဆိုတာကတော့ ဂုံးကောင်အသေးလေးတွေကို ခေါ်တာပါ။ အမှန်တော့ ကမ်းယုံဟင်းအနှစ်ချက်နည်းနဲ့ အသားမျိုးစုံကိုအရသာရှိရှိချက်ပြုတ်စားသောက်ခဲ့ပုံရပေမယ့် မာလာယုကျွန်းဆွယ်ကိုရောက်လာပြီး အစ္စလာမ်ဘာသာဝင် အဖြစ်ကိုကူးပြောင်းသက်ဝင်ယုံကြည်လာကြတဲ့ ဘာဘာညိုညာပရာနကမ်တွေဟာ ပင်လယ်စာ အမျိုးမျိုးကိုရိုးရာချက်နည်းပေါင်းစုံနဲ့ ချက်ပြုပ်စားသောက်၊ ရောင်းချကြပါတော့တယ်။
🇲🇾 မလေးရှားကိုလာလည်ဖြစ်ခဲ့ရင် လည်ရမယ့်အထင်ကရလည်ပါတ်စရာတွေရောက်ခဲ့ရုံမျှနဲ့ မလေးရှားကိုရောက်ဖူးတယ်။ သိတယ်လို့ဆိုနိုင်မယ်မထင်ပါဘူး။ မလေးရှားရဲ့ မတူ ကွဲပြားခြင်း အလှတရားကို ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းတွေလေ့လာရင်း ရိုးရာအစားအသောက်တွေကိုပါ မြည်းစမ်းကြည့်ပြီး မလေးရှားကို ထိတွေ့ခံစားစေချင်ပါတယိ။
“If you reject the food, ignore the customs, fear the religion and avoid the people, you might better stay home.” -James Michener.