Call Directions

Aung never give up

အဂ်လန်အသင်းအတွက်တော့ဟယ်ရီကိန်းဟာဂိုးသွင်းစက်ကြီးပဲဖြစ်နေခဲ့ပါတယ် အဂ်လန်အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးအထောင်တိုက်စစ်မှ...
06/10/2026

အဂ်လန်အသင်းအတွက်တော့ဟယ်ရီကိန်းဟာဂိုးသွင်းစက်ကြီးပဲဖြစ်နေခဲ့ပါတယ် အဂ်လန်အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးအထောင်တိုက်စစ်မှူးတစ်ဉီးပဲဖြစ်ပါတယ် ဒီညပွဲမှာလဲ ချက်အသင်းဘက်သွင်းဂိုး(2)ဂိုးသွင်းပေးပြီအသင်းအနိုင်ံရအောင်အစွမ်းကုန်ကြိုးစားကူညီပေးခဲ့ပါတယ် အဂ်လန်အသင်းအတွက်တော့ဟာ်ရီကိန်းဟာအစားထိုးပြန်မရနိုင်တဲ့အထောင်တိုက်စစ်မှူးတစ်ယောက်ပဲဖြစ်ပါတယ် ချက်အသင်းကိုလွယ်လွယ်ကူကူနဲ့အနိုင်ရတာဟယ်ရီကိန်းအဆုံးသတ်ကောင်းပြီဂိုးအဖြစ်ပြောင်းလံနိုင်လို့ပဲဖြစ်ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

ရာဖင်ညာရောယာမယ်ရောဂိုးပါဝင်ပက်သက်မှုတူညီနေပြီနှစ်ယောက်စလုံးကလဲ ဘာစီလိုနာအသင်းရဲ့အဓိကတိုက်စစ်မှူးတွေဖြစ်နေခဲ့ပါတယ် ဒီအကြေ...
06/10/2026

ရာဖင်ညာရောယာမယ်ရောဂိုးပါဝင်ပက်သက်မှုတူညီနေပြီနှစ်ယောက်စလုံးကလဲ ဘာစီလိုနာအသင်းရဲ့အဓိကတိုက်စစ်မှူးတွေဖြစ်နေခဲ့ပါတယ် ဒီအကြောင်းအရာကြောင့်ဘာစီလိုနာအသင်းဟာပြိုင်ဘက်အသင်းတိုင်းထက်နှာတဖျားသာနေခဲ့တာဖြစ်ပါတယ် ဘာစီလိုနာအသင်းမှာတိုက်စစ်မှူးတွေကိုနေရာမရွေးအသုံးပြုနိုင်အောင်လဲနည်းပြဟန်စီဖလစ်ကလေ့ကျင့်ထားပြီဖြစ်ပါတယ် ဘာစီလိုနာအသင်းကတိုက်စစ်မှာအခြားအသင်းတွေကိုဖြိုခွင်ဖို့အတွက်အလုံအလောက်ကစားသမားတွေကိုဖြည့်ဆည်းပေးထားပြီ အဲဒီထဲမှာမှ ရာဖင်ညာနဲ့ယာမယ်နဲ့အားပြိုင်မှုကိုပါမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

ပြင်သစ်အသင်းကိုနည်းပြသစ်ဇီဒန်းကိုင်တွယ်ချိန်မှာတော့အချိန်ကိုက်တောက်ပလာတဲ့ကစားသမားကတော့ အိုလီဆစ်ပဲဖြစ်ပါတယ် ဘယ်ဂျီယံအသင်း...
06/10/2026

ပြင်သစ်အသင်းကိုနည်းပြသစ်ဇီဒန်းကိုင်တွယ်ချိန်မှာတော့အချိန်ကိုက်တောက်ပလာတဲ့ကစားသမားကတော့ အိုလီဆစ်ပဲဖြစ်ပါတယ် ဘယ်ဂျီယံအသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုး(2)ဂိုးကို (2)မိနစ်ခြားမှာပဲသွင်းယူပေးနိုင်ခဲ့ပါတယ် ပြီတော့နိုင်ငံပွဲစဉ်(4)ပွဲမှာ (3)ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ပြီ ဘယ်ဂျီယံအသင်းကိုနှစ်ကြိမ်စလုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ် ပြင်သစ်အသင်းအတွက်အဓိကဇာတ်ဆောင်ကတော့ အမ်ဘာပေမဟုတ်တော့ပဲ နည်းပြဇီဒန်းလက်ထက်မှာ အိုလီဆစ်ကနေရာယူသွားခဲ့ပြီဖြစ်ပါတယ် လက်ရှိအချိန်မှာပြင်သစ်အသင်းမှာရှယ်အကြမ်းဆုံးခြေစွမ်းကိုပြပေးထားနိုင်ခဲ့ပြီ ဒမ်ဘီလီတို့ အမ်ဘာပေတို့ကိုနောက်ကောက်ချထားနိုင်ခဲ့တာဖြစ်ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

ဆွီဒင်အသင်းကတော့ ယော်ကရက်ရောက်လာမှအောင်မြင်တဲ့လမ်းကြောင်းပေါကိုလျှောက်လှမ်းလာနိုင်ခဲ့ပါတယ် ဆွီဒင်အသင်းကိုယော်ကရက်တို့လက်...
06/10/2026

ဆွီဒင်အသင်းကတော့ ယော်ကရက်ရောက်လာမှအောင်မြင်တဲ့လမ်းကြောင်းပေါကိုလျှောက်လှမ်းလာနိုင်ခဲ့ပါတယ် ဆွီဒင်အသင်းကိုယော်ကရက်တို့လက်ထက်မှာအောင်မြင်မှုဘယ်အမြင့်အထိကိုပျံသန်းပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ် နေရှင်းလိဒ်မှာ(4)ပွဲကစားပြီရှုံးပွဲမရှိပဲအုပ်စုကိုဉီးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ် ယော်ကရက်ကနိုင်ငံအသင်းမှာဆို ခြေစွမ်းပြဂိုးသွင်းပြပေးနေခဲ့ပေမဲ့ အာဆင်နယ်အသင်းမှာအခုချိန်အထိမိနစ်(30)အထိသာကစားခွင့်ရထားပြီ လမ်းပျောက်နေတဲ့ကစားသမားတစ်ယောက်လိုဖြစ်နေခဲ့ပြီ နည်းပြအာတေတာက ကောင်းကောင်းအသုံးချတတ်ဖို့လိုအပ်နေခဲ့တာဖြစ်ပါတယ် ဟားဗက်ဒဏ်ရာကြောင့် ယော်ကရက်အစွမ်းပြဖို့အချိန်ရောက်လာတော့မှာသေချာနေပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

အမ်ဘာပေမပါတဲ့ပြင်သစ်အသင်းတိုက်စစ်ကတော့ဂိုးတွေပိုပြီသွင်းကြမ်းနေခဲ့ပါတယ် ဒိုရေး ချာကီ အိုလီဆစ်တို့ရဲ့သွင်းဂိုးတွေကြောင့်ပ...
05/10/2026

အမ်ဘာပေမပါတဲ့ပြင်သစ်အသင်းတိုက်စစ်ကတော့ဂိုးတွေပိုပြီသွင်းကြမ်းနေခဲ့ပါတယ် ဒိုရေး ချာကီ အိုလီဆစ်တို့ရဲ့သွင်းဂိုးတွေကြောင့်ပြိုင်ဘက်ဘယ်ဂျီယံအသင်းကိုဂိုးမိုးတွေရွာချပေးလိုက်ပြီ ဂိုးသမားလာမန်းကိုလဲ ပရိတ်သတ်တွေချီးကျူးလို့မဆုံးခင်မှာပဲ(4)ဂိုးအထိ သွင်းယူပြီလက်စွမ်းအခြေနေက်ိုစမ်းသပ်ပေးလ်ိုက်တာပဲဖြစ်ပါတယ် ဘယ်ဂျီယံအသင်းကတော့ပြင်သစ်အသင်းကိုနေရှင်းလိဒ်(2)ကြိမ်တွေ့ဆုံခဲပြီ(2)စလုံးကိုအရှုံးပေးထားခဲ့ရပါတယ် နည်းပြဇီဒန်းတစ်ယောက်ကတော့ပြင်သစ်အသင်းနဲ့အတူရှုံးပွဲမရှိစံချိန်ကိုဘယ်နှစ်ပွဲအထိစွမ်းဆာင်ပြနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

နည်းပြယာဂန်ကလော့ကတော့ ဂျာမနီအသင်းကို(4)ပွဲကိုင်တွယ်ပြီအချိန်မှာတော့ အခက်ခဲဆုံးအသင်းအဖြစ် ဂရိအသင်းကိုရွေးချယ်သွားခဲ့ပါတယ်...
05/10/2026

နည်းပြယာဂန်ကလော့ကတော့ ဂျာမနီအသင်းကို(4)ပွဲကိုင်တွယ်ပြီအချိန်မှာတော့ အခက်ခဲဆုံးအသင်းအဖြစ် ဂရိအသင်းကိုရွေးချယ်သွားခဲ့ပါတယ် နယ်သာလန်အသင်းကိုသရေကျပြီ ဆာဘီယားကိုအနိုင်ကန်နိုင်ခဲ့ပါတယ် ဒါပေမဲ့ ဂရိအသင်းကိုတော့ (2)ကြိမ်မှာ (1)ကြိမ်ရှုံးပြီ(1)ကြိမ်သရေသာယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ် နေရှင်းလိဒ်ပထမအပတ်ပြီးဆုံးသွားချိန်မှာတော့ ဂျာမနီအသင်းကအုပ်စုရဲ့အဆင့်(3)နေရာမှာရပ့်တည်နေရပြီ ဂရိအသင်းကတော့နယ်သာလန်အသင်းနဲ့အပြိုင်အုပ်စုပထမနေရာကိုပူးတွဲရယူထားတာပဲဖြစ်ပါတယ် နည်းပြယာဂန်ကလော့ကတော့(2004)ဂရိအသင်းကိုနောက်ထပ်တစ်ကြိမ်ပြန်မြင်တွေ့ရအုံးပဲဟုပြောဆိုသွားခဲ့ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

မန်ယူအသင်းမှာတော့ဇက်ခီတစ်ယောက်အရန်ခုံနဲ့ပဲအချိန်ကုန်နေခဲ့ရပေမဲ့ နယ်သာလန်အသင်းအတွက်နည်းပြဇာဘီကယုံယုံကြည်ကြည်နဲ့ခေါယူခဲ့ပါ...
05/10/2026

မန်ယူအသင်းမှာတော့ဇက်ခီတစ်ယောက်အရန်ခုံနဲ့ပဲအချိန်ကုန်နေခဲ့ရပေမဲ့ နယ်သာလန်အသင်းအတွက်နည်းပြဇာဘီကယုံယုံကြည်ကြည်နဲ့ခေါယူခဲ့ပါတယ် ပြီတော့ဆာဘီယားအသင်းနဲ့ပွဲမှာအသုံးပြုခဲ့ပြီ ဇက်ခီရဲ့အရည်အချင်းပြသခွင့်ပေးလိုက်တဲ့အချိန်မှာတော့ နယ်သာလန်အသင်းအတွက်လိုအပ်နေခဲ့တဲ့အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီအသင်းကိုကူညီပေးနိုင်ခဲ့ပါတယ် နည်းပြဇာဘီရဲ့ယုံကြည်မှုအတွက်ဇက်ခီတစ်ယောက်သွင်းဂိုးနဲ့သက်သေပြပေးနိုင်ခဲ့လို့အတိုင်းမသိပျော်ရွှင်နေမိပါတယ် နောက်ပြီမန်ယူအသင်းမှာလဲသွင်းဂိုးတွေနဲ့သက်သေပြပေးချင်ခဲ့ပါတယ်လို့ဇက်ခီကပြောဆိုသွားခဲ့ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

ပေါတူဂီအသင်းကတော့ဂုတ်ကြီးရိုနယ်ဒိုမပါဝင်တဲ့ပွဲမှာ ဒိန်းမတ်အသင်းကိုရော နော်ဝေးအသင်းကိုပါ အနိုင်ရအောင်စွမ်းဆောင်ထားနိုင်ခဲ...
05/10/2026

ပေါတူဂီအသင်းကတော့ဂုတ်ကြီးရိုနယ်ဒိုမပါဝင်တဲ့ပွဲမှာ ဒိန်းမတ်အသင်းကိုရော နော်ဝေးအသင်းကိုပါ အနိုင်ရအောင်စွမ်းဆောင်ထားနိုင်ခဲ့ပြီ အသင်းအလိုက်စုစည်းမှုပိုမိုအားကောင်းနေတာကိုမြင်တွေ့ခဲ့ရပါတယ် ပြီတော့တိုက်စစ်မှူးရာမို့စ်ဆိုရင်ဂိုးတွေဆက်တိုက်ကိုသွင်းယူနေခဲ့ပါတယ် ဂုတ်ကြီးရိုနယ်ဒိုနေရာမှာအစားထိုးဝင်ရောက်လာတဲ့ရာမို့စ်ကဖိအားတွေကိုအေးအေးဆေးဆေးကျော်ဖြတ်ပြပြီ (3)ပွဲဆက်တိုက်ကိုဂုတ်ကြီးနေရာကိုအစားဝင်ပြီတော့ဂိုးသွင်းယူပြပေးနေခဲ့ပါတယ် ပြီတော့ရာမို့စ်က ဂုတ်ကြီးရိုနယ်ဒိုပေါတူဂီအသင်းမှာမရှိတော့ရင်လဲအကျိုးသက်ရောက်မှုမရှိတော့ဘူးဆိုတာကိုသက်သေပြပေးနေခဲ့တာပဲဖြစ်ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

ပရိတ်သတ်တွေကတော့ဘယ်ဂျီယံဂိုးသမားလာမန်းကစပိန်ဂိုးသမားရာယာထက်ပိုကောင်းတယ်လို့ယုံကြည်နေကြပါတယ် ရာယာကအာဆင်နယ်အသင်းမှာရွှေလက်...
04/10/2026

ပရိတ်သတ်တွေကတော့ဘယ်ဂျီယံဂိုးသမားလာမန်းကစပိန်ဂိုးသမားရာယာထက်ပိုကောင်းတယ်လို့ယုံကြည်နေကြပါတယ် ရာယာကအာဆင်နယ်အသင်းမှာရွှေလက်အိတ်ဆုရယူထားနိုင်ခဲ့ပေမဲ့ စပိန်အသင်းမှာတော့အရန်ဂိုးသမားအဖြစ်နဲ့ပဲနေရာယူနေခဲ့ရပါတယ် ပရီးမီးယားလိဒ်မှာဂိုးသမားလာမန်းကသွင်းဂိုးတွေအများကြီးခွင့်ပြုပေးထားခဲ့ရပေမဲ့ နေရှင်းလိဒ်(3)ပွဲမှာ (2)ပွဲcleansheetရယူထားနိုင်ခဲ့တာကိုကြည့်ခြင်းအားဖြင့် မန်ယူအသင်းနောက်တန်းရဲ့အခြေနေဆိုးတွေကိုဖော်ပြနေခဲ့တာဖြစ်ပါတယ် စပိန်ဂိုးသမားရာယာကတော့ ဆိုင်းမွန်နေရာကိုအလဲမထိုးနိုင်ဖြစ်နေခဲ့ပြီနိုင်ငံအသင်းအတွက်လက်စွမ်းပြထားမှုမရှိသေးပဲဖြစ်နေခဲ့ပါတယ် ရာယာရဲ့လက်စွမ်းကသာမန်လိုဖြစ်နေပြီခံစစ်ကောင်းတဲ့အသင်းမှာရှိနေခဲ့ပြီ ဂိုးသမားလာမန်းကတော့ခံစစ်ယိုပေါက်များနေတဲ့ကြားကလက်စွမ်းပြပြီအစွမ်းကုန်ကြိုးစားပေးနေခဲ့ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

ဒီနှစ်ဘောလွန်းဒေါဆုအတွက်ရေးပန်စားနေတဲ့ကစားသမားနှစ်ယောက်ကတော့ ယာမယ်နဲ့ဟယ်ရီကိန်းပဲဖြစ်ပါတယ် ဒီကစားသမားနှစ်ယောက်ကတော့အခုလက...
04/10/2026

ဒီနှစ်ဘောလွန်းဒေါဆုအတွက်ရေးပန်စားနေတဲ့ကစားသမားနှစ်ယောက်ကတော့ ယာမယ်နဲ့ဟယ်ရီကိန်းပဲဖြစ်ပါတယ် ဒီကစားသမားနှစ်ယောက်ကတော့အခုလက်ရှိပြိုင်ဆိုင်နေတဲ့ နေရှင်းလိဒ်မှာ (4)ဂိုးသွင်း (1)ဂိုးဖန်တီးမှုပြုလုပ်ထားတာချင်းလဲတူနေပြန်ပါတယ် ပြီတော့ကစားသမားနှစ်ယောက်ဟာ သက်သစ်စနဲ့ကြွေလွင့်ချိန်တန်တော့မဲ့ကစားသမားဖြစ်နေခဲ့ပါတယ် ဒါပေမဲ့နှစ်ယောက်စလုံးရဲ့ကွာခြားချက်ကတော့ အောင်မြင်မှုတွေမှာ လူငယ်ကစားသမားလေး ယာမယ်ကအပြတ်အသတ်ကိုအနိုင်ယူထားခဲ့ပါတယ် စွမ်းဆောင်ရည်မှာလဲလူငယ်ကစားသမားလေးယာမယ်ကပဲအပြတ်သတ်ဉီးဆောင်ထားခဲ့ပြန်ပါတယ် ရွှေဘောလွန်းဒေါဆုကတော့ယာမယ်နဲ့ပဲထိုက်တန်နေခဲ့ပါတယ်🥰 # #အားလုံးကိုလေးစားလျှက် #

Address

Jalan Sultan
Kuala Lumpur

Telephone

+601127269424

Website

Alerts

Be the first to know and let us send you an email when Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share