Mom’s Kitchen

Mom’s Kitchen mom sharing simple homemade meals from Myanmar 🇲🇲, Singapore 🇸🇬 & New Zealand 🇳🇿

08/10/2026

တိမ်ပြာပြာ နေ့တစ်နေ့ရဲ့ လှပတဲ့ နေ့လည်စာ Menu လေး.... အဲ့လဲ့ 😁
ကြက်သားနဲ့ အာလူးဆီပြန်ကို မဆလာနံ့လေးအုပ်မွှေးပြီးအာလူး‌ လေးတွေကိုအိအိလေး ချက်ထားတဲ့ ဟင်းတစ်ခွက်ရယ်၊ ပန်းပွင့်ကြက်ဥကြော် အချိုလေးရယ်၊ ချဉ်ချဉ်ငံငံ စပ်စပ်လေးနဲ့ စားလို့အရမ်းကိုမှကောင်းတဲ့ ပုစွန်ချဉ်သုပ်လေးရယ် 🤤💕

ဟင်းအမယ်လေးတွေ စုံစုံလင်လင်နဲ့ မြိန်ရေယှက်ရေ စားခဲ့ရတဲ့ နေ့လည်စာလေးပါရှင် 🍛😋

အိမ်ချက်ဟင်းလေးတွေကတော့ ဘယ်လောက်စားစား မရိုးနိုင်ဘူးနော် ❤️

’sKitchen 🏡🍳
#အိမ်ချက်ဟင်းလေးများ
#နေ့လည်စာMenu
#ထမင်းမြိန်စေတဲ့ဟင်းလေးများ
❤️



#ကြက်သားအာလူး

ဝက်ခေါက်ကင်ထမင်းလေးဒီတစ်ခါတော့ စလုံးကို လွမ်းနေကြတဲ့သူတွေအတွက် Singapore Style Roasted Pork Rice လေး လုပ်စားဖြစ်တယ်ရှင့်...
08/10/2026

ဝက်ခေါက်ကင်ထမင်းလေး
ဒီတစ်ခါတော့ စလုံးကို လွမ်းနေကြတဲ့သူတွေအတွက် Singapore Style Roasted Pork Rice လေး လုပ်စားဖြစ်တယ်ရှင့်။ 😍

ဝက်ခေါက်လေး ကြွပ်ရွပြီး အသားလေးက နူးညံ့အိစက်နေအောင် ကြော်လိုက်၊ ကင်လိုက်နဲ့ ပူပူနွေးနွေးလေးကို ပါးပါးလှီးပြီး ထမင်းဖြူဖြူပေါ်မှာ တင်လိုက်မယ်။ ပြီးတော့ ပဲငပိအချိုရည်လေး ဆမ်းလိုက်ရင်တော့… 🤤❤️

စလုံးက Hawker Centre တွေမှာ စားခဲ့ရတဲ့ Roasted Pork Rice ကို သတိရသွားစေမယ့် အရသာမျိုးလေးပေါ့။ 🇸🇬

အိမ်မှာပဲ လုပ်စားရပေမယ့် အရသာကတော့ ရှယ်မှရှယ်ပဲနော်။ 🤭 ဝက်ခေါက်ကြွပ်ကြွပ်၊ အသားမွှေးမွှေး၊ အချိုရည်လေးနဲ့ ထမင်းဖြူပူပူဆိုတော့ တစ်ပွဲတည်းနဲ့ မလောက်ချင်ဘူး။ 😂🍚

စလုံးမှာ နေခဲ့ဖူးသူတွေ ဒီအရသာလေးကို လွမ်းကြမှာပဲနော်။ ❤️🇸🇬

#ဝက်ခေါက်ကင်ထမင်း #စလုံးအလွမ်းပြေ #အိမ်ချက်အစားအစာ



08/10/2026

🦐🌶️ ပုဇွန်ချဉ်သုပ် ချဉ်ငံစပ်လေး 🤤❤️

ပုဇွန်ချဉ် မစားရတာ ၄၊ ၅ နှစ်လောက်တောင် ကြာခဲ့ပြီ။ 🥹 အလွယ်တကူ ဝယ်လို့မရတော့ ကိုယ်တိုင်ပဲ အိမ်မှာ ပုဇွန်ချဉ်လေး လုပ်စားဖြစ်တယ်။

နယူးဇီလန်က အေးတာလည်း အေးမှအေးဆိုတော့ ပုဇွန်ချဉ်လေး ချဉ်လာဖို့ အနည်းဆုံး ၈ ရက်လောက် စောင့်လိုက်ရတယ်နော်။ 😂❄️

အချိန်တော့ ကြာပေမယ့် ကိုယ်တိုင်လုပ်ထားတဲ့ ပုဇွန်ချဉ်လေးကို သုပ်စားရတဲ့အချိန်မှာတော့ စိတ်ကျေနပ်မှုက အပြည့်ပဲ။ 😍

ပုဇွန်ချဉ်လေးကို အနေတော်လေးတွေ လှီး၊ ကြက်သွန်နီပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးတွေထည့်၊ နံနံပင်လေးညှပ်ထည့်ပြီး ဆီလေးပါးပါးဆမ်းသုပ်လိုက်ရင်… 🤤🌶️

ချဉ်ချဉ်ငံငံ စပ်စပ်လေးနဲ့ ထမင်းမြိန်လိုက်တာမှ ပြောမနေနဲ့တော့။ ထမင်းဖြူပူပူလေးနဲ့ဆို အိုး… တစ်ပွဲတည်းနဲ့ မဝလောက်ဘူးရှင့်။ 😂🍚❤️

ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်သုပ်၊ ကိုယ်တိုင်စားပြီး ကျေနပ်နေရတဲ့ အိမ်ချက်အစားအစာလေးတွေကတော့ ဘယ်တော့မှ ရိုးမသွားဘူးနော်။ 🥰

#ပုဇွန်ချဉ်သုပ် #ချဉ်ငံစပ် #အိမ်ချက်အစားအစာ #မြန်မာအစားအစာ #ထမင်းမြိန်စေတဲ့ဟင်းလေး 🦐🌶️❤️


သိပ်စားခြင်နေ တဲ့ ကိုယ်တိုင်လုပ်ထားတဲ့ home made ပုဇွန်ချဉ်သုပ် 🥰
08/10/2026

သိပ်စားခြင်နေ တဲ့ ကိုယ်တိုင်လုပ်ထားတဲ့ home made
ပုဇွန်ချဉ်သုပ် 🥰

06/10/2026

ငါးများများ ၊ ကြက်သွန်ဥများများ၊ ငှက်ပျောအူများများနဲ့ ချက်ထားတဲ့ ငရုတ်ကောင်းနံ့ မွှေးနေတဲ့ မုန့်ဟင်းခါးဟင်းရည်အိုးကြီး 😋❤️
မြင်လိုက်တာနဲ့တင် စားချင်စိတ်ပေါက်သွားစေရမယ်နော် 🤭🍜
#မုန့်ဟင်းခါး #အိမ်ချက်မြန်မာအစားအစာ


06/10/2026

ပိတ်ရက် Special 🍜❤️
ငါးများများ၊ ငှက်ပျောအူဖတ်များများနဲ့ ချက်ထားတဲ့ မုန့်ဟင်းခါးလေးကို ကြွပ်ရွနေတဲ့ ပဲကပ်ကြော်၊ ကြက်သွန်ကြော်လေးတွေ အများကြီးထည့်ပြီး ချဉ်ချဉ်ငံငံ စပ်စပ်လေး စားလိုက်တယ်… 🤤🔥
ပိတ်ရက်မှာ အိမ်ချက်မြန်မာအရသာလေးနဲ့ ဆိုတော့ ရှယ် 😋❤️
#မုန့်ဟင်းခါး #အိမ်ချက်မြန်မာအစားအစာ #ပိတ်ရက်Special #ချဉ်ငံစပ် 🌶️🍜



အရမ်းအရသာရှိတဲ့ အိမ်ချက်ဝက်သားနီချက်ဟင်းတစ်ခွက် 😋
03/10/2026

အရမ်းအရသာရှိတဲ့ အိမ်ချက်ဝက်သားနီချက်ဟင်းတစ်ခွက် 😋

03/10/2026

ထမင်းမြိန်စေမယ့် အိမ်ချက်ဝက်သားနီချက်ဟင်းလေး

ဆက်ပြီးတော့ ချက်နည်းလေး ပြောပြမယ်နော်…

အရင်ဆုံး ဝက်သားတုံးလေးတွေထဲကို ဆားနည်းနည်းနဲ့ နယ်ထားပေးပါမယ်။ ပြီးရင် အိုးထဲ ဆီထည့်ပြီး သကြားလေးထည့်ကာ အညိုရောင်သန်းလာတဲ့အထိ ရောပြီး ဆီသတ်ပေးပါမယ်။

သကြားအရောင်လေးရလာပြီဆိုရင် ဝက်သားထည့်ပြီး မွှေပေးပါ။ ပြီးတော့ ပါးပါးလှီးထားတဲ့ ကြက်သွန်အဖြူ ၊ အနီလေးတွေ ထည့်ပြီး အနံ့မွှေးလာတဲ့အထိ ဆီသတ်ပေးပါမယ်။ 😋ပြီးရင် ဝက်သားမြုပ်ရုံ ရေထည့်ပြီး တည်ထားပါ။

အဲ့ဒီနောက် ရေခမ်း သွားလျှင် ကြက်သွန်နီကြော်လေး၊ အာလူး လှီးထားတာနဲ့ ဆားအနည်းငယ် ထပ်ထည့်ပြီး သမအောင် မွှေပေးပါမယ်။ ဆီပြန်လာတဲ့အခါ ကြက်သွန်နီဥလေးတွေ ထပ်ထည့်ပြီး ဝက်သားမြုပ်ရုံ ရေထည့်ကာ ရေခမ်းပြီး ဆီပြန်လာတဲ့အထိ တည်ပေးပါမယ်။
နောက်ဆုံး မှာ ဟင်းအနှစ်လေးများများနဲ့ ဝက်သားနူးနူးအိအိ ဖြစ်လာပြီဆိုရင်တော့ ငရုတ်ကောင်းမှုန့် ဖြူး လိုက်ရင်

🤤 အရမ်းအရသာရှိတဲ့ အိမ်ချက်ဝက်သားနီချက်ဟင်းတစ်ခွက် ရပါပြီရှင်။

ထမင်းပူပူလေးနဲ့ဆို တကယ်ကို ထမင်းမြိန်စေတဲ့ဟင်းလေးပါနော် ❤️🍚

#ဝက်သနီချက် #အိမ်ချက်ဟင်း #ထမင်းမြိန်စရာ #မြန်မာအစားအစာ #အိမ်ချက်လက်ရာ



ဒီနေ့တော့ ရှယ် ကြက်သားအုန်းနို့ခေါက်ဆွဲ 🍜အရသာကတော့ ကောင်းမှကောင်းပဲနော်    #ကြက်သားအုန်းနို့ခေါက်ဆွဲ  #အုန်းနို့ခေါက်ဆွဲ...
30/09/2026

ဒီနေ့တော့ ရှယ် ကြက်သားအုန်းနို့ခေါက်ဆွဲ 🍜
အရသာကတော့ ကောင်းမှကောင်းပဲနော်
#ကြက်သားအုန်းနို့ခေါက်ဆွဲ #အုန်းနို့ခေါက်ဆွဲ

30/09/2026

ဒီနေ့တော့ ရှယ် ကြက်သားအုန်းနို့ခေါက်ဆွဲ 🍜🥥❤️
ကြက်သား၊ ကြက်ဥနဲ့ ကြက်သွန်နီဥ များများထည့်ပြီး ချက်ထားတာမို့ ချိုချို၊ မွှေးမွှေး၊ အုန်းနို့အရသာ စိမ့်စိမ့်လေးနဲ့ တစ်ပွဲစားပြီးရင် နောက်တစ်ပွဲ ထပ်စားချင်စရာ 😋🤤
အရသာကတော့ ကောင်းမှကောင်းပဲနော် ❤️
#ကြက်သားအုန်းနို့ခေါက်ဆွဲ #အုန်းနို့ခေါက်ဆွဲ

Address

North Shore
Auckland

Alerts

Be the first to know and let us send you an email when Mom’s Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share