Merry Shop - Singapore

Merry Shop - Singapore Hello! Welcome to our shop. You can find Myanmar Local products here. Please feel free to browse.

Good bye 👋
23/02/2026

Good bye 👋

09/09/2024

‼️ဒီpageက Reply မရတော့ပါ‼️
ဆက်သွယ်ရန်
WhatsApp account +6594219973
Viber account +959978815674

Page အသစ်
https://www.facebook.com/merrysgshopnewpage

Cetaphil Daily Exfoliating Cleanser (178ml)Cetaphil ရဲ့ cleanser ကဆားဝက်ခြံ အဆီဖု အဆီကျိတ်နဲ့ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့အမ...
05/09/2024

Cetaphil Daily Exfoliating Cleanser (178ml)

Cetaphil ရဲ့ cleanser ကဆားဝက်ခြံ အဆီဖု အဆီကျိတ်နဲ့ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့အမာရွတ်လေးတွေကို သက်သာပျောက်ကင်းစေဖို့ အတွက် အဓိက ထုတ်ထားတဲ့ Product ဖြစ်ပါတယ်။

သူ့ရဲ့ main effect က glow skin ဖြစ်စေဖို့တဲ့, Vitamin B5 နဲ့ vitamin E ပါလို့ မျက်နှာသစ်ပြီးသွားရင်ခြောက်ခြောက်ကြီးဖြစ်သွားတာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး လည်းလုံးဝမရှိပဲ စိုစိုအိအိ‌ေလး ကျန်ခဲ့စေမဲ့မျက်နှာသစ်လေးပါ

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop

ခေါင်းလျှော်ပြီးတာနဲ့ လန်းဆန်းပြီး Fresh ဖြစ်နေမှ ကြိုက်ရင် ရှမ်းမဈေးခြင်းရဲ့ Rosemary Shampoo လေးကိုသုံးပါနော် 😘သူ့ရဲ့ ...
02/09/2024

ခေါင်းလျှော်ပြီးတာနဲ့ လန်းဆန်းပြီး Fresh ဖြစ်နေမှ ကြိုက်ရင် ရှမ်းမဈေးခြင်းရဲ့ Rosemary Shampoo လေးကိုသုံးပါနော် 😘

သူ့ရဲ့ အနံ့လေးကလေ
☘️အသီးနဲ့ ပန်း ပေါင်းစပ်ထားတဲ့ Fresh Fruity အနံ့လေး
☘️ချိုချိုလေး
☘️Fresh ဖြစ်ဖြစ်လေး
☘️ကြည်ကြည်လေးကိုမှ
🍈သခွားမွှေးနဲ့တူသယောင်အနံ့သင်းသင်းလေးကလည်း ပါသေးတယ်။ ခေါင်းလျှော်နေတုန်းမှာလည်း မွှေးနေမယ့်အပြင် ခေါင်းလျှော်ပြီးရင်လည်း ပေါ့ပါးလန်းဆန်းပြီး Fresh ဖြစ်နေမှာနော်။

✔️ဦးရေပြားရှိ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ကျွတ်သက်သာစေတဲ့ လာဗင်ဒါပန်း

✔️ရေဓါတ်ဖြည့်ပေးပြီး ဆံသားပျက်စီးမှုကို ကာကွယ်ပေးတဲ့ ထောပတ်သီးဆီ

✔️ဦးရေပြားသို့ သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဆံကေသာကို ကျန်းမာသန်စွမ်းကာ ဗောက်ရှင်းစေတဲ့ ကြက်ဆူဆီ

✔️ဆံသားကို ပျော့ပျောင်းစိုစွတ်စေတဲ့ ပျားရည်

✔️ဦးရေပြားခြောက်သွေ့ခြင်း ကင်းဝေးပြီး ဆံပင်ကို သန်စွမ်းနက်မှောင်စေတဲ့ ကြိတ်မှန်ရွက်

✔️အစိုဓါတ်ကိုထိန်းပေးပြီး ဆံသားအသစ်ကြီးထွားစေတဲ့ သခွားသီး

✔️အပူအပုပ်ကင်းပြီး ဆံပင်သန်စေတဲ့ တလျှော် ကင်မွှန်း စတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးကို စနစ်တကျ အဆင့်ဆင့် အချိန် ရှစ်နာရီကြာပေါင်းခံယူပြီး သေချာထုတ်ပေးထားတဲ့ သဘာဝ Shampoo စစ်စစ်ပါရှင့် 💞

✨ပါဝင်ပစ္စည်းတွေကလည်း ရှယ်
✨အနံလေးကလည်း မွှေး
✨ပမာဏကလည်း 280 ml
သဘာဝစစ်စစ် Shampoo လေးကို သုံးပြီး အများငေးရတဲ့ ဆံကေသာ အလှကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ လာမှာလိုက်နော် 🫡

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop



မြန်မာ့သဘာဝချည်လေးနဲ့ အိပ်ကြမယ် 🥰ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားပြီး ခေါင်းအုံးဖုံးနှစ်ခု ၊ ဖက်လုံးစွတ် ၊ အခင်း 3 မျိုးလုံးက...
02/09/2024

မြန်မာ့သဘာဝချည်လေးနဲ့ အိပ်ကြမယ် 🥰

ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားပြီး ခေါင်းအုံးဖုံးနှစ်ခု ၊ ဖက်လုံးစွတ် ၊ အခင်း 3 မျိုးလုံးကိုမှ $89 ပဲမလို့ တန်မှ တန်နော် ဒါ့အပြင် အစွတ်လေးတွေထည့်တဲ့ ချည်သားအိတ်လေးကလည်း ပါဦးမှာ 🥰

အိပ်တဲ့အခါ ကျောပူတာမျိုး ၊ လျှော်တဲ့အခါ အသီးထတာမျိုးကို လည်းမဖြစ်စေတာမလို့ အိမ်တိုင်းမှာဆောင်ထားသင့်တဲ့ ပစ္စည်းလေးဆိုလည်း မမှားဘူးပေါ့ 💕

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop

❤️ https://shopee.sg/merrysgshop

#ချည်သားအ‌ခင်း

August လရဲ့ အရောင်းရဆုံး ပစ္စည်းတစ်ချို့ 🥰🌱 ရှမ်းမဈေးခြင်း- ShanMa Zay Chin 🌱 DEAR MARY Hair Professional 🌱  The Mix By ...
01/09/2024

August လရဲ့ အရောင်းရဆုံး ပစ္စည်းတစ်ချို့ 🥰

🌱 ရှမ်းမဈေးခြင်း- ShanMa Zay Chin

🌱 DEAR MARY Hair Professional

🌱 The Mix By Su

🌱 A Sleepy Town

🌱 တြိရတန

🌱 Common Official Myanmar

🌱 Donutt Fiber

🌱 အဲမီး

အားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 💕

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop


ပြောင်းဖူးမုန့် သို့မဟုတ် ပြောင်းဖူးပိုက် သို့မဟုတ် ပြောင်းဖူးပလွေ 🤭ငယ်ငယ်က စားခဲ့တဲ့ ပြောင်းဖူးမုန့်လေးက နေရာဒေသအလိုက် ...
01/09/2024

ပြောင်းဖူးမုန့် သို့မဟုတ် ပြောင်းဖူးပိုက် သို့မဟုတ် ပြောင်းဖူးပလွေ 🤭

ငယ်ငယ်က စားခဲ့တဲ့ ပြောင်းဖူးမုန့်လေးက နေရာဒေသအလိုက် အခေါ်အဝေါ်တွေပြောင်းလဲကြပေမဲ့ ဒေသစုံ နေရာစုံက ကလေးတိုင်း ကြိုက်နှစ်သက်ခဲ့ရတဲ့ မုန့်လေးဆိုလည်း မမှားဘူးပေါ့

ငယ်ဘဝကို တမ်းတရင်း ပြောင်းဖူးမုန့်လေး စားချင်ရင်တော့ အခုပဲ လာမှာထားလိုက်တော့နော် 🥰

ငယ်ငယ်ကလိုတော့ အရှည်မဟုတ်တော့ပေမဲ့ အရသာကတော့ အရင်အတိုင်း စားကောင်းဆဲပဲ 😋

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop

#ပြောင်းဖူးမုန့်

🧡 Fake HeartBreaker 🧡 (ဆုခြည်ကို)မြင်နေတွေ့နေကျပုံစံမဟုတ်သော အချစ်ဇာတ်လမ်းလေးတစ်ခု...၂၁ ရာစုအတွင်း လူသားတွေ၏ ဆိုးယုတ်မှု...
01/09/2024

🧡 Fake HeartBreaker 🧡 (ဆုခြည်ကို)

မြင်နေတွေ့နေကျပုံစံမဟုတ်သော အချစ်ဇာတ်လမ်းလေးတစ်ခု...

၂၁ ရာစုအတွင်း လူသားတွေ၏ ဆိုးယုတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ပျက်ကပ်များကြုံဆုံခဲ့ပြီးသည့်နောက် သက္ကရာဇ်ကို ဖြိုချကာ ကမ္ဘာအသစ်ကို ထူထောင်ခဲ့ကြသည်။ ကမ္ဘာအသစ်တွင် အဂတိလိုက်စားမှု ရန်လိုမုန်းထားမှု စသည်တို့ မရှိသော ခေါင်းဆောင်ကို တင်မြှောက်ခဲ့သည်။

ရုပ်မရှိ နာမ်သာရှိသော လူလုပ်အသိဥာဏ်ခေါင်းဆောင်သည် ကမ္ဘာကြီးတွင် ဆိုးယုတ်သော လူသားများ ပပျောက်ရေးအတွက် အထူးစီမံခဲ့သည်။ ကမ္ဘာပေါ်တွင် ပြုပြင်ဖန်တီးထားသော ကောင်းမွန်သော ဆိုးယုတ်မှု ကင်းစင်သော လူသားများသာ ကျန်ရှိစေခဲ့သည်။ ထိုသည်ကိုလည်း လူသားများက ထောက်ခံအားပေးခဲ့ကြသည်။

သို့သော် နှစ်ပေါင်း ၄၀၀ ကြာပြီးသည့်နောက် လူလုပ်အသိဥာဏ် ခေါင်းဆောင်၏ မျိုးရိုးဗီဇပြုပြင်မှုတွေကို လက်မခံ၊ လူသားဟာ လူသားအတိုင်းရှင်သန်ခွင့်ရှိရမည်။ အနုပညာများကိုလည်း လွတ်လပ်စွာဖန်တီးခွင့်ရှိရမည် ဟူသောကြွေးကြော်သံတို့ဖြင့် အနုပညာရှင်တစ်စုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုကို တောင်းဆိုခဲ့ကြသည်။

ထို့နောက် ကမ္ဘာကြီးတွင် ဆိုးယုတ်မှုဥဿုံနယ်မြေ ဇုန် ၁ နှင့် အကြွင်းမဲ့လွတ်လပ်ခြင်း နယ်မြေ ဇုန် ၂ ဆိုပြီး မတူကွဲပြားသော နယ်မြေနှစ်ခု ဖြစ်တည်ခဲ့သည်။ တစ်နေ့တွင်
အနုပညာကင်းမဲ့လျက် သိပ္ပံနည်းပညာတို့သာ ထွန်းကားသော ဇုန် ၁ တွင် အနုပညာရှင်တစ်ယောက် ပေါ်ထွန်းလာခဲ့သည်။ ၁၉နှစ်အရွယ် အနုပညာရှင်လေးသည် သူမွေးဖွားရာ ဇုန် ၁ ကိုစွန့်ခွာလျက် အနုပညာထွန်းကားရာ နယ်မြေ ၂ တွင် နေကမ္ဘာဂြိုလ်များတွင် ဂုဏ်သတင်းကြီးမားသော အနုပညာတက္ကသိုလ်ကို တက်ရောက်ရန် ဇုန်ကူးပြောင်းလာချိန်မှာတော့...

ဇုန် ၂ခုရဲ့ မတူခြားနားခြင်းတွေကို ဇုန်ခြားသားလေးတစ်ယောက်ဘယ်လိုဖြတ်ကျော်မလဲ။
ဇုန် ၁ က ကြီးမြတ်သော အနုပညာ ရှင်လေးတစ်ယောက် နှင့် ဘယ်လိုဘယ်ပုံ တွေ့ဆုံပြီး...
ရာစုနှစ်တွေအထိ ဘယ်လိုဖြတ်ကျော်သွားကြမလဲဆိုတာကို ဆရာမဆုခြည်ကို ရဲ့ စိတ်ကူးယဥ် လက်ရာသစ် Fake Heartbreaker မှာ ဖတ်ရှုခံစားနိုင်ပါပြီ။

🧡 Fake HeartBreaker - ဆုခြည်ကို
◽စာမျက်နှာ 224

(မူရင်း အညွှန်းရေးသားသူ ပန်းဆက်လမ်း အားလေးစားစွာ Crd ပေးပါသည်)

သဘောကျဖတ်ရှုလိုပါက အိမ်အရောက်ကြာချိန် တစ်ပတ်မှ ဆယ်ရက်

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop

ဇလုံကြီးရဲ့ ပုစွန်ခရမ်းချဉ်သီး ငါးပိချက် 😋ချဥ်ငံစပ်လေးအရသာလေးမို့ အတို့အမြှုပ်နဲ့တွဲစားလဲ လိုက်ဖက်တဲ့အပြင် ထမင်းလေးနဲ့ ဒ...
01/09/2024

ဇလုံကြီးရဲ့ ပုစွန်ခရမ်းချဉ်သီး ငါးပိချက် 😋

ချဥ်ငံစပ်လေးအရသာလေးမို့ အတို့အမြှုပ်နဲ့တွဲစားလဲ လိုက်ဖက်တဲ့အပြင် ထမင်းလေးနဲ့ ဒီတိုင်းနယ်စားရင်တောင် ပြည့်စုံတဲ့ "ဇလုံကြီး" ရဲ့ ပုစွန်ခရမ်းချဥ်သီးငါးပိချက်အနှစ်ထုပ်လေးကို

ခရမ်းချဥ်သီး ၊
ပုစွန်၊
ငပိလေးတွေ နဲ့အတူ

ဆီ၊ ဆား၊ သကြား၊ အရောင်တင်မှုန့်၊ နနွင်း၊ ကြက်သွန်နီလေးတွေနဲ့ အစပ်အဟပ်တည့်အောင်ချက်ထားတာမို့ 🤤

😍လူမျိုးဘာသာမရွေးစားလို့ရပါတယ်

( ၆ ) လအထိအထားခံတာကြောင့် ရုံးမှာပဲစားစား ၊ အိမ်မှာပဲစားစား စားချင်တဲ့အချိန် လွယ်လွယ်ကူကူစားလို့ရပါတယ်နော်

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop

🥥 အုန်းဆီရဲ့ အသုံးဝင်ပုံ အချို့ Part 2၁။ ဆံပင်ပျော့ဆေး – အခန်းအပူချိန် (သို့) အပူပေးပြီး သင့်ဆံပင်ကို အုန်းဆီနဲ့ နှစ်နာရ...
01/09/2024

🥥 အုန်းဆီရဲ့ အသုံးဝင်ပုံ အချို့ Part 2

၁။ ဆံပင်
ပျော့ဆေး – အခန်းအပူချိန် (သို့) အပူပေးပြီး သင့်ဆံပင်ကို အုန်းဆီနဲ့ နှစ်နာရီကြာအောင် စိမ်ထားပေးခြင်းဟာ ဆံပင်ကို ပိုမို ကျန်းမာ သန်စွမ်းစေပါတယ်။ သူ့မှာ ဗီတာမင် အီး၊ ကေနဲ့ သံဓါတ်တွေ ပါဝင်ပါတယ်။
ဆံပင်ရှုပ်ထွေးမှုအတွက် ဆေးရည် – ဆံစပ်ကစလို့ အောက်ပိုင်းကို လက်နဲ့ အုန်းဆီလိမ်းပေးခြင်းဟာ အဆီပိုမထွက်စေပဲနဲ့ ခေါင်းဖီးရတာ ပိုမို လွယ်ကူစေပါတယ်။ ဆံပင်အရင်းကိုတော့ မထိသင့်ပါဘူး။
တောက်ပတဲ့ဆံသားတွေ ဖန်တီးခြင်း – ဆံပင် serum တွေမှာ silicone နဲ့ အုန်းဆီပါဝင်ပြီး သင့်ဆံပင်ကို သဘာဝအတိုင်း တောက်ပြောင်စေပါတယ်။ သူ့ကို mask အနေနဲ့ (သို့) ပျော့ဆေး အနေနဲ့ အသုံးပြုနိုင်ပါတယ်။
သန့်စင်တဲ့စက် – ဦးရေပြားနဲ့ ဆံပင်တို့မှာ ထင်တာထက်ပိုပြီး ဘက်တီးရီးယားတွေ ရှိတတ်ပါတယ်။ အုန်းဆီမှာတော့ ဘက်တီးရီးယား၊ မှိုတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ဆံပင်တွေကို ကာကွယ်ပေးပါတယ်။
ဗောက်ထခြင်းကို ပျောက်ကင်စေခြင်း – အုန်းဆီမှာပါတဲ့ fatty acid တွေဟာ ပျက်စီးပြီး ဗောက်ထနေတဲ့ ဆံသားအတွက် အကောင်းဆုံး အဖြေပဲ ဖြစ်ပါတယ်။ သူ့ကို လာဗင်ဒါ (သို့) နှင်းဆီ အဆီတွေနဲ့ ရောပြီး ထူပျစ်တဲ့ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်ပါတယ်။

၂။ အရေပြား
ရေဓါတ်ထိန်းပေးခြင်း – မျက်နှာ (သို့) ကိုယ်ခန္ဓါပေါ်မှာ လိမ်းမယ်ဆိုရင် အုန်းဆီဟာ အရေပြားကို သဘာဝအဆီတွေ ဖြည့်တင်းပေးပြီး သဘာဝ အစိုဓါတ်ထိန်း အဖြစ် အလုပ်လုပ်ပါတယ်။
သက်သာစေတဲ့ အဆီ – လိမ်းဆေးအဖြစ်လိမ်းရင် (သို့) အနည်းငယ် စားသုံးခြင်းဟာ ယားယံခြင်းနဲ့ အကွက်ထခြင်းတွေကို သက်သာစေပါတယ်။
အသက်ကြီးခြင်းကို တားမြစ်ခြင်း – သူ့မှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိတာကြောင့် အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို ကာကွယ်ပေးပြီး သင့်အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး တောက်ပစေပါတယ်။
ပန်းကုံးဆီ – လက်သည်းတွေကို သန်စွမ်းစေရုံသာမက ပျက်စီးနေတဲ့ ပန်းကုံးတွေကို ကူညီပေးပြီး ခြေထောက်သန့်ရှင်းရေးကိုလည်း ကူညီနိုင်ပါတယ်။

၃။ မျက်နှာ
အလင်းပြန်ပစ္စည်း – မိတ်ကပ်လိမ်းပြီးရင် အုန်းဆီကို ပါးပေါ်မှာ လိမ်းပေးရင် အရေပြားရဲ့ သဘာဝအရောင်တွေကို တိုးမြှင့်ပေးပြီး အလင်းပြန်စေတဲ့ ပစ္စည်း အဖြစ် အသုံးပြုနိုင်ပါတယ်။
မိတ်ကပ်ဖျက်ဆေး – အုန်းဆီကို ဖျက်ရခက်တဲ့ မျက်တောင်ကော့ဆေးတွေနဲ့ မျက်လုံးမိတ်ကပ်တွေကို ဖျက်ဖို့ အသုံးပြုနိုင်ပါတယ်။
မျက်လုံးလိမ်း ခရင်မ် – မျက်လုံးအောက်က အရေပြားဟာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်တဲ့ နေရာဖြစ်ပါတယ်။ အုန်းဆီရဲ့ ရေဓါတ်ထိန်းပေးတဲ့ ဂုဏ်သတ္တိကြောင့် ဒီအရေးအကြောင်း ဖြစ်ပေါ်မှုကို ဟန့်တားပေးပြီး fatty acid တွေက အရေပြားကို ကာကွယ်ပေးပါတယ်။

၄။ အပြုံး
ဖြူဆေး – အုန်းဆီနဲ့ ပါးလုပ်ကျင်းပေးခြင်းဟာ သွားတွေကို ဖြူဖွေးတောက်ပစေပါတယ်။
သွားပိုးစားခြင်းကို တားမြစ်ပေးပါတယ်။ သွားတွေရဲ့ အရောင်တွေတင် မကပါဘူး။ သူ့ရဲ့ သိပ်သည်းမှုတွေကလည်း အရေးကြီးပါတယ်။ ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်တာမို့ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားချိုးဖြစ်ပေါ်ခြင်းကို တားမြစ်ပေးပါတယ်။
နှုတ်ခမ်း အဆီဖြည့်ခြင်း – နှုတ်ခမ်းကွဲတာဟာ ကြည့်လို့ မကောင်းပါဘူး။ နှုတ်ခမ်းအဆီ အဖြစ်သုံးပေးခြင်းဟာ နှုတ်ခမ်းကွဲခြင်းနဲ့ အဖတ်လန်ခြင်းကို ကာကွယ်ပေးပါတယ်။

Hello ဆရာဝန်ဆောင်းပါးမှ ကူးယူဖော်ပြလိုက်ပါသည်။

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop

🍏Dreamio Fiber 🍏Fiber ဘာကြောင့် သောက်ရလဲဆိုရင် တခါတလေ ကိုယ်စားမိလိုက်တဲ့ အစားအစာတွေထဲမှာ အစာချေဖို့မလွယ်တာတွေ ပါနိုင်တယ်...
31/08/2024

🍏Dreamio Fiber 🍏

Fiber ဘာကြောင့် သောက်ရလဲဆိုရင် တခါတလေ ကိုယ်စားမိလိုက်တဲ့ အစားအစာတွေထဲမှာ အစာချေဖို့မလွယ်တာတွေ ပါနိုင်တယ်။အဲ့ အစာတွေက အူနံရံမှာ သွားကပ်ပြီး တဖြည်းဖြည်း ဗိုက်ပူလာတာမို့ အဲ့အစာတွေကို အညစ်အကြေး အနေနဲ့ စွန့်ထုတ်လို့ရအောင် fiber Supplement တွေ သောက်ကို‌ေသာက်ပေးသင့်ပါတယ်။
Dreamio Fiber ကတော့ ပန်းသီးစိမ်းကြောင့် အူလည်းရှင်းပေးသလို သူ့ထဲပါတဲ့ Berry Infredient တွေက အသားလဲကြည်စေတယ် နောက်ပြီး အပူအပုပ်ကင်းတော့ ဝက်ခြံလဲ တော်ရုံမထွက်တော့ဘူး။

Dreamio Fiber ရဲ့ အားသာချက်ကတော့ ဝဥမှုန့်ပါ ပါတာကြောင့် တော်ရုံဗိုက်မဆာတော့ဘူးနော်

❗ပန်းသီးစိမ်းနဲ့ပြုလုပ်ထားလို့ အနည်းငယ်စိမ်းရွှင်ရွှင်အနံ့ရပါမယ်နော် ❗

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop

🏅တစ်ပတ်အတွင်း 𝐓𝐨𝐩 𝐓𝐞𝐧 𝐁𝐨𝐨𝐤𝐬 🏅ပန်းဆက်လမ်း  မှဩဂုတ်လ_တတိယပတ်အတွင်း အရောင်းရဆုံး စာအုပ်(၁၀)အုပ် ကို Merry မှ ကူးယူဖော်ပြလို...
31/08/2024

🏅တစ်ပတ်အတွင်း 𝐓𝐨𝐩 𝐓𝐞𝐧 𝐁𝐨𝐨𝐤𝐬 🏅

ပန်းဆက်လမ်း မှ
ဩဂုတ်လ_တတိယပတ်အတွင်း
အရောင်းရဆုံး စာအုပ်(၁၀)အုပ် ကို Merry မှ ကူးယူဖော်ပြလိုက်ပါတယ်ရှင့်

၁.. စိတ်၀င်္ကပါမှ လွတ်မြောက်ခြင်း
၂ ... Fake HeartBreaker
၃... Emotional Liberation (ကိုယ်တိုင်လွတ်မြောက်ခြင်း)
၄ ... စတင်ညှို့ငင်လိုက်ပါ
၅... ခံစားချက်များရဲ့ လှပခြင်း
၆... အိကီဂိုင်
၇... ချစ်သောအမျိုးသမီးလေးထံသို့
၈... Follow Your Own Rhythm
၉... ဒိုင်ယာရီမြစ်
၁၀... ကမ္ဘာကြီးလောက် ချစ်ပြီးသည့်နောက်

စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚

🌸To order🌸

❤️ m.me/merrysgshop


#ပန်းဆက်လမ်း

Address

Raffles Park

Alerts

Be the first to know and let us send you an email when Merry Shop - Singapore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Merry Shop - Singapore:

Share