မယ်တင့်

မယ်တင့် S ͪ ͣ ͬ ͥng w ͪ ͣ ͭ ͥ ͨ ͦ ͦk ͥng

02/05/2025

#ဘူးရွက်ဟင်း #ငါးခြောက်ဖုတ်
#သရက်သီးသုပ် 😍😋🫠

ဘယ်ပန်းကို အကြိုက်ဆုံးလဲ 💗🌸🌿
02/05/2025

ဘယ်ပန်းကို အကြိုက်ဆုံးလဲ 💗🌸🌿

လွမ်းမိတဲ့ ကလေးဘဝ ... 🩵💙
02/05/2025

လွမ်းမိတဲ့ ကလေးဘဝ ... 🩵💙

ယိုးဒယားဇောင်းခါးသီးလေးတွေငပိချက်ချက်စားကြမယ် 😍😋ကြက်သွန်ဖြူနီ စိမ်းစားငပိလေးနည်းနည်းဆီသပ် နနွင်း အရောင်မုန့်ထည့်ပြီး ဇော...
17/03/2025

ယိုးဒယားဇောင်းခါးသီးလေးတွေ
ငပိချက်ချက်စားကြမယ် 😍😋

ကြက်သွန်ဖြူနီ စိမ်းစားငပိလေးနည်းနည်း
ဆီသပ် နနွင်း အရောင်မုန့်ထည့်ပြီး
ဇောင်းခါးသီးလှီးထားတာလေးတွေထည့် ငံပြာရည် ကြက်သားမှုန့်အနေတော်ထည့်
ဆီပြန်အိုးကပ် ချခါနီး ငြုပ်သီးကြိုက်တတ်ရင်ထည့်ပါ ... ရှယ် 😋😋

17/03/2025

ပဲသီးကိုဒီတိုင်း ချက်စားနေရတာရိုးနေရင် ကြိုက်နှစ်သက်ရာ အသားတမျိုးမျိုးနဲ့
ဒီလိုလေးချက်စားကြည့်နော် 😋

17/03/2025

ခံတွင်းပျက်လို့ ထမင်းစားမကောင်းတဲ့ခါ ကြက်သားကိုဒီလိုလေးချက်စားကြည့်ပါ ထမင်း ၂ပန်းကန်လောက် ကုန်သွားမယ် 😜

ဘုန်းကံကြီးချင် positive vibesနဲ့ နေပါ။အချို့က Negative အားသန်တယ်။အမြဲအတွေးတွေနဲ့ ပူတယ်။ တွေးတာတွေထုတ်ပြောတယ်။ ပြုလုပ်တယ...
01/03/2025

ဘုန်းကံကြီးချင် positive vibesနဲ့ နေပါ။

အချို့က Negative အားသန်တယ်။
အမြဲအတွေးတွေနဲ့ ပူတယ်။
တွေးတာတွေထုတ်ပြောတယ်။ ပြုလုပ်တယ်။
သူတို့အခြေနေ ၊သူတို့သဘာဝနဲ့ နှိုင်းပြီး ထင်တယ်၊ပြောဆို ပြုမူတယ်။

ကြုံဖူးတယ်။ သူတို့နဲ့စကားပြောရင် သူတို့ပြောတာနားထောင်နေရုံနဲ့ သူတို့ပြန်သွားရင် ကိုယ်ကပင်ပန်းပြီး ကျန်ခဲ့ရ။
စိတ်တွေပင်ပန်း လူကလည်း ဘာမှမလုပ်ချင်ပဲ အပူဓာတ်တွေကူးပြီး ကျန်ခဲ့။

အဲ့လိုသူတွေဘဝဟာ အဆင်ပြေလည်း ခဏပဲ။
သူတို့အမြဲ အဆင်ပြေချင်ရင်တော့ သူတို့စိတ်တွေပြောင်းမှရမယ်။
အတွေးပူ အလုပ်ပူတော့ လောကဓံအပူပဲလာတယ်။

ပိုင်းလော့ဆရာတော်ကြီးက "အချိန်တိုင်း တွေးနေ ဘဝပြောင်းပါတယ်"တဲ့။
ညောင်တုန်းဆရာတော်ကြီးက " မနောကံမတူရင် ကံတွေမတူဘူး" ဟောခဲ့တယ်။

Positive vibes နဲ့နေပါ။ အဆင်မပြေတဲ့ အခြေနေကြုံရင်တောင် ဘာနဲ့ပြေနိုင်မလည်းပဲ အရင်တွေးယူရမယ့်အခြေနေတွေပါ။

ဆရာမမွန်ဟော်စီစာအုပ်ထဲက စာသားလေးကြိုက်မိတယ်။
လိပ်တစ်ကောင်ဟာ ပက်လက်လှန်နေတာဟာ သူ့ဘဝအတွက် အခက်ခဲဆုံးအခြေနေတဲ့။ ဒါပေမယ့် ပက်လက်လှန်နေချိန် ကောင်းကင်ပြာကြီးမြင်ပြီး ငါပျံနိုင်ပါလားလို့ အထင်ရောက်နေတာဟာ အကောင်းမြင်ဝါဒပဲ တဲ့။
ငါအသက်ရှင်နေသေးတာပဲ ဆိုတဲ့ စိတ်နဲ့ ရှင်သန်ရမယ် ဆိုတာလေးရေးထားတာ သဘောကျမိတယ်။

အပူတွေ၊လောဘတွေနဲ့နေရင် အပူတွေပဲ ရလာမှာမို့ အအေးဓာတ်ပဲ ရအောင်ယူကြရမှာပဲလေနော်။

ဒါကြောင့် အဆင်ပြေနေတဲ့ ကာလကြီးမဟုတ်ပေမယ့် အနည်းဆုံးတော့ အသက်ရှင်နေသေးတယ်။

သူတစ်ပါးအပေါ် စိတ်အေးချမ်းမှုသာ ပေးနိုင်တဲ့ အတွေးအပြုမူမျိုးသာ မွေးမြူပီး positive vibes နဲ့သာ နေထိုင်ကြပါစို့နော်။

Address

Singapore

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+6588870744

Website

Alerts

Be the first to know and let us send you an email when မယ်တင့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မယ်တင့်:

Shortcuts

Share

Category