12/09/2026
မစီစဉ်ထားဘဲ ချစ်ခင်ရတဲ့သူတွေနဲ့ မွေးနေ့အတွက် မိသားစုလို အတူတူစားသောက်ဖြစ်ခဲ့တဲ့ အမှတ်တရလေးတစ်ခု 🤍
အဲဒီနေ့က တကယ်ကို ပင်ပန်းပြီး အိပ်ချင်နေခဲ့တာ။ မြန်မာပြည်က မိသားစုဆီ ခဏပြန်ဖို့ အလုပ်တွေကမပြီး၊ လိုအပ်တဲ့စာရွက်စာတမ်းတွေလဲ မပြီးသေးတာကြောင့် စိတ်ပူပြီး တစ်ပတ်လောက် ညဘက်တွေ အိပ်မပျော်ခဲ့ဘူး။ မနက်လဲ ထမပြေးနိုင်ခဲ့ဘူး။
အဲဒီလိုနဲ့ Post တစ်ခုတင်ရင်းကနေ စခဲ့တာပါ။ စားကောင်းသောက်ကောင်းရှိတိုင်း အမြဲဖိတ်ပြီး ကျွေးမွေးတတ်တဲ့ ချစ်ရတဲ့ညီမလေး Naw Soe Soe Kyawကျော်ကြီးက “အမ အိမ်လာမှာလား” တဲ့။
သူ့အိမ်က ကိုယ်နဲ့တော်တော်ဝေးတော့ တော်ရုံအစားအသောက်နဲ့ မျှားခေါ်ရင် မသွားတော့ဘူးပေါ့ 😝 ပင်ပန်းတာလည်းပါတယ်၊ဝိတ်လျှော့နေတာလည်းပါပါတယ်😂
ဒါပေမယ့် စကားပြောရင်း သူချက်ထားတဲ့အစားအစာပုံ ပို့လာတယ်။ ပထမပုံကိုပဲ ကြည့်ကြ 😁… ငြင်းဖို့က မဖြစ်နိုင်တော့ဘူး 😝 ကိုယ်အရမ်းကြိုက်တဲ့အရာလေးဖြစ်နေတာကိုး 😂😂
မဆွေနဲ့ ဒေါ်ဆန်ထရာကိုလည်း ခေါ်ထားတယ်တဲ့။ တွေ့ရခက်လွန်းတဲ့ ဒေါ်ဆန်ထရာလဲ့ပါတယ်ဆိုတော့… All-in-one package ပေါ့ 😝
ဒေါ်ဆွေနဲ့ ဒေါ်ဆန်ထရာကလည်း ကိတ်မုန့်လေး တိတ်တိတ်ဝယ်လာပြီး စားပြီးရင် အချိုတည်းကြမယ်တဲ့။ ဒီလိုနဲ့ မွေးနေ့ကိတ်လေးလည်း ခွဲဖြစ်သွားတယ် 🎂🤍
စားပြီးသွားတော့… မျက်လုံးတွေမဖွင့်နိုင်တော့ဘူး ၊ မျက်စိမှိတ်ရင်းအိမ်ပြန်ရောက်ရင်ကောင်းမှာပဲလို့ 😂
ဘယ်လိုပဲဖြစ်ဖြစ် မစီစဉ်ထားပါဘဲ အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဒီနှစ်မွေးနေ့မှာလည်း အမှတ်တရကောင်းလေးတစ်ခု ရရှိခဲ့ပါတယ်။ သုံးယောက်လုံးကိုကျေးဇူးတင်ပါတယ်နော်။ 🤍
အသက်လည်း မငယ်တော့ဘူး။ မိသားစုနဲ့လည်း အတူတူရှိမနေတော့ မွေးနေ့ကို အထူးတလည် မကျင်းပတော့ဘဲ အေးအေးဆေးဆေးပဲ ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားခဲ့တာ။
ဒါပေမယ့် ဘုရားသခင်ကတော့ အမြဲတမ်း ကိုယ်မမျှော်လင့်ထားတဲ့နည်းလမ်းတွေနဲ့ အကောင်းဆုံး ပြင်ဆင်ပေးတတ်ပါတယ်။ 🤍
အသက်တစ်နှစ် ထပ်ပြီးရှင်သန်ခွင့်ရခဲ့ခြင်းအတွက် ဘုရားသခင်ကိုသာ အထူးကျေးဇူးတင်ပြီး ချီးမွမ်းပါတယ်။ 🙏🏻
Another year, another grace. 🤍
နောက်ဆုံး ၂ ပုံက အသက် 😝😝
Thankful for life, love, and the people God has placed around me. 🤍