20/06/2026
Maxx $12 တန်က မြန်မာပြည်ကို မိနစ် ၆၀၀ ကြီးများတောင် တိုက်ရိုက်ဖုန်းဆက်ခွင့် ပေးထားပါပြီ။
ဟိုနိုင်ငံ၊ ဒီနိုင်ငံ သွားတတ်တဲ့သူတွေအတွက်လည်း Free Voice Roaming ပေးထားတဲ့အတွက် ရိုးရိုးဖုန်းခေါ်ရုံနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်လို့ရပါပြီ။
နိုင်ငံ ၅၇ နိုင်ငံအတွက် Voice Roaming ပေးထားပါတယ်။ အများစု သွားနေကြဖြစ်တဲ့ နိုင်ငံတွေအားလုံးနီးပါး ပါပါတယ်။ မလေး၊ အင်ဒို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ တိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ အော်ဇီ၊ နယူးဇီလန်၊ အိန္ဒိယ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဖင်လန်၊ ဆွီဒင်၊ ယူကေ၊ ကနေဒါ၊ အမေရိကန် စသဖြင့်ပေါ့။
Data Roaming ကိုလည်း 600 GB အထိ မလေး၊ အင်ဒို အပြင် ထိုင်းနဲ့ ဟောင်ကောင်မှာပါ ပေးသုံးလိုက်ပါပြီ။ ကျန်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အော်ဇီ၊ နယူးဇီလန် လိုနိုင်ငံတွေကတော့ 27GB ရပါမယ်တဲ့။