Hin Tha Minimart Singapore ဟင်္သာ စင်ကာပူ

Hin Tha Minimart Singapore ဟင်္သာ စင်ကာပူ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hin Tha Minimart Singapore ဟင်္သာ စင်ကာပူ, Grocers, No. 111 North Bridge Road, #03-50, Pen*sula Plaza, Singapore.

ဘာပဲလိုလို ဟင်္သာ ကို သတိရလိုက်ပါရှင်

ဟင်္သာ တံဆိပ်သီးသန့် Qualityမြင့် အရသာရှိသော
မြန်မာစားစရာအမျိုး(500)ကျော် နှင့်
လတ်ဆတ်တဲ့ မြန်မာအစားအစာတွေ အစုံရသော
စင်ကာပူ က မြန်မာများ အတွက်
လိုတာဖြည့်ဆည်းပေးမယ့် One-Stop
မြန်မာမီနီမတ်ပါရှင်

We Cooks with Love.

 #အသုပ်စုံ@  #အစုံသုပ် ရောင်းရင် အားပေးကြမှာလားရှင်...😁🙏ပုံတွေအားလုံး Credit ပါရှင်🙏
05/10/2026

#အသုပ်စုံ@ #အစုံသုပ် ရောင်းရင် အားပေးကြမှာလားရှင်...😁

🙏ပုံတွေအားလုံး Credit ပါရှင်🙏

ဟင်္သာ တံဆိပ် ရှယ်  #အုန်းနို့ခေါက်ဆွဲ မစားဖူးသေးရင် စားကြည့်ကြပါရှင်စျေးကြီးသော  #ငါးဖယ်ခြစ် တွေပါ ထည့်ချက်ထားပါတယ်ရှင်...
05/10/2026

ဟင်္သာ တံဆိပ် ရှယ် #အုန်းနို့ခေါက်ဆွဲ

မစားဖူးသေးရင် စားကြည့်ကြပါရှင်

စျေးကြီးသော #ငါးဖယ်ခြစ် တွေပါ ထည့်ချက်ထားပါတယ်ရှင်

❌ကြက်သားဆိုရင်လည်း
စားလို့မကောင်း အချိုအရသာမရှိ
ဖွယ်တယ်တယ်
စျေးပေါတဲ့
1kg မှ $4 လောက်ပဲ ပေးရသော
frozen ကြက်သား အခဲတွေ မသုံးပဲ❌

✅စျေးကြီးသော NTUC Fair Price က
တစ်ကောင်ကို
$15 ပေးရသော
Fresh Sakura Chickenကြက်သား ချိုချို တွေနဲ့ ချက်တာပါရှင်

လျှို့ဝှက် recipe နဲ့ ချက်ထားလို့
သူများနဲ့ မတူသောအရသာ နဲ့
ဟင်္သာ စတိုင် အုန်းနို့ခေါက်ဆွဲပါရှင်

ဟင်္သာငချိတ်ပေါင်းကို ဟင်္သာ ပဲပြုတ်နဲ့ရောနယ်ပြီး ဒီလို အလုံးလေးတွေ လုပ်ပြီး စားလို့ရပါတယ်ရှင်
05/10/2026

ဟင်္သာငချိတ်ပေါင်းကို ဟင်္သာ ပဲပြုတ်နဲ့ရောနယ်ပြီး ဒီလို အလုံးလေးတွေ လုပ်ပြီး စားလို့ရပါတယ်ရှင်

 #ပဲပလာတာ နှစ်မျိုး စင်ကာပူkitchen မှာ နေ့စဥ်ကြော်ပြီး နေ့စဥ်ရောင်းပါတယ်ရှင်1️⃣ #ပဲပလာတာ နှင့်2️⃣ #ငချိတ်လိပ်ခုတ်(ငချိတ်...
05/10/2026

#ပဲပလာတာ နှစ်မျိုး စင်ကာပူkitchen မှာ နေ့စဥ်ကြော်ပြီး နေ့စဥ်ရောင်းပါတယ်ရှင်

1️⃣ #ပဲပလာတာ

နှင့်

2️⃣ #ငချိတ်လိပ်ခုတ်(ငချိတ်ပဲပလာတာ)

ဘယ်တော့မှမရိုးတဲ့ ပဲပြုတ် နံပြား စားချင်ရင်ဘယ်ဆိုင်နဲ့မှ မတူသောဝယ်သူတွေ မှတ်ချက်ပေးထားသောစင်ကာပူမှာ အကောင်းဆုံး ပဲပြုတ် ...
05/10/2026

ဘယ်တော့မှမရိုးတဲ့ ပဲပြုတ် နံပြား စားချင်ရင်

ဘယ်ဆိုင်နဲ့မှ မတူသော

ဝယ်သူတွေ မှတ်ချက်ပေးထားသော

စင်ကာပူမှာ အကောင်းဆုံး ပဲပြုတ် နဲ့

အကောင်းဆုံး နံပြား ရတဲ့

ဟင်္သာ ဆိုင်ကို ကြွလှမ်းခဲ့ကြပါ...‼️

📌ပြောတဲ့အတိုင်းမဟုတ်ရင် ငွေ နှစ်ဆ ပြန်အမ်းပါမယ်ရှင်

26.10.2026 (တနင်္လာနေ့)သည်  #သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါတယ်ရှင်အလှူပစ္စည်းများ လှူဒါန်းချင်သူများအတွက် ဟင်္သာ မှာ လှူဖွ...
05/10/2026

26.10.2026 (တနင်္လာနေ့)သည် #သီတင်းကျွတ်
လပြည့်နေ့ ဖြစ်ပါတယ်ရှင်

အလှူပစ္စည်းများ လှူဒါန်းချင်သူများအတွက်
ဟင်္သာ မှာ လှူဖွယ်ပစ္စည်းအစုံ ရှိပါတယ်ရှင်🙏

----------------🙏🙏🙏-------------

အလှူအတန်းလုပ်ချင်သူများအတွက်

Qualityမြင့်အရသာရှိသော
Premium ဟင်္သာ တံဆိပ်

Main Dish
Side Dish
ငပိရည်/တို့စရာ
အချိုပွဲ
စားစရာမျိုးစုံ

မြန်မာတစ်နိုင်ငံလုံးက စားစရာမျိုးစုံတွေ
စုံပလုံစိအောင်

တစ်နေရာတည်းမှာ အစုံရှိပါတယ်ရှင်

----------------🙏🙏🙏-------------

သီတင်းကျွတ်လပြည့်‌နေ့ (အဘိမ္မာအခါတော်နေ့)
6.10.2025 Monday

#သီတင်းကျွတ်လပြည့်နေ့
သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့
အဖြစ်အသိအမှတ်ပြုကြသည်။
မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို
ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့်
ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ
ဆင်ယင်ကျင်းပခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊
အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်
သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌
ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍
ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။
တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။
ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။
တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။
ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။
မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားရှင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။
မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။
မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။
ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။
လောကီလူတို့၏ ထုံးစံအရလည်း အိမ်ရာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။
အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်၊၊

သီတင်းကျွတ်မီးထွန်းပွဲတော်က သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပတဲ့ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်ပြီး သင်္ကြန်ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယမြောက် အကျော်ကြားဆုံး ပွဲတော်တစ်ခုလဲဖြစ်ပါတယ်။

မီးထွန်းပွဲတော်၊ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာလမှာ ကျင်းပလေ့ရှိပြီး နေအိမ်များ၊ လမ်းများနဲ့ လုပ်ငန်းများကို မီးရောင်များဖြင့် အလှဆင်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဝါတွင်းကာလ ကုန်ဆုံးချိန်လဲဖြစ်ပါတယ်။ ဤပွဲက မယ်တော်သုတိတာနတ်သားအပါအဝင် နတ်ဗြဟ္မာတို့အား ဓမ္မတရားတော်များ ဟောကြားပြီးရာ မြတ်စွာဘုရားရှင် လူပြည့်သို့ ပြန်လည် ကြွလာတော်မူသည့် အထိမ်းအမှတ်ပွဲပဲဖြစ်ပါတယ်။ မိဘများ၊ ဆရာများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများအပါအဝင် သက်ကြီးရွယ်အိုများအ‌ ပေါ်တွင် မိမိကျူးလွန်မိခဲ့တဲ့ အပြစ်များကို ခွင့်လွှတ်‌ပေးဖို့ဝန်ချတောင်းပန်ရတဲ့ အချိန်လဲဖြစ်ပါတယ်။ မီးထွန်းပွဲတော်ကို မိသားစုဝင်တွေစုပြီး ဆင်နွှဲကြတဲ့အတွက် မြန်မာတို့ရဲ့ ခရစ္စမတ်ကာလလို့လဲ တင်စားခေါ်ဝေါ်လို့ရပါသေးတယ်။
မကြာခင်မှာ ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ပွဲတော်ကို ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏

-----------🦅🦅🦅---------------

ဆိုင်လိပ်စာကတော့
🏠🏠🏠🏠🏠
HIN THA Minimart
Address- 111 North Bridge Road
#03-50, Peninsula Plaza, Singapore 179098
(စက်လှေခါးနဲ့ ၃ လွှာ ကို တက်လိုက်တာနဲ့ ဟင်္သာ ဆိုင် ကို တွေ့ရမှာပါ)
☎📞📱Ph:63385574

05/10/2026

ဟင်္သာ မှာ ရပါတယ်ရှင်

ထုပ်လို့မနိုင်အောင် ရောင်းကောင်းနေတဲ့ဟင်္သာ  #ကောက်ညှင်းထုပ် 🔥တွေ ယခင်ထက်ပိုပြီးအများကြီးထုပ်ထားပါတယ်ရှင်ယနေ့ Monday ရပါ...
05/10/2026

ထုပ်လို့မနိုင်အောင် ရောင်းကောင်းနေတဲ့
ဟင်္သာ #ကောက်ညှင်းထုပ် 🔥တွေ ယခင်ထက်ပိုပြီး
အများကြီးထုပ်ထားပါတယ်ရှင်

ယနေ့ Monday ရပါတယ်ရှင်

📌 နေ့တိုင်းမရပါဘူးရှင်

📌ရတဲ့နေ့ ကြော်ငြာပါတယ်ရှင်

1️⃣ ဟင်္သာ ပဲကောက်ညှင်းထုပ်
2️⃣ ဟင်္သာ ငှက်ပျောကောက်ညှင်းထုပ်

👍 ပဲအများကြီး
👍 ငှက်ပျောသီးအများကြီး
ထည့်ပေးထားပါတယ်ရှင်

စေးပိုင်ပိုင် အရသာနဲ့
အထုပ်အကြီး Size ကောက်ညှင်းထုပ် ပါနော် 🤤

🌿❌အုန်းနို့ / သကြား မပါတဲ့
✅မြန်မာစတိုင်
✅မြန်မာအကြိုက်
✅မြန်မာ့ရိုးရာအရသာစစ်စစ်

200g – $3.00

-------------🫔🫔🫔🫔🫔-------------

✨ ဘာကြောင့် ဟင်္သာ ကောက်ညှင်းထုပ်က
လူကြိုက်များလဲ?

✔️ ကောက်ညှင်းတွေ စီးပြောင်တင်းတင်း
( ပျော့စိပြဲမနေဘူး)
✔️ အထားခံတယ် – Chiller ထဲမှာ (5)ရက်၊ Freezer ထဲမှာ (2)လ
✔️ ပဲ / ငှက်ပျောသီး အများကြီးထည့်ထားတယ်

🍌 ငှက်ပျောသီးက အိစက်ချိုမြ
❌(မမာပါ)

🍡 ပဲကတော့ နူးနပ်နေအောင် ပြုတ်ထားပြီး
ပဲများများ

⏰ ရောက်တာနဲ့ မြန်မြန်ကုန်တတ်တဲ့
ကောက်ညှင်းထုပ်ဖြစ်လို့
လိုချင်သူတွေ စောစောလေး လာယူထားပါနော်…

🛑 မှတ်ချက်
အုန်းသီးမပါပါဘူးရှင်
လက်ခြစ် အုန်းသီးအမျှင် လိုချင်ရင်
တစ်ထုပ် $1.00 နဲ့ ဝယ်ယူနိုင်ပါတယ်ရှင်....

--------🦅🦅🦅🦅🦅---------

📍 HIN THA Minimart
111 North Bridge Road
#03-50 Peninsula Plaza
Singapore 179098

(စက်လှေခါးနဲ့ 3rd floor တက်တာနဲ့ ဆိုင်ကို တွေ့နိုင်ပါတယ်)

☎ 6338 5574

🩵💙Good Morning ပါရှင်...💙🩵
05/10/2026

🩵💙Good Morning ပါရှင်...💙🩵

Address

No. 111 North Bridge Road, #03-50, Pen*sula Plaza
Singapore
179098

Alerts

Be the first to know and let us send you an email when Hin Tha Minimart Singapore ဟင်္သာ စင်ကာပူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hin Tha Minimart Singapore ဟင်္သာ စင်ကာပူ:

Shortcuts

Share

Category