Real Life, Real Grit by Amy

Real Life, Real Grit by Amy How to survrice 🫡

20/08/2026

ဒေါ်လာ၅သိန်းရဖို့ ဘယ် website ကို ဘယ်လိုသုံးရင်ရလဲ

18/08/2026

စလုံးမှာ ဒေါ်လာ ၅သိန်းကောက်ကြမယ် #ကံထူးရှင်

12/08/2026

နိုင်ငံခြားမှာ အလုပ်လုပ်တာက ထင်သလောက် မလွယ်ပါဘူး။
အရမ်းပင်ပန်းတယ်၊ အထီးကျန်တယ်၊ စိတ်ဖိစီးမှုတွေလည်း များတယ်။

ဒါကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ စဉ်းစားနေတဲ့သူတွေ ဒီ Video လေးကို အဆုံးထိကြည့်စေချင်ပါတယ်။
တကယ်လုပ်နိုင်တဲ့ စိတ်ဓာတ်၊ အဆင်သင့်ဖြစ်မှ လာဖို့ပါ။

#နိုင်ငံခြားအလုပ် #ပြည်ပအလုပ်အကိုင် #မြန်မာရွှေ့ပြောင်းအလုပ်သမား #ဘဝအတွေ့အကြုံ #စိတ်ခွန်အား

11/08/2026

စင်္ကာပူမှာ အလုပ်လုပ်ချင်ရင် ဘာဘာသာစကားကို သင်သင့်လဲ? ဘယ်နယ်ပယ်တွေက လစာကောင်းလဲ? 🇸🇬💼 ဒီဗီဒီယိုမှာ အသေးစိတ် ပြောပြထားပါတယ်။

#စင်္ကာပူအလုပ် #ဘာသာစကား #လစာကောင်းအလုပ် #အလုပ်အကိုင် #ဗဟုသုတ

Like & Follow လုပ်ထားပြီး နောက်ထပ် အသုံးဝင်တဲ့အကြောင်းအရာတွေကို မလွတ်တမ်းကြည့်လိုက်ပါ။ ❤️

02/08/2026

🏠 အေးဂျင်စီပေးတဲ့ အခန်းမှာ ကြုံနိုင်တဲ့ ပြဿနာတွေ…

စင်ကာပူမှာ အခန်းငှားတာ၊ အလုပ်အကိုင်၊ နေထိုင်မှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံနဲ့ အသုံးဝင်တဲ့ အချက်အလက်တွေကို ဒီ Page မှာ အမြဲမျှဝေပေးသွားမှာပါ။

💙 Like & Follow လုပ်ထားပြီး နောက်ထပ်ဗီဒီယိုတွေကို မလွတ်တမ်းကြည့်လိုက်ပါနော်!

30/07/2026

Singapore အလုပ်လုပ်ချင်သူတိုင်း သိထားသင့်တဲ့ Work Pass အကြောင်း! 🇸🇬

WP, SP, EP က ဘာကွာလဲ? Quota ဆိုတာဘာလဲ? Salary ဘယ်လောက်လိုလဲ?

ဒီ Video တစ်ခုတည်းနဲ့ အခြေခံအချက်တွေကို လွယ်လွယ်နဲ့ နားလည်နိုင်အောင် ရှင်းပြထားပါတယ်။

Page လေးကို like and follow လုပ်ခဲ့ကြပါအုံးရှင့်

#စင်ကာပူအလုပ် #အလုပ်ပါမစ် #အလုပ်အကိုင် #စင်ကာပူဘဝ #နိုင်ငံခြားအလုပ်

28/07/2026

✨ Real Life, Real Grit by Amy ✨

Singapore မှာ နေထိုင်ရတဲ့ အတွေ့အကြုံအစစ်တွေ၊ အလုပ်အကိုင်၊ ကျောင်း၊ နေထိုင်မှုနဲ့ လူတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေကို sharing လုပ်ပေးမယ့်Page လေးပါ 🇸🇬

ဒီနေ့တော့ “6 လကျောင်း + 6 လအလုပ်သင်” အကြောင်း မျှဝေပေးထား
ပါတယ်ရှင့်

Real Life, Real Grit by Amy ကို Follow လုပ်ထားပေးပါအုံးနော်

ှာနေထိုင်ခြင်း

ွေ့အကြုံ


Singapore က ကျောင်းစရိတ်နဲ့ အခြေခံကုန်ကျ စရိတ် မင်္ဂလာပါ Amy ဒီနေ့ sharing လုပ်ပေးချင်တဲ့ Content လေးကတော့ စလုံး ကျောင်း...
22/07/2026

Singapore က ကျောင်းစရိတ်နဲ့ အခြေခံကုန်ကျ စရိတ်

မင်္ဂလာပါ Amy ဒီနေ့ sharing လုပ်ပေးချင်တဲ့
Content လေးကတော့ စလုံး ကျောင်းထားမယ်ဆို ဘယ်လောက်ကုန်မလဲ စားစရိတ်ဘယ်လောက်ရှိလဲ
ဘယ်မေဂျာ ဘယ်ကျောင်းတွေ ရှိလဲ ဆိုတာကိုပြောပြပေးမှာပါရှင့်

ပထမဦးစွာ Amy က ဒီinformation ကို လက်ရှိကျောင်းတက်နေတဲ့ညီမလေးတွေကို မေးပြီး သူတို့ တကယ်
ကုန်ကျတဲ့ စရိတ်ကို ပြန်လည် sharing လုပ်ပေးတာပါ။ ဖြေပေးတဲ့ညီမလေးတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်

Ok အရင်ဆုံးပြောချင်တာလေးကတော့ နိုင်ငံခြားမှာ University ဆိုရင် Amy တို့ မြန်မာလို ဆေးကျောင်းက သက်သက် အင်ဂျင်နီယာက သက်သက်မဟုတ်ပါဘူး ကျောင်း တစ်ကျောင်းထဲမှာပဲ major အစုံရှိတာပါ အဲ့တော့ နိုင်ငံခြားမှာကျောင်းတက်ချင်တယ်ဆိုရင် major အရင်ရွေးပါ အဲ့major ရှိတဲ့ကျောင်းတွေပြန်ရှာပါ
ပြီးမှ ကိုယ့် budget နဲ့ ကိုက်ညီတဲ့ကျောင်းကို ပြန်ရွေးနိုင်ပါတယ်

ဒီနေ့ Amy က ကျောင်း 2ကျောင်း အကြောင်းကို
အရင်ပြောပြပါ့မယ်

1 Stanfort Academy *London* Met Collboration
ကျောင်း အမျိုးအစားက Private ဖြစ်ပါတယ်
ရွေးချယ်နိုင်တဲ့ Major တွေအနေနဲ့
Hospitality/ Business/Finance / Accounting/ Management / AI
Amy မေးထားတဲ့ ညီမလေးက Travel and tourism Management major နဲ့ကျောင်းတက်နေပါတယ်
သူ့major နဲ့ ပတ်သက်တာလေးတွေ share ပေးပါ့မယ်
Duration -3years ပါ
First year မှာ Diploma
Second year မှာ Advanced Diploma
Final မှာ Bachelor degreeရပါတယ်
ပထမ ၂နှစ်မှာ school fees က တစ်နှစ်ကို 6000$ ကျပြီးတော့
Final အတွက်ကတော့ over 10000$ ပေးသွင်းရပါတယ်
3years total က 27000$ ဝန်းကျင်အထိရှိပါတယ်
တစ်နှစ်စာကို တစ်ခါတည်း ငွေချေရပြီး အရစ်ကျခွဲပေးလို့မရပါဘူး
Diploma တန်းမှာ Intern ဆင်းလို့ရတာတွေရှိပြီးတော့ intern လုပ်မလုပ်ကို ရွေးချယ်ခွင့်ရှိပါတယ်
Diploma ဘွဲ့တွေကတော့ Singapore နိုင်ငံကပေးတာဖြစ်ပြီး Final Bachelor ကတော့ London နိုင်ငံ အသိမှတ်ပြုဘွဲ့ကို ရမှာပဲဖြစ်ပါတယ်

သူ့ရဲ့လစဉ် အသုံးစားရိတ်တွေကတော့
စားစရိတ် - 300$
Rent - 600$ share room ရေဖိုးမီးဖိုးပါ
တစ်လလုံး phone bills , transportation fee စားစရိတ် အခန်းငှါးခအပါအဝင် 1200$ အထိ ကုန်ကြပါတယ်လို့ ညီမလေးက share ထားပါတယ်
(Amy အခုshare ပေးတာတွေသည် major တစ်ခုတည်းနဲ့ ညီမလေးရဲ့ အသုံးစရိတ်ပါ major မတူ၊ အိမ်နေရာမတူရင် fees မတူညီမှုများရှိနိုင်ပါသည်)

ဒုတိယ ကျောင်း

2 Singapore Institute of Management
သူကလည်း private school ပါ
ရွေးချယ်နိုင်တဲ့ majors တွေက
Business/ Finance/Accounting /Management/
IT related majors တွေ ရှိပါတယ်
Amy ကို sharing လုပ်ပေးလာတဲ့ ညီမလေးက
Finance and Accounting major ယူထားတဲ့ကျောင်းသူလေးပါ
Duration - 1and half year for Diploma
2 years for Bachelor degree
Fees ကတော့
Diploma တန်းအတွက် 15000$ ကုန်ကျပြီး
3000$ ကို 5 ခါ ခွဲသွင်းလို့ရပါတယ်

Bachelor အတွက် 2years မှာ
1နှစ်ကို semester 2ခု ရှိပြီး
Semester တစ်ခုကို 10000$ ကျော် တစ်ခါတည်းပေးသွင်းရပါတယ်
Bachelor 2 years စာ total fee က 46000$ ဝန်းကျင် ကျသင့်ပါတယ်
(ဒီကျောင်းမှာလည်း major အလိုက် fees တွေ မတူနိုင်ပါ)
ဒီကျောင်းမှာ intern မရှိပါဘူး အချိန်ပိုင်းလုပ်လို့ရပါတယ် ကျောင်းပြီးရင် အလုပ်ရနိုင်ခြေ မြင့်တဲ့အထဲမှာလည်းပါပါတယ် (မြင့်တယ်ပဲပြောတာပါ သေချာပေါက်လို့မပြောပါ )

သူ့ တစ်လ အသုံးစရိတ်တွေကို share ပေးပါ့မယ်
စားစရိတ် -200$-400$
အိမ်လခ - 680$ shared room မီးဖိုးရေဖိုးပါ
တစ်လ အသုံးစရိတ် rent , စားစရိတ် , transportation fees , phone bills အပါအဝင်ဆို
1200$ -1300$ ဝန်းကျင်အထိရှိပါတယ်
သူတို့ က ဘယ်လို လာသလဲဆိုရင် Agency နဲ့ချိတ်လာတာပါ
Agency fee ကတော့ ကျောင်းတွေနဲ့ partnership ရှိလို့ ပေးစရာမလိုပါဘူး

ဒုတိယ ညီမလေး လာတဲ့ Agency နာမည်ကMyanmar Search Internationalပါ

Amy ဒီနေ့တော့ ဒီ 2ကျောင်းကိုပဲ အရင် sharing လုပ်ပေးပါရစေ
ဖော်ပြခဲ့တဲ့ စျေးနှုန်းတွေသည် SGD နဲ့ဖော်ပြထားတာပါ
Amy စာလေးတွေဖတ်ပြီး ဗဟုသုတရပြီး ကျောင်းအတွက်လည်းအထောက်အကူပြုနိုင်ပါစေလို့ မျှော်လင့်ပါတယ်ရှင့်
နောက်ထပ် လည်း Amy သိတဲ့ကျောင်းလေးတွေ share ပေးပါမယ်ရှင့် ကျေးဇူးတင်ပါတယ်

Singapore ၆လကျောင်း ၆လအလုပ်သင် program ရဲ့ဂျင်းများAmy ဒီနေ့ sharing လုပ်ပေးမှာကတော့ စလုံးရဲ့ ဂျင်းတွေထဲက တစ်ခု ဖြစ်တဲ့ ...
01/07/2026

Singapore ၆လကျောင်း ၆လအလုပ်သင် program ရဲ့ဂျင်းများ

Amy ဒီနေ့ sharing လုပ်ပေးမှာကတော့ စလုံးရဲ့ ဂျင်းတွေထဲက တစ်ခု ဖြစ်တဲ့ ကျောင်းprogram အကြောင်းလေးပါ

ဘာလို့ဂျင်းလို့ပြောတာလဲ
သူက အမြန်ထွက်လို့ ရတယ် ၆လစာသင်ပြီး
၆လ အလုပ်လုပ်ရမယ် ပြီးရင် ကြိုးစားတဲ့ သူတွေက အလုပ်ရတယ် အဲ့မှာ အလုပ်ရတယ်ဆိုတဲ့ နေရာက ဂျင်းအကြီးစားပဲ

အမြန်ထွက်ရတာလည်းဟုတ်တယ် အလုပ်သင်ဝင်ရတာလည်း ဟုတ်ပေမယ့် အဲ့ကလေးတွေသည် တကယ် full time အတွက် အေးဂျင့်နဲ့ ပြန်သွားရပါတယ် ၁၀၀မှ ၉၉ယောက်က အဲ့လိုပါပဲ ၁ ယောက်က
အရင်ဘဝက နိုင်ငံကယ်တဲ့ကောင်းမှုတွေလုပ်ထားတဲ့သူမျိုးမှ ရပါမယ်

ပြီးရင်ကျောင်းတက်ရင်း အချိန်ပိုင်းဝင်ပြီး အိမ်ကိုထောက်ပံ့ရမယ်ဆိုရင်တော့ ကျောင်းprogram ကအဆင်မပြေပါ စလုံးမှာကကျောင်းသားတိုင်း အချိန်ပိုင်းလုပ်ခွင့်မရှိပါဘူး ခွင့်ပြုထားတဲ့ ကျောင်းတွေက သပ်သပ်ရှိပါတယ် တစ်ပတ် ၁၆နာရီပဲ လုပ်ခွင့်ရှိပြီး ကျောင်းလခလည်းစျေးကြီးပါတယ်

အိမ်က ထောက်ပံ့ပေးနိုင်လို့ စလုံးကျောင်းက ဘွဲ့ကို ယူချင်လို့ဆိုရင်တော့ ကျောင်းတက်ပါ မဟုတ်ဘူး ကျောင်းတက်တာထက် ပိုက်ဆံရှာဖို့ဆိုရင် အစကတည်းက အေးဂျင့်နဲ့အလုပ်ပဲရှာပါ

တချို့ အေးဂျင့်တွေက အလုပ်သင်သူဌေးက သဘောကျရင်ဆက်ခန့်တယ်ဆိုတာတွေပြောပါတယ် တချို့အေးဂျင့်နဲ့ အလုပ်ရှင်တွေ ကလက်ဝါးချင်းရိုက်ထားကြတာပါ အလုပ်သင်လစာနည်းနည်းပေး ၆လလောက်ခိုင်း ပြီးရင် ဆက်မခန့် နောက်အလုပ်သင်အစားထိုးနဲ့ အကွက်တွေပါ တချို့ (TEP)တွေလည်းအဲ့လိုတွေပဲ

အဲ့တော့ အစကတည်းက ရည်ရွယ်ချက်သည် ကျောင်းလား အလုပ်လား ဆုံးဖြတ်ချက်ချပါ
နေစားစာရိတ်ကလည်း မချောင်ပါဘူး စလုံးက စားရိတ်ကြီးပါတယ်

တချို့ အေးဂျင့်တွေက အဆောင်နေစရာစီစဉ်ပေးတယ်ဆိုပြီး တစ်ခန်း ၆ယောက်ပြုံထည့်တာမျိုးတွေလည်းရှိပါတယ်

အဲ့တော့ အိမ်က ထောက်ပံ့နိုင်လို့ ကျောင်းကိုပဲ စာသင် စာလေ့လာချင်တဲ့ ကလေးတွေကတော့ ဘာမှမဖြစ်ပေမယ့် အိမ်ကိုပြန်ထောက်ပံ့ရမယ် သူတွေအနေနဲ့တော့ ဒီလမ်းကိုမရွေးစေချင်ပါဘူး

ဒီနေ့sharing လေးကတော့ ဒီလောက်ပါပဲ
သေချာဆုံးဖြတ် ရွေးချယ်နိုင်ကြပါစေ
သိချင်တာလေးတွေရှိရင်လည်းမေးနိုင်ပါတယ်
Amy သိသမျှကို sharing လုပ်ပေးပါ့မယ်

နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အရင်ဆုံး ဘာတွေပြင်ဆင်ရမလဲ  ( part 2 )  #ထိုင်းနိုင်ငံအိမ်နီးချင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်င...
28/05/2026

နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အရင်ဆုံး ဘာတွေပြင်ဆင်ရမလဲ ( part 2 )
#ထိုင်းနိုင်ငံ

အိမ်နီးချင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက အလွယ်ဆုံးထွက်လို့ရတယ်လို့ လူတိုင်းတွေးတဲ့ ပထမဆုံးနိုင်ငံ

အပေါ်လမ်းအောက်လမ်း အစုံဝင်လို့ရတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အပြင် တချို့နေရာတွေမှာ အာရကေနဲ့ဖြေရှင်းလို့ရတာတွေပါရှိတယ်

ဒီနိုင်ငံကိုအပေါ်လမ်းက လာတဲ့သူတွေက TR visa နဲ့ဝင်တယ် အထဲရောက်မှ တစ်လချင်း visa သက်တမ်းတိုး (၃ခါ) ရပြီးတော့ ပန်းရောင်ကတ် ( ဘတ်) ရိုက်တဲ့ သူတွေရှိတယ်

အောက်လမ်းက လာတဲ့သူတွေကလည်း ကမ်းကူးတယ် ပန်းရောင်ကတ်(ဘတ်)ဖွင့်တဲ့အချိန် card လုပ်ပြီး တရားဝင်နေလို့ရအောင်ပြောင်းလို့ရတယ်

အဲ့တော့မလာခင်မှာ ကိုယ်ကဘယ်လိုလာမှာ ဘာဆက်လုပ်မှာကို အရင်ဆုံးဖြတ် ပြီးရင် ယုံကြည်ရတဲ့ အေးဂျင့်တစ်ခုကို ရအောင်ရှာ

ပန်းရောင်ကတ်က တစ်နှစ်ကို အရင်က ၂ခါလောက် ဖွင့်ပေးပေမယ့် ၂၀၂၄ နောက်ပိုင်းမှာ တစ်နှစ်တစ်ခါတောင် ဘယ်တော့မှန်း အတိအကျမသိရဘူး

တချို့ အေးဂျင့်တွေက ဖွင့်တော့မှာဆိုပြီး ပိုက်ဆံတွေကြိုတောင်းတယ် တကယ်မဖွင့်ပဲ ပိုက်ဆံဆုံးတဲ့အခြေအနေတွေ

ကတ်ဖွင့်တော့မှာဆိုပြီး ကိုယ်က နိုင်ငံထဲဝင်ပြီး မဖွင့်သေးလို့ တစ်လချင်းတိုးရ နိုင်ငံကပြန်ထွက်ရတွေလည်းရှိတယ်

အဲ့တော့သေချာတဲ့ အေးဂျင့်ကိုရှာပါ မိအေးနှစ်ခါနာတွေ အဖြစ်မခံပါနဲ့

အခုဆို fb မှာ ပန်းရောင်ကတ်လို့ရေးရှာရင် အသေးစိပ်ရေးပြထားတဲ့ အေးဂျင့်တွေပေါပါတယ် အကုန်လုံးကိုလိုက်ဖတ်ပါ

အလုပ်ကိုကြိုရှာလာပါ ထိုင်းစကားမရ visa မရှိသေးရင် အလုပ်ကမလွယ်ပါ

တချို့အေးဂျင်စီတွေရှိတယ် လာပြီးမှရှာ နေစရာပေးထားမယ် တစ်လဘယ်လောက်ပဲပေးဆိုပြီး ခေါ်တင်ပြီး အလုပ်ကမရ ဗီဇာက သက်တမ်းတိုးရ နေစရာ အခန်းခဖိုးတွေကကုန်လာနဲ့ ဖြစ်တဲ့သူတွေလည်းရှိပါတယ်

Amy ရဲ့ ထိုင်းနိုင်ငံမှာ ငတ်ဖူးတယ်ဆိုတဲ့ post မှာလည်း Amy ကိုယ်တိုင်ကြုံခဲ့ရတာတွေရေးပြထားပါတယ်

အဲ့တော့ ယုံကြည်ရတဲ့ လူကိုရှာပါ တစ်ခါတည်း အလုပ်ပါကြိုချိတ်ပါ သူများနိုင်ငံမှာ ဒုက္ခရောက်တာက တော်တော်ကိုမလွယ်တာပါ
အဲ့ဒီ ခံစားချက်တွေကနေ ကင်းဝေးကြပါစေ

#နိုင်ငံခြားအလုပ်အကိုင်
#နိုင်ငံခြားအလုပ်

Address

9 Lock Road, 47 Malan Road
Singapore
108937

Website

Alerts

Be the first to know and let us send you an email when Real Life, Real Grit by Amy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share