27/10/2026
ကိုယ်ကျိုးစီးပွားနဲ့ တကိုယ်ရေကောင်းစားရေးတွေကို လျှော့ကြဖို့ပြောတဲ့ Post တိုင်း Ha ha လာပေးတဲ့သူတွေရှိတယ်။
အင်း... နာလိုခံခက်ဖြစ်ပြီထင်ပါရဲ့။
သူတို့ခိုးတာပြောတိုင်း တခြားသူခိုးတွေကိုပါ လက်ညှိုးထိုးပြတဲ့ သောက်ကျင့်ကြီးက အရိုးစွဲနေပြီ။
ကိုယ်မခိုးရင် မခိုးဘူးလို့ပဲ ပြောစမ်းပါ။
ဟိုလူတွေလည်း ခိုးတာပဲဆိုပြီး ကလေးအထာနဲ့မပြောစမ်းနဲ့။
ဟိုလူတွေခိုးတာက လူတိုင်းသိတယ်။
မခိုးပါဘူးပြောပြီး ခိုးနေတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်အောင်ပဲကြည့်။