Ei Zum "အိမ်ဦးနတ်ကြီးအကြိုက်"
👩🏻‍🌾 Food Content Creator
🇲🇲 Traditional Burmese Cuisine
🤝 For Brand Collabs & PR

🌿တခါတလေချက်ဟင်းဘဲစားနေရတာရိုးနေလို့ အမဲရိုးနဲ့ ကုလားပဲဟင်းချိုချက်လိုက်တယ်ရှင် ဒါလဲထမင်းမြိန်တာပါဘဲနော်❤️  #မအိဇွန်  #အမ...
22/09/2026

🌿တခါတလေချက်ဟင်းဘဲစားနေရတာရိုးနေလို့ အမဲရိုးနဲ့ ကုလားပဲဟင်းချိုချက်လိုက်တယ်ရှင် ဒါလဲထမင်းမြိန်တာပါဘဲနော်❤️ #မအိဇွန် #အမဲရိုးနဲ့ကုလားပဲ

🌿ဒညင်းသီးငပိချက်နဲ့ဆိုထမင်းရှယ်မြိန်တာနော်❤️  #မအိဇွန်  #ဒညင်းသီးငပိချက်
22/09/2026

🌿ဒညင်းသီးငပိချက်နဲ့ဆိုထမင်းရှယ်မြိန်တာနော်❤️ #မအိဇွန် #ဒညင်းသီးငပိချက်

🌿အိမ်ဦးနတ်ကြီးက အရင်က ငါးဆိုလုံးဝမစားဘူး ခုလို့ငါးကြော်ချက်လေး ချက်ကျွေး​ပြန်တော့ကြိုက်တယ်တဲ့ရှင်❤️  #မအိဇွန်  #ငါးကြော်...
22/09/2026

🌿အိမ်ဦးနတ်ကြီးက အရင်က ငါးဆိုလုံးဝမစားဘူး ခုလို့ငါးကြော်ချက်လေး ချက်ကျွေး​ပြန်တော့ကြိုက်
တယ်တဲ့ရှင်❤️ #မအိဇွန် #ငါးကြော်ချက်

21/09/2026

🌿ဒီနေ့တော့အမဲသားကို လုံးချက်လေး ဆီပြန်ရေကျန်လေးချက်
စားမယ်ရှင် #မအိဇွန် #အမဲသားလုံးချက်

🌿အင်ဒိုနီးရှားကြက်ကြော်လုပ်စားမယ် ကြက်သားကတော့ပေါင်သားကိုသုံးထားပါတယ် ဆနွင်းမှုန့်အရသာတွေထည့်စပါးလင်လေးတွေထည့်ပီးပြုတ် ပ...
21/09/2026

🌿အင်ဒိုနီးရှားကြက်ကြော်လုပ်စားမယ် ကြက်သားကတော့ပေါင်သားကိုသုံးထားပါတယ် ဆနွင်းမှုန့်အရသာတွေထည့်စပါးလင်လေးတွေထည့်ပီးပြုတ် ပီးရင်ဆီပူထဲထည့်ကြော် ဟိုဘက်ဒီဘက်လှန်ပေး ကြွပ်ကြွပ်လေးနဲ့နီရဲလာပီဆိုရပါပီ ကြက်ကြော်ထားတဲ့ဆီနဲ့ဘဲငရုတ်သီးထည့်ကြော် ပီးရင်ဆယ်ပီး ငရုတ်သီးလေးတွေကြိတ် ကြက်ကြော်ထားတဲ့ဆီလေးထည့်အရသာလေးတွေထည့်ပီးထည့်နှယ် ခုနကကြော်ထားတဲ့ကြက်ကြော်ကို ငရုတ်ဂျပွေ့လေးနဲ့ထုပြား အပေါ်ကနေငရုတ်သီးလေးအုပ် စားခါနီးသံပုရာသီးညစ်ပီးစားရှယ်ဘဲရှင် 😍 #မအိဇွန် #အင်ဒိုနီးရှားကြက်ကြော်

🌿ကြက်သွေးခဲကိုဒါမျိုးလေးကြော်စားကြည့် မကြိုက်တဲ့သူတွေတောင် ကြိုက်သွားစေမယ်ရှင် ကြက်သွေးခဲကို ရေနွေးလေးနဲ့ဆေးပီး မထူမပါးလ...
21/09/2026

🌿ကြက်သွေးခဲကိုဒါမျိုးလေးကြော်စားကြည့် မကြိုက်တဲ့သူတွေတောင် ကြိုက်သွားစေမယ်ရှင်
ကြက်သွေးခဲကို ရေနွေးလေးနဲ့ဆေးပီး မထူမပါးလေးလှီး ဂျင်းကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်ပွ ခရမ်းချဉ်သီးလေးထည့်ပီး ဆီကိုသပ် မွှေးလာပီဆို ကြက်သွေးလေးထည့် အရသာအတွက် ပဲငံပြာရည်အကျဲ ခရုဆီ ကြက်သားမှုန့်လေးထည့်ပီးကြော် ပိုမွှေးအောင်တရုတ်နံနံပင်လေးပါအုပ်လိုက်ရှင်ရှယ်ပေါ့ရှင်😍 #မအိဇွန် #ကြက်သွေးခဲကြော်

ကျမတို့လင်မယားအသဲကွဲတဲ့နေ့ဘဲရှင်🥺 ကျမသားလေးအစားမစားတာ ဆေးခန်းပြ မသက်သာတာနဲ့ x ray ရိုက် သွေးစစ် အဖြေက ကျောက်ကပ်နောက်ဆုံး...
21/09/2026

ကျမတို့လင်မယားအသဲကွဲတဲ့နေ့ဘဲရှင်🥺 ကျမသားလေးအစားမစားတာ ဆေးခန်းပြ မသက်သာတာနဲ့ x ray ရိုက် သွေးစစ် အဖြေက ကျောက်ကပ်နောက်ဆုံးအဆင့်တဲ့ရှင် ဒီလောက်ဂရုစိုက်နေတာတောင်မှ ဖြစ်ရတယ်လို့ ငါ့သားလေးရယ် အသက်လေးကလဲ ၁၂နှစ်ကျော်ပီဆိုတော့ ဒီရောဂါလေးနဲ့ အကြောင်းဖန်ဖို့ဖြစ်လာပီလားမသိဘူးရှင် ကျောက်ကပ်ကပြန်ကောင်းဖို့မဖြစ်နိုင်တော့ပေမယ့် ဝေဒနာသက်သာအောင် အဆုံးထိကုပေးမှာပါ ခုတော့ဆေးသွင်းတာ ၅ရက်ရှိပီ သက်သာလာပေမယ့် အမြဲအရိပ်တကြည့်ကြည့် ကြည့်နေရတယ် သနားလိုက်တာ ငါ့သားလေးရယ် 🥺ကျမတို့လင်မယားအတွက်ကတော့ ကိုယ့်ကလေး ကိုယ့်သားလေးတစ်ယောက်လိုပါဘဲရှင် အမြန်ဆုံးသက်သာပါစေ ငါ့သားလေးရေ🙏 #မအိဇွန်

🌿ဝက်သားတုံးကြီး လက်သီးဆုပ်ချက်😍 ဝက်သားတုံးကြီးတွေက်ုရေသေချာဆေးပီး ပဲငံပြာရည်အကျဲ အပျစ် ကြက်သားမှုန့်တို့နဲ့သေချာနှယ်နှပ်...
21/09/2026

🌿ဝက်သားတုံးကြီး လက်သီးဆုပ်ချက်😍 ဝက်သားတုံးကြီးတွေက်ုရေသေချာဆေးပီး ပဲငံပြာရည်အကျဲ အပျစ် ကြက်သားမှုန့်တို့နဲ့သေချာနှယ်နှပ်ပီးထားထားမယ် ကြက်သွန်အဖြူအနီဂျင်းတို့ကိုညက်နေအောင်ထောင်းပီး ဆနွင်းနဲနဲ အရောင်တင်မှုန့်ထည့်ပီး ဆီကိုကြာကြာသပ် ပီးရင်နှပ်ထားတဲ့အသားနဲ့တစ်ခါထဲလုံးပီးချက် ရေလေးထည့်နူးနေအောင်တည် ဆီလေးပြန်လာပီဆို အရမ်းမွှေးပီးနူးညံ့အိစက်နေတဲ့ ဝက်သားတုံးကြီးလက်သီးဆုပ်ဟင်းလေးရပါပီရှင့်😍 #မအိဇွန် #ဝက်သားတုံးကြီးလက်သီးဆုပ်

🌿ငါးဖယ်အုန်းနို့ချက် ငါးဖယ်ကိုဂျင်းနဲ့ကြက်သွန်ဖြူထောင်းပီးအရည်ညစ်ထည့် အရသာတွေထည့်ပီးကြာကြာလေးစီးနေအောင်ပေါက်ပီးကြော်ထားမ...
21/09/2026

🌿ငါးဖယ်အုန်းနို့ချက် ငါးဖယ်ကိုဂျင်းနဲ့ကြက်သွန်ဖြူထောင်းပီးအရည်ညစ်ထည့် အရသာတွေထည့်ပီးကြာကြာလေးစီးနေအောင်ပေါက်ပီးကြော်ထားမယ် ဆီသပ်ဖို့အတွက် ကြက်သွန်နီ ကြက်သွန်ဖြူကို ဆနွင်းမှုန့် အရောင်တင်ထည့်ပီး ညက်နေအောင်ထောင်းပီးဆီကိုကြာကြာလေးသပ် ပီးရင်အုန်းနို့လောင်းထည့်ပီးဆီကိုပြန်သပ် ကြော်ထားတဲ့ငါးဖယ်ကိုပါထည့်ချက် မွှေးအောင် ရှမ်းနံနံလေးပါအုပ် ရှယ်ဘဲရှင်🤤 #မအိဇွန် #ငါးဖယ်အုန်းနို့ချက်

🌿ကြာကြာအထားခံတဲ့ ပုဇွန်ခြောက်ဘာလချောင်ကြော် ပုဇွန်ခြောက်အကောင်အသေးလေးတွေရေဆေးထားမယ် ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို ဆနွင်းနဲ...
20/09/2026

🌿ကြာကြာအထားခံတဲ့ ပုဇွန်ခြောက်ဘာလချောင်ကြော် ပုဇွန်ခြောက်အကောင်အသေးလေးတွေရေဆေးထားမယ် ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို ဆနွင်းနဲ့အရောင်နင်ထည့်ပီးဆီကိုကြာကြာသပ် ပီးရင်ပုဇွန်ခေါက်ထည့် ငံပြာရည်ထည့် မန်ကျည်းရည်ထည့် ငရုတ်သီးခွဲကြမ်းပါထည့်ပီး ဆီများများနဲ့ကြာကြာသာကြော် ဒါဆိုရင်မကုန်မချင်းစားလို့ရပီး အထားခံတဲ့ပုဇွန်ခြောက်ဘာလချောင်ကြော်လေးရပါပီရှင်😍 #မအိဇွန် #ပုဇွန်ခြောက်ဘာလချောင်ကြော်

ที่อยู่

Bang Kapi

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Ei Zum โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ei Zum:

ทางลัด

แชร์