MMK hello

နာမည်ကြီးတဲ့  #ပြည်ထမင်းသုပ် နဲ့  #ဗူးသီးဟင်းခါးလေး....အရမ်းကြိုက်😋😋ထမင်းနဲ့ဟင်းမစားချင်တာနဲ့ဘဲအလုပ်ရှုပ်တဲ့ ထမင်းကို သု...
16/06/2025

နာမည်ကြီးတဲ့ #ပြည်ထမင်းသုပ် နဲ့ #ဗူးသီးဟင်းခါးလေး....အရမ်းကြိုက်😋😋

ထမင်းနဲ့ဟင်းမစားချင်တာနဲ့ဘဲ
အလုပ်ရှုပ်တဲ့ ထမင်းကို သုပ်ပါတယ်

ရိုးရိုးထမင်းသုပ်တာနဲ့သိပ်မကွာပေမယ့်
သူ့နည်းသူ့ဟန်ကွဲ ပြားတာလေးတွေလည်းရှိတာပေါ့လေ

လိုအပ်တာလေးတွေကတော့
ထမင်းသုပ်ဆိုတော့ ထမင်းအဓိကတော့ပေါ့😁
ကျန်တဲ့ တန်ဆာပလာလေးတွေက
ကိုယ့်ထည့်လို့လွယ်သလောက်ပေါ့

- ပဲပြား ကြော်ပြီး ပါးပါးညှပ်
- အာလူးကို နူးနေအောင်ပြုတ်
- ပဲပင်ပေါက်လေးရေစင်အောင်ဆေးပြီး ရေနွေးလေးဖျော
- ပုဇွန်ခြောက်မှုန့်လေးလည်း တခွက်ထား
- ပဲ ကြာဆံလေးလည်း ရေနွေးဖျောထား
- ခေါက်ဆွဲလေးပြုတ်
-ဂေါ်ဖီ ကြက်သွန်မိတ် နံနံပင်လေးလှီးထား

ဆီနီ ဆီချက် ရယ်
ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီများများနဲ့
ဆီချက်ချက်ပါမယ်

ပြီးရင်တော့ မန်ကျည်းရည်
အနည်းငယ်ဖျော် ၊ ပဲမှုန့် ၊ငံပြာရည် ၊အချိုမှုန့်
စတဲ့ လိုတာလေးတွေပြင်ပြီးရင် ထမင်းစသုပ်လို့ရပါပြီ

နေ့တိုင်း ထမင်းနဲ့ဟင်းချည်း
စားလို့ညည်းငွေ့လာတဲ့အခါ
ဒီလိုအသုပ်လေးတွေကလည်း
ခံတွင်းလိုက်ပြီး စားလို့ကောင်းတာမို့
သုပ်စားကြည့်အုံးနော်....

#ဟင်းချက်နည်း #ဟင်းချက်နည်းများ

ငယ်ငယ်က ကျောင်းသွားရင်းစားခဲ့ရတဲ့  #တိုရှည် ကို အိမ်မှာလုပ်စားလို့ရအောင် Save😋😋အာလူး မာဆလာချက်လုပ်နည်း━━━━━━━━━━━━အိန္ဒိ...
16/06/2025

ငယ်ငယ်က ကျောင်းသွားရင်းစားခဲ့ရတဲ့ #တိုရှည် ကို အိမ်မှာလုပ်စားလို့ရအောင် Save😋😋

အာလူး မာဆလာချက်လုပ်နည်း
━━━━━━━━━━━━
အိန္ဒိယ မနက်စာ အစားသောက်ဖြစ်တဲ့ ဒိုဆာလို့ခေါ်တဲ့ တိုရှည် လေးပါ။ တိုရှည်ကို ခရမ်းချဉ်သီး ချပ်တနီ၊ ပဲနှစ် တို့နှင့် တွဲစားတာ များပါတယ်။ ခုလုပ်ထားတာကတော့ မာဆလာ တိုရှည်လို့ ခေါ်တဲ့ အာလူးမာဆလာချက်ကို တိုရှည်နဲ့လိပ်ပြီ စားတဲ့ လုပ်နည်းလေးပါ။ တိုရှည်ကို အရင်ကလည်း အရမ်းကြိုက်ပါတယ်၊ ဒါကြောင့် တိုရှည်ဗန်း၀ယ်ပြီ ကိုယ်တိုင်ပဲ လုပ်စားလိုက်တာ အိမ်လုပ် တိုရှည်ကလည်း ကြွပ်ရွပြီ အရမ်းစားကောင်းတာမို့ ချက်နည်းလေးပါ မျှဝေပေးလိုက်တယ်နော်…

တိုရှည် အတွက်ပါ၀င်ပစ္စည်းများ
━━━━━━━━━━━━━
ဆန် – နို့ဆီဗူး ၂လုံး
မတ်ပဲ – နို့ဆီဗူး ၁လုံး
ကုလားပဲ – နို့ဆီဗူး ၄ပုံ၁ပုံ
ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရေ

တိုရှည် လုပ်ရန် ပြင်ဆင်နည်း
━━━━━━━━━━━
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ရောထည့်လိုက်ပြီ ရေစင်အောင် ၆နာရီကြာအောင် ရေစိမ်ထားပေးပါ။
၂။ ၆နာရီကြာစိမ်ပြီလျှင် (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါမည်။
၄။ အရင်ဆုံး (ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ဇီယာ၊ နံနံစေ့မှုန့်) တ၀က်ကို ကြိတ်စက်(Blender) ထဲပြီ ရေကို မြုပ်ရုံထည့်ကာ မုန့်ရည် ရသည်အထိ ကြိတ်ပေးပါ။
၄။ ထိုနည်းအတိုင်း ကျန်တ၀က်ကို ထပ်ကြိတ်ပေးပါ။
၅။ တိုရှည်လုပ်ရန် မုန့်ရည်ရပြီဆိုလျှင် ထိုမုန့်ရည်ကို အခန်းအပူချိန်နဲ့ အချဉ်ပေါက်အောင် တညသိပ်ထားရပါမည်။
မှတ်ချက် ။ ။ အချဉ်ပေါက်အောင် Yeast (လက်ဖက်ရည်ဇွန်း တ၀က်) ထည့်လျှင် ပိုကောင်းသည်။
၆။ မုန့်ရည်များကို တညသိပ်ပြီလျှင် တိုရှည် စလုပ်လို့ရပါပြီ။ တညသိပ်ပြီမှ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ကာ ရောမွှေပေးပါ။
မှတ်ချက် ။ ။ မုန့်နှစ်ရည်သည် မပျစ်မကျဲ အနေထားတွင် ရှိနေရမည်။

တိုရှည် လုပ်နည်း
━━━━━━━
၁။ တိုရှည်ဗန်းကို ဆီအနည်းငယ်သုတ်ပြီ ပူအောင် မီးအသင့်တင့်ဖြင့် တည်ထားပါ။
၂။ တိုရှည်ဗန်းပူလာမှ ယောက်ချိုဖြင့် မုန့်ရည် ၁ဇွန်းကို ပုံတွင် ပြထားသည့်အတိုင်း လောင်းချလိုက်ပါ။
၃။ ထို့နောက် ဇွန်းပြားဝိုင်းဖြင့် မုန့်ရည်များ အဝုိင်းသဏ္ဍန်ဘေးသို့ ပြန့်သွားအောင် ဖြည်းဖြည်းခြင်း ဖြန့်လိုက်ပါ။
၄။ ပြီမှ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) အပေါ်မှ ဖြူးပေးပါ။
၅။ ပုံတွင် ပါသည့်အတိုင်း ယောက်မဖြင့် ဆီများ တိုရှည် အနှံ့ပြန့်အောင်လုပ်ပေးပါ။
၆။ တိုရှည် အရောင်ပြောင်းလာပြီ ဘေးသားများ ကြွပ်ရွလာလျှင် အာလူး မာဆလာချက်(စားပွဲတင်ဇွန်း ၂ဇွန်း) ကိုထည့်ပြီ ပုံတွင် ပါသည့်အတိုင်း တိုရှည်ကို တဖက်စီ လိပ်လိုက်ပါ။
ရ။ မာဆလာ တိုရှည်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…..
အာလူး မာဆလာချက်တွင် ပါ၀င်ပစ္စည်းများ
━━━━━━━━━━
အာလူး – ၈လုံး (နူအောင် ပြုတ်ပြီ အခွံနွှာ၍ အတုံးသေးများ တုံးပေးထားပါ)
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ပဲခြမ်းဝါ – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ (နူအောင် ပြုတ်ထားပါ)
မုန်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
မာဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်သီးစိမ်း – ၄ထောင့်
ငရုတ်သီးနီခြောက် – ၅ထောင့်
ကလဝေရွက် – ၆ရွက်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း
━━━━━━
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ကာ ဆီပူလာလျှင် (ကြက်သွန်နီ၊ မုန်ညှင်းစေ့၊ ဆနွင်းမှုန့်၊ မာဆလာ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးနီခြောက်၊ ကလဝေရွက်) ရောမွှေလိုက်ပါ။
၂။ ထို့နောက် အာလူး၊ ပဲခြမ်းဝါ၊ ဆားတို့ကို ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။
၃။ အာလူးပြဲအောင် အထိ ရေထည့်ပြီ တည့်ထားပေးပါ။
၄။ ရေခန်းသွားလျှင် အာလူးမာဆလာချက်ကို ရပါပြီ…

#ဟင်းချက်နည်း #ဟင်းချက်နည်းများ

လူတိုင်းကြိုက်တဲ့  #အီကြာကွေး ကို အိမ်မှာ အလွယ်တကူ လုပ်နည်းလေးပါ Save😋😋ပါဝင်ပစ္စည်း (အီကြာကွေး ၁၅ ချောင်းစာ)ဂျုံ – ၅၀၀ ဂ...
15/06/2025

လူတိုင်းကြိုက်တဲ့ #အီကြာကွေး ကို အိမ်မှာ အလွယ်တကူ လုပ်နည်းလေးပါ Save😋😋

ပါဝင်ပစ္စည်း (အီကြာကွေး ၁၅ ချောင်းစာ)

ဂျုံ – ၅၀၀ ဂရမ် ( ၃၁.၂၅ ကျပ်သား)

ရေ သို့ နွားနို့ – ၃၅၀ ml

ဆား – လ္ဘက်ဇွန်း တစ်ဇွန်း

သကြား – ၃ ဇွန်း စားပွဲဇွန်း

ဆီ – ၂ဇွန်း စားပွဲဇွန်း

Yeast – လ္ဘက်ဇွန်းတဝက်

Baking powder – လ္ဘက်ဇွန်းတဇွန်း

ကြက်ဥ – တစ်လုံး

#ပြင်ဆင်ပြုလုပ်ပုံ

၁။ ခွက်တခုတွင် နွားနို့ကို ခပ်နွေးနွေး အပူပေးပြီး yeast ထည့်ကာ ဖျော်ထားပါ။

ဇလုံတစ်ခုတွင် ပါဝင်ဂျုံ၊ ဆား၊ သကြား၊ ကြက်ဥဆီ၊ baking powder တို့ကိုထည့်ပြီး သမအောင် မွေပေးပါ။ နို့နွေးနွေးနှင့် yeast ရောစပ်ထားသည်ကို ထည့်ပြီး သမအောင် မွှေပေးပါ။ ဂျုံသားများဟာ အလွန်ပျော့နေရပါ့မည်။

ဤအဆင့်တွင် ပလပ်စတစ်ဖြင့် အုပ်ပြီး ရေခဲသေတ္တာတွင် တစ်ညနှပ်ထားပြီး ကျန်အဆင့်များကို မနက်ကြော်ခါနည်း အချိန်မှသာ ဆက်လုပ်နိုင်သည်။

၂။ ပြီးလျှင် ဂျုံသားအားလုံးကို စားပွဲပေါ်တင်ကာလက်ဖြင့် ဖိချေပြီး ရေခြောက်လာသည်အထိ (၁၅) မိနစ်ခန့် နှယ်ပေးပါ။

အီကြာကွေး ပြုလုပ်ရာမှာ အရေးကြီးဆုံး အချက်က ဂျုံနှယ်တဲ့အချိန် ဖြစ်ပါတယ်။

၃။ ရေခြောက်ပြီး လက်တွင် မကပ်၊ စားပွဲတွင် မကပ်တော့သော အနေထားရပါက ဂျုံဖြူးပြီး လေးထောင့် အနေ

ခေါက်ကာ ရေစိုဖန့်ဖန့် အဝတ် သို့မဟုတ် ပလပ်စတစ်ဖြင့် အုပ်ပြီး မိနစ် ၃၀ မှ ၄၅ မိနစ်ထိ အပွခံထားပါ။

၄။ လိုအပ်သော အပွအနေထားရပါက စားပွဲတွင် ဂျုံမှုန့်ဖြူးကာ ခေါက်ထားသော လေးထောင့် အနေထားအတိုင်း

အောက်ဘက်မှ လက်လျိုပြီး လိုအပ်သော အထူအနေထားထိ ဆွဲဖြန့်ပေးပါ။

အထူးအပါး ညီအောင်ဖြန့်ပါ။ လိုအပ်ပါက ၁၀ မိနစ်ခန့် ပြန်ပွအောင်ထားပါ။

၅။ အပေါ်ယံ မျက်နှာပြင် မခြောက်အောင် အဝတ်ပါး အုပ်ထားပါ။

ကြော်ရန် ဆီအိုး အဆင်သင့်တည်ထားပါ။

၆။ ဆီပူပါက ဖြန့်ထားသော ဂျုံကို တစ်လက်မ အကျယ်ခန့် ဖြတ်ပေးပါ။

ဖြတ်ပြီးသား ဂျုံကို အလယ်မှ ထပ်ပိုင်းပိုင်းကာ တစ်ပိုင်းကို ရေစွတ်ပေးပြီး ကျန်တပိုင်းကို အပေါ်မှ ထပ်တင်ပေးပါ။

အရှည် ပြုလုပ်လိုပါက နှစ်ချောင်းထပ်ပါ။ ပြီးလျှင်ခေါက်ဆွဲစားသော တူဖြင့် ထပ်ထားသော ဂျုံသားကို အပေါ်မှ ဖိပေးပါ။

ပြီးလျှင် လက်ဖြင့်ကိုင်ပြီး မိမိလိုချင်သော အရှည်အနေထားထိ သာသာဆွဲပြီး ဆီပူ ထည့်ချကြော်ပါ။

၇။ ဆီပူထဲ ချကြော်စဉ် တူဖြင့် မုန့်ကို ပွလာစေရန်လှုပ်ခပ် ထိုးဆွပေးရပါမယ်။

ရွှေဝါရောင် ရသည်ထိကြော်ပြီး ဆယ်ယူ ဆီစစ်ကာ ပူပူနွေနွေး သုံးဆောင်နိုင်ပါပြီ။

ရာသီဥတု အရမ်းမပူပြင်းပါက ညတွင် နယ်ထားပြီးအပွခံထားကာ မနက်မှ ပြန်နယ် အပွခံကာ ပြုလုပ်နိုင်ပါတယ်။

ရေခဲသေတ္တာ အလွန်မအေးသော အထပ်တွင်လည်း ထားနိုင်ပြီး ကျန်လုပ်နည်း အဆင့်များ အားလုံး တူတူပင် ဖြစ်ပါတယ်။

#ဟင်းချက်နည်း #ဟင်းချက်နည်းများ

ပိတ်ရက်မှာ  #မာလာရှမ်းကော ကို မိသားစု စုံတဲ့ချိန် သူငယ်ချင်းတွေစုပီး ချက်စားလို့ရပီနော်😍😍မာလာရှမ်းကောရုတ်သီးဆီသပ်ရန်ပါ၀င...
15/06/2025

ပိတ်ရက်မှာ #မာလာရှမ်းကော ကို မိသားစု စုံတဲ့ချိန် သူငယ်ချင်းတွေစုပီး ချက်စားလို့ရပီနော်😍😍

မာလာရှမ်းကောရုတ်သီးဆီသပ်ရန်ပါ၀င်ပစ္စည်းများ

• စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း
• နတ်နတ်ပွင့် - ရခု
• ကလဝေရွက် - ၅ရွက်
• သစ္ဂ်ပိုး - ၄ခု
• လီမ္မော်ခွံခြောက် - ၁ခု
• ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ)
• ဂျင်း - ၇ပြား
• ဖာလာ - စားပွဲတင်ဇွန်း တ၀က်
• ငရုတ်သီးခြောက်နီ - ၅ခု (လက်မ၀က်ရွယ်များ ပိုင်းဖြတ်ပါ)
--------------------------------
📝မာလာရှမ်းကော ချက်ရန် ပါ၀င်ပစ္စည်းများ

• ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း
• ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
• ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မ၀က် ရွယ်များပိုင်းဖြတ်ပါ)
• ဆား - စားပွဲတင်ဇွန်း ၁ဇွန်း
• အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
• အချိုမှုန့် - စားပွဲတင်ဇွန်း တ၀က်
• မြေပဲနီ - ၁ထုပ် (အကျက်)
• နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်)
• ကြက်သွန်မြိတ် - စည်း၀က် (၁လက်မအရွယ်များပိုင်းဖြတ်ပါ)
• နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)

📝မာလာရှမ်းကော ပါ၀င်သည့် အစာပလာများ

• ပုဇွန်ထုပ် - ၂၀ ကျပ်သား (သန့်စင်ပေးထားပါ)
• ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ)
• ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ)
• ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ)
• ငါးတို့ဟူး - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ)
• ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ)
• အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ)
• အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ)
• ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ)
• မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
• ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ)
• ပြောင်းဖူး - ဖူးဝက် (ပြုတ်ပြီ အတုံးတုံးထားပါ)
• ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
• မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
• ကန်စွန်းရွက် - စည်း၀က် (ပိုင်းဖြတ်ပေးပါ)
• နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)
--------------------------------
📝မာလာ ငရုတ်သီးဆီသပ် ချက်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။

၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။

၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။

၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။
--------------------------------
မာလာရှမ်းကော ချက်နည်း

၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီ ၁မိနစ် ဆီသပ်ပါ။

၃။ ပြီနောက် ပုဇွန်ထုပ်၊ ကြက်သွန်မြိတ် များကို ထည့်ပြီ ရောမွှေပေးပါ။

၄။ ပြီလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ငါးတို့ဟူး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။

၅။ ရေခမ်းခါနီး (ခေါက်ဆွဲ) ၊ ကြာစွယ်၊ ပြောင်းဖူး၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။

၆။ ထို့နောက် (ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှို) တို့ကို ထပ်ထည့်ပေးပါ။

ရ။ နောက်ဆုံးမှ မြေပဲထည့် ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။

၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…

#ဟင်းချက်နည်း #ဟင်းချက်နည်းများ

စတော်ဘယ်ရီ ရေခဲမုန့် အရသာ 😍🍓🍨 #ဟင်းချက်နည်းများ
15/06/2025

စတော်ဘယ်ရီ ရေခဲမုန့် အရသာ 😍🍓🍨

#ဟင်းချက်နည်းများ

☀️ဒီလိုနေပူပူနဲ့အုန်းသီးရေခဲမုန့်လေး~ဂလု...”🤤
12/06/2025

☀️ဒီလိုနေပူပူနဲ့အုန်းသီးရေခဲမုန့်လေး~ဂလု...”🤤

အာရသာရှိဝက်အသည်းချိုသုပ် သုံးဆောင်ပါအုံး☺☺☺
10/06/2025

အာရသာရှိဝက်အသည်းချိုသုပ် သုံးဆောင်ပါအုံး☺☺☺

 #လူသိနည်းတဲ့ ကြက်ဟင်းခါးသီးရဲ့အဖိုးမဖြတ်နိုင်တဲ့ အစွမ်းများ...ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါ...
09/06/2025

#လူသိနည်းတဲ့ ကြက်ဟင်းခါးသီးရဲ့အဖိုးမဖြတ်နိုင်တဲ့ အစွမ်းများ...

ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

အာဟာရတန်ဖိုး
..... ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ

ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ

ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃) ဆီးးချိုရောဂါ

ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုက ို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) စွမ်းအင် ကြက်ဟင်းခါးသီး

အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ

ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်း မွန်စေပါတယ်။

(၆) အရက်နာကျခြင်း

ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း

ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း ကို ကောင်းမွန်စေ ပါတယ်။

(၈) လိပ်ခေါင်း

ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွား ပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုးရီးယေးစစ်အရေပြားအနာ

ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ

လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

#ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

ပြန်လည်မျှဝေပါသည်။ 😊

ကိုကို မမ ဒေါ်ဒေါ် ဦးဦး တို့ဒီpostလေး ကိုတွေ့ရင် shareသွားပေးခြင်းဖြင့် အများကျန်းမာရေးအတွက် ကုသိုလ် ဒါနအနေဖြင့် shareသွားပေးကြပါနော် နောက်နောင်လည်း ကျန်းမာရေးနှင့် ပတ်သက်တဲ့ ဆေးနည်းလမ်းကောင်း ဆေးညွှန်းလေးတွေကို ကျနော်ရဲ့ Pageကလေ အစဥ်မပျက် တင်သွားပေးမှာဖြစ်ပါတယ် အားလုံးဘဲကျေးဇူး အထူးတင်ရှိပါတယ်......
#ကျန်းမာရေးဗဟုသုတ
ေးပါတယ်

#စာပေ

ကြက်သား ဆီချင်ခေါက်ဆွဲ ပြုလုပ်နည်း.......။မနက်စာ လုပ်ပေးဖြစ်တာလေး လုပ်ရတာလည်းလွယ်ပြီး စားရတာလည်းကြိုက်တော့ ခဏခဏလုပ်ပေးဖြ...
08/06/2025

ကြက်သား ဆီချင်ခေါက်ဆွဲ ပြုလုပ်နည်း.......။
မနက်စာ လုပ်ပေးဖြစ်တာလေး လုပ်ရတာလည်းလွယ်ပြီး စားရတာလည်းကြိုက်တော့ ခဏခဏလုပ်ပေးဖြစ်တယ်....။😋

ပြုလုပ်နည်း........
ခေါက်ဆွဲတစည်း မပျော့မမာလေး ပြုတ်ထားပါ။
ကြက်သားရင်အုံသား သို့မဟုတ် ပေါင်သား 500g (သုံးဆယ်သားကျော်) ကို အရေခွံလေးဖယ်ထားပြီး ကြက်သားမှုန့် ထမင်းစားဇွန်း တဝက်လောက်ထည့်ပြီး ရေကိုကြက်သားမြုတ်အောင်ထည့်ပြီး နာရီဝက်လောက်ပြုတ်၊ ပြုတ်ပြီးရင်ပြန်ဆယ်ပြီး အတုံးလေးတွေ တုံးထားပါ။
ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာကို ဆီချက်ချက်ပါ။
နနွင်းမှုန့် မထည့်ရပါ။
ဆီချက်ချက်တဲ့အခါ ဖယ်ထားတဲ့ကြက်အရေခွံကို ကျွတ်အောင်ကြော်ပြီး ထွက်လာတဲ့ဆီနဲ့ချက်လည်း ရပါတယ်။ မစားရင်ရိုးရိုးဆီနဲ့ပဲချက်လို့ရပါတယ်နော်။
ပြီးရင် ကြက်သွန်မြိတ်ပါးပါးလှီးထားပါ။
သကြား ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း မရှိတရှိ
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၃ ဇွန်း
ဆီချက် ၃ ဇွန်း တို့ကိုထည့် ပြီးရင်အားလုံးရောသုပ်ပါ။
အရသာအပေါ့အငံကိုယ့်စိတ်ကြိုက်ထပ်မြည်းပြီး ငရုတ်ကောင်းမှုန့်လေးကြိုက်ရင် အပေါ်ကဖြူးစားပါ။
ဟင်းရည်အတွက် စောစောကပြုတ်ထားတဲ့ ကြက်ပြုတ်ရည်ကို ရေလေးနည်းနည်းထပ်ထည့် ကြက်သားမှုန့်လေးနဲ့ ပဲငံပြာရည်အကြည်လေး လိုသလောက်ထည့်ပြီး ဆူအောင်ပြန်တည်။
ငရုပ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်မြိတ်လေးလှီးထည့်ပြီးဆို ဟင်းရည်လေး ရပါပြီး။
ခေါက်ဆွဲတစည်းဆို မိသားစုလေးယောက်လောက် မနက်စာအဝစားလို့ရတယ်။ အပြင်မှာဝယ်စားရတာထက် အကုန်အကျသက်သာပြီး ပိုပြီးစိတ်ချစွာ စားလို့ရပါတယ်ရှင့်.......။

Credit - Kay Khaing Oo 🙏🙏🙏

ထိုင်းတွေရဲ့ ကြက်ဆီထမင်း
08/06/2025

ထိုင်းတွေရဲ့ ကြက်ဆီထမင်း

 #အသုပ်စုံ ကို ဝယ်မစားဘဲ အိမ်မှာ လုပ်စားလို့ရတဲ့ နည်းလေးပါ Save😋😋+++++++++++++++++++++++ဂျုံခေါက်ဆွဲဖတ်ဆန်ညှပ်ခေါက်ဆွဲဖတ...
08/06/2025

#အသုပ်စုံ ကို ဝယ်မစားဘဲ အိမ်မှာ လုပ်စားလို့ရတဲ့ နည်းလေးပါ Save😋😋
+++++++++++++++++++++++

ဂျုံခေါက်ဆွဲဖတ်
ဆန်ညှပ်ခေါက်ဆွဲဖတ်
ဆန်ကြာဇံ ( ပြုတ်ပြီးသားကြာဇံကိုပဲငန်ပြာရည်နဲ့နယ်ထားတာ)
သခွားသီးပါးပါးလှီး၊ သင်္ဘောသီးခြစ်
ဂေါ်ဖီထုပ်နဲ့ကြက်သွန်နီပါးပါးလှီး
ပဲပြားကြော်၊ အာလူးပြုတ်၊ ပဲပင်ပေါက်လှော်၊ တိုဟူး၊ ငရုတ်ဆီထမင်း ( ငရုတ်သီးအရောင်တင်မှုန့်ကိုဆီချက်ပြီးထမင်းနဲ့နယ်ထားတာ)
ဒါတွေကထည့်သုပ်စားမယ့်ပစ္စည်းတွေပါ

ကြက်သွန်ဖြူဆီချက်
ကြက်သွန်နီဆီချက်
ပုစွန်ခြောက်မှုန့်
ငံပြာရည်
ပဲအကျက်မှုန့်
ငရုတ်သီးအလှော်မှုန့်
မန်ကျည်းမှည့်ရည်
နံနံပင်၊ ရှောက်ရွက်ပါးပါးလှီး
ငှက်ပျောဖူးနုနုပါးပါးလှီး( အစိမ်းလည်းရ ပြုတ်လည်းရ)
တွေလိုအပ်ပါတယ်...
သုပ်မယ်ဆို ဆီချက်ရည်နဲ့ပဲမှုန့်ကိုအချိုးအစားမျှဖို့ဂရုစိုက်ပါ
ပဲမှုန့်လတ်လတ်ဆတ်ဆတ်နဲ့သုပ်ရင်
အလွန်အရသာရှိပါတယ်..

တစ်မျိုးချင်းကြိုက်တာပဲသုပ်စားသုပ်စား
အားလုံးကိုထည့်ပြီးအစုံသုပ်ပဲလုပ်စားလုပ်စား
ကြိုက်ကြမှာပါ
#%

ချဉ်ပေါင်ကြော်နဲ့ငပိရည် တို့စရာဒညင်းသီးပြုတ်နဲ့ဆူးပုပ်ရွက် ရှောက်ရွက် စားပြီးရင်ငိုက်😁😋
08/06/2025

ချဉ်ပေါင်ကြော်နဲ့ငပိရည် တို့စရာဒညင်းသီးပြုတ်

နဲ့ဆူးပုပ်ရွက် ရှောက်ရွက် စားပြီးရင်ငိုက်😁😋

ที่อยู่

Bang Naun

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MMKผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์