07/11/2023
ဘန်ကောက်မြို့အတွင်း တစ်နေရာမှ တစ်နေရာ သွားလာရပင်ပန်းနေသူများအတွက် လွယ်ကူသက်သာစေမဲ့appလေးကို ပြောပြပေးသွားမှာပါ ဒီappလေးကတော့ ဘန်ကောက်မြို့ကနေ မဟာချိုင်အထိသွားလို့ရတဲ့ ဘတ်စ်ကားလမ်းကြောင်းတွေပြသထားပြီး ကိုယ်သွားချင်တဲ့မှတ်တိုင်နာမည်လေးတွေကို သိထားဖို့တော့လိုပါတယ်
အပုံတွေမှာပြထားတဲ့အတိုင်း ကျွန်တော်နေတာကတော့ lotus pinklao မှာပါ app လေးထဲ၀င်လိုက်တာနဲ့ where to ဆိုတာတွေမှာပါ ဒီဟာလေးကိုနှိပ်လိုက်ပြီးတာနဲ့ သွားချင်တဲ့မှတ်တိုင်ကို ရိုက်ထည့်လိုက်ပါ ပုံမှာတော့ ကျွန်တော်က မဟာချိုင်ကိုရှာထားပါတယ် နောက်ထပ်ပုံမှာတွေ့ရတဲ့အတိုင်း ဘတ်စ်ကားနှစ်ဆင့်စီးရမှာပါ တဆင့်ချင်းစီမှာ ်ှတ်တိုင်ဘယ်လောက်ခုစီးရလဲဆိုတာလည်း မြင်ရမှာဖြစ်ပါတယ် ဘယ်နေရာကျရင် ကားပြောင်းရမလဲဆိုတာလည်း ပါပါတယ်၊ ဒီအပြင် မှတ်တိုင်နာမည်တစ်ခုချင်းစီထောက်ပြီးကြည့်လို့ရပါတယ် အပေါ်ဖက်က မြေပုံလေးမှာတော့ ကိုယ်ရောက်ရှိနေတဲ့နေရာကို အပြာရောင်လေးနဲ့ပြနေပြီး ဘတ်စ်ကားသွားတာနဲ့အညီရွေ့လျားနေမှာဖြစ်ပါတယ် ကိုယ်နောက်ဆုံးဆင်းရမဲ့နေရာကိုလည်း လမ်းကြောင်းအဆုံးသတ်လေးအဖြစ်ကြည့်ထားလို့ရပါတယ်
Where to နေရာမှာ ကိုယ်သွားချင်တဲ့နေရာအပြင် ကြည့်လို့ရတဲ့ဟာတစ်ခုရှိပါသေးတယ် route ဆိုတဲ့အရာလေးကို ရွေးလိုက်ပြီး ကိုယ်သိချင်တဲ့ဘတ်စ်ကားနံပါတ်ကိုရိုက်ပြီး ဒီကားတွေဘယ်လမ်းကြောင်းတွေသွားလဲဆိုတာလည်းကြည့်လို့ရပါတယ်။
App link- https://play.google.com/store/apps/details?id=com.indyzalab.transitia
အရေးကြီးတဲ့မှတ်ချက်တစ်ခုရှိပါတယ်
တချို့ကားလိုင်းတွေက app နဲ့အပြင်နဲ့ကွာနေတာလေးတွေရှိတတ်ပါတယ် နံပါတ်လေးလွဲနေတာတွေရှိတတ်ပါတယ် နည်းတော့နည်းပါတယ် ဒါကြောင့်မို့လို့ တချို့ကားစောင့်ရအရမ်းကြာနေတယ်ထင်ရင် google mapနဲ့ပါတွဲကြည့်သင့်ပါတယ်နော် google map မှာလည်း သွားချင်တဲ့နေရာလေးကိုရှာပြီးရင် public transport ဆိုတဲ့နေရာလေးကိုရွေးလိုက်ရင် ဘတ်စ်လမ်းကြောင်းတွေပေါ်လာပါတယ် app လောက်တော့ကြည့်ရမရှင်းဘူးပေါ့ဗျာ
မေတ္တာများစွာဖြင့် - JK Kyay-Oh
လိုအပ်နေသူများ များများသိစေရန် share ပေးကြပါခင်ဗျာ