Burmese Cooking ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Burmese Cooking, อาหารและเครื่องดื่ม, Bangkok Yai.

မှိုဟင်းချက်နည်း*****************အများဆုံး ရေစပ်စပ်လေးချက်တာပါခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်ငြုပ်သီး အမှည့်စိုလေးရယ...
16/05/2023

မှိုဟင်းချက်နည်း
*****************
အများဆုံး ရေစပ်စပ်လေးချက်တာပါ
ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်
ငြုပ်သီး အမှည့်စိုလေးရယ်(သို့)အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပီး
ဆီနည်းနည်းထည့် ဆီသတ်ပြီး မှိုထည့်ပါ။

ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါ
သဘာဝမှိုဆိုရင်တော့
ရေထည့်ပြီးကြာကြာလေးချက်ပါနော် (သဘာဝမှိုလည်းဒီချိန်မပေါ်သေးပါ)အဆိပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါတယ်

ပင်စိမ်းရွက်က တော့မှိုနဲ့အရအလိုက်ဘက်ဆုံးပါလို့...
ရေမပျစ်မကျဲလေးမှာ ချပါ အရမ်းစားကောင်းတာ တမျိုးတည်းနဲ့😋😋

Credit Win Win

 #ကိုယ့်မြန်မာ လူမျိူးအများစုရဲ့ အရသာတွေ့စေမယ့်ငါးခဲဖက် ကင်နည်း နှင့် ဆောစ့် အနှစ်ထည့်နည်း ကိုတင်ပြပေးထားပါတယ်ရှင့်။ #အရ...
13/05/2023

#ကိုယ့်မြန်မာ လူမျိူးအများစုရဲ့ အရသာတွေ့စေမယ့်

ငါးခဲဖက် ကင်နည်း နှင့် ဆောစ့် အနှစ်ထည့်နည်း ကိုတင်ပြပေးထားပါတယ်ရှင့်။

#အရသာမှုန့်ရယ် ကင်းမွန် ငံပြာရည်အနည်းငယ်ရယ် ဆားရယ် ရှာလကာရည်အနည်းငယ် ပျားရည်အနည်းငယ်နဲ့ နှံ့စပ်အောင်ပွတ်ပြီးနှပ်ထားပေးပါ၊

#နှပ်ထားနေစဥ်အတွင်း ငါးဗိုက်နဲ့ အပေါ်ယံအတွက် အစာသွပ်ဖို့ အစာကိုစီစဥ်မယ်

ငရုပ်သီးသိမ်းအနီရောင်အနည်းငယ်ရယ် ပင်စိမ်းအနည်းငယ်ရယ် ကိုနူတ်နူတ်စင်းထားမယ်

ရှမ်းနံနံ အနည်းငယ်ကိုလဲ နူတ်နူတ်စင်းထားရန်

ဂျင်းနဲ့ ဆပလင်ရောထောင်းထားရန်

ဂျင်း ဆပလင် ငရုပ်သီး ရှမ်းနံနံ ပင်စိမ်း ကြက်သွန်ဖြူမညက်တညက်ထောင်းထားတာရယ် သကြားအနည်းငယ် ကင်းမွန်ငံပြာရည် ခရုဆီအနည်းငယ် ပျားရည်အနည်းငယ်ရယ် ထောပတ်အနည်းငယ်ရယ် သံပုရာသီး ၃လုံးလောက်ညစ်ထည့်ပြီး နယ်ထားရန်

ငါးအပေါ်ယံတွေကိုလဲ အစာအနှစ်တွေနဲ့ပွတ်တိုက်ပေးရန်

ငါးဗိုက်ထဲကိုလဲ အစာအပြည့်ထည့်ရန်

ခဲပတ်ပြားလေးကို ဆီအနည်းငယ်သုပ်ရန်

ခဲပတ်နဲ့လုံခြုံအောင်ပတ်ပေးပါ

မီးသွေးမီးဖိုနဲ့ ကင်ပေးရန် ငါးကိုတဖက်ပြီးတဖက်လှန်ပေးရန် မိနှစ် ၃၀ လောက်ကင်ပေးရန်

ခဲပတ်ကိုခွါလိုက်ရင်တော့ စားဖို့အဆင်သင့်ဖြစ်နေတဲ့ စားကောင်းတဲ့ ငါးကင်လေးပေါ့ စားပါအုံးဗျာ

Credit မူရင်း

Pls follow for more ❤️❤️ငါးခူကို အမဲတေ အချွဲတေပြောင်အောင်တိုက်နေကြတုန်းဘဲလားတိုက်စရာ မလိုပါဘူးးနော်ငါးခူကိုဇလုံထဲထဲ့ရေနွ...
10/05/2023

Pls follow for more ❤️❤️
ငါးခူကို အမဲတေ အချွဲတေပြောင်အောင်တိုက်နေကြတုန်းဘဲလား

တိုက်စရာ မလိုပါဘူးးနော်
ငါးခူကိုဇလုံထဲထဲ့
ရေနွေးပူပူ မြုတ်အောင်လောင်း
၅မိနစ်လောက်ကြာရင် ဆယ်ပီး ဓားနက်ချစ်ချလိုက်ပါ
အချွဲရော အမဲရော ပြောင်ရော
ငါးခူကြော်ရင် ဆီလဲမပေါက် မွမွ လေး ဖစ်ချင်ရင်တော့
ငါးကို ခပ်စိတ်စိတ်မွှန်း
ဆားဆနွင်းလေးနယ်
တစ်ရူးလေးနက် ဖွဖွလေးဖိပေးပီးမှကြော်
(ရေခြောက်အောင်)
အကျက်လဲမြန်တယ်
ပျော့လဲမပျော့တော့ဘူး
ဆီလဲမပေါက် မွမွလေးနက် ကောင်းမှကောင်း😏😏😏
edit
ရေနွေးကပွက်ခါနီးအငွေ့စထွက်ချိန်ဆို အနေတော်ပါဘဲ

အရမ်းပွက်နေရင်
ရေအေးနဲနဲရောလိုက်ပါနော့
Credit

Pls follow for more ❤️လွယ်လွယ်ကူကူ ပုဇွန်တုံယမ်းချဉ်စပ်ဟင်းချို ချက်နည်းအကြိုက်တူရင် ချက်ကြည့်ရအောင် ပါဝင်ပစ္စည်းများ ပု...
10/05/2023

Pls follow for more ❤️
လွယ်လွယ်ကူကူ ပုဇွန်တုံယမ်းချဉ်စပ်ဟင်းချို ချက်နည်း
အကြိုက်တူရင် ချက်ကြည့်ရအောင်

ပါဝင်ပစ္စည်းများ
ပုဇွန်ကျော့ - ၂၅ ကျပ်သား
ကြက်သား/ကြက်ရိုး- ၁၅ ကျပ် သား(အပြုတ်ရည်အတွက်)
တုံယမ်းခဲ - ၄ ခဲ
ငုံးဥ - အလုံး ၂၀ (ကျက်အောင်ပြုတ်အခွံနွှာ)
မုန်လာဥနီ - ၁ ခု(ပန်းပွင့်လှီး)
ပဲပြား - ၅ခု( ၄ စိပ်စိပ်)
ပြောင်းဖူးသေး - ၈ ခု( ပါးပါးလှီး)
ပန်းပွင့် - ၁ ဝက် (အနေတော်လှီး)
ဝက်နားရွက်မှို - လက် ၁ ဆုပ်(ရေဆေးရေစိမ်)
ကြက်တောင်ပံတု - ၅ ကျပ်သား (ရေဆေးထား)
ခရမ်းချဉ်သီး - ၂ လုံး ( ပါးပါးလှီး)
ကြက်သွန်နီ - ၁ လုံး (နုတ်နုတ်စဉ်း)
ကြက်သွန်ဖြူ - ၇ မွှာ(နုတ်နုတ်စဉ်း)
စပါးလင် - ၃ ပင် (ပါးပါးလှီး)
ပဒဲကော - ၅ ပြား
ငရုတ်သီးစိမ်း - ၁၀ ခု( ထက်ခြမ်းခြမ်း)
ရှမ်းနံနံ - အနည်းငယ်
နံနံပင် - အနည်းငယ်
ကြက်သားမှုန်.- လက်ဖက်ရည်ဇွန်း ၁ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
သံပုရာသီး - ၂ လုံး
ဆီ - အနည်းငယ်

ချက်ပြုတ်နည်း
အရင်ဆုံး ဒန်အိုးထဲရေ ၂ လီတာထည့်ပြီး ကြက်သားကြက်ရိုးကို နူးအောင်ပြုတ်ပါ။ ကြက်ပြုတ်ရည်ရရင် ဖယ်ထားပါ။
ပြီးရင် ဒန်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူနီ၊ ငရုတ်သီးစိမ်း၊စပါးလင်၊ ပဒဲကောတို.ကို ဆီသတ်ပါ။ အနံ.မွှေးလာရင် ခရမ်းချဉ်သီး၊ ပန်းပွင့်၊ မုန်လာဥနီ၊ ပြောင်းဖူးသေးထည့်ပြီး ခဏမွှေပေးပါ။
ပြီးရင် ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင်တည်ပေးပါ။ဆူလာရင် တုံယမ်းခဲထည့်ပြီး တည်ပေးပါ။ ရေအနည်းအများ လိုသလိုထပ်ထည့်ပါ။အရသာအတွက် ဆား၊ ကြက်သားမှုန်.ထည့်ပြီး တည်ပေးပါ။အရသာမြည်းပါ။ အရသာအဆင်ပြေရင် ပုဇွန်၊ ပဲပြား၊ ငုံးဥ၊ မှို၊ တောင်ပံတုထည့်ပြီး တည်ပေးပါ။ အားလုံးနူးပြီဆိုရင် သံပုရားသီးအရည်ညှစ်ထည့်ပါ။ ရှမ်းနံနံနဲ.နံနံပင်ထည့်ပြီး အဖုံးအုပ်မီးပိတ်လိုက်ပါ။

အခုဆိုရင် အရသာကောင်းတဲ့ ပုဇွန်တုံယမ်းချဉ်စပ်ဟင်းချိုကို ပူပူလေးသုံးဆောင်နိုင်ပါပြီ

Credit to original uploader.

Pls follow for more " အပ်မှိုဝက်သားလိပ် ပြုလုပ်နည်း "ဝက်သားကိုကြက်သားမှုန့်နဲ့နယ်ပြီးပါးပါးလွှောထားပေးပါ။ သို့ ဝက်သားပြာ...
10/05/2023

Pls follow for more
" အပ်မှိုဝက်သားလိပ် ပြုလုပ်နည်း "

ဝက်သားကိုကြက်သားမှုန့်နဲ့နယ်ပြီးပါးပါးလွှောထားပေးပါ။ သို့ ဝက်သားပြားလွှာသုံးပါ။
ရရင် အပ်မှိုထည့်ပြီး ဟိုဘက်ဒီဘက်လိပ်ထားပေးပါ။ အိုးထဲ ဆီထည့်ပြီး လိပ်ထားသောဝက်သားလိပ်တွေကို အသားကျက်ရုံ ကြော်ပေးပါ။ ပဲငံပြာရည် ခရုဆီ ကြက်သားမှုန့် ငရုတ်ကောင်းအနည်းငယ် ရေအနည်းငယ် ကော်မှုန့်အနည်းငယ် ထည့်ပြီး ဆူပွက်လာသည်အထိတည်ထားပေးပါ။ ဆူလာပြီဆိုမှ ဝက်သားလိပ်လေးထည့်ပြီး လှိမ့်ပေးပါ။ နောက်ထပ် ၃မိနစ်လောက်တည်ထားပြီးရင် စားလို့ရပါပြီ။

တစ်ချို့က ဝက်သားကိုပေါင်းလိုက်တယ်။ ပြီးမှ အပေါ်ကနေ ဖျော်ထားတဲ့ ဆော့စ်ကိုလောင်းချလိုက်တာ။ နှစ်သက်ရာသုံးနိုင်ပါတယ်နော်😁

Credit : photo

မိသားစုထမင်းတစ်ဝိုင်းစာ ဟင်း(၄)မျိုးချက်နည်း💦ဝက်နံရိုးဘူးသီး/ငပိထောင်း💦ဝက်နံရိုး ၅၀သား💦ဘူးသီး ၁စိတ်💦ကြက်သွန်နီ ၂လုံး💦ကြက...
09/05/2023

မိသားစုထမင်းတစ်ဝိုင်းစာ ဟင်း(၄)မျိုးချက်နည်း💦

ဝက်နံရိုးဘူးသီး/ငပိထောင်း💦

ဝက်နံရိုး ၅၀သား💦
ဘူးသီး ၁စိတ်💦
ကြက်သွန်နီ ၂လုံး💦
ကြက်သွန်ဖြူ ၅မွှာ💦
ငရုတ်ပုထောင်း အနည်းငယ်💦
နံနံပင် ၃ပင်💦
ခရမ်းချဉ်သီး ၁လုံး💦
ဆား အနည်းငယ်💦
သကြား ။💦
ငရုတ်ကောင်း ။💦

ဝက်နံရိုးကိုရေဆေး ဆား သကြားနှင့်နယ်ပြီး နှပ်ထားပါ။
ဘူးသီးကိုနွှာပြီး စိပ်ကာရေစိမ်ထားပါ။

ဆီအနည်းငယ်မှာနနွင်းထည့် ကြက်သွန်နီ ကြက်သွန်ဖြူကို ငရုတ်သီးနှင့် ဆီသတ်ပါ။ဝက်နံရိုးထည့်ပါ။နံရိုးမှ ရေကုန်သည်
အထိ လုံးပါ။ပြီးလျှင် ရေထည့်ပြီး နံရိုးနူးသည်အထိတည်ပါ။

နံရိုးနူးကာနီးလျှင် ဘူးသီး ခရမ်းချဉ်သီးထည့်ပါ။ငရုတ်ကောင်း
ထည့်ပါ။အရသာ ထည့်ပါ။ချကာနီးလျှင် နံနံပင်အုပ်၍ချပါ။

ငပိထောင်း💦💦💦

မျှင်ငပိကို မီးကင်ပါ။ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ကိုလဲကင်
ပြီးထောင်းပါ။ပုစွန်ခြောက်ထောင်းပါ။ငပိထည့်ပါ။
အရသာမှုန့်
အနည်းငယ်ထည့်ပါ။
အရသာစိတ်ကြိုက်ပြင်ပါ။
စားခါနီးမှသံပု
ရာသီးညှစ်စားပါ။💦💦💦

2

ကြက်သားတရုတ်ချက်သောက်ဆမ်း💦💦💦

ကြက်ခုတ်သား......၅၀သား💦
ကြွက်နားရွက်မှို......၅ခု💦
မုန်လာဥနီ.......၃ လုံး💦
ကြက်သွန်ဖြူအတက်ကြီး........၁၀တက်ခန့်💦
ချင်........၁တက်💦
ကြက်သွန်မြိတ်......၄ပင်💦
ရှာကော+ပါကောမှုန့်....၁ဇွန်း💦
ပဲငံပြာအကြည်ရည်....၂ ဇွန်း💦
ငရုဆီ.........၁ ဇွန်း💦
သကြား.......၁ ဇွန်း💦

အရွယ်တော်ခုတ်ထားတဲ့ကြက်သားတွေကို
ရေဆေးပြီးဆား ၊ငရုတ်ကောင်းမှုန့်အနည်း
ငယ်တို့နှင့်အရသာနှပ်ထားပါ။

ရေစိမ်ထားတဲ့ကြွက်နားရွက်မှိုမည်းတွကိုအညှာသင်ပြီးသင့်တော်သလိုခပ်ကြီးကြီးလှီးဖြတ်ပါ။

ရေနွေးဆူဆူမှာ (၅)မိနစ်ခန့်ပြုတ်ပြီးရေစစ်ထားပါ။

မုန်လာဥနီကိုအခွံခွါပြီးကြက်သားတုံးအရွယ်နီးနီးခပ်ကြမ်းကြမ်းလှီးဖြတ်ပါ။

ကြက်သွန်ဖြူ တွေကိုလည်းအခွံခွာပြီးရေဆေးထားပါ။ချင်းကိုထက်ခြမ်းခွဲပြီးပါးပါးလှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်(၂) ဇွန်း
ခန့်ကိုအပူပေးပြီးမုန်လာဥနီနှင့်ကြက်သွန်ဖြူ
တွေကိုဆီသတ်ပြီးစစ်ထားပါ။

ထိုဆီထဲမှာပဲ ချင်းပြားတွေကိုဆီသတ်ပါ။
မွှေးလာလျှင်ကြက်သားတွေထည့်ဆီသတ်ပါ

တရုတ်မဆလာ(ရှောက်ကောပါကော)ထည့်ပြီးဆီသတ်ပါ။

ကြက်သားေးအပေါ်ယံကြောတွေတင်းလာပြီဆိုရင်ရေလေးအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။

ကြက်သားတွေရေခမ်းပြီးအနံ့မွှေး၊တစ်၀က်
်ကျက်လောက်အချိန်မှာကြော်ပြီးဆီစစ်ထားတဲ့
မုန်လာဥနီနဲ့ကြက်သွန်ဖြူ တွေထည့်ပါ။

ကြွက်နားရွက်မှိုတွေကိုလည်းထည့်ပေးပါ။

သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်
အကြည်၊ဆားတို့ဖြင့်အရသာဖြည့်စွက်ပါ။

အားလုံးဆတူနီးပါးနှုးလာလျှင်ကြက်သွန်
မြိတ်လေးများအုပ်ပေးပါ။

ဒီဟင်းပွဲလေးကအရည်အများကြီးမဟုတ်တဲ့အတွက်ဆမ်းစားရတာအဆင်ပြေသလိုခပ်သောက်ချင်လဲခပ်သောက်လို့ရတဲ့အချိုသောက်ဆမ်းလေး
ဖြစ်ပါတယ်။

3

Seafood ပဲကြာဇံချဉ်ငန်စပ်သုပ်💦💦💦

ပဲကြာဇံကိုရေနွေးဆူဆူမှာပြုတ်ပြီး မမာမပျော့အနေထားရပြီဆို ဆယ်ပြီးရေအေးမှာစိမ်ထားပေး။ ၅မိနစ်လောက်ထားပြီးမှ ဆယ်ပြီးရေစစ်ထားပေး။

နှစ်သက်ရာseafoodကိုရေအနည်းငယ်နဲ့ပြုတ်ထားပေး။ ရလောက်ပြီဆို ပြန်ဆယ်ထား။

ရလာတဲ့ပြုတ်ရည်အနည်းငယ်ထဲ ထောင်းထားသောသကြား မြေပဲ ငရုတ်နီတောင့်ထောင်းထည့်။ ကြက်သားလုံးနဲ့ ကြက်သွန်နီပါးပါးလှီးထည့် ခရမ်းချဉ်သီးလှီးထားတာထည့် ငံပြာရည် သံပုရာသီးညှစ်ပေး ပြီး ပဲကြာဇံနဲ့seafoodထည့်ပြီး သမအောင်မွှေ။ နံနံပင်လေးအုပ်။

4

ဝက်အူချောင်းအစပ်ကြော်💦💦💦

ဝက်အူချောင်းကိုမထူမပါးလှီးထားပေးပါ။
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနီ ထောင်းထားပေးပါ။

ကြော်ဖို့ ဆီထည့်ပြီး ကြက်သွန်ဖြူဆီသပ် ဝက်အူချောင်းထည့် ခရုဆီ ပဲငံပြာရည်အကြည် ကြက်သားမှုန့် ငရုတ်ကောင်း ရေအနည်းငယ်ထည့် ပြီးတည်ထား။

ရေခမ်းခါနီးမှ ငရုတ်သီးစိမ်းနီ ထောင်းတာထည့်။

ရေခမ်းပြီးဆို ကြက်သွန်မြိတ်လေးလှီးထားတာဖြူးထည့် ဒါဆို စားလို့ရပါပြီ။
Crd

😍 လွယ်လွယ်ကူကူ ပေါင်းအိုးလေးနဲ့  #ဒန်ပေါက် ချက်စားကြရအောင် 😋`` ပေါင်းအိုးနဲ့ချက်တဲ့ ဒန်ပေါက် ´´လိုအပ်တဲ့ပစ္စည်းတွေကတော့ဒ...
09/05/2023

😍 လွယ်လွယ်ကူကူ ပေါင်းအိုးလေးနဲ့ #ဒန်ပေါက် ချက်စားကြရအောင် 😋

`` ပေါင်းအိုးနဲ့ချက်တဲ့ ဒန်ပေါက် ´´

လိုအပ်တဲ့ပစ္စည်းတွေကတော့

ဒန်ပေါက်ဆန်
နို့စိမ်း
ထောပတ်(အပူပေးထားပါ)
ပဲစိမ်း
စပျစ်စေ့ခြောက်
သီဟိုစေ့
သကြား
ဆား
ကြက်သားမှုန့်
ဆီ
ကြက်သွန်ကြော်
ဒန်ပေါက်အရောင်ဆေးရည်
ဒန်ပေါက်မဆလာ
(ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.)...
ဒန်ပေါက်ဆန်ကို ရေဆေးပီး နာရီဝက်ခန့်ရေစိမ်ထားပါ

ရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့်အချိုးအစားပေါ်မူတည်ပီး ရေများများနဲ့ဆူအောင်တည်ပါ..

(ရေထဲကို သစ်ဂျပိုးခေါက် ဖာလာ နာနတ် ကရဝေး အနည်းငယ်နဲ့ဆါးနည်းနည်းထည့်ပြုတ်ပေးပါ)

ရေဆူလာရင် စိမ်ထားတဲ့ဆန်ကိုထည့်ပီး မွှေပေးပါ

ဆန်ကရှည်ထွက်လာပီး မာတင်းတင်းလေးဆိုရင် ရေစစ်ပီး ပေါင်းမယ့်အိုးထဲကိုထည့်ပါ..

ပီးရင်
ထောပတ်အပူပေးထားတာကိုလောင်းထည့်ပါ နုိ့်စိမ်း
သီဟိုစေ့ စပျစ်သီး ပဲစိမ်းတွေကိုထည့်ပါ
ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ဆန်ပေါ်မူတည်ပီးထည့်ပေးပါ..
ပီးရင် အပေါ်ကနေ ဒန်ပေါက်အရောင်ကို ကွက်ကြားလောင်းထည့်ပေးပါ.
အရောင်ထည့်ပီးရင် ကြက်သွန်ကြော်နဲ့ဒန်ပေါက်မဆလာကို အပေါ်ဆုံးကနေတင်ပီး ဆီအနည်းငယ်လောင်းထည့်လိုက်ပါ...
ပီးရင် မီးခလုတ်နှိပ်ပီ ၄၅မိနစ်ဆိုကျက်ပါပီ...

#ကြက်သား ကိုတော့ ညတည်းက ဒိန်ချဉ်ရယ်မဆလာရယ်အချိုအငံနဲ့နယ်ပီးရေခဲသေတ္တာထဲနှပ်ပါ
မနက်ကျရင် ကြက်သွန်ဖြူနီဆီသတ်ပီး အရောင်မှုန့်ထည့်ပီး ကြက်သားချက်ပါ...ကြက်းသားကျက်ပီဆိုရင် ကြက်သွန်ကြော်တွေကိုများများထည့်ပီး မဆလာထည့်လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ဒန်ပေါက်ရပါပီ

ခဏခဏချက်စားသလို မိတ်ဆွေတွေလည်း ခေါ်ချက်ခိုင်းတဲ့ သဇင့်ရဲ့ဒန်ပေါက်ချက်နည်းပါ 😁

(ဆန်ကိုဆယ်ပီးပြုတ်ထားတဲ့အပူငွေ့မသေခင် အိုးထဲကိုထည့်တါတွေ အမြန်ဆုံးလုပ်ပါ)..

Thanks for follow

သာကူဆနွင်းမကင်း ❤️❤️❤️*************လွယ်ကူရိုးရှင်းပြီး စားလို့လည်းကောင်း  လုပ်ရတာလည်း အလွန်လွယ်ကူတဲ့ သာကူဆနွင်းမကင်းလေးပ...
09/05/2023

သာကူဆနွင်းမကင်း ❤️❤️❤️
*************
လွယ်ကူရိုးရှင်းပြီး စားလို့လည်းကောင်း လုပ်ရတာလည်း အလွန်လွယ်ကူတဲ့ သာကူဆနွင်းမကင်းလေးပါ ။ အိမ်မှာအလွယ်တကူလုပ်စားလို့ရပါတယ် ။ ကုန်ကျစရိတ်လည်း သက်သာပြီး လုပ်ရတာလည်းမြန်ပါတယ် ။် စိတ်ဝင်စားရင်လုပ်ကြည့်ပါ ။သဘောကျရင် မိတ်ဆွေတွေကို လည်းမျှဝေလိုက်ပါနော် ။

ပါဝင်ပစ္စည်း
********
သာကူစေ့...၂၅ ကျပ်သား(ရေဆေးပြီး ဇကာနဲ့စစ်ထားပါ)
သကြား...၂၀ ကျပ်သား
coconut cream..၁ ဗူး(သို့)
အုန်းသီး ..၁လုံး (ခြစ်ပြီး အရည်ညှစ်ထားပါ)
ဆား လက်ဖက်ဇွန်း..၁ဇွန်း
နွားနို့...၁ ဖန်ခွက်
ထောပတ်(သို့)ဆီ...၅ ကျပ်သား
ဘိန်းစေ့...အနည်းငယ်

ပြုလုပ်ပုံ
*******
၁။ သာကူ သကြား ဆား နွားနို့ အုန်းနို့အားလုံးရောပြီး သမအောင်နယ်ပါ ။ မုန့်ဖုတ်မည့်ဗန်းထဲသို့ထောပတ်(သို့)ဆီထည့်ပြီး နယ်ထားတဲ့သာကူကို လောင်းထည့်ပါ ။
၂။ ညီအောင်ညှိပြီး အပေါ်ကဘိန်းစေ့ဖြူးပြီး အပေါ်မီး အောက်မီးနဲ့ ဖုတ်ပါ။ မုန့်ဖုတ်တဲ့ oven ရှိရင်တော့ oven ထဲထည့်ဖုတ်ိပါ ။ အိမ်မှာတော့ (oven မရှိ အပေါ်မီးအောက်မီး မရှိ)ဂက်စ်မီးဖို နဲ့ ချက်တဲ့ အတွက် ဆီမကပ်တဲ့ ဒယ်ပြန့်ထဲ ထည့်ပြီး မီးနဲနဲ နဲ့ အပေါ်ယံ ကျက်ခါနီးထိ မိနစ် ၃၀ ခန့် တင်ပြီး ဘန်းထဲသို့ဆီထည့်ပြီး မှောက်ချလိုက်ပါ ။ မီးဖိုပေါ််နောက်ထပ် ၁၅ မိနစ်ခန့်တင်ပြီး ရင် ရပါပြီ ။
အအေးခံပြီးလိုသလို လှီးဖြတ်စားနိုင်ပါတယ် ။
============================================
C. R. D
Pls follow for more

Pls follow for more ❤️❤️❤️ရခိုင်ငြုပ်သီးထောင်း..နည်းလေး.မေးထားကြလို့ပါငြုပ်သီးစိမ်း ကို မီးအေးအေးနဲ့လှော် ငါးပိကိုလည်း.....
08/05/2023

Pls follow for more ❤️❤️❤️
ရခိုင်ငြုပ်သီးထောင်း..နည်းလေး.မေးထားကြလို့ပါ
ငြုပ်သီးစိမ်း ကို မီးအေးအေးနဲ့လှော် ငါးပိကိုလည်း..ဆားလေးကပ်ပြီး..မီးမှာကင် ပြီးရင်..ဆား..အချိုမှုန့်စားရင် ထည့်..မရမ်းပြား..နည်းနည်း ထည့်ပြီးထောင်း..လိုနေသေးတဲ့အချဥ်အတွက် သံပုရာသီး ညှစ်လိုက်ရင် မွှေးမွှေးလေးနဲ့ ရှူးရှဲ ထမင်းမြိန်စေပါတယ် ရှင့်..
ဒီနေရာမှာ...မရမ်းပြားမပါပဲ သံပုရာသီး တစ်ခုတည်းနဲ့လည်း အဆင်ပြေ ပါတယ်..ကျမက မရမ်းပြားရဲ့ အချဥ်လေးလေး..ဖြစ်စေတာကို ပိုကြိုက်လို့
Thanks 🙏🙏

Credit to Myo Nge

Pls follow for more အကုန်ကျလည်းသက်သာ ဗိုက်အဝလည်းဆွဲလို့ရတဲ့အသီးရွက်စုံ ဒုတ်ထိုးလေးလုပ်စားရအောင်နော် ပိတ်ရက်ကို တစ်နေ့တစ်...
08/05/2023

Pls follow for more

အကုန်ကျလည်းသက်သာ ဗိုက်အဝလည်းဆွဲလို့ရတဲ့
အသီးရွက်စုံ ဒုတ်ထိုးလေးလုပ်စားရအောင်နော်

ပိတ်ရက်ကို တစ်နေ့တစ်မျိုး မရိုးအောင်စားကြမယ့် အစားတစ်လိုင်းတို့အတွက် ငယ်ငယ်ကလို မိသားစုဆုံတုန်းလေး ပျော်ပျော်ပါးပါး ချက်ပြုတ်စားဖို့အတွက် သက်သတ်လွတ် တုတ်ထိုးအစုံ ပြုလုပ်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ အသားတု၊ သခွားသီး၊ ပဲပြား၊ တို့ဖူး၊ အာလူး၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာ၊ ဆီ တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး တုတ်ထိုးပြုလုပ်ဖို့ အတွက် အသားတုကို ရေစိမ်ထားရပါမယ်။ သခွားသီးကို အခွံခွာပြီး အစိတ်လေးများစိတ်၍ ရေစိမ်ထားပါ။

ပြီးလျှင် ပဲပြား၊ တို့ဖူး တို့ကို ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်ဖြင့်နယ်ကာ ကြွပ်ကြွပ်လေး ကြော်ပါမယ်။

ပြီးနောက် အသားတု ရေစိမ်ထားတာ ပွလာလျှင် ရေညစ်ထုတ်ကာ ထက်ခြမ်းခြမ်းလို့ အရသာနယ်ပြီး ကြော်ပေးပါ။

အာလူးကိုပြုတ်ပြီး နူးလာရင်ဆယ်ကာ အခွံခွာပါမယ်။ မဆလာအနည်းငယ်၊ အရသာအနည်းငယ်ဖြင့် နယ်ကာ ဆီအနည်းငယ်ဖြင့် လှိမ့်ပေးပါမယ်။

ရုံးပတီသီးကိုလည်း အရသာ၊ မဆလာအနည်းငယ်တို့ဖြင့် နယ်ကာ ဆီပူထိုးပေးလိုက်ပါ။

တုတ်ထိုးတွေ အဆင်သင့်ဖြစ်ရင်တော့ တွဲဖက်စားဖို့ အချဉ်ရည်ဖျော်ရပါမယ်။

အချဉ်ရည်ဖျော်ဖို့အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ထောင်းကာ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ဖြင့် ငရုတ်ဆီကို ဖျော်လိုက်မယ်ဆိုရင် သက်သတ်လွတ်တုတ်ထိုးနဲ့ လိုက်ဖက်စွာ အသင့်သုံးဆောင်နိုင်ပါတယ်။
Thanks Guys ❤️❤️

Credit မူရင်းဝေမျှသူ
Credit All photos

Pls follow for more ❤️❤️❤️ကြက်စွပ်ပြုတ် ပူပူလေးနဲ့စပ်စပ်လေး🤤ကိုယ်ခံအားရှိအောင် စားချင်စိတ်လည်းဖြစ်အောင် ကြက်စွပ်ပြုတ်ကို...
07/05/2023

Pls follow for more ❤️❤️❤️

ကြက်စွပ်ပြုတ် ပူပူလေးနဲ့စပ်စပ်လေး🤤
ကိုယ်ခံအားရှိအောင် စားချင်စိတ်လည်းဖြစ်အောင် ကြက်စွပ်ပြုတ်ကို ချဉ်စပ်အရသာလေး ချက်စားဖြစ်ပါတယ်..

ချက်ရတာ အင်မတန် လွယ်ကူလှတာမို့ ကိုယ်ချက်စားဖြစ်တဲ့အတိုင်းချက်နည်းလေးပါ ထဲ့ရေးပေးထားပါတယ်..

ကြက်အသားအရိုးများကို ဆေးကြောသန့်စင်ထားပါ..

စပါးလင် တစ်ပင်ကို ခပ်ဖွဖွထုထောင်းပြီး အစည်းစည်းကာ ချက်မည့်အိုးအောက်ခြေတွင်ထဲ့ပါ
ဂျင်း လက်တစ်ဆစ်စာလောက်ကို ခပ်ဖွဖွထုထောင်းပြီးထဲ့ပါ
နံနံပင် အမြှစ်အနည်းငယ်ထဲ့ပါ ( မထဲ့လည်းရ)
ကြက်သွန်ဖြူ ဥသေးတလုံးကို အခွံအကုန်မခွာပဲ ခပ်ဖွဖွထုထောင်းကာ ထဲ့ပါ.,
ကြက်သားထဲ့ပါ
ငါးငံပြာရည် အနည်း ဆားလိုသလောက် ခန့်မှန်းထဲ့ပေးပါ..
ရေကို ကြက်သားဖုံးအောင်ထဲ့ပြီး မိနစ် ၂၀ ခန့် အဖုံးဖုံးပိတ်ပြီး ချက်ပါ.. ချက်တဲ့အခါ မြေအိုးကို သုံးတာက အသားတွေကို ပိုမိုနုညံ့စေပါတယ်..
အနေတော်လှီးထားတဲ့ မုန်လာဥနီ အာလူး ကြက်သွန်နီဥကို ၈ စိတ်စိတ်ပြီး ထဲ့ပေးပါ..
ရေနွေးထပ်ထဲ့ကာနောက်ထပ် ၁၀ မိနစ်ခန့် အိုးအဖုံးပိတ်ပြီး ချက်ပေးပါ..
အရသာ အပေါ့အငံမြည်းပြီး မီးခွင်ပေါ်မှာပဲ ဆက်တည်ထားပေးပါ..
မြေအိုး သုံးထားတာဆိုရင် မီးခွင်အပူချိန် အိုးအပူရှိနက်တင် အသားတွေကို ပိုမိုနူးအိစေပါတယ်..

ငရုပ်သီးအစိမ်း/အနီတောင့်ရောပြီး ဆားအနည်းငယ် ပုဇွန်ခြောက်မှုန့် အနည်းငယ်ဖြင့် မညှက်တညှက်ထောင်းထားပါ..

စားပွဲပြင်နည်း

ကြက်သားစွပ်ပြုတ်ပူပူလေးကို စားမည့်ခွက်တွင် ထဲ့ပြီး ထောင်းထာတဲ့ ငရုပ်သီးကို ကိုယ်စားနိုင်မည့် အစပ်ပမာဏ ရအောင်ထဲ့ပါ..
နံနံပင် ကြက်သွန်မိတ် ထဲ့ပါ.
သံပုရာရည် ညှစ်ထဲ့ပါ..

ဒါဆိုရင်တော့ ကြက်စွပ်ပြုတ် ချဉ်စပ်အရသာ ရပါပြီးရှင်..

ချဉ်စပ် မစားချင်သူတွေက ငရုပ်သီး မထဲ့ပဲ နံနံပင်လေး ထဲ့ကာ အချိုအရသာ သုံးဆောင်နိုင်ပါတယ်..
ကြက်စွပ်ပြုတ်မှာ ဘာအရသာမှုန့် အချိုမှုန့်မှ မသုံးပဲ အချိုဓါတ်ရရှိပါတယ်နော်..

မြန်မ်ာပြည်သူပြည်သားများ ဘေးဘရာဝေးကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေ.. ငဗစ်ရန်က ကင်းဝေးကြပါစေ..
Thanks guys

crd
food

Pls follow for more ❤️❤️❤️ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးဗဟုသုတအဖြစ် ...
07/05/2023

Pls follow for more ❤️❤️❤️
ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေး
ဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ
=========
ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေကိုယ်လည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာ
ဘယ်လောက်ဆိုးသလဲဆိုရင်မနက်ပိုင်းချက်ထားတဲ့ထမင်းကိုညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ်

မဟုတ်ရင်စားခါနီးကျထမင်းကသိုးရောထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာ
အဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါပဲ

ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ်ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်ပြီးရင်အိုးကလည်းသန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်

ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေနဲ့ရှာလကာရည်တဇွန်းထည့်ပြီးတော့ပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်
ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုကို‌အခြောက်ခံပြီးဆားနဲ့နာနာတိုက်ပါတယ်ကိုယ်တော့နာရီဝက်လောက်ကိုထိုင်‌တိုက်တာ

အိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီးဆားကမဲညစ်ညစ်အရောင်ပြောင်းသွားလိမ့်မယ်
ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင်ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ

အဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းကထမင်းမသိုးတော့တာနှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲတစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာ ဒါတောင်မသိုးတော့ဘူး

မူရင်းCrd
Photo crd
Thank you guys

ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burmese Cookingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์