•Burmese Kitchen•

•Burmese Kitchen• ကျန်းမာရေးနှင့်ညီညွတ်သော အိမ်ချက်မြန်မာအစားအစာများ

23/05/2026

နေ့လည်စာ စောစောလေးချက် 🍲
#ပဲဟင်း #ငါးခြောက်ကြော်

 #ဂဏန်းမဆလာ  #ကြက်ဟင်းခါးသီးကြော်လိုက်ဖက်တာထက် ၂မျိုးစလုံးကအကြိုက်ဆုံးဟင်းတွေဖြစ်ပေမယ့် မချက်စားရတာကြာပြီမို့ ဒီညတော့ချက...
19/05/2026

#ဂဏန်းမဆလာ #ကြက်ဟင်းခါးသီးကြော်

လိုက်ဖက်တာထက် ၂မျိုးစလုံးကအကြိုက်ဆုံးဟင်းတွေဖြစ်ပေမယ့် မချက်စားရတာကြာပြီမို့ ဒီညတော့ချက်ဖြစ်တယ်ပေါ့

ဒီနေ့ညတော့ ဗိုက်တင်းပြီ 😋



 #ရွှေတောင်ခေါက်ဆွဲကြက်ဥခေါက်ဆွဲ/ဂျုံခေါက်ဆွဲတွေရှာဝယ်မရလို့ရှိတဲ့ဟောင်ကောင်ခေါက်ဆွဲလို့ခေါ်တဲ့ခေါက်ဆွဲအမျိုးအစားကိုပဲ သ...
17/05/2026

#ရွှေတောင်ခေါက်ဆွဲ

ကြက်ဥခေါက်ဆွဲ/ဂျုံခေါက်ဆွဲတွေရှာဝယ်မရလို့
ရှိတဲ့ဟောင်ကောင်ခေါက်ဆွဲလို့ခေါ်တဲ့ခေါက်ဆွဲအမျိုးအစားကိုပဲ သုံးလိုက်ရတယ်

တော်တော်များများက
ရွှေတောင်ခေါက်ဆွဲထက် အုန်းနို့ခေါက်ဆွဲပဲအစားများကြ၊ လုပ်စားတတ်ကြတယ်
သူက နေရာတိုင်းမရတာရယ် လုပ်ရတာပိုလက်ဝင်လို့ထင်ပါတယ်

ရွှေတောင်ခေါက်ဆွဲနဲ့အုန်းနို့ခေါက်ဆွဲမတူတာက
ရွှေတောင်ခေါက်ဆွဲက အုန်းနို့ကို ဟင်းရည်ထဲမထည့်ဘဲ အုန်းနို့ကို အုန်းနို့ဆီချက်အနေနဲ့ထည့်လို့ ပဲကျက်မှုန့်လေးပါထည့်ကာ စားကြတာပါပဲ



09/05/2026

#ပဲပြုတ် #ပဲ

 #သရက်သီးစိမ်းသနပ်ဘာရယ်မဟုတ်ပါဘူး သရက်သီးစိမ်းတွေပေါတဲ့ကာလမှာ လိုင်းပေါ်မှာသရက်သီးစိမ်းသနပ်လုပ်ပြတဲ့ဗီဒီယိုလေးတွေ့တာနဲ့ ...
06/05/2026

#သရက်သီးစိမ်းသနပ်

ဘာရယ်မဟုတ်ပါဘူး သရက်သီးစိမ်းတွေပေါတဲ့ကာလမှာ လိုင်းပေါ်မှာသရက်သီးစိမ်းသနပ်လုပ်ပြတဲ့ဗီဒီယိုလေးတွေ့တာနဲ့ လိုက်လုပ်ကြည့်မိတာ

နေ ၃ရက်ပြရမယ်ဆိုကာမှ နေမထွက်ဘဲ မိုးအုံ့ပြီး
ညဆို မိုးအကြီးအကျယ်ရွာနေတာနဲ့ လာတိုးနေတယ်

ပဲပြုတ်ထမင်းကြော်လေးကို
သရက်သီးသနပ်လေးနဲ့စားဖို့ ကြိုတင်တွေးထားပြီ 😄



 #မြီးရှည်မြီးရှည်ကို ဒီကမြန်မာဆိုင်မှာရောင်းလား မရောင်းလားမသိဘူး…ရောင်းရင်လည်း နေရာကဝေးတော့ မုန့်ဖိုး၊ အသွားအပြန်ခနဲ့ ဘ...
04/05/2026

#မြီးရှည်

မြီးရှည်ကို ဒီကမြန်မာဆိုင်မှာရောင်းလား မရောင်းလားမသိဘူး…ရောင်းရင်လည်း နေရာကဝေးတော့ မုန့်ဖိုး၊ အသွားအပြန်ခနဲ့ ဘတ်၂၀၀လောက်ကုန်မှာဆိုတော့ ကိုယ့်ဘာသာပဲ YouTubeကချက်ပြတာတွေကြည့်ပြီး ပထမဆုံးလုပ်စားလိုက်ပါတယ်

ကိုယ့်ဘာသာလုပ်တော့ ဘတ်၃၀၀ဝန်းကျင်လောက်ကုန်သွားပေမယ့် ကိုယ်အဝစားရပြီး မိတ်ဆွေတချို့ကိုလည်း မျှဝေလို့ရတာပေါ့

အထူးသဖြင့် ပဲငပိပါတဲ့အစားအစာမို့
ပဲငပိကြောင့်အကြောတက်တာကို အချိုမှုန့်ပါထပ်ပေါင်းထည့်လိုက်ရင် ပိုဆိုးတတ်တာမို့
ကိုယ်တိုင်လုပ်စားတော့ ရှောင်သင့်တာတွေရှောင်လို့ရပြန်တယ်

စားကြပါဦး



 #ဝက်အူကောက်ညှင်းအဆာသွပ် - အတိုင်းအဆမသိတာရယ် လုပ်နေကြမဟုတ်တော့ ကောက်ညှင်းကနပ်လာတဲ့အချိန် အူကပေါက်ထွက်သွားပါလေရော 😂 #အူမက...
02/05/2026

#ဝက်အူကောက်ညှင်းအဆာသွပ်
- အတိုင်းအဆမသိတာရယ် လုပ်နေကြမဟုတ်တော့ ကောက်ညှင်းကနပ်လာတဲ့အချိန် အူကပေါက်ထွက်သွားပါလေရော 😂

#အူမကြီး ဝက်သားတုတ်ထိုးကတော့ ဒီတစ်ခါမြေအိုးနဲ့ချက်တော့ ကြာကြာတောင်မတည်ရဘူး

မြေအိုးနဲ့ဘာကြောင့် အသားတွေချက်ကြ၊ ပေါင်းကြလဲဆိုတာ အခုတော့ပိုသိလာပြီ

တစ်ခုလေးပဲအခက်အခဲက
မီးဖိုကမီးသွေးမှာ မီးစွဲအောင် အချိန်ပေးလုပ်ရတာပဲ



ရခိုင်စာ  #ကင်းမွန်သုပ် နဲ့  #ဟင်းငုတ်ပွင့်ကြော်သခွပ်ပွင့်/ဟင်းငုတ်ပွင့်ခြောက်တွေကို ရေဆေးသန့်စင်ပြီး ရေနွေးနဲ့ခဏဖျော၊ ပ...
30/04/2026

ရခိုင်စာ #ကင်းမွန်သုပ် နဲ့ #ဟင်းငုတ်ပွင့်ကြော်

သခွပ်ပွင့်/ဟင်းငုတ်ပွင့်ခြောက်တွေကို ရေဆေးသန့်စင်ပြီး ရေနွေးနဲ့ခဏဖျော၊ ပြီးရင် ကြက်သွန်ဖြူ၊နီနဲ့ စိမ်းစားငပိအနည်းငယ်တို့ထည့်ကာ ဆီသတ်လို့ ထည့်ကြော်ရင် စားမြိန်တဲ့ဟင်းတစ်ခွက်ရပါပြီ

[တထုတ်ထုတ်နဲ့ဝါးကောင်းစားကောင်းလို့ ကြော်,ကြော်ပြီးချင်းကို နှိုက်စားဖြစ်နေတဲ့ဟင်းတွေထဲ ဒီဟင်းလည်းပါ,ပါတယ် 😋]



ပူတဲ့အချိန်အခါမှာ ခံတွင်းမြိန်စားဝင်တဲ့ ထမင်းမပါသောညစာဆိုပါတော့ #ကြာဇံကြော်  #မြန်မာတုတ်ထိုး
28/04/2026

ပူတဲ့အချိန်အခါမှာ
ခံတွင်းမြိန်စားဝင်တဲ့ ထမင်းမပါသောညစာဆိုပါတော့

#ကြာဇံကြော် #မြန်မာတုတ်ထိုး

 #သင်္ဘောသီးသုပ် နဲ့ ဘူးသီးဟင်းခါးမကွေးတချို့သောနယ်ဘက်က သုပ်စားတတ်ကြတဲ့ပုံစံဆိုပြီး မိတ်ဆွေတစ်ယောက်လုပ်ကျွေးလို့ စားဖူးခ...
26/04/2026

#သင်္ဘောသီးသုပ် နဲ့ ဘူးသီးဟင်းခါး

မကွေးတချို့သောနယ်ဘက်က သုပ်စားတတ်ကြတဲ့ပုံစံဆိုပြီး မိတ်ဆွေတစ်ယောက်လုပ်ကျွေးလို့ စားဖူးခဲ့တဲ့ပုံစံပေါ့

ကြက်သွန်ဖြူဆီချက် ဆီနီ၊ ဆီဝါ၊ မန်ကျည်းရည်၊ ငရုပ်ဆီ၊ ပဲမှုန့် စသဖြင့်အဆာပလာစုံစုံထည့်လို့ ထမင်းကစ အသီးအရွက်တွေကို အစိမ်း၊အပြုတ်မကျန် အားပါးတရ မျိုးစုံသုပ်စားတတ်ကြတာ မြန်မာတွေရဲ့ သူမတူတဲ့ စားသောက်မှုရိုးရာပါပဲ

ခရီးတွေသွားဖြစ်လို့ အစားအစာတွေစားဖြစ်ရင်
အနီးနားကဒေသတွင်းမှာတောင် အထောင်း၊ အကင်၊ အပြုတ်၊ အကြော်တို့ပဲ အများဆုံးတွေ့ရတတ်တယ်

မြန်မာရဲ့အသုပ်ကတော့
တစ်နေ့ သူသိများလို့ သူကြိုက်များလာကောင်းပါရဲ့



 #သခွပ်ပွင့် သို့  #ဟင်းငုတ်ပွင့်ဆေးဖက်ဝင်တယ်ဆိုပြီး သူ့ချည်းပဲဖြစ်ဖြစ် ကြာဇံတို့နဲ့ရောပြီး သုပ်စားတတ်ကြတယ်အသုပ်ကြည့်ပဲမ...
26/04/2026

#သခွပ်ပွင့် သို့ #ဟင်းငုတ်ပွင့်

ဆေးဖက်ဝင်တယ်ဆိုပြီး သူ့ချည်းပဲဖြစ်ဖြစ် ကြာဇံတို့နဲ့ရောပြီး သုပ်စားတတ်ကြတယ်

အသုပ်ကြည့်ပဲမဟုတ်ဘဲ ရေနွေးလေးပြန်ဖျောလို့ အတို့အမြှုပ်အနေနဲ့လည်း ငရုပ်သီးချက်တို့နဲ့တွဲစားရင်လည်း လိုက်ဖက်တယ်
ရခိုင်ဘက်ကစားတတ်ကြတဲ့အလေ့အထတစ်မျိုးပေါ့

သူ့ရဲ့ဝတ်ဆံလေးတွေကိုလည်း ပဲပင်ပေါက်နဲ့တူတယ်ဆိုပြီး အစားထိုးစားတတ်ကြသေးတယ်

ဒီနေ့တော့ လမ်းလျှောက်ထွက်တုန်း အများကြီးကြွေနေတာတွေ့တာနဲ့ မထိန်းနိုင်ဘဲ ကောက်မိခဲ့ပြန်တယ်

သူက နေရောင်နဲ့အခြောက်ခံရင် မာကျစ်သွားတတ်လို့ အရိမ်ထဲ လေနဲ့အခြောက်ခံတာက ပိုအဆင်ပြေလှတယ်


ที่อยู่

Phaya Thai Road
Bangkok Yai

เวลาทำการ

จันทร์ 09:00 - 12:00
อังคาร 09:00 - 12:00
พุธ 09:00 - 12:00
พฤหัสบดี 09:00 - 12:00
ศุกร์ 09:00 - 12:00
เสาร์ 09:00 - 12:00
อาทิตย์ 09:00 - 12:00

เบอร์โทรศัพท์

+66617712110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ •Burmese Kitchen•ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์