Aung Kaung Kyaw ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Aung Kaung Kyaw, บริการจัดส่งอาหาร, Bangkok.

27/01/2026

မောင်ဦး(အိမ်ရှင်ထီးကြီးလက်ရာ)

#မြန်မာထမင်းဟင်း #ဟင်းချက်နည်း
#အိမ်ရှင်မတွေဆီရောက်

အသားဟင်းတွေမစားချင်ဘူးအီတယ်ဆို ခရမ်းချဥ်သီးအလွယ်ထောင်းနည်း လုပ်စားကြည့်ပါထမင်းပူပူနဲ့တအိုးကုန်သွားမယ်😂ခရမ်းချဥ်သီး သုံးလ...
09/11/2025

အသားဟင်းတွေမစားချင်ဘူးအီတယ်ဆို ခရမ်းချဥ်သီးအလွယ်ထောင်းနည်း လုပ်စားကြည့်ပါထမင်းပူပူနဲ့တအိုးကုန်သွားမယ်😂

ခရမ်းချဥ်သီး သုံးလေးလုံးကို မီးကင်လိုက်ပါ ဒယ်အိုးထဲလှော်မယ်ဆိုလည်းရ
ကိုယ်စားနိုင်သလောက် ငရုပ်သီးခြောက်နဲ့အနီးရောင်ငရုပ်သီးစိမ်း ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို လှော်မယ်

ပြီးရင် ငရုပ်ဆုံထဲထည့် ထောင်းမယ် ငရုပ်သီးညှက်ပြီးဆို ခရမ်းချဥ်သီးထည့် အချိုမှုန့်ထည့် ငပိရည် ထည့် အရသာမြည်းပြီး အနေတော်ရပြီးဆို ထမင်းပူပူနဲ့ ကြက်ဥကြော်နဲ့တွဲစား စားလို့အရမ်းကောင်း

ငါးပိရည်က ကိုယ်တွေစားတဲ့ မြန်မာငါးပိရည်ကျိုထည့်ရသလို ထိုင်းသဘော်သီးထောင်းမှာသုံးတဲ့ငပိရည်လည်းထည့်လို့ရပါတယ်ရှင်

လှပတဲ့သဘာဝပန်းရောင်နဲ့ဂျင်းချဥ် ပြုလုပ်နည်းလိုအပ်တဲ့ပစ္စည်းဂျင်းနုလည်းရ ရင့်လည်းရ တကီလိုဆား ၁ ဇွန်း.. ထမင်းစားဇွန်းရှာလက...
07/11/2025

လှပတဲ့သဘာဝပန်းရောင်နဲ့ဂျင်းချဥ် ပြုလုပ်နည်း

လိုအပ်တဲ့ပစ္စည်း
ဂျင်းနုလည်းရ ရင့်လည်းရ တကီလို
ဆား ၁ ဇွန်း.. ထမင်းစားဇွန်း
ရှာလကာရည်..၃၀၀ ml
သကြား ၁၀၀ ဂရမ်
ရေ..၁လီတာ
သံပရာသီး ၃ လုံး

လုပ်နည်းမှာ
ရေ..ဆား..သကြား..ရှာလကာရည်ကို ရောပြီးမီးနဲ့ကျိုလိုက်ပါ ပြီးရင်အအေးခံထားပါ
ဂျင်းကို အခွံခွာ ပါးပါးလှီးပြီး ဆား ၂ ဇွန်းထည့်ပြီး ၁ နာရီလောက် ရေစိမ်ထားပါ ပြီးရင် ရေခြောက်အောင်စစ်ထားလိုက်ပါ ရေစစ်ပြီးဆို ဖန်ပုလင်းထဲ ဂျင်းထည့်..သဘာဝပန်းရောင်လေးနဲ့စားချင်စရာဖြစ်အောင် သံပရာသီး ၃ လုံးလောက် ဂျင်းထဲကိုညှစ်ထည့်လိုက်ပါ
ပြီးရင်ကျိုးထားတဲ့ အရည်ကိုထည့်ပြီး အဖုံးပိတ် အခန်းအပူချိန်နဲ့ ၂ရက် လောက်ထားရင် စားလို့ရပါပြီး အဲ့ခါကျမှ ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်ပါ ၆ လထိထားခံပါတယ်နော် ဂျင်းကြိုက်သူအတွက် စမ်းလုပ်ကြည့်နော်

ပဲ ခြမ်း‌ကြော်အော်ဒါ လက်ခံပါတယ်ဗျတခု 5ဘတ် တဗူး 50ဘတ် 10ခုပါထိုင်းနိုင်ငံအနှံ့ စာတိုက်နဲ့ပို့ပေးပါတယ်ဗျ500ဖိုးအထက်ယူတဲ့စာ...
16/08/2025

ပဲ ခြမ်း‌ကြော်အော်ဒါ လက်ခံပါတယ်ဗျ
တခု 5ဘတ် တဗူး 50ဘတ် 10ခုပါ
ထိုင်းနိုင်ငံအနှံ့ စာတိုက်နဲ့ပို့ပေးပါတယ်ဗျ

500ဖိုးအထက်ယူတဲ့စားသောက်ဆိုင်ကို ဖောက်သည်ဈေး တခု 4ဘတ်နဲ့ရမယ်ဗျ

ဝက်သားကြော်စားတိုင်း မာမာလေးဖြစ်ပြီးစားတဲ့အခါမှာလည်း အားနဲ့ဆွဲကိုက်ရတာမျိုးကြုံဖူးကြလားအဲ့ဆို..ဒီနည်းအတိုင်းလိုက်ကြော်ကြ...
16/08/2025

ဝက်သားကြော်စားတိုင်း မာမာလေးဖြစ်ပြီးစားတဲ့အခါမှာလည်း အားနဲ့ဆွဲကိုက်ရတာမျိုးကြုံဖူးကြလား

အဲ့ဆို..ဒီနည်းအတိုင်းလိုက်ကြော်ကြည့်ပါ ဝက်သားကနူးညံ့ပြီးစားလို့ကောင်း

သုံးထပ်ဝက်သား ၇၀၀ ဂရမ်ကို မိနစ် ၂၀ ခန့်ပြုတ်ပါ ပြီးရင်အတုံးလေးဖြစ်အောင်လှီးပါ ပြီးရင် ငံပြာရည် (ထမင်းစားဇွန်း) ၂ ဇွန်းထည့် ဝက်သားအသားမှုန့် (ခနောမှုန့်) (လက်ဖက်ရည်ဇွန်း )၁ ဇွန်းထည့် သကြား (လက်ဖက်ရည်ဇွန်း) ၁ ဇွန်းထည့် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး ၁၀ မိနစ်မှ ၂၀ မိနစ်ထိနှပ်ထားပြီးရင် ဆီပူပူထဲထည့်ကြော်ပါ မီးကိုနဲနဲပြင်းပြင်းထားပြီးကြော်ပါရွှေဝါရောင်သန်းလာပြီးဆိုရပါပြီး ဇကာထဲဆီစစ်ပြီး ပန်းကန်ထဲထည့် အသားနူးညံ့ပြီးမွှေးမွှေးလေးနဲ့စားလို့ကောင်းတဲ့ ဝက်သုံးထပ်သားကြော် တပွဲရပါပြီရှင်

AnnThailanguagecourse

 #မာလာအာလူးချောင်းကြော်နည်းလေးပါမာလာအာလူးကြော်အတွက် ပါဝင်ပစ္စည်း -အာလူးအလုံးကြီး - ၅ လုံးမာလာအနှစ်ထုပ် - ၁ ထုပ် (City Ma...
14/08/2025

#မာလာအာလူးချောင်းကြော်နည်းလေးပါ

မာလာအာလူးကြော်အတွက် ပါဝင်ပစ္စည်း -
အာလူးအလုံးကြီး - ၅ လုံး
မာလာအနှစ်ထုပ် - ၁ ထုပ်
(City Mart တွေမှာ ဝယ်လို့ရပါတယ်)
ဆား - လက်ဖက်ရည်ဇွန်း (၁)ဇွန်း
အရသာမှုန့် - အနည်းငယ်
ဆီ - ကြော်ရန်လုံလောက်တဲ့ ပမာဏ
ငရုပ်သီးတောင့်ကြော် - လိုအပ်သလို
ဆီသတ်ရွက် - အနည်းငယ်
နှမ်း - အနည်းငယ်

ပြင်ဆင်နည်း
- အာလူးတွေကို အချောင်းလေးတွေလှီးပြီး ရေနွေးဆူဆူထဲမှာ ဆားထည့်ကာ (၅)မိနစ်ခန့်ပြုတ်ပါ။

- ပြုတ်ထားပြီးသား အာလူးချောင်းတွေကို အရသာမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။

- ငရုပ်သီးတောင့်တွေကို ညှပ်ထားပါ။ ဆီသတ်ရွက်တွေကို သင်ထားပေးပါ။

ပြုလုပ်နည်းအဆင့်ဆင့်
- အာလူးချောင်းတွေကို ဆီပူပူထဲမှာ ရဲသည်အထိ ကြော်ပါ။

- ပြီးရင် ဒယ်အိုးထဲမှာ မာလာအနှစ်ကိုထည့်ပြီး ဆီသတ်ပါ။ (မာလာအနှစ်ထည့်ရင် ဆားလုံးဝထပ်ထည့်စရာမလိုပါဘူး)

- ငရုပ်သီးတောင့်ကြော် ညှပ်ထားတာကိုပါ ဆီသတ်တဲ့အထဲ ထည့်ပါ။

- မာလာအာလူးကြော်လေးမွှေးနေအောင်လို့ ဆီသတ်ရွက် ထည့်ဆီသတ်ပါမယ်။

- ပြီးရင်တော့ ကြော်ထားတဲ့ အာလူးချောင်းလေးတွေထည့်ပြီး မာလာအနှစ်နဲ့ နှံသွားအောင် မွှေပေးပါ။

- အာလူးချောင်းလေးတွေ အရောင်ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်ထဲထည့်ကာ အပေါ်ကနေ နှမ်းလေးဖြူးလိုက်ရင် စားလို့ကောင်းတဲ့ မာလာအာလူးကြော်လေး ရပါပြီ။

နယ်အဝေးအနီးပို့ဆောင်ပေးပါသည်
13/08/2025

နယ်အဝေးအနီးပို့ဆောင်ပေးပါသည်

01/08/2025

🔥🌶️ ထမင်းမြိန် ခံတွင်းတွေ့သွားစေရမယ်..🔥

10/07/2025
🐠 ထမင်းမြိန်စေမဲ့ ငါးသေတ္တာအစပ်ကြော်နည်း🐠ချက်နည်းအရမ်းလွယ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဟင်းတစ်မယ်ကို ရစေမဲ့ ငါးသေတ္တာအစပ်ကြော်...
29/06/2025

🐠 ထမင်းမြိန်စေမဲ့ ငါးသေတ္တာအစပ်ကြော်နည်း🐠

ချက်နည်းအရမ်းလွယ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဟင်းတစ်မယ်ကို ရစေမဲ့ ငါးသေတ္တာအစပ်ကြော်နည်း ၊ စားလို့အရမ်းကောင်းတဲ့ ဟင်းတစ်မယ်
အတွက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

👉 ပါဝင်ပစ္စည်းများ
ငါးသေတ္တာ ၂ ဗူး
ကြက်သွန်ဖြူ ၁ လုံး🧄
ကြက်သွန်နီ ၂ လုံး🧅
ဆီအနည်းငယ်
ငံပြာရည်အနည်းငယ်
သကြား/အချိုမှုန့်/အသားမှုန့် (မိမိနှစ်သက်ရာ)
မန်ကျည်းမှည့်ရည်
🌶️ငရုတ်သီးမှုန့်အနည်းငယ်

🥘 ချက်ပြုတ်နည်းအဆင့်ဆင့် 🥘

ဒယ်အိုးထဲဆီထည့် ဆီပူလာပြီဆို ပါးပါးလှီးထားသည့် ကြက်သွန်နီ ကြက်သွန်ဖြူထည့် ဆီသတ်ပါ .. ရွှေဝါရောင်သန်းလာပြီဆို
ငါးသေတ္တာ ၂ ဗူး ထည့် မီးအေးအေးလေးနဲ့ ငါးသေတ္တာကြေအောင်
မွှေပြီးကြော်ပေးပါ။

ငါးသေတ္တာကြေပြီးဆိုပါက မိမိလိုအပ်သလောက် ငံပြာရည်ထည့်
၊ မိမိနှစ်သက်ရာ ( သကြား/အချိုမှုန့်/အသားမှုန့်) ထည့်ပါ။

မန်ကျည်းမှည့်ရည်ထည့် ၊ငရုတ်သီးမှုန့် ၂ ဇွန်းထည့် (အစပ်ကြိုက်ရင်ကြိုက်သလို ထည့်နိုင်ပါတယ်) အနည်းငယ်မွှေပြီး အရသာမြည်း ပြီးရင် ငရုတ်သီးစိမ်းထည့် နံနံပင်ထည့်ပြီးရင်ထမင်းပူပူနဲ့ စားလို့ကောင်းမဲ့ ငါးသေတ္တာအစပ်ကြော်
တခွက်ရပါပြီးရှင်

ငါးသေတ္တာ...(ပလာ)ကပေါင်...ปลากระป๋อง
မီးအေးအေး...fဖိုင်အော(န်)အော(န်)...ไฟอ่อนๆ
သမအောင်မွှေ...ခွန်ဟိုင့်ခေါက်ဝ်ကန်..คนให้เข้ากัน
ခန့်မှန်း...ကအောင်ဝ်...กะเอา

✍️

ที่อยู่

Bangkok

เบอร์โทรศัพท์

+66837352087

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aung Kaung Kyawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์