15/08/2026
ကိုယ်ပိုင်စူရှီ နဲ့ စားသောက်ကုန်
လုပ်ငန်းများ နေရာ အနှံ မှာ
ကြိုးစား ဖွင့် နေ ကြ ပါ တယ်။
အရေး ကြီး သော အချိ့ အချက် များ ကို
အချက် အလက် လေး များ နဲ့
တင် ပြ လိုက် ပါ တယ်။
၁။ လုပ်ရိုးလုပ်စဉ် ရှိဖို့လိုခြင်း
(Core/Standard Menu):
ကာစတန်မာတွေ နေ့တိုင်း စားနေကျ၊
ကြိုက်နှစ်ကျဖြစ်တဲ့ ကာလီဖိုးနီးယားရိုးလ်
(California Roll) သို့မဟုတ် တူနာ (Tuna Roll)
စတဲ့ အခြေခံ Menu တွေ လိုအပ် ပါ တယ်။
၂။ တီထွင်ကြံဆမှု လိုအပ်ခြင်း (Innovation):
လူအများ မစဉ်းစားမိတဲ့ ဆန်းသစ်တဲ့
အရသာတွေ ဆိုင်ကို အခြားပြိုင်ဘက်တွေ
ထက် ထူးခြား အောင် တီထွင် နိုင်ရင်
လူအများ ပို ကြိုက် နှစ်သက် ပြီး
Customer အသစ်တွေကို ဆွဲဆောင်
နိုင်ပါတယ်။
၃။ နေရာနှင့် Customer ကို နားလည်ခြင်း
(Localization & Target Market):
ဘယ်လောက်ပဲ ကောင်းတဲ့ Concept ဖြစ်ပါစေ၊
ကိုယ်ဖွင့်မယ့် ပြည်နယ် သို့မဟုတ် မြို့က
လူတွေရဲ့ အကြိုက် (ဥပမာ- အစပ်ကြိုက်လား၊
အသားစိမ်းစားရဲလား) နဲ့ သူတို့ရဲ့
ဝယ်ယူနိုင်စွမ်းအား (Budget) ကို
သေချာ မသိရင် အောင်မြင်ဖို့ မလွယ်ကူပါဘူး။
၄။"ဂုဏ်ရှိရှိ စားချင်သူများ" အတွက်
ဗူးဒီဇိုင်းနှင့် Brand ပုံရိပ် (Premium
Packaging & Aesthetic)
လူငယ်များနှင့် ရုံးသမားများသည်
အစားအစာကို အရသာတင်မကဘဲ
အမြင်အာရုံ (Visual) ကိုပါ
အလွန် အလေးထားကြသည်။
စူရှီဗူးလေးကို လူအများရှေ့မှာ ကိုင်ပြီး
စားရတာ၊ လူမှုကွန်ရက် (ဥပမာ- Instagram,
TikTok) ပေါ်မှာ ဓာတ်ပုံတင်ရတာကို
ဂုဏ်ယူစေရန်အတွက် ဗူးဒီဇိုင်း (Packaging
Design) ဖန်တီးရန် လိုအပ်ပါသည်
၅။ ကျောင်းသားများနှင့် လူငယ်များ
အတွက် ဆန်းသစ်သော အရသာ (Trending Flavors)
ဤအုပ်စုသည် လုပ်ရိုးလုပ်စဉ်
(Traditional) အရသာများထက်
ထူးခြားဆန်းသစ်ပြီး ခေတ်ရေစီးကြောင်း
ဖြစ်နေသည့် အရသာများကို ပိုမို
စမ်းသပ်လိုကြသည်။
ဥပမာ- ပူစပ်စပ် အရသာရှိသော
Spicy Mayo / Flamin' Hot Cheetos
Sushi Rolls ကဲ့သို့သော တီထွင်မှုမျိုး
သို့မဟုတ် ကျန်းမာရေး လိုက်စားသူများအတွက်
Plant-based (သက်သက်လွတ်) Sushi
ကဲ့သို့သော Menu အသစ်များကို
သူတို့က Luxury အဖြစ် ပိုမို
သတ်မှတ်တတ်ကြပါသည်။
၆။ ရုံးသမားများအတွက် "အချိန်ကုန်သက်သာပြီး
အဆင့်မြင့်ခြင်း"
(High-end Convenience / Grab-and-Go)
ရုံးသမားများသည် အချိန်သိပ်မရသဖြင့်
ဆိုင်ထိုင်စားခြင်းထက် အရည်အသွေးမြင့်ပြီး
အဆင်သင့် ချက်ချင်း ဝယ်ယူစားသုံးနိုင်သော
(Grab-and-Go) စူရှီဗူးများကို ပိုမို နှစ်သက်ကြသည်။
စူရှီကို အရသာတင်မကဘဲ လူတို့၏ စိတ်ခံ
စားမှုနှင့် လူမှုရေး အဆင့်အတန်း
(Emotional and Social Value) ပေါင်းစပ် စဉ်းစားနိုင်
ခြင်းမျိုး လိုအပ် ပါ သည်။
ကျောင်းတွေ လူငယ် တွေ များ တဲ့ နေရာ
ရုံး သမား တွေ များ တဲ့ နေရာ အချို့ မှာ ကျ
စူရှီ ဆို တာ ဈေးကြီး တဲ့ Luxury item
အစားအသောက် တခု အနေ နဲ့ တန်းဝင်
နေ တတ် ပါ တယ်။
စူရှီ ဘူး လေး ကို လူ အများ ရှေ့ မှာ
စား တာ ကို က ဂုဏ် တခု လို ဖြစ် တဲ့
နေရာ မျိုး လဲ ရှိ ပါ တယ်
တချို ဝင်ငွေ အသင့်အတင့် သာ ရှိ တဲ့ နေရာ မျိုး
မှာ ကျ ဝ အောင် စား လို့ ရ တဲ့ များများ
ထည့် ထား တဲ့ စူရှီ မျိုး ကို ပို ပြီး
နှစ် သက် တတ် ကြ ပါ တယ်။
ကြက်သား ဝက်သား အမဲ သား တွေ က
အမေရိကန် ပြည်တွင်း မှာ အရမ်း ပေါ ပြီး
ငါး ကျ နိုင်ငံ ခြား က လာ တာ မို့ အရမ်း
ဈေး ကြီး ပါ တယ်။ ကြက်သား စူရှီ အမဲသား
စူရှီ တွေ လုပ် ရင် ဝင်ငွေ သင့်တင့် ရုံ ရ သူ
တွေ အတွက် ဈေးသက်သာ တာ မို့ ပို
ရောင်း ရ ပါ တယ်။
၇။ (Smart Market Strategy)
ကုန်ကြမ်းစရိတ် (Food Cost)
ကို အဆမတန် လျှော့ချနိုင်ခြင်း
ငါးအသားစိမ်းများ: ဆယ်လ်မွန် (Salmon)
သို့မဟုတ် တူနာ (Tuna) ကဲ့သို့သော
အရည်အသွေးမြင့် ငါးများကို ဂျပန်၊ နော်ဝေ
ဖိလစ်ပိုင် သို့မဟုတ် အခြားနိုင်ငံများမှ
လေကြောင်းဖြင့် တင်သွင်းရသဖြင့်
ဈေးနှုန်း အလွန်ကြီးမြင့်ပြီး သိုလှောင်မှု
သက်တမ်း (Shelf Life) လည်း တိုတောင်း
လှပါသည်။
ပြည်တွင်းဖြစ် အသားများ:
အမေရိကန်သည် ကြက်သား၊ ဝက်သားနှင့်
အမဲသား ထုတ်လုပ်မှုတွင်
ကမ္ဘာ့အကြီးဆုံးနိုင်ငံ ဖြစ်သဖြင့်
ကုန်ကြမ်းစရိတ် အလွန်သက်သာပြီး
ရှာရလွယ်ကူပါသည်။
၎င်းတို့ကို
အသုံးပြုခြင်းဖြင့် ထုတ်ကုန်တစ်ခုလုံး၏
ကုန်ကြမ်းစရိတ် (Food Cost Percentage)
ကို အများကြီး လျှော့ချနိုင်ပါလိမ့်မည်။
၈။ "ဝအောင်စားချင်သူများ" အတွက်
တန်ဖိုးမြှင့်ဈေးကွက် (Volume & Value for Money)
ဝင်ငွေ အသင့်အတင့်သာရှိသော
အခြေခံလူတန်းစား (Working Class) နှင့်
အလုပ်သမားထု များပြားသည့် ဒေသများတွင်
ကာစတန်မာများသည် အနည်းငယ်သာပါပြီး
ဈေးကြီးသည့် အစားအစာထက် ဈေးနှုန်း
သင့်တင့်ပြီး ဗိုက်ဝမည့် အစားအစာ
(Filling Meals) ကိုသာ ပိုမို ဦးစားပေး
ရွေးချယ်ကြသည်။
ကြက်သား (ဥပမာ- Chicken Teriyaki Roll)
သို့မဟုတ် အမဲသား (ဥပမာ- Beef Bulgogi Roll)
များကို ထမင်းများများ၊ ဆော့စ် (Sauce) အရသာ
အုန်းအုန်းဖြင့် ထည့်သွင်းပြုလုပ်ပေးခြင်းက
၎င်းတို့အတွက် "တန်ဖိုးရှိပြီး ဗိုက်ဝစေသော"
(Value-for-Money) အစားအစာ ဖြစ်သွားစေ
ပါသည်။
Luxury Sushi ရော၊ သာမန်လူတန်းစားများအတွက်
Affordable Meat Sushi ကိုပါ ကွဲပြားခြားနားစွာ
နားလည် ခြင်း သည် စီးပွားရေး အကျပ်အတည်း
မျိုးတွင်မဆို ခံနိုင်ရည်ရှိမည့် (Recession-proof Business)
မျိုး ဖြစ် စေ ပါ သည်။
၉။ ကျန်းမာရေးအတွက် စားသုံးသူများ
(Health-Conscious Line) နှင့် အရသာ
ဖက် ကို ကြိုက် သူများ အတွက်
အမေရိကန်မှာ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်နဲ့
သကြားဓာတ်ကို လျှော့ချပြီး ကျန်းမာရေးနဲ့
ညီညွတ်တဲ့ အစားအသောက် (Healthy Diet) ကို
အထူးဂရုစိုက်တဲ့ စားသုံးသူ ပမာဏက နေ့စဉ်နဲ့
အမျှ တိုးပွားလာနေပါတယ်။
အခြား တဖက် မှာ လဲ
လူအများ ကြိုက် တဲ့ အချိုအချဉ် အငံ
တွေ ပါ ပေါင်းစပ် ထား တဲ့ အရသာ အဓိက
လိုင်း ဖက် ကို လုပ် တတ် တဲ့ စူရှီ တွေ က လဲ
ပေါ်ပြူလာ ဖြစ် နိုင် ပါ တယ်။
၁၀။လူ့ စိတ် သဘာဝ အရ ဈေးသက်သာ တဲ့ နေရာ မှာ
တန်းစီ နေ တတ်ခြင်း။
လည်ပတ်မှုဗျူဟာ (Operational Strategy) နဲ့
အရောင်းမြှင့်တင်ရေး (Promotion Planning)
စူရှီ ကို တပါတ် တကြိမ် buy one get 50% off second
တို့ သတ်မှတ် တဲ့ ဘူး တချို့ ကို ဈေး လျှော့ ရောင်း
တာ တို့ က ကာစတန်မာ တွေ ပို များ စေ ပါ တယ်။
ဒါပေ မဲ့ ကာစတန်မာ အလာ များ တဲ့ သောကြာ
စနေတနင်္ဂနွေ ကို ရှောင် ဖို့ လို ပါ တယ်။
နယူး ယောက် က မြို့ ကြီး တွေ က
ရုံး တွေ ကြား ထဲ က ဆိုင် ဆို ရင် တော့
စနေတနင်္ဂနွေ က လူ ရှင်း တာ က ချွင်းချက်
ပေါ့။