Barani Food Villa - Huamak

Barani Food Villa - Huamak A taste of Mandalay Timeless Tradition.

📌 Wednesday Specials Menuဗုဒ္ဓဟူးနေ့ မနက်ခင်းလေးမှာ ဘာစားရင်ကောင်းမလဲစဉ်းစားနေရင် "ဘရဏီ" ရဲ့ ချိုမြမြ ဆိမ့်နေတဲ့အုန်းနို...
23/09/2026

📌 Wednesday Specials Menu

ဗုဒ္ဓဟူးနေ့ မနက်ခင်းလေးမှာ ဘာစားရင်ကောင်းမလဲစဉ်းစားနေရင် "ဘရဏီ" ရဲ့ ချိုမြမြ ဆိမ့်နေတဲ့အုန်းနို့ခေါက်ဆွဲလေးရှိပါမယ်နော်။✨

"ဘရဏီ" ရဲ့လူကြိုက်များတဲ့ မနက်စာတစ်မျိုးဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲကိုတော့ ဂျုံခေါက်ဆွဲ၊ ကြက်သား၊ ငါးဖယ်၊ ပဲသွေး ၊အုန်းခြစ်ရည်) လို့ခေါ်တဲ့ အုန်းသီးညှစ်ရည်၊ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီ စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဟန်ချက်ညီညီ အရသာကောင်းမွန်အောင်ချက်လုပ်ထားပါတယ်။😍🙌

အုန်းနို့ခေါက်ဆွဲထဲကို အအီပြေ ရှောက်သီးလေးညစ်၊ ခပ်စပ်စပ်လေးဖြစ်အောင် အလှော်မုန့်လေးဖြူး၊ မုန့်ကြွပ်ကြော်ကလေးတွေနဲ့တွဲစားမယ်ဆို သိပ်ကို စားမြိန်စေတာနော်။🍽️

ဒါကြောင့် စေတနာပါပါ ချက်ပြုတ်ပေးထားတဲ့ "ဘရဏီ" ရဲ့ ကြက်သားနိုင်းချင်းနဲ့ အာဟာရပြည့်တဲ့ အုန်းနို့ခေါက်ဆွဲ တစ်ပွဲကို စားပြီး ဗုဒ္ဓဟူးနေ့ တစ်နေ့တာကို စတင်လိုက်ပါနော်…

📍 128, 44 Soi Ramkhamhaeng 24, Yeak 32, Khwaeng Hua Mak, Bang Kapi, Bangkok 10240

#ဘရဏီစားဖွယ်စုံ

ဘရဏီရဲ့ ဆီချက် အသစ်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေရှင် 🍜✨နူးညံ့တဲ့ ဂျုံခေါက်ဆွဲနဲ့ အသားကို အရသာသေချာလေးနှပ်ပြီး အချိန်ယူပေါင်း...
21/09/2026

ဘရဏီရဲ့ ဆီချက် အသစ်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေရှင် 🍜✨

နူးညံ့တဲ့ ဂျုံခေါက်ဆွဲနဲ့ အသားကို အရသာသေချာလေးနှပ်ပြီး အချိန်ယူပေါင်းထားလို့ နူးအိနေတဲ့ အသားလေးတွေပါတဲ့ ဆီချက် Menu အသစ်လေးတွေကို ဘရဏီမှာ သုံးဆောင်နိုင်ပါပြီရှင့်...

🍜 ဝက်နံရိုးလေးတွေကို နူးအိနေအောင် ပေါင်းထားတဲ့ နံရိုးပေါင်းဆီချက် ရယ်
🍜ကြက်သားကို သေချာ အရသာနှပ်ပြီး ပေါင်းထားတဲ့ ကြက်ပေါင်းဆီချက်ရယ် ဆိုပြီး ဆီချက် ကြိုက်သူတွေ ခံတွင်းတွေ့စေမယ့် မီနူးအသစ်လေးတွေကို ဘရဏီက ထပ်မံ မိတ်ဆက်လိုက်ပါပြီရှင့်....

အာဟာရလည်းရှိ အရသာလည်းရှိမယ့် ဘရဏီ မီနူးအသစ်လေးတွေကို သုံးဆောင်နိုင်ဖို့ Onnut ဆိုင်ခွဲရော Huamak ဆိုင်ခွဲကိုပါ အခုပဲလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်...🚗🚙👋❤️

#ဆီချက်အသစ် #နံရိုးပေါင်းဆီချက် #ကြက်ပေါင်းဆီချက် #ဘရဏီစားဖွယ်စုံ

ဘရဏီမှာ စက်တင်ဘာလကုန်အထိ  99 THB တည်းနဲ့ အရမ်းအရသာရှိတဲ့ဟင်းပွဲတွေ ရနေပြီဗျို့... 🍽️✨ထမင်းလေးရယ်  ဟင်းတစ်မျိုးတည်းရယ် နဲ...
21/09/2026

ဘရဏီမှာ စက်တင်ဘာလကုန်အထိ 99 THB တည်းနဲ့ အရမ်းအရသာရှိတဲ့ဟင်းပွဲတွေ ရနေပြီဗျို့... 🍽️✨

ထမင်းလေးရယ် ဟင်းတစ်မျိုးတည်းရယ် နဲ့ ပြည့်စုံသွားမယ့် အရသာကို စားချင်တယ် ဆိုတဲ့ ကာကာတို့အတွက် လူ ၂ ယောက် ၊ ၃ယောက် ဗိုက်ပြည့်ရုံတင်မကဘဲ အရသာလည်းရှိ ဈေးလည်းအရမ်းတန်တဲ့ ဟင်းပွဲလေးတွေကို စက်တင်ဘာလကုန်အထိ 99 THB တည်းနဲ့ ​သုံးဆောင်နိုင်အောင် ဘရဏီက စီစဉ်ပေးထားပါတယ်ရှင့်...

ဘရဏီကနေ စီစဉ်ပေးထားတဲ့ ထမင်းလေးနဲ့ တွဲစားလို့ကောင်းမယ့် Menu လေးတွေက
👉 ကုန်းဘောင်ကြီးကြော်
👉 ချိုချဉ်ကြော်
👉 ချဉ်စပ်ကြော်
👉 ပဲငပိကြော်
👉 မဆလာဟင်း တို့ပဲ ဖြစ်ပါတယ်ရှင့်...

ထမင်းပူပူလေးနဲ့ အရသာရှိတဲ့ ဟင်းပွဲလေးတွေကို ကြက်သားနဲ့ ၉၉ ဘတ် ၊ ဝက်သားနဲ့ဆို ၁၁၉ ဘတ်တည်းနဲ့ စက်တင်ဘာလကုန်အထိ Onnut ဆိုင်ခွဲရော Huamak ဆိုင်ခွဲမှာပါ ရှိတာမို့လို့ လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်.... 🚗🚙👋❤️

#ဘရဏီစားဖွယ်စုံ

ဘရဏီ လက်ဖက်ရည် အစ ၂၀၀၇ က ✨
21/09/2026

ဘရဏီ လက်ဖက်ရည် အစ ၂၀၀၇ က ✨

ဘရဏီရဲ့ လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်…

ဘရဏီရဲ့ အရောင်းရဆုံး Category တွေထဲမှာ ပါဝင်နေတဲ့ လက်ဖက်ရည်နဲ့ မုန့်လိုင်းရဲ့အစဟာ ဘန်ကောက်မှာ ဘရဏီဆိုင်ဖွင့်ခဲ့တဲ့အချိန်ကမှ စခဲ့တာမဟုတ်ပါဘူး…
ပုံထဲမှာ မြင်ရတဲ့ မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ်က ကျွန်မတို့ရဲ့ဆိုင်ဟောင်းလေး နဲ့ ကျွန်မဖေဖေရဲ့ လက်ဖက်ရည်အတွေ့အကြုံနဲ့ မိသားစုရဲ့အမှတ်တရတွေကနေ အမြစ်တွယ်လာခဲ့တာပါ…

ဘန်ကောက်မှာ ဘရဏီကို ပြန်မဖွင့်ခင်
“ဆိုင်မှာ ဘာမီနူးတွေရောင်းကြမလဲ” ဆိုပြီး
မိသားစုတွေ ခေါင်းချင်းဆိုင်တိုင်ပင်ခဲ့ကြပါတယ်…
အဲဒီအချိန်မှာ ကျွန်မရဲ့ဖေဖေက လက်ဖက်ရည်နဲ့ မုန့်လိုင်းကို ဆိုင်မှာ မဖြစ်မနေ ပြန်ထည့်ချင်ခဲ့တာပါ..

ကျွန်မကတော့ ထိုင်းနိုင်ငံမှာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ဓလေ့ကို အရင်က သိပ်မတွေ့ရတာတစ်ကြောင်း(ခုနောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်လေးတွေပိုများလာ) ဒီ Station တစ်ခုအတွက် သီးသန့်ဝန်ထမ်းတစ်ဦး ခန့်ထားရင် အဆင်ပြေပါ့မလားဆိုတာတစ်ကြောင်း၊ Business Pov ကနေ စိတ်ပူခဲ့မိပါတယ်…

ဒါပေမယ့် ကျွန်မဖေဖေက ဒီလိုင်းကို မဖြစ်မနေ ထည့်ချင်ခဲ့ပါတယ်… အဓိကကတော့ သူကိုယ်တိုင်က လက်ဖက်ရည်ဆိုင်ဖွင့်လာတဲ့ သက်တမ်း နှစ် (၃၀) ကျော် Specialist တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျွန်မတို့ဖွင့်ခဲ့တဲ့ဆိုင်တွေက လက်ဖက်ရည်အရသာအတိုင်း ဘန်ကောက်က ဘရဏီမှာ ပြန်လည်ဖန်တီးချင်ခဲ့တာပါ…

ကျွန်မကိုယ်တိုင်ကလည်း မိဘရဲ့ဆန္ဒကို ဦးစားပေးချင်တာကြောင့် ဘရဏီလေး စတင်ဖွင့်လှစ်ချိန်မှာ လက်ဖက်ရည်နဲ့ မုန့်ဆရာတစ်ဦးကို သီးသန့်ခန့်ပြီး ဒီလိုင်းကို စတင်ခဲ့ကြပါတယ်…
အဲဒီလိုနဲ့ မြန်မာနိုင်ငံက ဆိုင်ဟောင်းလေးမှာ စတင်ခဲ့တဲ့ လက်ဖက်ရည်အရသာနဲ့ ဒယ်ဒီရဲ့အတွေ့အကြုံတွေဟာ ဘန်ကောက်က ဘရဏီမှာ ပုံစံအသစ်နဲ့ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်…

တစ်ဖက်မှာလည်း ဒီလိုင်းမှာ သူများနဲ့မတူအောင် ဘာလေးထပ်ဖြည့်ရမလဲဆိုပြီး စဉ်းစားရင်း ငယ်ငယ်တုန်းက မုံရွာက သူငယ်ချင်းတွေဆီ သွားလည်တဲ့အခါ စားဖူးခဲ့တဲ့ “မုံရွာကပ်ကြော်” (ပဲပလာတာအကြွပ်ကြော်တစ်မျိုး) လေးကို သတိရမိခဲ့ပါတယ်…
ဘန်ကောက်ဆိုတာ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက လူမျိုးပေါင်းစုံ လာရောက်နေထိုင်ကြတဲ့မြို့ဖြစ်တာကြောင့် ဒီမီနူးလေးကို တခြားဒေသကသူတွေလည်း သိရှိမြည်းစမ်းနိုင်အောင် မိတ်ဆက်ပေးချင်ခဲ့ပါတယ်…
ဒါကြောင့် မုံရွာကပ်ကြော်ရဲ့ မူရင်းပိုင်ရှင်တွေဖြစ်ကြတဲ့ မုံရွာမြို့ ပင်လုံလက်ဖက်ရည်ဆိုင်က မိတ်ဆွေတွေဆီ ဆက်သွယ်ပြီး ခွင့်ပြုချက်တောင်းကာ ဘရဏီမှာ စတင်ရောင်းချခဲ့ကြတာပါ…

မမျှော်လင့်ထားခဲ့တာကတော့ ဒီမီနူးလေးဟာ ဘန်ကောက်မှာ လူသိများလာပြီး ကြိုက်နှစ်သက်သူ အရမ်းများလာခဲ့တာပါပဲ… ဒီလိုပဲ လက်ဖက်ရည်နဲ့ မုန့်လိုင်းကလည်း ဘရဏီရဲ့ အရောင်းရဆုံး Best Seller Category တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်…

လက်ရှိ ဘရဏီမှာ ရောင်းချနေတဲ့ လက်ဖက်ရည်နဲ့ မုန့်မီနူးတွေဟာ ရောင်းချဖို့ဖန်တီးထားတဲ့ မီနူးတွေသက်သက်မဟုတ်ပါဘူး… ပုံထဲက ကျွန်မတို့မိသားစုရဲ့ ဆိုင်ဟောင်းလေးကနေစခဲ့တဲ့ ဒယ်ဒီရဲ့အတွေ့အကြုံ၊ မိသားစုရဲ့ယုံကြည်မှုနဲ့ ကိုယ့်ရဲ့ငယ်ဘဝအမှတ်တရတွေကို ဘန်ကောက်က ဘရဏီအထိ သယ်ဆောင်လာခဲ့တဲ့ မီနူးတွေဖြစ်ပါတယ်… 🥰

တစ်ခါတလေ ကိုယ်စိုးရိမ်ခဲ့တဲ့အရာတစ်ခုကပဲ မိသားစုရဲ့ယုံကြည်မှု၊ အတွေ့အကြုံနဲ့ အမှတ်တရတွေ ပေါင်းစပ်လိုက်တဲ့အခါ လုပ်ငန်းတစ်ခုရဲ့ ထူးခြားတဲ့အမှတ်အသား ဖြစ်လာတတ်ပါတယ်…

(မှတ်ချက်။ ။ ဘရဏီဆိုင် (၁) လေး စတင်ဖွင့်လှစ်ခဲ့စဉ်က ကျွန်မတို့ဖြစ်ချင်တဲ့ပုံစံအတိုင်း ဖြစ်လာအောင် ဝိုင်းဝန်းကြိုးစားပေးခဲ့ကြတဲ့ စားဖိုမှူး၊ဝန်ထမ်းများနဲ့ လက်ဖက်ရည်ဆရာမောင်လေးကိုလည်း ဒီနေရာကနေပဲ ထပ်မံကျေးဇူးတင်လိုက်ပါတယ်ရှင်🥰🤍)

✨ဘရဏီ ကဖေးနှင့်အအေး (၂၀၀၇ ခုနှစ်)
✨Barani Food Villa Huamak (၂၀၂၅ ခုနှစ်)
✨Barani Food Villa Onnut (၂၀၂၆ ခုနှစ်)

မြန်မာပြည်ကမြန်မာ့အရသာအတိုင်း ဘန်ကောက် “ဘရဏီ” မှာ ရရှိနိုင်သော မြန်မာ့လက်ဖက်ရည်နှင့် မုန့် Menu များ☕️🌮🥪Teas ☕️ 🫖 •ဘရဏီလ...
20/09/2026

မြန်မာပြည်ကမြန်မာ့အရသာအတိုင်း
ဘန်ကောက် “ဘရဏီ” မှာ ရရှိနိုင်သော
မြန်မာ့လက်ဖက်ရည်နှင့် မုန့် Menu များ☕️🌮🥪

Teas ☕️ 🫖
•ဘရဏီလက်ဖက်ရည်
•စီလုံတီး 🌟🌟🌟
•သုံးရောင်ခြယ်
•နှပ်ကော်ဖီ
•နွားနို့
•နို့ကြက်ဥ

ပလာတာ Menu 🌮🌮
•ပဲ/သကြား ပလာတာ
•ပဲ/သကြား ထပ်တရာ
•ပဲလိပ်ခုတ်
•မုံရွာကပ်ကြော်🌟🌟🌟
•ကြက်ဥပလာတာ
•ချိစ်ပလာတာ🌟🌟🌟
•ကြက်ကီးမား

နံပြား Menu 🫓🫓
•နံပြားအလွတ်
•ပဲနံပြား
•မလိုင်နံပြား
•နံပြားလိပ်ခုတ်🌟🌟🌟
•နံပြားကပ်ကြော်🌟🌟🌟
•နံပြားထောပတ်သုပ်

ပေါင်မုန့် Menu 🥪🥪
•ပေါင်မုန့်နို့စမ်း
•ပေါင်မုန့်ကြက်ဥကြော်🌟🌟🌟

အီကြာကွေးနဲ့စမူဆာ Menu🫔🫔
•အီကြာကွေး
•ပဲအီကြာ
•မလိုင်အီကြာ
•စမူဆာ🌟🌟🌟
•ကုသိုလ်တော်စမူဆာသုပ်🌟🌟🌟

လက်ဖက်ရည်နှင့် မုန့်မီနူးများကို
မနက်စာသီးသန့်ရောင်းချတာမဟုတ်ပဲ
တစ်နေကုန်မီနူးအဖြစ် မနက် ၈ နာရီ မှ ည ၉ခွဲအထိ
မှာယူရရှိနိုင်ပါတယ်ရှင့်😋😋😋

📍Barani Food Villa Huamak- 128, 44 Soi Ramkhamhaeng 24, Khwaeng Hua Mak, Bang Kapi, Bangkok 10240

📍Barani Food Villa Onnut - 587 Sukhumvit 77 Rd, Suan Luang, Bangkok 10250

20/09/2026

🔥 တုတ်ထိုးချစ်သူတို့ရေ 🔥
အိုးပူပူထဲကနေ အနံ့မွှေးမွှေး 😋
တစ်ချောင်းစားလိုက်တာနဲ့ “နောက်တစ်ချောင်း ထပ်ပေးပါ” လို့ ပြောမိစေမယ့် အရသာ 💯

🍢 ဝက်နားရွက်
🍢 အူချောင်း
🍢 ဝက်သားတုံး
🍢 အသည်း
🍢 အကြိုက်ဆုံးအစုံအလင်

အရသာက ချိုချိုလေးနဲ့
စပ်ရည်လေးထည့်စားလိုက်ရင် ရှယ်ပဲ 🤤

ညနေခင်းဗိုက်ဆာချိန်၊
သူငယ်ချင်းတွေနဲ့စားစား
Beer လေးနဲ့တွဲစားစား အရမ်းလိုက် 😍

📍 လာစားဖူးသူတိုင်း ပြန်လာချင်တဲ့ Taste
📩 Order လည်းရ
🛵 Deli လည်းပို့ပေးပါတယ်

“ဒီနေ့ တုတ်ထိုးမစားရင် တစ်ခုခုလိုနေသလိုပဲနော်” 😆😋
# baranifoodvilla #ဘရဏီစားဖွယ်စုံ

လူကြိုက်အများဆုံးဖြစ်တဲ့ ဘရဏီရဲ့ "Weekend Special အုန်းထမင်း" ကို တနင်္ဂနွေ တစ်ရက်လုံး သုံးဆောင်လို့ရပြီနော်... 🍛🥥✨ကာကာလ...
20/09/2026

လူကြိုက်အများဆုံးဖြစ်တဲ့ ဘရဏီရဲ့ "Weekend Special အုန်းထမင်း" ကို တနင်္ဂနွေ တစ်ရက်လုံး သုံးဆောင်လို့ရပြီနော်... 🍛🥥✨

ကာကာလေးတို့ရေ...
ဒီပိတ်ရက်လေးမှာ ဘရဏီရဲ့ Weekend Special တွေထဲက လူကြိုက်အများဆုံးနဲ့ အတောင်းဆိုဆုံးဖြစ်တဲ့ အုန်းထမင်းလေးကို အခုဆိုရင် စနေရော တနင်္ဂနွေမှာပါ ရရှိနေပါပြီရှင်။ 🥰
မြန်မာတို့အကြိုက် အုန်းထမင်းမွှေးမွှေးလေးကို အုန်းနို့နဲ့ သေချာလေးချက်ထားတာမို့လို့ အဆိမ့်အရသာက လေးလေးပင်ပင်နဲ့ ထိမိနေမယ့်အပြင် ကြက်သွန်နီဖက်လေးတွေရဲ့ အချိုအရသာနဲ့ လိုက်ဖက်ညီလှပါတယ်ရှင်။
တွဲဖက်စားမယ့်ကြက်သားဟင်း ကိုလည်း အိမ်ချက်လက်ရာအတိုင်း မွှေးပျံ့ပြီး အရသာဝင်နေအောင် သေချာချက်ပေးထားသလို၊ ငါးနီတူခြောက်ကြော် ကြွပ်ကြွပ်လေးရယ်၊ အအီပြေစေမယ့် အချဉ်သုပ်လေးရယ်ပါ စုံစုံလင်လင်ပါဝင်တာမို့လို့ တကယ့်ကို ပြီးပြည့်စုံတဲ့ အရသာပါပဲရှင်။ 😋🍗
ဒီ Weekend မှာ အရသာရှိတာလေးတွေကို လာရောက်သုံးဆောင်ဖို့ ဘရဏီကို အခုပဲ အမြန်ဆုံး လှမ်းခဲ့လိုက်တော့နော်။ ✨
ကားမောင်းလာမယ့် ကာကာတို့အတွက်လည်း ဆိုင်မှာ ကားပါကင် အဆင်သင့်ရှိလို့ ပါကင်ပူစရာမလိုဘဲ အေးဆေး မောင်းလာခဲ့ရုံပါပဲရှင်။ 🚗🚙👋❤️

#အုန်းထမင်း #ဘရဏီ

သောကြာနေ့ဆိုတော့ 🍜💛 အရသာထိမိနေတဲ့ ရခိုင်မုန့်တီလေး ဘရဏီကိုရောက်လာပါပြီဗျို့...✨ ကျွန်တော်တို့ မန္တလေး မှာတော့ “အာပူလျှာပ...
18/09/2026

သောကြာနေ့ဆိုတော့ 🍜💛 အရသာထိမိနေတဲ့ ရခိုင်မုန့်တီလေး ဘရဏီကိုရောက်လာပါပြီဗျို့...✨
ကျွန်တော်တို့ မန္တလေး မှာတော့ “အာပူလျှာပူ” လို့ခေါ်ကြတဲ့ အရသာအတိုင်းလေးပါပဲနော်
အရသာထိမိပြီး တစ်ပွဲစားလိုက်တာနဲ့ လျှာပေါ်မှာ ပွင့်ထွက်သွားမယ့် အရသာမျိုးဆိုတော့ 😋
✔ အရည်လေးနဲ့ မုန့်တီလား
✔ အသုပ်လိုမျိုးလေးနဲ့ မုန်တီသုပ်လား
ကြိုက်နှစ်သက်သလို ရွေးချယ်လို့ရပါတယ်ရှင်
ပဲကြော်ကြွပ်ကြွပ်လေးနဲ့ ငါးဖယ်ကြော်လေး နဲ့ဆိုတော့တစ်ပွဲစားလိုက်တာနဲ့ အပြည့်အဝကျေနပ်စေမယ့် အရသာမျိုးပေးစွမ်းနိုင်မှာ အသေအချာပါပဲရှင် 💕
အဲ့တော့ သောကြာနေ့လေးကို ဘရဏီရဲ့ရခိုင်မုန့်တီနဲ့ အစပြုလိုက်ရအောင်နော် 🥰 ✨
#ရခိုင်မုန့်တီ #အာပူလျှာပူ #ဘရဏီ

ဘရဏီမှာ ဘယ်ထမင်းကြော်ကို အကြိုက်ဆုံးလဲ ကာကာတို့ရေ... 🍳✨​ထမင်းကြော် ကြိုက်သူတွေအတွက် မတူညီတဲ့ အရသာ ၃ မျိုးနဲ့ ပြင်ဆင်ပေးထ...
17/09/2026

ဘရဏီမှာ ဘယ်ထမင်းကြော်ကို အကြိုက်ဆုံးလဲ ကာကာတို့ရေ... 🍳✨

​ထမင်းကြော် ကြိုက်သူတွေအတွက် မတူညီတဲ့ အရသာ ၃ မျိုးနဲ့ ပြင်ဆင်ပေးထားတဲ့ ဘရဏီရဲ့ ထမင်းကြော် မီနူးလေးတွေထဲက ကာကာတို့ရဲ့ Favorite က ဘယ်တစ်ခုလဲဗျို့....

​🍳 အသီးအရွက်၊ အသားစုံနဲ့ မွှေးကြိုင်ပြီး အရသာရှိပြီး စားကောင်းတဲ့ တရုတ်ထမင်းကြော်လား

​🍳ဘရဏီရဲ့ Signature လက်ရာဖြစ်တဲ့ ဘရဏီထမင်းကြော်လား

​🍳 အသား များများ နဲ့ အရသာထိထိမိမိနဲ့ စပ်စပ်လေးကြော်ထားတဲ့ ပသျှူးထမင်းကြော်လား ရှင့်....

မနက်စာ​ပဲဖြစ်ဖြစ်၊ ညနေစာပဲဖြစ်ဖြစ် မိမိအကြိုက်ဆုံး ထမင်းကြော်လေး သုံးဆောင်ဖို့ Onnut ဆိုင်ခွဲရော Huamak ဆိုင်ခွဲပါ ကြွလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။🚗🚙👋❤️

​ #ထမင်းကြော် #တရုတ်ထမင်းကြော် #ဘရဏီထမင်းကြော် #ပသျှူးထမင်းကြော် #ဘရဏီစားဖွယ်စုံ

ที่อยู่

128, 44 Ramkhamhaeng 24, Yaek 32, Khwaeng Huamak, Bangkapi
Bangkok
10240

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+66640080605

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Barani Food Villa - Huamakผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์