Thanaka Restaurant

Thanaka Restaurant Myanmar Traditional Foods

သနပ်ခါး မှာ လတ်ဆတ်တဲ့ အသီးအရွက်ကြော် ပူပူလေးတွေနဲ့ ခေါက်ဆွဲကြော်ကြာဇံကြော်ချိုချဉ်ကြော်ကုန်းဘောင်ကြီးကြော် အစရှိတဲ့ အရသာ...
25/08/2026

သနပ်ခါး မှာ လတ်ဆတ်တဲ့ အသီးအရွက်ကြော် ပူပူလေးတွေနဲ့
ခေါက်ဆွဲကြော်
ကြာဇံကြော်
ချိုချဉ်ကြော်
ကုန်းဘောင်ကြီးကြော် အစရှိတဲ့ အရသာရှိလှသော တရုတ်ဟင်းလျာမျိုးစုံက ကြိုဆိုဖို့ အဆင်သင့်ရှိနေပါတယ်📣

07/08/2026

🙌 သနပ်ခါးဆိုင်မှာ ရောင်းကောင်းပြီး လူကြိုက်များတဲ့ အမဲနှပ်ဟင်းကို တစ်ပတ် တစ်ကြိမ် စားဖို့ တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမဲသားဟာ အရသာရှိရုံတင်မကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်နေလို့ပါပဲ။

🥩 အမဲသားစားသုံးပေးခြင်းဟာ
🔸 ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်လို့ ကြွက်သားထုကို ဖွံ့ဖြိုးသန်မာစေပါတယ်။
🔸 သွေးတိုးခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။
🔸 ဖော့စဖောရပ်စ်၊ ဆယ်လီနီယမ် နဲ့ ဇင့် (Zinc) တို့လို ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။
🔸 ဗီတာမင် B12၊ B3၊ B6၊ B2၊ B5 နှင့် သံဓာတ် (Iron) ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ သံဓာတ်အားနည်းသူတွေနဲ့ သွေးအားနည်းရောဂါရှိသူတွေအတွက် အရသာရှိတဲ့ ဆေးကောင်းတစ်ခွက်ပါပဲ။

✳️ အမဲသားဆိုရင် ညှိနံ့စွဲကျန်မှာ စိတ်ပူတတ်ကြတဲ့ မိတ်ဆွေတို့အတွက်လည်း သနပ်ခါးဆိုင်မှာ ညှိနံ့ ကင်းစင်သွားအောင် စနစ်တကျ အထပ်ထပ်အခါခါ သေချာဆေးကြောသန့်စင်ပြီး နူးအိနေအောင် ချက်ပြုတ်ပေးထားပါတယ်။ ဒီလို အဆင်းရော အချင်းပါ ပြည့်စုံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့့ သနပ်ခါးရဲ့ အမဲနှပ်ဟင်းလေးကို လာမြည်းကြည့်ကြပါဦးနော်.. 🤍✨

🙌 We highly recommend adding Thanaka’s best-selling Beef Curry to your weekly routine! It’s not just delicious; it’s packed with essential nutrients your body thrives on.

🥩 Here is what makes it so good for you:
🔸 Builds Muscles: Loaded with high-quality protein for strength.
🔸 Boosts Wellness: Helps manage high blood pressure, stress, and inflammation.
🔸 Rich in Minerals: Full of natural Phosphorus, Selenium, and Zinc.
🔸 Fights Anemia: Packed with Iron and essential B vitamins, making it a delicious remedy for iron deficiency.

✳️ If you usually worry about that gamey smell, you can totally relax. We meticulously clean our meat and slow-cook it until it’s perfectly flavorful and melt-in-your-mouth tender. For a dish that tastes incredible and is genuinely good for your health, come on over and try our famous Beef Curry today! 🤍✨

📍 Address
Happy Park phloenchit condo, sukhumvit soi-1, Bangkok, Bumrungrad ဆေးရုံအနီး။

🚩 Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

🌐Website
https://thanaka-restaurant.b12sites.com

📩 m.me/thanakabkk

☎️ Phone / Viber / Line - 065 226 2215

#မြန်မာစားသောက်ဆိုင် #မြန်မာအစားအစာ #အမဲနှပ်ဟင်း

👑 "နံနက်စာကို ဘုရင်တစ်ပါးလို စားပါ" ဆိုတဲ့ စကားရှိပေမဲ့ နေ့ရက်တိုင်းမှာ ဇိမ်ခံပြီး ခမ်းခမ်းနားနား စားသောက်ဖို့ဆိုတာ တကယ်...
06/08/2026

👑 "နံနက်စာကို ဘုရင်တစ်ပါးလို စားပါ" ဆိုတဲ့ စကားရှိပေမဲ့ နေ့ရက်တိုင်းမှာ ဇိမ်ခံပြီး ခမ်းခမ်းနားနား စားသောက်ဖို့ဆိုတာ တကယ်တမ်းတော့ အချိန်ပေးရတာလည်း မလွယ်ကူပါဘူး။
ဒီတော့ အပြင်ပန်း ခမ်းနားမှုတွေထက် တကယ်အာဟာရလည်းဖြစ်၊ စားလို့လည်း မြိန်တဲ့ မြန်မာ့ နံနက်စာ စစ်စစ် ကိုပဲ ရွေးချယ်တတ်သူဆိုရင်တော့ သနပ်ခါးဆိုင်ကို လှမ်းခဲ့စေချင်ပါတယ်....🥰

မြန်မာလူမျိုးတွေ မနက်ခင်းနိုးထလာရင် အမြဲတမ်းတတတ်ကြတဲ့ အစားအသောက်တွေကို သနပ်ခါးမှာ စိတ်ကြိုက် ရွေးချယ်သုံးဆောင်နိုင်ပါတယ်။
မုန့်ဟင်းခါး ပူပူနွေးနွေးလေး နဲ့ အုန်းနို့ခေါက်ဆွဲ 🍜
ရှမ်းခေါက်ဆွဲ နဲ့ ဆီချက်ခေါက်ဆွဲ 🥢
ပဲပြုတ်ထမင်းဆီဆမ်း နဲ့ တရုတ်ထမင်းကြော် 🍛
အချို/အဆိမ့် အနေတော် မြန်မာ့လက်ဖက်ရည် ☕

ခမ်းနားကြီးကျယ်မနေရင်တောင် တစ်နေ့တာလုံး အလုပ်လုပ်ဖို့ အားအင်တွေ ပြည့်ဝစေတဲ့ နံနက်စာကောင်းကောင်းလေးတွေမလို့ နှစ်သက်ရာကို ရွေးချယ်ပြီး အားပါးတရ လာရောက်သုံးဆောင်ကြည့်ပါဦးနော်... 🤎✨

👑 They say you should "eat breakfast like a king," but let's be real finding the time for a grand, luxurious meal every single morning isn't always easy.
So, if you prioritize a healthy, genuinely satisfying, and authentic Myanmar breakfast over a fancy setup, Thanaka is exactly where you need to be! 🥰

We’ve got all the morning comfort foods that everyone craves right after waking up:
Mohinga And Coconut Noodles 🍜
Shan Noodles And Garlic Oil Noodles 🥢
Pe Byouk Htamin Se San And Chinese Fried Rice 🍛
And a perfectly brewed cup of rich, creamy Myanmar Milk Tea ☕

It might not be a royal feast, but it’s a wholesome meal packed with the energy you need to power through your day. Come on over tomorrow morning and treat yourself to your absolute favorite! 🤎✨

📍 Address
Happy Park phloenchit condo, sukhumvit soi-1, Bangkok, Bumrungrad ဆေးရုံအနီး။

🚩 Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

🌐Website
https://thanaka-restaurant.b12sites.com

📩 m.me/thanakabkk

☎️ Phone / Viber / Line - 065 226 2215

#မြန်မာစားသောက်ဆိုင် #မြန်မာအစားအစာ #နံနက်စာ #မုန့်ဟင်းခါး #အုန်းနို့ခေါက်ဆွဲ #ရှမ်းခေါက်ဆွဲ #ဆီချက်ခေါက်ဆွဲ #ပဲပြုတ်ထမင်းဆီဆမ်း #တရုတ်ထမင်းကြော် #မြန်မာ့လက်ဖက်ရည်

Today (5.8.2026)အတွက် Special Menu‼️အမဲငရုတ်ကောင်းချက်မွှေးမွှေးလေးနဲ့ ဝက်သားအာလူးချက်တို့ပဲဖြစ်ပါတယ်📣😋ငရုတ်ကောင်းနံ့မွှ...
05/08/2026

Today (5.8.2026)အတွက် Special Menu‼️
အမဲငရုတ်ကောင်းချက်မွှေးမွှေးလေးနဲ့
ဝက်သားအာလူးချက်တို့ပဲဖြစ်ပါတယ်📣😋

ငရုတ်ကောင်းနံ့မွှေးမွှေးစပ်စပ်လေးနဲ့ထမင်းမြိန်စေမယ့် အမဲငရုတ်ကောင်းလေးနဲ့ နူးအိနေတဲ့ဝက်သားအာလူးကိုအိမ်ချက်လက်ရာအတိုင်း အရသာရှိရှိဖွယ်ဖွယ်ရာရာစားသုံးနိုင်ပါပြီရှင်

ထို့အပြင် သနပ်ခါးရဲ့ အရောင်းရဆုံးပုံမှန်menuတွေဖြစ်တဲ့

အမဲနှပ်
ဝက်ချို
ကြက်ဆီပြန်
ဆိတ်သားခြောက်ချက် တို့လဲရပါမယ်နော်📣

‼️ Today အရံဟင်း အနေနဲ့ကတော့

• သရက်ချဉ်သုပ် ပဲပင်ပေါက်ပဲပြားကြော်
•အရည်သောက် မန်ကျည်းရွက်ချဉ်ဟင်း လေးရပါမယ်ရှင်

Set menu-ထမင်း+ဟင်းတစ်မျိုး+အရံဟင်း+ငပိရည်နှင့် တို့စရာအစုံ

မြန်မာဟင်းလျာများအပြင် သနပ်ခါးရဲ့ Signatureတွေဖြစ်တဲ့ မုန့်ဟင်းခါးနှင့်မန္တလေးမုန့်တီ မနက်စာဟင်းလျာများနှင့် အသုပ်မျိုးစုံ/ မြန်မာလက်ဖက်ရည်/Drink menuစုံစုံလင်လင် နှင့် အခြားသောအသုပ်မျိုးစုံ/တရုတ်ဟင်းပွဲတို့ကိုလဲရရှိနိုင်ပါတယ်နော်📣

ဟင်းပွဲများအားလုံးကို ကျန်းမာရေးနှင့်အညီ ဟင်းချိုမှုန့်မသုံးထားဘဲ အရသာကောင်းမွန်မှုနှင့်သန့်ရှင်းလတ်ဆက်မှုကိုအဓိကထားကာချက်ပြုတ်ထားလ်ို့ သနပ်ခါးမှာလာရောက်သုံးဆောင်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်

📍Address
Happy Park phloenchit condo, sukhumvit soi-1,
Bangkok, Bumrungrad ဆေးရုံအနီး။

Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

Website
https://thanaka-restaurant.b12sites.com/

☎️Phone / Viber / Line - 065 226 2215

Page messagerကနေလဲမှာယူနိုင်ပါတယ်ရှင်/ဆေးရုံအနီးတဝိုက် Sukhmvit Soi-1 အတွင်းမှာယူမယ်ဆို deli freeဖြင့်ပို့ပေးနေပါပြီနော်

Grabကလဲ မှာယူသုံးဆောင်လို့ရပါပြီရှင်📍

🔥 မြန်မာလူမျိုးတွေအကြား အမြဲလိုလို အသေးစားအားပြိုင်ပြီး မဲခွဲရလေ့ရှိတာကတော့ "ခေါက်ဆွဲကြော် နဲ့ ကြာဇံကြော်" ဘယ်ဟာ ပိုကောင...
02/08/2026

🔥 မြန်မာလူမျိုးတွေအကြား အမြဲလိုလို အသေးစားအားပြိုင်ပြီး မဲခွဲရလေ့ရှိတာကတော့ "ခေါက်ဆွဲကြော် နဲ့ ကြာဇံကြော်" ဘယ်ဟာ ပိုကောင်းလဲဆိုတာပါပဲ။

🍜 တချို့ကျတော့ ခေါက်ဆွဲသားထူထူအိအိလေးနဲ့ ဝဝလင်လင် စားလို့ကောင်းပြီး ဗိုက်ပြည့်စေတဲ့ ခေါက်ဆွဲကြော် ကိုမှ တမ်းတမ်းစွဲ ကြိုက်ကြသလို
🍜 အချို့ကတော့လည်း အမျှင်သေးသေးလေးတွေထဲ အရသာပိုဝင်ပြီး စားရတာ ပေါ့ပေါ့ပါးပါးနဲ့ ပိုစားပျော်တယ်လို့ ယူဆတဲ့ ကြာဇံကြော် ကိုမှ ရွေးချယ်တတ်ကြပါတယ်။

ကိုယ်တိုင်ကရော ခေါက်ဆွဲကြော် Fan လား။ ကြာဇံကြော် ပိုကြိုက်တာလား ပြောပြခဲ့ပါဦး...😉

သနပ်ခါးဆိုင်မှာတော့ နှစ်မျိုးလုံးကို ကြက်သား၊ ဝက်သား မိမိကြိုက်နှစ်သက်ရာ အသားနဲ့ ရွေးချယ်သုံးဆောင်နိုင်ဖို့ ပူပူနွေးနွေးကြော်ပေးနေတယ်ဆိုတာလေးလည်း ကြားဖြတ် ကြော်ငြာလေး ဝင်လိုက်ပါရစေနော်....🤍✨

🍜🔥 One of the ultimate, friendly debates that always divides a Myanmar dinner table is definitely: "Fried Noodles or Fried Vermicelli?"

🍜 Some swear by Fried Noodles because they love the thick, chewy texture that makes for a hearty, super-filling meal.
🍜 Meanwhile, others lean toward Fried Vermicelli because the thin strands soak up all the savory seasonings perfectly, making it light, flavorful, and satisfying to eat.

So, where do you stand? Are you Team Fried Noodles or Team Fried Vermicelli? Let us know! 😉

By the way, just a quick plug at Thanaka, you don't have to choose sides! We stir-fry both fresh to order with your choice of chicken or pork. Come grab a hot plate today! 🤍✨

📍 Address
Happy Park phloenchit condo, sukhumvit soi-1, Bangkok, Bumrungrad ဆေးရုံအနီး။

🚩 Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

🌐Website
https://thanaka-restaurant.b12sites.com

📩 m.me/thanakabkk

☎️ Phone / Viber / Line - 065 226 2215

#မြန်မာစားသောက်ဆိုင် #မြန်မာအစားအစာ #ခေါက်ဆွဲကြော် #ကြာဇံကြော်

🤗 သနပ်ခါးအကြောင်းကို စုံစမ်းရတာ မခက်ခဲပါဘူး။ 👍 တကယ့် အိမ်ချက်လက်ရာစစ်စစ် ဟုတ်မဟုတ်ဆိုတာတွေ၊ သန့်ရှင်းမှုရှိမရှိ၊ Portion...
30/07/2026

🤗 သနပ်ခါးအကြောင်းကို စုံစမ်းရတာ မခက်ခဲပါဘူး။

👍 တကယ့် အိမ်ချက်လက်ရာစစ်စစ် ဟုတ်မဟုတ်ဆိုတာတွေ၊ သန့်ရှင်းမှုရှိမရှိ၊ Portion များမများနဲ့ ဈေးသင့်မသင့်ဆိုတာတွေကို ခန့်မှန်းပြောတဲ့ မှတ်ချက်တွေထက်စာရင် အမှန်အကန် စားဖူးတဲ့သူတွေဆီက Feedback ကိုသာ ယူစေလိုပါတယ်။

🧑‍🍳 တိုင်းတစ်ပါးမှာ မြန်မာအစားအသောက်တွေကို လွမ်းဆွတ်နေရတဲ့ ကိုယ့်နိုင်ငံသား အချင်းချင်းအတွက် အိမ်က မေမေ၊ ချစ်ရတဲ့ ဇနီးနဲ့ မိသားစုဝင်တွေရဲ့ လက်ရာကို မမီရင်တောင်မှ အိမ်ကိုလွမ်းတဲ့စိတ်ကလေး ပြေပျောက်သွားစေဖို့ အနီးစပ်ဆုံးတူအောင် နေ့စဉ်ရက်ဆက် စေတနာအပြည့်နဲ့ ချက်ပြုတ်ပြင်ဆင်ပေးနေပါတယ်။

အယုံမလွယ်တာမလို့ ကိုယ်တိုင် လာမြည်းစမ်းလိုသူတွေအတွက်လည်း သနပ်ခါးမှ အမြဲ တံခါးဖွင့် ကြိုဆိုနေပါတယ်....🤍✨

🤗 Finding out what Thanaka is all about is actually pretty easy.

👍 Instead of guessing based on rumors, we’d rather you look at the feedback from people who have actually eaten here whether it’s about our authentic home-cooked flavor, hygiene, portion sizes, or fair pricing.

🧑‍🍳 For our fellow Myanmar friends living abroad who are longing for a taste of home, we get it. Even if our food can't quite match the magic of your mom's, your wife's, or your family's cooking, we pour our hearts into making it taste as close to home as possible every single day just to comfort your cravings.

If you're someone who needs to taste it to believe it, our doors are always open. Come on in and try it for yourself! 🤍✨

📍 Address
Happy Park phloenchit condo, sukhumvit soi-1, Bangkok, Bumrungrad ဆေးရုံအနီး။

🚩 Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

🌐Website
https://thanaka-restaurant.b12sites.com

📩 m.me/thanakabkk

☎️ Phone / Viber / Line - 065 226 2215

#မြန်မာစားသောက်ဆိုင် #မြန်မာအစားအစာ #အိမ်ချက်လက်ရာ

ထိုင်းနိုင်ငံရောက် ဓမ္မမိတ်ဆွေများအားလုံး စိတ်ရောကိုယ်ပါ အပူအပင်မရှိ အေးမြတဲ့ ဝါဆိုလပြည့်နေ့ကို ဖြတ်သန်းနိုင်ပါစေ...🙏🌕🌸 ...
29/07/2026

ထိုင်းနိုင်ငံရောက် ဓမ္မမိတ်ဆွေများအားလုံး စိတ်ရောကိုယ်ပါ အပူအပင်မရှိ အေးမြတဲ့ ဝါဆိုလပြည့်နေ့ကို ဖြတ်သန်းနိုင်ပါစေ...🙏🌕

🌸 မြတ်စွာဘုရားရှင်ရဲ့ တရားဦးဓမ္မစကြာကို ပွားများရင်း ငြိမ်းချမ်းခြင်းတွေကို ဆောင်ကြဉ်းနိုင်ပါစေ။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း သာယာကြည်နူးဖွယ်ရာနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေကြောင်း "သနပ်ခါး" မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်....💛

Wishing all our Dhamma friends and community here in Thailand a serene and peaceful Full Moon Day of Waso, filled with comfort and joy for both mind and soul... 🙏🌕

🌸 May reflecting on the Buddha's first sermon, the Dhammacakka, bring ultimate peace into your hearts. The "Thanaka" family sends our warmest wishes for a beautiful day filled with merit, mindfulness, and blessings.... 💛

#မြန်မာစားသောက်ဆိုင် #မြန်မာအစားအစာ #ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့ #ဓမ္မစကြာနေ့ဆုတောင်း

တစ်နေ့တာလုံး အလုပ်တွေရှုပ်၊ ပင်ပန်းခဲ့သမျှကို သနပ်ခါးရဲ့ စားချင်စရာ တရုတ်ဟင်းလျာကောင်းကောင်းလေးတွေနဲ့ အမောဖြေလိုက်ပါနော်...
27/07/2026

တစ်နေ့တာလုံး အလုပ်တွေရှုပ်၊ ပင်ပန်းခဲ့သမျှကို သနပ်ခါးရဲ့ စားချင်စရာ တရုတ်ဟင်းလျာကောင်းကောင်းလေးတွေနဲ့ အမောဖြေလိုက်ပါနော်📣

သနပ်ခါး မှာ လတ်ဆတ်တဲ့ အသီးအရွက်ကြော် ပူပူလေးတွေနဲ့
ခေါက်ဆွဲကြော်
ကြာဇံကြော်
ချိုချဉ်ကြော်
ကုန်းဘောင်ကြီးကြော် အစရှိတဲ့ အရသာရှိလှသော တရုတ်ဟင်းလျာမျိုးစုံက ကြိုဆိုဖို့ အဆင်သင့်ရှိနေပါတယ်📣😋

ဟင်းပွဲများအားလုံးကို ကျန်းမာရေးနှင့်အညီ ဟင်းချိုမှုန့်မသုံးထားဘဲ အရသာကောင်းမွန်မှုနှင့်သန့်ရှင်းလတ်ဆတ်မှုကိုအဓိကထားကာချက်ပြုတ်ထားလ်ို့ သနပ်ခါးမှာလာရောက်သုံးဆောင်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်

📍Address
Happy Park phloenchit condo, sukhumvit soi-1,
Bangkok, Bumrungrad ဆေးရုံအနီး။

Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

Website
https://thanaka-restaurant.b12sites.com/

☎️Phone / Viber / Line - 065 226 2215

Page messagerကနေလဲမှာယူနိုင်ပါတယ်ရှင်/ဆေးရုံအနီးတဝိုက် Sukhmvit Soi-1 အတွင်းမှာယူမယ်ဆို deli freeဖြင့်ပို့ပေးနေပါပြီနော်

Grabကလဲ မှာယူသုံးဆောင်လို့ရပါပြီရှင်📍

ယနေ့အတွက် ဗိုက်ဖြည့်ဖို့ရာ ထွေထွေထူးထူးတွေထက် ရိုးရှင်းပြီး စားကောင်းတဲ့ ဝက်သားဟင်းကို ရွေးချင်သူတွေအတွက် သနပ်ခါးဆိုင်မှ...
25/07/2026

ယနေ့အတွက် ဗိုက်ဖြည့်ဖို့ရာ ထွေထွေထူးထူးတွေထက် ရိုးရှင်းပြီး စားကောင်းတဲ့ ဝက်သားဟင်းကို ရွေးချင်သူတွေအတွက် သနပ်ခါးဆိုင်မှာ ရွေးချယ်စရာ Option လေးတွေ ရှိပါတယ်ရှင့် ....✨

အချဉ်ဓာတ်လေးနဲ့ အအီပြေစေတဲ့ ဝက်သားမျှစ်ချဉ်ဟင်း 🍲
အနှစ်လေးတွေနဲ့ အကောင်းဆုံး မိရိုးဖလာအိမ်ချက်အရသာကို ရစေမဲ့ ဝက်ဆီပြန်ဟင်း 🍛
အရွယ်မရွေး အကြိုက်တွေ့ပြီး ထမင်းမြိန်စေတဲ့ ဝက်သားချိုနှပ်ဟင်း 🍖

ဝက်သားအိအိလေးတွေကို အရသာအမျိုးမျိုးနဲ့ စားနိုင်အောင် လက်စွမ်းပြပေးထားပြီး တစ်ပွဲချင်းစီကိုလည်း တစ်ယောက်စာ Portion အဝအလင်ဖြစ်အောင် စေတနာအပြည့်နဲ့ ထည့်ပေးထားတာမလို့ စားရတာ တန်ပြီး စားပျော်ကြလိမ့်မယ်လို့ သနပ်ခါးက ရဲရဲကြီး အာမခံပါတယ်ရှင်....🤍

If you want to skip the guesswork and just want a simple, delicious pork curry to fuel your day, Thanaka has some amazing options waiting for you! ✨

Pork and Sour Bamboo Shoot Curry -Tangy, spicy, and perfectly balances out the richness. 🍲
Classic Pork Curry (Si-Pyan) - Tender pork chunks in a rich gravy for that perfect, comforting home-cooked taste. 🍛
Sweet Stewed Pork - Savory, sweet, and melt-in-your-mouth tender, a total crowd favorite that makes any meal better. 🍖

We’ve brought out our best recipes to cook these up perfectly for you. Plus, we make sure our portions are super generous for a single serving, so you get great value and leave completely full and happy. We guarantee you’re going to love it! 🤍

📍 Address
Happy Park phloenchit condo, sukhumvit soi-1, Bangkok, Bumrungrad ဆေးရုံအနီး။

🚩 Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

🌐Website
https://thanaka-restaurant.b12sites.com

📩 m.me/thanakabkk

☎️ Phone / Viber / Line - 065 226 2215

#မြန်မာစားသောက်ဆိုင် #မြန်မာအစားအစာ #ဝက်သားဟင်း

Today (22.7.2026) Special Menu‼️ဝက်ကလီစာချက်📣 ရပါမယ်ရှင်အိမ်ချက်လက်ရာအတိုင်းအရသာစိမ့်စိမ့်၊ မွှေးမွှေးလေးနဲ့ အရသာရှိရှိ ...
22/07/2026

Today (22.7.2026) Special Menu‼️
ဝက်ကလီစာချက်📣 ရပါမယ်ရှင်

အိမ်ချက်လက်ရာအတိုင်းအရသာစိမ့်စိမ့်၊ မွှေးမွှေးလေးနဲ့ အရသာရှိရှိ စားမြိန်စေမယ့် ဝက်ကလီစာချက်လေးနော်😋

ထို့အပြင် သနပ်ခါးရဲ့ အရောင်းရဆုံးပုံမှန်menuတွေဖြစ်တဲ့

ဝက်ချိုချက်
ကြက်ဆီပြန်
အမဲနှပ်
ပုစွန်ဘော့ချိတ်ချက် တို့လဲရမယ်နော်📣

‼️Todayအရံဟင်းအနေနဲ့ကတော့

အစိမ်းကြော်ရယ် ပုစွန်ခြောက်ငရုတ်သီးကြော်
ဘူးသီးနဲ့မျှစ်ဟင်းချိုလေးပဲဖြစ်ပါတယ်😋

Set menu-ထမင်း+ဟင်းတစ်မျိုး+အရံဟင်း+ငပိရည်နှင့် တို့စရာအစုံ

မြန်မာဟင်းလျာများအပြင် သနပ်ခါးရဲ့ Signatureတွေဖြစ်တဲ့ မုန့်ဟင်းခါးနှင့်မန္တလေးမုန့်တီ မနက်စာဟင်းလျာများနှင့် အသုပ်မျိုးစုံ/ မြန်မာလက်ဖက်ရည်/Drink menuစုံစုံလင်လင် နှင့် အခြားသောအသုပ်မျိုးစုံ/တရုတ်ဟင်းပွဲတို့ကိုလဲရရှိနိုင်ပါတယ်နော်📣

ဟင်းပွဲများအားလုံးကို ကျန်းမာရေးနှင့်အညီ ဟင်းချိုမှုန့်မသုံးထားဘဲ အရသာကောင်းမွန်မှုနှင့်သန့်ရှင်းလတ်ဆက်မှုကိုအဓိကထားကာချက်ပြုတ်ထားလ်ို့ သနပ်ခါးမှာလာရောက်သုံးဆောင်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်

📍Address
Happy Park phloenchit condo, sukhumvit soi-1,
Bangkok, Bumrungrad ဆေးရုံအနီး။

Google Map
https://maps.app.goo.gl/nhi2Ycfki4QnQyH97

Website
https://thanaka-restaurant.b12sites.com/

☎️Phone / Viber / Line - 065 226 2215

Page messagerကနေလဲမှာယူနိုင်ပါတယ်ရှင်/ဆေးရုံအနီးတဝိုက် Sukhmvit Soi-1 အတွင်းမှာယူမယ်ဆို deli freeဖြင့်ပို့ပေးနေပါပြီနော်

Grabကလဲ မှာယူသုံးဆောင်လို့ရပါပြီရှင်📍

ที่อยู่

61/6, Park Ploen Chit Condo, Sukhumvit Soi-1 Alley, Klongtoey-Nua, Watthana
Bangkok
10110

เวลาทำการ

จันทร์ 08:00 - 20:00
อังคาร 08:00 - 20:00
พุธ 08:00 - 20:00
พฤหัสบดี 08:00 - 20:00
ศุกร์ 08:00 - 20:00
เสาร์ 08:00 - 20:00
อาทิตย์ 08:00 - 20:00

เบอร์โทรศัพท์

+66652262215

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thanaka Restaurantผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์