Foodie.MC ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Foodie.MC, Bangkok.

တစ်ရုတ်စာဆိုရင်တော့ဘယ်အချိန်မေးမေး ok ပဲ! ဒီဆိုင်လေးက central world မှာ ဖွင့်တာမကြာသေးဘူး. တစ်ရုတ်ပြည်မှာနံမည်ကြီးတယ်တဲ့...
26/03/2026

တစ်ရုတ်စာဆိုရင်တော့ဘယ်အချိန်မေးမေး ok ပဲ!

ဒီဆိုင်လေးက central world မှာ ဖွင့်တာမကြာသေးဘူး. တစ်ရုတ်ပြည်မှာနံမည်ကြီးတယ်တဲ့ပြောတာပဲ. ဘယ်လောက်ကောင်းမလဲဆို သွားစမ်းစားကြည့်တာ ကောင်းတယ်တော့!!

အကြိူက်ဆုံးကတော့ ၀က်ဆီတုန်းဟင်းနဲ့ ကြက်သားကျော်ပဲ ..ရှဲ!! ပွဲတွေကအကြီးကြီးတွေဆိုတော့ တစ်ယောက်ထဲသွားစားရင်အဆင်မပြေဘူး ၂ ယောက်အထက်လောက်သွားရင်တော့ အတော်ပဲ 🤗

အခုပြောနေရင်းတောင် စားချင်လာပီ ထက်သွားရဦးမယ်😋

NONG GENG JI 农耕记 - Central World

https://share.google/hiGeEDEsSyKdJUWJG

#လည်လည်ထွက် #စားနယ် #ဘန်ကောက်လမ်းညွန် #ဘန်ကောက်

တစ်ရုတ်တမ်း Yaowarat သွားရင်း restroom ရှာချင်ရင် After you က်ုသတိရလိုက်နော်! 😂😂😂😂😂ဒါနဲ့ After you က Chocolate Fudge Cak...
25/03/2026

တစ်ရုတ်တမ်း Yaowarat သွားရင်း restroom ရှာချင်ရင် After you က်ုသတိရလိုက်နော်! 😂😂😂😂😂

ဒါနဲ့ After you က Chocolate Fudge Cake စားပီးကြပီးလားဟင်????

After You Chinatown 唐人街店 - อาฟเตอร์ ยู เยาวราช

https://share.google/RWcBNsWVjJ6ZUzuRK

#ဘန်ကောက်လမ်းညွန်
#လည်လည်ထွက် #စားမယ်

ဘယ်လိုကနေ ဘယ်လို ဒီဆိုင်ရောက်သွားလဲမသိဘူး! သာမန်အစားအစာတွေရိုးလာလို့ ထင်ပါတယ်. အရသာအသစ်စမ်းစားကြည့်တာ! မဆိူးဘူးကောင်းတယ်...
25/03/2026

ဘယ်လိုကနေ ဘယ်လို ဒီဆိုင်ရောက်သွားလဲမသိဘူး!
သာမန်အစားအစာတွေရိုးလာလို့ ထင်ပါတယ်. အရသာအသစ်စမ်းစားကြည့်တာ! မဆိူးဘူးကောင်းတယ်.

သူတို့ရဲ့ Vibe က Turkey တူရကီ 🇹🇷 ရောက်သွားသလိုပဲ!

အကြိက်ဆုံးပြောရမယ်ဆိုရင်တော့ Hummus Plate နဲ့ Truffle Pizza ပဲ 😋😋😋

ဒီ Turkish/ Lebanese ဆိုင်က Asoke (Sukhumvit 16) မှာရှိပါတယ် Halal ဆိုင်လေးနော်.

Elbasha Asok Branch (Halal Lebanese & Turkish Restaurant)

https://share.google/uNqASMxrADUxZcspZ

#တူရကီ #စားမယ် #လည်လည်ထွက် #ဘန်ကောက်လမ်းညွန်

Gaysorn Amarin  မှာ Charlie & Friends Pop-up up ရှိတယ်ဆိုလို့ Cocoa Slushy လေးနဲ့  😋😋          #စားမယ်  #လည်လည်ထွက်  #ထိ...
14/11/2025

Gaysorn Amarin မှာ Charlie & Friends
Pop-up up ရှိတယ်ဆိုလို့ Cocoa Slushy လေးနဲ့ 😋😋

#စားမယ် #လည်လည်ထွက် #ထိုင်း #ဘန်ကောက်
#သွားစရာ

🏟Phu Quoc တောင်ပိုင်း ရဲ့ Sunset Town အမှတ်တရ🏟Sunset Town ထဲမှာပဲ 2 ရက်လုံးသွားလာလည်ပတ်  သာယာချက်ကတော့ပြောမနေနဲ့ တော့ 🥰🥰...
06/11/2025

🏟Phu Quoc တောင်ပိုင်း ရဲ့ Sunset Town အမှတ်တရ

🏟Sunset Town ထဲမှာပဲ 2 ရက်လုံးသွားလာလည်ပတ် သာယာချက်ကတော့ပြောမနေနဲ့ တော့ 🥰🥰 Sunset Town လေးက Mediterranean style လေးပါ၊ MC တို့ သွားတာ မိုးရာသီဆိုတော့ ရာသီဥတုအရမ်းအေးချမ်းတယ်၊ ဆောင်းရာသီဆိုရင်လည်းအရမ်းမိုက်မှာ
နွေရာသီဆိုရင်တော့ အရမ်း ပူမှာ 🤪

🏟Hotel တွေ အများကြီးထဲက Lotus Home Hillside မှာနေခဲ့တယ်၊ 7/10 လောက်တော့ ရှိပါတယ်၊
📌 https://share.google/F2gDyd0QbDbTZqypK

🏟Sunset Town ကသူ့ ကမ္ဘာလေးနဲ့သူပဲ.. coffee ဆိုင် လေးတွေလည်း အများကြီးပဲ Night market လည်းအဲ့အထဲမှာပဲ. Show Theater လည်းရှိတယ်၊ ဘာလုပ်ချင်လည်း ပြော! အားလုံးရှိတယ်🤗 🚠သူ့ highlight က
Cable car စီးတာ၊ အရှည်ဆုံး cable carလို့လည်း ပြောကြတယ်။ တစ်စီးကိုလူတွေအများကြီး နဲ့ စီးရတော့ သိပ်မကြိုက်ဘူး၊ အဲ့တော့ မစီးခဲ့ဘူး 🤣 view လည်း သိပ်ကြည့်ချင်လို့ 🤣🤣

🎆Kiss bridge မှာ Firework show လည်းနေ့တိူင်းရှိတယ်၊ သေချာကြည့်ချင်တဲ့သူတွေအတွက်က Ticket ၀ယ်လို့ရပါတယ်၊ MC တို့ က တော့ စားသောက်ဆိုင်တစ်ဆိုင်ရွေးပြီးတော့ပဲ အ၀ေးကနေကြည့်လိုက်တယ်၊

✨️များသောအားဖြင့်ကတော့ ဓာတ်ပုံရိုက်ဖို့ရယ်၊ အေးဆေးနေချင်သူတွေအတွက်ရယ်၊ coffee ဆိုင်ကြိုက်တဲ့သူတွေ အတွက် သင့်တော်တဲ့နေရာလေးပါ၊

🏖Beach က Soa Beach ကိုရောက်ခဲ့တယ်၊ အရမ်းလှတယ်၊ စိတ်မကောင်းစွာနဲ့ပဲ မိုးရာသီဆိုတော့ ကမ်းခြေက အမှိုတ်တွေအရမ်းများတယ် 🥹🥹 မိုးရာသီမဟုတ်ပဲတစ်ခြားအချိန်ဆို အရမ်းလှမှာ...
📌 https://share.google/F2gDyd0QbDbTZqypK

🤗🤗စားဖြစ်ခဲ့တဲ့စားသောက်ဆိုင်းလေးတွေပါ

📌Lord of the Bao Dimsum & more Restaurant
https://share.google/aXwwFHeOw9VYWNfwC

📌Hai Bot Eatery
https://maps.app.goo.gl/2ZzF4LKsv4cnNvGA7

📌CÁI MÂM BISTRO - Vietnamese Noodles & Cafe
https://share.google/XadRbOFtAMsiW8Tiz

📌Sorrento Restaurant & Bar
https://maps.app.goo.gl/b96kpc3arh4AYJLT7
(Fireworks ကြည့်​လို့ရတဲ့ဆိုင်လေး)

📌Thuan Kieu
https://share.google/W2cOXhwuOJ8gtGi1S
(Sunset Town အပြင်ဖက်နားက ပင်လယ်ဆိုင်လေး. Island ဆိုတော့ ပင်လယ်စာ မစားပဲတော့ပြန်လာလို့မရဘူးလေနော်၊ သူတို့ review အများကြီးပေးတဲဆိုင်လေးသွားစားကြည့်တယ်၊ ပင်လယ်စာအရမ်းလတ်တယ်၊ စားလို့ ကောင်းမှကောင်းပဲ 🦞🦐🦀🐙🦑🐚🐌🐟

🤗🤗 Coffee shop လေးတွေ
📌Lotus Home & Cafe
https://share.google/6nG0saXcQqw4Yqzhx

📌The Juliet Coffee & Dessert
https://share.google/4UdD6PnKzbUnYWcaP

🤗🤗လမ်းလျောက်ရလွန်းလိူ့ အပန်းပြေ
📌LUMI SPA - MASSAGE
https://share.google/koLfFhaVSH1eyOhwu

🤗🤗အပြန်လက်ဆောင်စျေး၀ယ်..
📌Vietnam Select
https://share.google/jx30CogIiv7q56cBq

🙋‍♀️နောက်တစ်ခါထက်သွားမလားဆို သွားအုန်းမှာ. အရစျေးလည်းသက်သာတယ် အစားအသောက်ပြောမလား၊ အသွားအလာပြောမလား အရမ်း အဆင်ပြေတယ်လေ.

❤️ MC

#ဗီယက်နမ် #ခရီးစဥ်

ဗီယက်နမ် ကအကြိုက်ဆုံးမနက်စာ Banh Mi နဲ Iced coffee     #ဗီယက်နမ်  #မနက်စာ   @ #စားမယ်
06/11/2025

ဗီယက်နမ် ကအကြိုက်ဆုံးမနက်စာ Banh Mi နဲ Iced coffee

#ဗီယက်နမ် #မနက်စာ @
#စားမယ်

Phu Quoc ခရီးစဥ်လေး!!! သွားသင့်တဲ့နေရာလေးမို့ Review လေးပေးလိုက်တယ်နော်. ✈️MC တို့ ဘန်ကောက်ကနေ Vietjet Air နဲ့ 3 ညအိပ် 4...
05/11/2025

Phu Quoc ခရီးစဥ်လေး!!!
သွားသင့်တဲ့နေရာလေးမို့ Review လေးပေးလိုက်တယ်နော်.

✈️MC တို့ ဘန်ကောက်ကနေ Vietjet Air နဲ့ 3 ညအိပ် 4 ရက်သွားခဲ့တယ်.

🏤Northern Part (မြောက်ပိုင်းဖက်မှာ 1 ညအိပ်နေခဲ့တယ်). Southern Part (တောင်ပိုင်းဖက်မှာ 2 ညအိပ်ခဲ့တယ်) တောင်ပိုင်းနဲ့ မြောက်ပိုင်းက တစ်နာရီလောက်ခရီးရှိပါတယ်. FREE Shuttle Bus လေးတွေရှိတာအရမ်းအဆင်ပြေပါတယ်.

🚍 လေဆိပ်ကနေ Free Bus နဲ့
VinHolidays Fiesta PhuQuoc Hotel က်ုသွားတယ်- 45 မိနစ်ခရီးလောက်ပဲ.. Bus ကားက Hotel ရှေ့တည့်တည့်ရပ်ပေးတော့ အရမ်းအဆင်ပြေတယ်. Hotel က ခမ်းနားတယ်.
စျေးသက်သာပြီ အရမ်းကောင်းတယ် 💯 ပဲကြေနပ်တယ်!!

မြောက်ပိုင်းဖက်မှာနေခဲ့တာက Grand World နဲ့ VinWonders ရယ် Starfish Beach ရယ်လည်ချင်ဖို့သက်သက်ပဲ. 🤗

လည်ပတ်တာ စားတာသွား အားလုံးက Grand World အထဲမှာပဲဆိုတော့ အရမ်းအဆင်ပြေပြီး အေးဆေးတယ်၊
vietnam ရောက်တယ်လို့တောင်မထင်ရဘူး၊ သူက Man-made Europe လေးလိုဖြစ်နေတာပေါ့ နော်။ဒီ မြို့ကလူတွေ အရမ်းဖျော်ရွေ သဘောကောင်းကြတယ်၊ဒါပေမဲ့ အဂ်လိပ်လို့တော့ လုံး၀မတက်ဘူး၊ Google Translation လေးပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ် 😅

Grand World အထဲမှာ Taxi ကားလေးတွေရှိ တော့ လမ်းမလျောက်ချင်ရင် ကြိုက်တဲ့အချိန် စျေးညိပြီး တက်စီးလိူ့ရတယ်၊ နေ့လည်ပိုင်းတော့ လူသိပ်မရှိဘူး၊ ဆိုင်တွေလည်း အများကြီးမဖွင့်ဘူး. ညပိုင်းတော့ အရမ်းလူစည်တယ်၊ Show လေးတွေလည်းရှိတယ်၊ Grandworld အထဲမှာ ဓာတ်ပုံရိုက်လို့ရတဲ့နေရတွေအများကြီးပဲ Bamboo Building, Urban Park, Teddy Bear Museum, Boat Floating ,Venice River နေရာတိုင်းကလှတယ် 📸

စားဖြစ်ခဲ့တဲ့ဆိုင်လေးတွေ လည်း share ပေးလိုက်ပါတယ်!

📌HANA Coffee
https://maps.app.goo.gl/5H8kXgMQ1fQjGdVeA

📌Cơm Quê 378 - GrandWorld Phú Quốc
https://maps.app.goo.gl/tNcahSEmAqG4YB8x5

📌Olá Costa Restaurant
https://maps.app.goo.gl/UYuYCk3TVMrVbddh8

📌Starfish Beach ကိုနောက်တစ်နေ့ မနက် grab taxi နဲ့ပဲသွားလိုက်တယ်၊ မိနစ် 30 လောက်သွားလိုက်ရတယ်၊ သွားရတဲ့ခရီးလမ်းက မြေမညီဘူး ချိုင့်တွေများတယ်. ကမ်းခြေကနေမှ boatနဲ့ နောက်ထပ် 5 mins လောက်သွားရသေးတယ်. Boat ခကစျေးကြီတယ် မတန်ဘူး၊ MC တို့သွားတာ မိုးရာသီဆိုတော့ Starfish အများကြီး မတွေ့ခဲ့ဘူး. အဲ့ တော့ Starfish အတွေ့အကြုံကနေ wow မဖြစ်ခဲ့ဘူး.

ဒါပေမဲ့လည်း အတွေ့အကြုံ အသစ်ရခဲ့တဲ့ အတွက်တော့ ပျော်ပါတယ်၊ Starfish ပထမဆုံးတွေ့ဖူးခဲ့တယ်၊ ထိတွေ့ခဲ့ရတယ်ပေါ့နော်

❤️ MC

#ဗီယက်နမ် #ခရီးစဥ်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Foodie.MCผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Foodie.MC:

แชร์