Foodie Online Collection - FOC

Foodie Online Collection - FOC ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Foodie Online Collection - FOC, ผู้จัดจำหน่ายผลิตภัณฑ์ด้านอาหาร, Bangkok.

Lays အာလူး​ချောင်း​ကြော်Lays ကထုတ်တဲ့ အာလူး​ချောင်း​ကြော် ဘူး​လေး​တွေ ဒီအပတ်​အော်ဒါ​တွေထဲ အသစ်မှာလို့ရပါပြီရှင် 1ဘူး - ၆...
07/07/2026

Lays အာလူး​ချောင်း​ကြော်
Lays ကထုတ်တဲ့ အာလူး​ချောင်း​ကြော် ဘူး​လေး​တွေ ဒီအပတ်​အော်ဒါ​တွေထဲ အသစ်မှာလို့ရပါပြီရှင်
1ဘူး - ၆၀၀၀ ကျပ်
(လက်လီအနည်းဆုံး ၃ဘူး​တော့ယူ​ပေးပါရှင်)
(လက်ကား​စျေး cb please)



Pancake ​လေးစျေးထပ်ချလိုက်ပြန်ပြီကွယ်....😍😍😍💜🍪 BTS Fan တွေနှင့် Oreo lover တွေအကြိုက်မှာလို့ရပါပြီ 😋💰 Price — 1 Pack (၉ခ...
03/07/2026

Pancake ​လေးစျေးထပ်ချလိုက်ပြန်ပြီကွယ်....😍😍😍
💜🍪 BTS Fan တွေနှင့် Oreo lover တွေအကြိုက်မှာလို့ရပါပြီ 😋
💰 Price — 1 Pack (၉ခုပါ) = 14,900 MMK
📦 Minimum Order — 3 Packs
✔️ Limited Edition
Instock ပါ stock limited ဖြစ်လို့ မြန်မြန် order တင်ထားလို့ရပါပြီရှင်💜
📩

Weight ချ​နေတဲ့သူ​တွေအတွက် https://www.facebook.com/share/p/1CNB5nm8ww/
14/06/2026

Weight ချ​နေတဲ့သူ​တွေအတွက်
https://www.facebook.com/share/p/1CNB5nm8ww/

ဗိုက်တော့ ပြည့်သွားတယ်... ဒါပေမဲ့ အမြဲတစ်ခုခု ထပ်စားချင်နေသေးတယ် ဆိုတဲ့ comment ဖတ်မိတယ်။ ဒီလိုဖြစ်ဖူးတဲ့သူတွေလည်းရှိပါလိမ့်မယ်။

ဒါကစားလိုက်တဲ့ အစားအသောက်ထဲမှာ အာဟာရအချိုးအစား မှားယွင်းနေကြောင်း ခန္ဓာကိုယ်က ဦးနှောက်ကို အချက်ပြနေတာပါ။

တချို့ဝိတ်ချဖို့ ထမင်းကိုနည်းနည်းလေးပဲစားပြီး အသားကိုဖိစားကြတယ်။
အာဟာရဗေဒပညာရပ် (Nutrition Science) အရ သာမာန်လူတယောက်အတွက် Balanced Diet ၊မျှတတဲ့ စားသောက်မှုပုံစံ ( carbs 50%, protein 20% နဲ့ fats 30%) ဆိုတဲ့အချိုးနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ Golden ratio ပါ။

နားလည်လွယ်အောင်ပြောမယ်ဆိုရင်

✅ ထမင်း၊ ဆန်လုံးညို ပမာဏသည် အသားပမာဏထက် ၂ ဆ ပိုရပါမယ်။
✅ ဟင်းသီးဟင်းရွက် ပမာဏသည်လည်း အသားပမာဏထက် ၂ ဆ ပိုရပါမယ်။
✅စားတဲ့အရွက်၊ အသားတွေကို ဆီလေးနဲ့ကြော်၊ သုပ်မှ လုံလောက်တဲ့အဆီရလာပါမယ်။

မြင်တွေ့နေရတဲ့ အမှားကြီးတစ်ခုက... ထမင်းလို carbs တွေကို နည်းနည်းလေးပဲစားပြီး၊ အသားကိုတော့ အများကြီး စာနေတာပါ။
အသားတွေ အများကြီးစားထားလို့ အစာအိမ်ထဲမှာ တင်းပြီး ဗိုက်ကပြည့်နေတာ မှန်တယ်။ ဒါပေမဲ့ ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ် လည်ပတ်ဖို့ အဓိကလိုအပ်တဲ့ Glucose (Carbs မှရရှိသော) လုံလောက်အောင်မရတဲ့အတွက် ဗိုက်ပြည့်နေရက်နဲ့ ဦးနှောက်က ဆာလောင်မှုကို ထပ်မံလှုံ့ဆော်ပြီး တစ်ခုခု (အထူးသဖြင့် အချို ၊မုန့်ပဲသရေစာ) ကို ထပ်စားချင်နေတဲ့ Cravings တွေ ဖြစ်လာတော့တာပါ။

စားတဲ့အချိုးကိုပြင်ကြည့်ပါ။ ဒီလို craving ဆိုတာပျောက်သွားပါလိမ့်မယ်ရှင် 😍

ကျန်းမာပါစေရှင်

ဇီဇဝါစိုး





10/06/2026

အရမ်းလွယ်ပြီးစားလို့​ကောင်းလို့လုပ်စားကြည့်​နော်😋

https://www.facebook.com/share/p/1BAg3bfeyW/
08/06/2026

https://www.facebook.com/share/p/1BAg3bfeyW/

💢အသံတိတ် လုပ်ကြံသူ (သို့မဟုတ်) သွေးတွင်း ကိုလတ်စထရော (အဆီ)များခြင်း

‼ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ (၃) ပုံ (၁) ပုံကျော်မှာ ဖြစ်နေတဲ့ သွေးတွင်း ကိုလတ်စထရောများခြင်းကို ခံစားနေရပါတယ်။ အတော်အဖြစ်များတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။

ဒီလို သွေးတွင်း ကိုလတ်စထရော (အဆီ)များခြင်းက အနောက်နိုင်ငံတွေမှာ ဖြစ်ပွားမှုနှုန်းကျဆင်းလာနေပေမယ့် - အရှေ့အာရှနိုင်ငံတွေမှာတော့ အရင်ကထက် ၂ ဆ - ၃ ဆပိုများလာတာကို တွေ့ရှိနေရပါတယ်။

သွေးတွင်းကိုလတ်စထရောများခြင်းက နောက်ဆက်တွဲအနေနဲ့ သွေးကြောကျဥ်းခြင်း၊ သွေးကြောပိတ်ခြင်းတို့ဖြစ်ပြီး ရင်ဘတ်(နှလုံး)အောင့်ခြင်း နဲ့ လေဖြတ်ခြင်းတို့ မဖြစ်ခင်ထိ တစ်ခါတစ်လေ ဘာဆို ဘာလက္ခဏာမှ မများဘဲ တိတ်တိတ်လေးနေနေတတ်တာမို့ သတိထားသင့်တဲ့အရာပါ။

ဒီလို သွေးတွင်း ကိုလတ်စထရောများခြင်းကို မျိုးရိုးကြောင့်ဖြစ်တတ်သလို -
မကျန်းမာသော နေထိုင်မှုပုံစံတွေဖြစ်တဲ့
📌 ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
📌 ဆေးလိပ်သောက်ခြင်း
📌 မကျန်းမာစေသော အစားအစာများစားခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
တကယ်တော့ ဒီအချက်တွေက - အခုပြောတဲ့ သွေးတွင်းအဆီများစေတာအပြင် အခြား ကင်ဆာရောဂါနဲ့ နာတာရှည်ရောဂါအမျိုးမျိုးကိုလဲ ဖြစ်စေတာမလို့ သတိထားရှောင်ရှားသင့်တဲ့ အချက်တွေပါပဲ။

ဒါဆို ဒီလိုမဖြစ်ရအောင်/ လျှော့ချနိုင်အောင် - ကျန်းမာစေတဲ့ နေထိုင်မှုပုံစံဆိုတာ ဘာပါလဲ?
သွေးတွင်းအဆီမများအောင် အထိရောက်ဆုံးအစားအစာကတော့ -
📌 သက်သတ်လွတ် (vegetarian) စားသောက်နေထိုင်မှုပုံစံပါ။
ဒါပေမယ့် - လူတိုင်း ဒီလိုစားသောက်ဖို့က ခက်ခဲနိုင်တယ်ဆိုတာကို နားလည်ပါတယ်။ ဒါဆို ဘာတွေကို အဓိကထားစားမလဲ၊ ဘာတွေကိုရှောင်ပြီး ဘယ်လိုနေထိုင်ရမလဲဆိုရင် -
📌 ပြည့်ဝအဆီပါတဲ့အသား (ဥပမာ - ဝက်သား၊ အမဲသား)တို့ကို အသင့်အတင့်ပမာဏပဲစားတာမျိုး (ဘယ်လောက်ပဲစားရမလဲဆိုတာကို အသေးစိတ်ပြောပြထားတဲ့ ဗီဒီယိုရှိပါတယ်။ comment မှာကြည့်ပါ)
📌တစ်ပတ်ကို ငါး ၂ ကြိမ် - ၃ ကြိမ်လောက် အနည်းဆုံးစားပေးခြင်း
📌ပြုပြင်ထားတဲ့အစားအသောက်များကို အတတ်နိုင်ဆုံး ရှောင်ခြင်း (အသေးစိတ်ရေးထားတာကို comment မှာကြည့်ပါ)
📌ပြည့်ဝအဆီ (ဝက်သား၊ အမဲသား၊ ဆိတ်သားကဲ့သို့ အသားမှရသောအဆီ၊ ခဏခဏပြန်ကြော်ထားသောဆီများ, စားအုန်းဆီများကို ရှောင်ရှားခြင်း)
📌အငန်ဓါတ်နည်းပြီး အသီး၊ အရွက်၊ အစေ့အဆန်များသာ အဓိကပါတဲ့ အစားအသောက်များကို စားခြင်း
📌အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းခြင်း
📌ဆေးလိပ်မသောက်ခြင်း
📌တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် သင့်တင့်တဲ့ လေ့ကျင့်ခန်း (ဥပမာ - လမ်းခပ်သွက်သွက်လျှောက်ခြင်း) လုပ်ခြင်း
📌အရက်သောက်တာကို ကျန်းမာတဲ့ပမာဏအတွင်းမှာသာသောက်ခြင်း၊ ဖြစ်နိုင်ရင် မသောက်ခြင်း စတာတို့ ပြုလုပ်မယ်ဆို - အခုလို သွေးတွင်းအဆီများတာကို ကာကွယ်နိုင်ပါတယ်။

ထပ်သိချင်တာရှိရင်လဲ - comment မှာ မေးသွားလို့ရပါတယ်ရှင်။

#အဆီ #လေဖြတ်ခြင်း

မြန်မာ့အစားအစာများကို Lazada Thailand - FOC Shop မှ​နေပြီး အိမ်အ​ရောက်​ငွေ​ချေဖြင့် မှာယူနိုင်ပါတယ်ရှင်https://www.faceb...
07/06/2026

မြန်မာ့အစားအစာများကို Lazada Thailand - FOC Shop မှ​နေပြီး အိမ်အ​ရောက်​ငွေ​ချေဖြင့်
မှာယူနိုင်ပါတယ်ရှင်

https://www.facebook.com/100064186770937/posts/966235035526047/

ที่อยู่

Bangkok

เบอร์โทรศัพท์

+66966641014

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Foodie Online Collection - FOCผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์