07/10/2025
အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ် ❗️
ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ❓
လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။
ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။
စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?
စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-
၁။ နီလာမယ်
၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်
၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်
၄။ အနာကကိုက်လာမယ်
၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?✅
၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ
၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ
၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။
၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။
ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။
ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်♥️
မီးပိုးကောင်၏အဆိပ်ကြောင့်ဖြစ်သော အရေပြားနီရဲရောင်ရမ်းနာ ‼️
ပုံမှာပြထားသလိုမျိုး ဘာကြောင့်မှန်းမသိလိုက်ဘဲ အရေပြားပေါ်မှာ ပေါ်လာတာမျိုးပါ။
ထူးဆန်းတာက တံတောင်ဆစ်လို၊ ဒကောက်ကွေးလို နေရာမျိုးဆိုရင် Mirror image လိုမျိုး ၂ဖက်ဆင်တူဖြစ်တာပါ။ Kissing lesion လို့လဲ ခေါ်ပါတယ်။
တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။
တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။
ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ။
အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ်။ Paederin ဆိုတဲ့ Toxin (အဆိပ်) ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ်။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ ရေကြည်ဖု (Blister) တွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ။
မီးရောင်က အဲဒီပိုးကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုးကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ်။ ဦးခေါင်းက အမဲရောင်၊ ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို ဖိခြေ (Crush) လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က Paederin toxin အဆိပ်ရည် ထွက်လာပြီးအရေပြားကို ထိမိတဲ့ခါ ပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီး အရည်ကြည်ဖုတွေ ဖြစ်လာတာပါ။
အဆိပ်အနဲအများပေါ် မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ် ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါ ရောင်ကိုင်းတာ ဖြစ်နိုင်ပါတယ်။
မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာ၊ မျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးဝါးနိုင်ပါတယ်။
တကယ်လို့ ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့။ ဖိပြီးခြေမပစ်ပါနဲ့။ အမှတ်တမဲ့ ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ ဆေးပစ်ပါ။
အဝတ်အစားတွေလဲ ချွတ်ပြီးလျှော်ပစ်ပါ။ အဆိပ်တွေပါသွားအောင်ပါ။
နီရဲပြီး ရောင်လာခဲ့ရင် Antihistamines, Topical steroid ဆေးတို့ကို ပေးလို့ရပါတယ်။
Creditဒေါက်တာလှမြတ်နွယ်(ရန်ကုန်ကလေးဆေးရုံကြီး)
ကျန်းမာရေး ဗဟုသုတများ မျှဝေပေးခြင်းဖြင့် လူတိုင်း အကျိုးရှိစွာ အသုံးချနိုင်ပါစေ 😊
#မီးပိုးကောင် ကြောင့်ဖြစ်တဲ့ #အရေပြားအနာ ကို ချက်ချင်းကုသရန် နည်းလမ်းလေးပါ
Paederus Dermatitis (ပီဒရပ်စ် အရေပြားရောင်ရမ်းခြင်း)
ပီဒရပ်စ် အရေပြားရောင်ရမ်းခြင်းသည် (Paederus dermatitis) သည် ပီဒရပ်စ် မျိုးစု (Paederus) မှ အင်းဆက်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားသော ထူးခြားသည့် ဓာတ်မတည့်မှုအရေပြားရောဂါဖြစ်သည်။ မြန်မာ အခေါ် **မီးပိုးကောင် ဟုခေါ်ပါသည်။ဤအင်းဆက်သည် ကိုက်ခြင်း သို့မဟုတ် အဆိပ်တောင့်ထုတ်ခြင်းမရှိသော်လည်း၊ အရည်ကြည်ဖုဖြစ်စေနိုင်သော ပီဒရင် (paederin) ဓာတ်ပါဝင်သည့် အရည်ကို ထုတ်လွှတ်သည်။
ဤပိုးကောင်ကို "Rove beetleဟုလည်း ခေါ်ပြီး ၎င်း၏ **ခန္ဓာကိုယ်အရည် (hemolymph)** တွင် **pederin** ဟုခေါ်သော အဆိပ်ဓာတ်ပါဝင်ကာ အရေပြားနှင့် ထိတွေ့မိပါက ပြင်းထန်သော ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါသည်။
ဤဓာတုပစ္စည်းနှင့် လူ အရေပြား ထိတွေ့ပါက ချက်ချင်းမဆေးကြောလျင်
အနီရောင်အရေပြားရောင်ရမ်းခြင်း၊ အရည်ကြည်ဖုများဖြစ်ပေါ်စေသော မျဉ်းကြောင်းပုံစံ အရေပြားရောဂါကို ဖြစ်စေနိုင်သည်။
ပီဒရပ်စ် အင်းဆက်များသည် Coleoptera (အင်းဆက်ပိုးမျိုးစဉ်) နှင့် Staphylinidae (rove beetles) မျိုးရင်းတို့မှ ဖြစ်သည်။ ပီဒရပ်စ်မျိုးစုတွင် မျိုးစိတ်ပေါင်း ၆၀၀ ကျော်ရှိပြီး အန္တာတိကမှလွဲ၍ ကမ္ဘာ့တိုက်အားလုံးတွင် ကျယ်ပြန့်စွာတွေ့ရှိနိုင်သည်။ တောင်အမေရိကနိုင်ငံများတွင် ဤမျိုးစိတ်များကို "bicho de fuego", "pito", "pot" စသည့်အမည်များဖြင့် သိကြသည်။ တူရကီတောင်ပိုင်း၊ အာဖရိကအလယ်ပိုင်း၊ အိုကီနာဝါနှင့် အိန္ဒိယတို့တွင် ပီဒရပ်စ်ပိုးများနှင့်ဆက်စပ်သော အရေပြားရောဂါဖြစ်ပွားမှုများ မကြာခဏရှိသည်။ဤအင်းဆက်များသည် မီးသီး/မီးလုံးများရှိရာသိူ့ လာတတ်ပြီး လူနှင့်မတော်တဆထိတွေ့မှုဖြစ်စေနိုင်သည်။ အရေပြားပေါ်တွင် ဖိမိပါက ၎င်း၏ခန္ဓာကိုယ်မှ ပီဒရင်ဓာတ်ပါသော အရည်ကို ထုတ်လွှတ်သည်။ပီဒရင်ထုတ်လုပ်မှုသည် အမျိုးသမီးပိုးများတွင်သာ အဓိကတွေ့ရှိရသည်။ ပီဒရင်သည် အရေပြားနှင့်ထိတွေ့ပါက ၂၄ နာရီအတွင်း ပြင်းထန်သောတုံ့ပြန်မှုကို ဖြစ်စေသည်။ ရောဂါလက္ခဏာများသည် ဓာတ်ပမာဏ၊ ထိတွေ့ချိန်နှင့် လူတစ်ဦးချင်းစီ၏ တုံ့ပြန်မှုပေါ်တွင် မူတည်သည်။
ဖြစ်ပွါးပုံ
Paederus ပိုးကောင်ကို **မတော်တဆဖိမိခြင်း** (ဥပမာ - အရေပြားပေါ်တွင် ပိုးကောင်ရှိနေမှန်းမသိဘဲ ရိုက်မိခြင်း)။
- ပိုးကောင်၏ အဆိပ်ရည်သည် အရေပြားပေါ်သို့ ထိတွေ့ပြီး **ဓာတ်မတည့်မှု** ဖြစ်ပေါ်စေခြင်း။
လက္ခဏာများ
အစပိုင်း(ထိတွေ့ပြီး ၂၄-၄၈ နာရီအတွင်း):
- ယားယံခြင်း၊ ပူလောင်ခြင်း၊
- အနီကွက်များ ပေါ်လာခြင်း။
၂-၃ ရက်ကြာလျှင်
- အရည်ကြည်ဖုများ (blisters) ထွက်ခြင်း၊
- နာကျင်မှု၊ အရေပြားခြောက်သွေ့ကာ ကွာကျခြင်း။
အများအားဖြင့် အစင်းရှည်ကဲ့သို့(linear pattern) ဖြစ်တတ်ပါသည်။
ရောဂါခွဲခြားပုံ
- သိပ်မပြင်းထန်သောအခြေအနေ:
နီရဲခြင်း (အရေပြားနီမြန်းခြင်း) ကို ရက်အနည်းငယ်ကြာတွေ့ရ။
- အလယ်အလတ်အဆင့်:
နီရဲခြင်းမှ အရည်ကြည်ဖုများအဖြစ်သို့ ပြောင်းလဲပြီး၊ တစ်ပတ်အတွင်း ခြောက်သွေ့ကာ အရေပြားကွာခြင်းဖြစ်ကာ အရောင်ပြောင်းသောအစက်များ ကျန်ရစ်နိုင်သည်။
- ပြင်းထန်သောအခြေအနေ:
အဖျားတက်ခြင်း၊ အာရုံကြောနာခြင်း၊ အဆစ်နာခြင်း၊ အန်ခြင်းစသော လက္ခဏာများပါ ပါဝင်နိုင်သည်။
ဤအရေပြားရောဂါသည် သာမန်မှ အလယ်အလတ်အဆင့်တွင် နာကျင်မှုမရှိသော်လည်း၊ ပီဒရင်ကို မျက်နှာ သို့မဟုတ် လိင်အင်္ဂါကဲ့သို့သော အခြားကိုယ်အင်္ဂါများသို့ မတော်တဆပြန့်နိုင်သည်။ မျက်လုံးနှင့်နီးသောနေရာတွင် ထိခိုက်ပါက မျက်စိအမြှေးပါးရောင်ရမ်းခြင်း (နိုင်ရိုဘီမျက်စိရောဂါ) ဖြစ်နိုင်သည်။
ကုသမှု
ဆပ်ပြာနှင့်ရေဖြင့် ချက်ချင်းဆေးကြောခြင်းပါဝင်သည်။ အရည်ကြည်ဖုများကို ရေခဲဝတ်ကပ်ခြင်း၊ စတီးရွိုက်လိမ်းဆေးသုံးခြင်းဖြင့် ကုသနိုင်သည်။ ဆီယာရာလီယွန်းတွင် ပြုလုပ်သောလေ့လာမှုတစ်ခုအရ၊ ciprofloxacin (ဆိုက်ပရိုဖလောက်စာဆင်) ပေးသော လူနာများတွင် ပျောက်ကင်းမှုမြန်သည်ကို တွေ့ရှိရသည်။ ဤသည်မှာ Pseudomonas ဘက်တီးရီးယားကြောင့် ဘက်တီးရီးယားပိုးဝင်မှုကြောင့်ဖြစ်နိုင်သည်။
ကုသမှု
1. ချက်ချင်းပြုလုပ်ရန်
- ထိတွေ့ထားသော အရေပြားကို ဆပ်ပြာ၊ ရေဖြင့် **အမြန်ဆေးကြောပါ**။
- ရေခဲကပ်ခြင်း (ယားယံမှု သက်သာရန်)။
2. ဆေးဝါးများ
- **စတီးရွိုက်လိမ်းဆေး** (ဥပမာ - hydrocortisone cream) လိမ်းပါ။
- ပိုးဝင်ပါက **ပဋိဇီဝဆေး** (antibiotic ointment) သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်ဆေး။
- ပြင်းထန်ပါက ဆရာဝန်က သောက်ဆေး(ဥပမာ - antihistamines) ညွှန်းနိုင်ပါသည်။
3. **သတိပြုရန်**: အရည်ကြည်ဖုများကို **မဖောက်ပါနှင့်** (ပိုးဝင်နိုင်သည်)။
ကာကွယ်ရေးအတွက် ပီဒရပ်စ်ပိုးနှင့် ထိတွေ့မှုကို ရှောင်ရှားရန် အဓိကဖြစ်သည်။ ပိုးကို အရေပြားပေါ်တွင် တွေ့ပါက မှုတ်ချခြင်း သို့မဟုတ် စက္ကူပေါ်သို့ ရွှေ့ပြီး ဖယ်ရှားပါ။ ထိတွေ့သောနေရာကို ဆပ်ပြာနှင့်ချက်ချင်းဆေးကြောပါ။ ပြတင်းပေါက်/သံဇကာများကို ကောင်းမွန်စွာပြုပြင်ထားပါ။
အိပ်ခန်းအနီးရှိ မီးများကို ပိတ်ထားပါ။
Paederus dermatitis သည် ကူးစက်ရောဂါမဟုတ်၊ သို့သော် အဆိပ်ရည်နှင့် တိုက်ရိုက်ထိတွေ့မှုသာ ဖြစ်စေပါသည်။
- လက္ခဏာပြင်းထန်ပါက (ဥပမာ - အဖျားတက်၊ ပြည်တည်နာ) **ဆရာဝန်နှင့် အမြန်ပြပါ**။
သတိဖြင့် ကာကွယ်ပါ၊ ရောဂါလက္ခဏာပေါ်ပါက စနစ်တကျ ကုသမှုခံယူပါ။
#ဟမ်စိုင်း(ဆေး-မန်း) #မြန်မာတိုင်းရင်းဆေး #ကျန်းမာရေး