T-Aeint Restaurant Bangkok - ဘန်ကောက်

T-Aeint Restaurant Bangkok - ဘန်ကောက် Authentic Food ( Burmese, Thai, Chinese) in town.

၁၉ ဇူလိုင် == 🙏 ==စျာပန မြင်ကွင်းဟာရင်တွင်းမှာ………. ပျောက်ပျက် မသွားဘူး။ရုပ်ခန္ဓာက ကိုးလောင်းကျည်ချက်ပေါင်းက ………………………….....
19/07/2026

၁၉ ဇူလိုင်
== 🙏 ==

စျာပန မြင်ကွင်းဟာ
ရင်တွင်းမှာ
………. ပျောက်ပျက် မသွားဘူး။

ရုပ်ခန္ဓာက ကိုးလောင်း
ကျည်ချက်ပေါင်းက
………………………….. ခြောက်ဆယ် …
အပေါင်းအပါက
………………………….. ငါး + သုံးယောက် …
ဦးစောက တစ်ယောက်။

ဘုရားရှင်လက်ထက်
ဒေဝဒတ်က - တစ်ပါး
အဇာတသတ်က - တစ်ယောက်
စိဉ္စမာနက - တစ်ယောက်။

ဂျန်ဇီးတွေလက်ထက်
ဒေဝဒတ်က - မဘသ
အဇာတသတ်က - မအလ
စိဉ္စမာနက
တစ်တန်း နဲ့ တစ်သိုက် …
လူမိုက်က - ငါးသိန်း
ဦးစောက -သုံးယောက် …
အရှင်ဘုရား
တပည့်တော်တို့မှာ သေ မလောက်ပါပဲ … ဘုရား …

သမုဒ္ဒရာရဲ့ အနားသတ်ဟာ
ကမ်းစပ်ဆိုတာ မှန်ပေမယ့်
စစ်ပွဲရဲ့ အဆုံးသတ်ဟာ
ဂျန်ဇီးတွေလက်ထက်
စေ့စပ် ဆွေးနွေးခြင်း မဟုတ်တော့ဘူး
အမြစ်ပြတ် တိုက်ထုတ်ခြင်းပါပဲ အဘိုးရေ … ။

ရရင် - ရ
မရရင် - ချ ဆိုတဲ့ အဘိုးရဲ့စကားက
တော်လှန်ပြည်သူတွေအတွက်
ဆုံးဖြတ်ချက်ပါပဲ။

ခေတ်ဝန်ကို - ထမ်း
ခေတ်လမ်းကို - လျှောက်
ဒီလမ်းကို ဖြောင့်မယ်ထင်လို့
ဂျန်ဇီးတို့
ရွေး - လျှောက် ခဲ့ ကြ တာ မဟုတ်ပါဘူး အဘိုး။

ရုပ်ထုကို - ဖြို
ဓါတ်ပုံကို - ဖြုတ်
ငွေစက္ကူက ပုံတူရုပ်ကို
စိတ်ယုတ် - ကိုယ်ယုတ်
သူတို့ ဖြို-ဖြုတ်-ဖျက်-ပစ်ခဲ့ကြတယ်။

တော်လှန်ရေးဆိုတာ
ရင်ဘက်က လာတာ
နွားတွေက မသိဘူး။

တော်လှန်ရေးဆိုတာ
သွေးထဲက စီးလာတာ
ခွေးတွေက မသိဘူး။

အာဂယောက်ျား
စစ်သားများက
ပန်းများ ပွင့်သည်
နှင်းဆီကိုလည်း - ကြောက်သတဲ့ …
ပန်မှာကိုလည်း - ကြောက်သတဲ့ …
ပန်းသည်ကိုလည်း - ကြောက်သတဲ့ …
ကြောက်စိတ်ကို
သူတို့ရဲ့
ငယ်ထိပ်အထိ ထိုးထည့်ပေးနိုင်ခဲ့ပြီ အဘိုး။

ခေတ်ဆိုးအဆက်ဆက်
နောက်ထပ် - နောက်ထပ်
ဂဠုန်ဦးစော ပဉ္စမမျိုးဆက်
စစ်တပ်မှာ ထပ် - မရှိစေရအောင်
ဂျန်ဇီးမျိုးဆက်
အပြီးသတ် ဆက်တိုက်ပါ့မယ် အဘိုး …။

နိုင်ငံရေးက ထွက်ရင်
သစ်ပင်စိုက်မယ်
စာရေးမယ် - ဆိုတဲ့ အဘိုးရဲ့ဆန္ဒ
မြန်မာပြည် ဒီမိုကရေစီ အပြည့်အဝရတဲ့အခါ
ဂျန်ဇီးမျိုးဆက် အဆက်ဆက် ဆောင်ရွက်ပါ့မယ်။

ဆယ့်ကိုး - ဇူလိုင်
မိုးရေ အေးအေး
လေ အေးအေးနှင့်
အဘိုး - စိတ်အေးအေးဖြင့် ရှိ ပါ စေ။

ကဗျာရေးသူ - ကြည်ဟိန်း
၀၁:၃၅ နေ့လည်၊ ကြာသပတေးနေ့။
၁၆ ဇူလိုင် ၂၀၂၆

🎉 Happy Birthday အမေစု 🎂🌹ဒီနေ့က အမေစုရဲ့ မွေးနေ့အထူးနေ့ရက်လေး ဖြစ်ပါတယ်။ အမေစု ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာမှုများစ...
20/06/2026

🎉 Happy Birthday အမေစု 🎂🌹

ဒီနေ့က အမေစုရဲ့ မွေးနေ့အထူးနေ့ရက်လေး ဖြစ်ပါတယ်။ အမေစု ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာမှုများစွာနဲ့ ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အမေစုရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ သတ္တိနဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ မေတ္တာများဟာ လူအများအတွက် အားတက်စရာ ဖြစ်နေဆဲပါ။

မွေးနေ့မှစ၍ လာမည့်နေ့ရက်များအားလုံး ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ အောင်မြင်ခြင်းများနဲ့ ပြည့်စုံပါစေ။

💐 Happy Birthday, Daw Aung San Suu Kyi! 💐

ချစ်ခင်ရပါသော 𝐓-𝐀𝐞𝐢𝐧𝐭 ရဲ့ စားသုံးသူ မိဘပြည်သူများရှင် ကျွန်မတို့ T-Aeint Restaurant Bangkok - ဘန်ကောက်  ကို ဆိုင်ပြုပြင်...
01/06/2026

ချစ်ခင်ရပါသော 𝐓-𝐀𝐞𝐢𝐧𝐭 ရဲ့ စားသုံးသူ မိဘပြည်သူများရှင် ကျွန်မတို့ T-Aeint Restaurant Bangkok - ဘန်ကောက် ကို ဆိုင်ပြုပြင်မွမ်းမံရန် ရှိခြင်းကြောင့် (၁) ပတ်ခန့် ခေတ္တယာယီ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ဆိုင်ပိတ်ထားစဉ်ကာလအတွင်း ချစ်စတန်မာတို့ ကြုံတွေ့ရမယ့် အဆင်မပြေမှုများအတွက်လည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။🙏🙏

ပြန်လည်ဖွင့်လှစ်ချိန်တွင် ပိုမိုကောင်းမွန်တဲ့ အရသာ၊ ဝန်ဆောင်မှုအပြည့်အစုံနဲ့အတူ ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။ အမြဲတမ်း အားပေးကူညီကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏

ဆိုင်လိပ်စာကတော့ 📍
T Aeint Restaurant (ทีเอ็กท์ร้านอาหารเมียร์มาร์) 20 Soi Krungthonburi 4, Bang Lamphu Lang, Khlong
[ BTS Dark Green Line / Wongwian Yai မှတ်တိုင်အနီး ]

Map Location 📍
https://maps.app.goo.gl/xsMgLYLXrg2F9WCt6?g_st=ic

☎️ +660631522712 🇹🇭
☎️ +660950649008 🇹🇭

❣️
#မြန်မာထမင်း 🇹🇭

Hightlight Hightlight

15/03/2026

Hello မဂ်လာပါရှင့်🙏🇹🇭 ဘန်ကောက်ရောက် 🇲🇲 လူမျိုးများအတွက် အိမ်ချက်လက်ရာ မြန်မာအစားစာ #ကယန်းရိုးရာအစားအ​ေသာက်/ကယန်းရိုးရာအစားစာ‌ေတွနဲ့ နေ့လည်စာ🌤️စားချင်တယ် ဆိုရင်
T-Aeint Restaurant Bangkok - ဘန်ကောက် မှာ ယူလို့ရနေပါပြီ
မြန်မာအစားစာ​တွေလဲရတယ်​နော်✨ လတ်ဆတ်တဲ့🥩အသားငါး 🥬🌽အသီးအရွက်များကိုကျွမ်းကျင် စားဖိုမှူးဖြင့် သန့်သန့်ရှင်းရှင်း ချက်ပြုတ်ထားတော့🍲 အရသာက ရှယ်ပေါ့ 🤩🤤
✅ Line, Grab app online ကနေလည်း အားပေးလို့ရနေပါပြီဗျို့
💁‍♀️T-အိမ့်မှာ ထူးခြားတဲ့လက်ရာ၊ နွေးထွေးပျူငှါတဲ့
ဝန်ဆောင်မူများနဲ့ ကြိုဆိုနေပါတယ်ရှင့် 🙏🏻💜
👇ဆိုင်လိပ်စာကတော့ 👀
T Aeint Restaurant (ทีเอ็กท์ร้านอาหารเมียร์มาร์) 20 Soi Krungthonburi 4, Bang Lamphu Lang, Khlong
[ BTS Dark Green Line / Wongwian Yai မှတ်တိုင်အနီး ]
Map Location 📍
https://maps.app.goo.gl/xsMgLYLXrg2F9WCt6?g_st=ic
🇹🇭 +66 616600029📞
❣️
#မြန်မာထမင်း 🇹🇭

Hightlight

မနက်ဖြန်ဘာစားရမလဲတွေးပူမနေပါနဲ့ 🙂‍↔️ Menuလေးလာပါပြီရှင် 🥳“‌‌ေခါက်ဆွဲသုပ် မုန့်ဖတ်သုပ် မုန့်ဟင်းခါး”ဝက်ပုန်းရည်ကြီးဝက်သား...
14/03/2026

မနက်ဖြန်ဘာစားရမလဲတွေးပူမနေပါနဲ့ 🙂‍↔️
Menuလေးလာပါပြီရှင် 🥳

“‌‌ေခါက်ဆွဲသုပ် မုန့်ဖတ်သုပ် မုန့်ဟင်းခါး”

ဝက်ပုန်းရည်ကြီး
ဝက်သားအာလူး
ကြက်သားအာလူး
ပုဇွန်ဟင်း
ဝက်အူချောင်း
ဂျူးမြစ်ငါးဖယ်
ကန်စွန်းရွက်ကြော်

ခရမ်းချည်သီးငပိချက်
အမဲလုံး /အမဲ‌ခြောက်ထောင်း
ပုဇွန်ချဉ်ပေါင်ကြော်
ငပိရည် တို့စရာ
“T Aeint ဆိုင်ကနေစားချင်တဲ့မြန်မာဟင်း‌‌မှာယူသံုး‌ေဆာင်နိုင်ပါပြီရှင့်

#ဘန်ကောက် #မြန်မာအစားအစာ
Aeint Restaurant Bangkok

+66616600029 "ဟဲလိုလိုက်ပါရှင့်" ☎️☎️☎️

Hello မဂ်လာပါရှင့် 🙏T Aeint Restaurant ကနေကြိုဆိုပါတယ်ရှင့်🥰မြန်မာပြည်ကိုလွမ်းနေတဲ့မိတ်ဆွေ/သူငယ်ချင်းများ  #ကယန်းရိုးရာအ...
27/02/2026

Hello မဂ်လာပါရှင့် 🙏

T Aeint Restaurant ကနေကြိုဆိုပါတယ်ရှင့်🥰

မြန်မာပြည်ကိုလွမ်းနေတဲ့မိတ်ဆွေ/သူငယ်ချင်းများ
#ကယန်းရိုးရာအစားအသောက်မြန်မာအစားစာကို လွမ်းနေတယ်ဆိုတဲ့ Customer များရှိရင်
ဆိုင်မှာလာရောက်အားပေးလို့ရသလိုအနီးဝေးပေါ်မူတည်ပြီး အော်ဒါပို့ပေးနေပါတယ်ရှင့်🥰🤗

10/01/2026
🎉HAPPY BIRTHDAY TO YOU🎂         ကိုအောင်မင်းမြတ် 🎂🎂မွေးနေ့ရက်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာ ြခင်း၊စ...
09/01/2026

🎉HAPPY BIRTHDAY TO YOU🎂

ကိုအောင်မင်းမြတ် 🎂🎂

မွေးနေ့ရက်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင်
ကိုယ်၏ကျန်းမာ ြခင်း၊စိတ်၏ချမ်းသာ ြခင်းများနဲ့ပြည့်စုံပြီး
လိုအင်ဆန္ဒများလည်း ပြည့်ဝပါစေ။🙏
ချစ်ရသောမိသားစု၊သူငယ်ချင်း၊မိတ်ဆွေများနဲ့လည်း
ဘဝကိုသာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေရှင့်။
နေကောင်းကျန်းမာြပီးအလုပ်ကိုင်အဆင်ေြပပါစေရှင့်🙏

ဒီနေ့ရဲ့ မွေးနေ့အလှူရှင် ကိုအောင်မင်းမြတ် အတွက်

T Aeint Restaurant Bangkok ဆိုင်မှလိုက်လဲစွာ ကျေးဇူးတင်ရှိ‌ကြောင်း နှင့်ကျွန်မတို့မှလည်း
ကိုအောင်မင်းမြတ် အတွက်‌ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

အခုလိုအားပေးတဲ့အတွက်ကျေးဇူးအများြကီးတင်ပါတယ်ရှင့်🙏🙏

ที่อยู่

Bang Lampu Lang, Khlong San
Bangkok
10600

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+66950649008

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ T-Aeint Restaurant Bangkok - ဘန်ကောက် โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์