20/01/2026
နွေရာသီအတွက် product review
ကိုယ့်ချွေးနဲ့ကိုယ် allergy ထွက်တတ်လို့ နွေရာသီအတွက် ပြင်ဆင်မှုလေးတွေပေါ့ 🥵
Product 1 - Torras Brand Coolify 2S
Conduction system နဲ့ cooling function ပါတဲ့ neck air conditioner/fan လေးပါ
ရောင်းတဲ့ဆိုင် သိပ်မတွေ့ရပါဘူး
Tabao က ဘတ် 1000 တန် မှာတာ ဂျင်းမိသွားလို့ Siam Paragon က .life ဆိုင်မှာပဲ စိတ်ကြိုက် sample စမ်းပြီး 8000 တန်ကို 5000 ထိ လျှော့ထားတဲ့ ဒါလေးပဲ ဝယ်လာဖြစ်ပါတယ်။
10000 တန်ကို 8000 ထိလျှော့တဲ့ ပိုကောင်းတာတစ်မျိုး ရှိပါသေးတယ်
Review - cooling surface ကတော့ သိသိသာသာ အေးပါတယ်။ ထွက်တဲ့လေအေးကဝောာ့ ဒီနေ့ အရမ်းပူနေတဲ့ khlong toei တုတ်ထိုးဆိုင်လိုနေရာမှာဆို ဆောင်းအေးတဲ့အချိန် နေ့ခင်း အရိပ်ထဲမှာ တိုက်တဲ့လေလောက်ပဲ ရပါမယ်။ ချုံပြောရရင်တော့ သိသိသာသာ အကျိုးရှိပါတယ်။
8/10
Product 2 - Jisulife ultra 2
သူကတော့ တော်တော်များများ တွေ့ဖူးကြမယ့် market ထဲ နံပါတ် 1 brand ပါ။
အားသာချက်တွေက လေအား အရမ်းပြင်းတယ်။ ဘက်ထရီခံတယ်။ ultra 2 က 1 မှာ မပါတဲ့ power bank function နဲ့ flashlight function ပါတယ်။ အသံနည်းနည်းပိုတိုးတယ် ဒါပေမဲ့ ဂိတ်ဆုံးဆို အတော်လေး ကျယ်တုန်းပါပဲ။
တခြားဈေးသက်သာတဲ့ 300-400တန်တွေနဲ့ ဘာကွာလဲဆို လေအားနဲ့ ဘက်ထရီအပြင် အဓိကက vibration ပါ။ ဈေးသက်သာတာတွေက လေအားဂိတ်ဆုံးဆို ကိုင်ထားတဲ့လက်က vibration သိသိသာသာ ခံစားရပြီး သုံးတာ ရက်တွေကြာလာရင် လက်ထုံတာတွေ ဖြစ်လာပါတယ်။ ဒါကောင်လေးက တုန်ခါမှု အတော်သိသိသာသာ မရှိသလောက် နည်းပါတယ်။ cooling တော့ မပါဘူးပေါ့ 😅
Lazada မှာ promotion ချိန် ရှာတတ်ရင် 1800 လောက်နဲ့ ရပါတယ်။ ဆိုင်တွေမှာက 2000 အထက်ပါ။