Sawasdee News ထိုင်းနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ သတင်းတွေနဲ့ ထိုင်းရောက်ရွှေမြန်မာတို့တွက် အထွေထွေဗဟုသုတတွေကိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်။🤗

30/06/2026
ဒီတစ်ခါတော့ "ခိုးတော့ခိုးတယ် မပီပြင်ဘူး" ဆိုတဲ့ စကားပုံအတိုင်း ကိုယ်တိုင်ချန်ခဲ့တဲ့ အမှားလေးတစ်ခုကြောင့် ရဲလက်ထဲ သက်သက်သ...
27/06/2026

ဒီတစ်ခါတော့ "ခိုးတော့ခိုးတယ် မပီပြင်ဘူး" ဆိုတဲ့ စကားပုံအတိုင်း ကိုယ်တိုင်ချန်ခဲ့တဲ့ အမှားလေးတစ်ခုကြောင့် ရဲလက်ထဲ သက်သက်သာသာလေး ရောက်သွားရတဲ့ သူခိုးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။

တစ်မြို့လုံးက အကြွေစေ့ထည့်ပြီး အသုံးပြုရတဲ့ ဖုန်းငွေဖြည့်စက်တွေ၊ အဝတ်လျှော်စက်တွေနဲ့ ဆီဖြည့်စက်တွေကို လိုက်လံဖောက်ထွင်းနေတဲ့ ခိုးဆိုးလုနှိုက်တစ်ယောက်ဟာ နောက်ဆုံးဗီဒီယိုမှာတော့ ရုပ်တင်မကဘဲ ဖုန်းနံပါတ်ပါ အသံထွက်အောင် ချန်ထားခဲ့မိလို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံ၊ ခွန်ကန်ခရိုင် (Khon Kaen) ထာ့ဖရာမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်ကနေ ၂၀ ရက်အတွင်း မြို့ထဲက အကြွေစေ့ထည့် အဝတ်လျှော်စက်တွေ၊ အကြွေစေ့သုံး ဖုန်းငွေဖြည့်စက်တွေနဲ့ ဆီဖြည့်စက်တွေ တစ်ခုပြီးတစ်ခု ဖောက်ထွင်းခံရပြီး ပိုက်ဆံတွေ ခိုးယူခံရတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ရဲစခန်းကို ဆက်တိုက်ရောက်လာခဲ့ပါတယ်။

ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်နေတဲ့ ပစ္စည်းကိရိယာတွေ ပျက်စီးဆုံးရှုံးခဲ့ရသလို၊ ပိုက်ဆံတွေလည်း ပါသွားတာမို့ ရဲတပ်ဖွဲ့က တရားခံကို အပူတပြင်း လိုက်လံစုံစမ်းခဲ့ရပါတယ်။

CCTV မှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ တရားခံဟာ ခေါင်းစွပ်အင်္ကျီလက်ရှည် (Hoodie) ကို ဝတ်ဆင်ထားပြီး ညသန်းခေါင်အချိန်တွေမှာပဲ လိုက်လံခိုးယူလေ့ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမဲ့ ဉာဏ်ကြီးရှင် သူခိုးချာတိတ်ဟာ ဒေါန်ဟန် (Don Han) ကျေးရွာက ဖုန်းငွေဖြည့်စက်တစ်ခုကို မဖောက်ခင်မှာ မေ့မေ့လျော့လျော့နဲ့ သူ့ရဲ့ကိုယ်ပိုင်ဖုန်းထဲကို ငွေအရင်ဖြည့်လိုက်မိပါတယ်။ အဲဒီနေရာမှာ တပ်ဆင်ထားတဲ့ CCTV က ကံကောင်းထောက်မစွာနဲ့ လူရုပ်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်နိုင်ခဲ့ရုံတင်မကဘဲ သူခိုးခလုတ်နှိပ်လိုက်တဲ့ ဖုန်းနံပါတ် ၁၀ လုံးရဲ့ အသံကိုပါ အတိုင်းသား အသံဖမ်းမိသွားခဲ့တာပါ။ ရုပ်လည်းမြင်၊ ဖုန်းနံပါတ်လည်း ရသွားတဲ့ ရဲတပ်ဖွဲ့က တရားခံကို ချက်ချင်းစုံစမ်းပြီး ဖမ်းဝရမ်း ထုတ်လိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ အသက် ၂၇ နှစ်အရွယ် သီရိဝိချိုင်း (Sriwichai) ဆိုသူ တရားခံဟာ ရဲတပ်ဖွဲ့ရဲ့ ဖိအားပေးမှုနဲ့ မိဘတွေရဲ့ တိုက်တွန်းမှုကြောင့် ရဲစခန်းကို ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။ ၎င်းကို စစ်ဆေးမေးမြန်းရာမှာတော့ ခိုးနည်းခိုးဟန်တွေကို Social Media ကနေ လေ့လာခဲ့တာဖြစ်ပြီး ခိုးလို့ရတဲ့ပိုက်ဆံတွေကိုတော့ ဂိမ်းဆော့ဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့အတွက် သုံးစွဲခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ဒါ့အပြင် အတူတူပူးပေါင်းပါဝင်ခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်လည်း ရှိသေးတာမို့ ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးနိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

Social Media ပေါ်က ခိုးနည်းတွေကို အားကျပြီး လိုက်ခိုးတာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ မိမိဖုန်းနံပါတ်ကိုပါ ရဲလက်ထဲ အပ်ခဲ့တဲ့အထိ ဖြစ်သွားတာကတော့ တကယ့်ကို ဇာတ်ပျက်သွားခဲ့တာပါပဲ။ အွန်လိုင်းပေါ်က အတတ်ပညာတွေကို အလွဲသုံးစားလုပ်ရင် ဘယ်လိုအဆုံးသတ်မျိုး ကြုံရမလဲဆိုတာ ပြသနေတဲ့ သာဓကတစ်ခုပါပဲ။

စာဖတ်ပရိသတ်တို့ရော... အခုလို ကိုယ်တိုင်သက်သေချန်ထားခဲ့ပြီးမှ အဖမ်းခံလိုက်ရတဲ့ သူခိုးရဲ့အဖြစ်အပျက်အပေါ် ဘယ်လိုထင်မြင်မိကြလဲဆိုတာ ကွန်မန့် မှာ ရေးသားမျှဝေခဲ့ကြပါဦးခင်ဗျာ။
# #ထိုင်းသတင်း #မှုခင်းသတင်း #ထူးဆန်းထွေလာ #သူခိုး

26/6/2026 ချွန်ဘူလီခရိုင် ဘန်းဘေမြို့မှာ မြန်မာမိန်းကလေးတစ်ဦး အကြော်ရော - င်းလို့ အဖမ်းခံရ 🥺ထိုင်းဥပဒေအရ နိုင်ငံခြားသား...
27/06/2026

26/6/2026 ချွန်ဘူလီခရိုင် ဘန်းဘေမြို့မှာ မြန်မာမိန်းကလေးတစ်ဦး အကြော်ရော - င်းလို့ အဖမ်းခံရ 🥺
ထိုင်းဥပဒေအရ နိုင်ငံခြားသား စျေးရော - င်းခွင့်မရှိတဲ့
ပုဒ်မနဲ့ ဖမ်းတာပါ 🥺
နာမည်က သင်းသင်းနိုင် 39 နှစ် 😌
မြန်မာပြည်လိုမဟုဘူးဆိုတာသိစေချင်ပါတယ်😢😢
#ကြိုက်နှစ်သက်ပါကpageကိုfollowလေးနှိပ်ခဲ့ပေးပါရှင်
#မူရင်းcrdit, .... — feeling sad.

ဘတ်ငွေ 23သန်းကို စက္ကူဖာနဲ့ထည့်ကာ သယ်လာတဲ့ မြန်မာ ၁ယောက်ကို ရဲတွေ ခေါ်သွားတယ်လို့ သိရတယ်။ ဖြစ်စဉ်က 26ရက်နေ့- မယ်ဆိုင်မြိ...
27/06/2026

ဘတ်ငွေ 23သန်းကို စက္ကူဖာနဲ့ထည့်ကာ သယ်လာတဲ့ မြန်မာ ၁ယောက်ကို ရဲတွေ ခေါ်သွားတယ်လို့ သိရတယ်။

ဖြစ်စဉ်က 26ရက်နေ့- မယ်ဆိုင်မြို့ နယ်စပ်မှာ အသက် 31နှစ်ရှိ မြန်မာပြည်သားရဲ့ တခါး၄ပေါက်ပါ မြန်မာလိုင်စင် တပ်ထားပီး၊ ဟိုဘက်ကို ကူးဖို့ လုပ်စဉ်မှာ စစ်ဆေးရေးတွေက ပိုက်ဆံတွေ တွေ့သွားပါတယ်။

၁ထောင်တန်အုပ်တွေ ဘတ် 23သန်းကို ဘယ်ကရလာတာလဲ ဆိုတာကို မေးတော့ မပြောနိုင်ဘူးဖြစ်နေတယ်

အဲနောက် ရဲတွေက ထိုင်းနိုင်ငံ ပြင်ပကို ပိုက်ဆံတွေ ခိုးထုပ်မှုနဲ့ တရားစွဲထားပါတယ်။

Crd

မနေ့ည တနာရီချိန် ဘန်ဖလီစမူပါကန်မှ ထိုင်းမအခန်းကိုခိုးတက်ဖို့ကြိုးစားတဲ့အသက် အာတိုးဆိုတဲ့အသက် 26အရွယ်မြန်မာပြည်သား မိန်းမ...
27/06/2026

မနေ့ည တနာရီချိန် ဘန်ဖလီစမူပါကန်မှ ထိုင်းမအခန်းကိုခိုးတက်ဖို့ကြိုးစားတဲ့အသက် အာတိုးဆိုတဲ့အသက် 26အရွယ်မြန်မာပြည်သား မိန်းမအတွင်းခံနဲ့တကွတိုက်ပေါ်ပြုတ်ကျပြီးသေဆုံး။

အသက်39ထိုင်းမပြောပြချက်အရတော့ သူတစ်‌ေယာက်ထဲဘဲဒေါက်ဆုံးအခန်မှနေတယ် သူအခန်းဝရန်သာမှတစ်ခုခုကြာလို့သွားကြည့်တဲ့ချိန်မှ မြန်မာကောင်းလေးကအနောက်ဘက်ဝရန်သာကနေခိုးတက်ကိုသူတွေ့ပြီးလန့်လို့တံခါးမြန်မြန်ပိတ်လိုက်တယ်၊အဲနောက်ပိုင်းတစ်မိနစ်တောင်မရှိ တစ်ခုခုပြုတ်ကျတဲ့အသံကြားလို့သူလှမ်းကြည့်တဲ့အချိန်မှ မြန်မာကောင်လေးကပြုတ်ကျသွားပြီ 3ထပ်ကနေ သူဘေးမှလဲမိန်းမအတွင်းခံအကျီနဲ့တကွ ဟုသတင်းမှရေးသားထား။

သေဆုံးသူသူငယ်ချင်းးရဲပြောပြချက်အရတော့ အာတိုးကသူတို့နဲ့လာနေဒါ 3လဘဲရှိသေး အခင်းမဖြစ်ပွားခင်သူတို့3ယောက်ဘီယာအတူသောက်ပြီး သူတို့နှစ်ယောက်တော့ဝင်အိပ်လိုက်တယ် သေဆုံးသူတစ်ယောက်ဘဲကျန်ဝရန်သာမှ သေဆုံးသူကလေဲချစ်သူနဲ့
ပြသာနာဖြစ်ဒါလဲမကြာသေးဟုဆို။

သေဆုံးသူပြုတ်ကျဒါက ထိုင်းမနေတဲ့တိုက်ဖက်ကနေ
သူနေတဲ့ဖက်ခုန်တက်ဖို့ကြိုးစားပြီးပြုတ်ကျဖြစ်နိုင်ဟုဆို၊ခုတော့သက်ဆိုင်သူအားလုံကိုရဲကစစ်ဆေးနေ။

သတင်းအရင်းမြစ် Amarin tv 🙏🙏

#ထိုင်း #သတင်း

အဆိုတော် သင်သင်နဲ့ မော်ဒယ် ဖာရီဒါ တို့ရဲ့ ကလေးကိစ္စ ၊ကလေးက ဘယ်သူ့ကလေးဆိုတာကို (ဖိနူကမ်းချိုင်း) သတင်းလိုင်းက တင်လာပီ။ မေ...
27/06/2026

အဆိုတော် သင်သင်နဲ့ မော်ဒယ် ဖာရီဒါ တို့ရဲ့ ကလေးကိစ္စ ၊ကလေးက ဘယ်သူ့ကလေးဆိုတာကို (ဖိနူကမ်းချိုင်း) သတင်းလိုင်းက တင်လာပီ။

မော်ဒယ်က ပီးခဲ့တဲ့ လက သူ့ဘိုက်ထဲက ကလေးဟာ သင်သင်ရဲ့ ကလေး ဖြစ်တယ်၊ ကိုဝန်စရှိထဲက သင်သင်ကို အသိပေးခဲ့ပေမဲ့ သင်သင်က သူ့ကလေး မဟုတ်နိုင်ဘူးလို့ ငြင်းဆိုခဲ့တယ်။

နောက်တော့ သတင်းလိုင်းတွေထိ ပါလာပီး သူတို့၂ယောက်ရဲ့ DNA ကိုပီးခဲ့တဲ့ ၁ပတ်ကျော်လောက်က ယူပီး စစ်ဆေးခဲ့တယ်။

ဒီနေ့ 26ရက်နေ့မှာတော့ ဖာရီဒါ ဘိုက်ထဲက ကလေးဟာ သင်သင်ရဲ့ ကလေးဖြစ်တယ်လို့ သတင်းလိုင်းတွေမှာ အတည်ပြုတင်လာကြပါတယ်။

#นานปียะ

ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ လေဆင်နှာမောင်း ဆိုးဆိုးရွားရွား တိုက်ခတ်မှုတစ်ခုက အိမ်နီးနားချင်း ထိ...
27/06/2026

ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ လေဆင်နှာမောင်း ဆိုးဆိုးရွားရွား တိုက်ခတ်မှုတစ်ခုက အိမ်နီးနားချင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လတ်တလော အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။ မိုးသက်မုန်တိုင်း ပြင်းပြင်းထန်ထန် ကျရောက်ခဲ့ပြီးတဲ့နောက် လမ်းမပေါ်က လျှပ်စစ်မီးတိုင်ပေါင်း ၄၀ ကျော် တစ်ပြိုင်နက်တည်း လဲပြိုကျသွားခဲ့တဲ့အထိ အခြေအနေက တကယ့်ကို ထိတ်လန့်စရာပါပဲ။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ အဲဒီထဲကမှ လတ်ကရဗန်း (Lat Krabang) နယ်မြေမှာတော့ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

မျက်မြင်တွေ့ရှိခဲ့ရသူတွေရဲ့ ပြောပြချက်အရ မိုးသည်းထန်နေတုန်းမှာပဲ ရုတ်တရက် လေဆင်နှာမောင်း (ဆင်နှာမောင်းပုံစံ လေဝဲပြင်း) တိုက်ခတ်လာပြီး လမ်းဘေးက လျှပ်စစ်မီးတိုင်တွေကို အရှိန်နဲ့ ရိုက်ခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလေပြင်းကြောင့် လမ်းဘေးတစ်လျှောက်မှာရှိတဲ့ လျှပ်စစ်မီးတိုင်ပေါင်း ၄၀ ကျော်ဟာ တစ်ခုနဲ့တစ်ခု ဆွဲခေါ်ပြီး တန်းစီလဲပြိုကျသွားခဲ့ပါတယ်။

လျှပ်စစ်မီးတိုင်တွေ လဲကျပျက်စီးသွားတဲ့ အကွာအဝေးဟာ ၂ ကီလိုမီတာ (၁ မိုင်ကျော်) ခန့်အထိ ရှည်လျားပြီး လမ်းမကြီးတစ်ခုလုံးကို ပိတ်ဆို့သွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကားတွေနဲ့ အနီးနားက ပြည်သူတွေရဲ့ နေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အထူးသဖြင့် လဲကျလာတဲ့ မီးတိုင်ကြီးတွေအောက်မှာ ပိတ်မိသွားတဲ့ ကားတစ်စီးထဲက အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက အသည်းအသန် ဝိုင်းဝန်းကူညီခဲ့ရသလို၊ အိမ်ခြေအချို့လည်း အမိုးတွေ လွင့်စင်သွားခဲ့ရပါတယ်။

လောလောဆယ်မှာတော့ သက်ဆိုင်ရာ လျှပ်စစ်ဌာနနဲ့ တာဝန်ရှိသူတွေက လမ်းပိတ်ဆို့မှုတွေကို ရှင်းလင်းဖို့နဲ့ မီးပြန်လည်ရရှိဖို့အတွက် ညတွင်းချင်းပဲ အရေးပေါ် လုပ်ဆောင်နေကြရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်လာမလဲဆိုတာ ကြိုတင်ခန့်မှန်းရ တကယ့်ကို ခက်ခဲလွန်းလှပါတယ်။

ခုလို ရာသီဥတု ပြောင်းလဲဆိုးရွားနေတဲ့ အချိန်မျိုးမှာ စာဖတ်သူတို့အနေနဲ့ကော အပြင်သွားရင်း လေပြင်းမုန်တိုင်းတွေနဲ့ ကြုံလာရရင် ဘယ်လိုမျိုး ကြိုတင်ပြင်ဆင် အကာအကွယ်ယူကြမလဲ။ ကိုယ့်ရဲ့ အကြံပြုချက်တွေကို ကွန်မန့် မှာ မျှဝေပေးခဲ့ကြပါဦး
#ထိုင်းသတင်း #ဘန်ကောက် #လေဆင်နှာမောင်း #မုန်တိုင်း #သဘာဝဘေးအန္တရာယ်

အရူး၁ယောက်လို ဖြစ်နေတဲ့သားဟာ သူ့ရဲ့ မိခင်ကို ဓ-ါးနဲ့ အဓိက နေရာတွေကို ၄ချက်တောင်-ထို-းခဲ့ပါတယ်။ မိခင်ဟာ အူတွေ မြင်ရတဲ့ အထ...
27/06/2026

အရူး၁ယောက်လို ဖြစ်နေတဲ့သားဟာ သူ့ရဲ့ မိခင်ကို ဓ-ါးနဲ့ အဓိက နေရာတွေကို ၄ချက်တောင်-ထို-းခဲ့ပါတယ်။

မိခင်ဟာ အူတွေ မြင်ရတဲ့ အထိ ဒဏ်ရာပြင်းစွာရပီး အရေးပေါ် တင်ထားရပါတယ်။

ရဲတွေက အသက် 30အရွယ် သားဖြစ်သူကို မေ့ဆေး ေ-သ-နက်နဲ့ ပစ်-ဖမ်းခဲ့ကြရတယ်။

လက်ရှိ မိခင် အခြေအနေက စိုးရိမ်နေရတယ်ရှင့်။

ဒီဖြစ်စဉ်က အူဒေါဌာနီမြို့မှာ 26ရက်နေ့ မနက် 11:00နာရီက ဖြစ်သွားတာပါ။

ရဲတွေက အမေ့ကို ဘာကြောင့် အဲလိုမျိုး လုပ်ရတာလဲ ဆိုတာကို စစ်မေးဖို့ ခေါ်သွားပါတယ်။

Crd

⚠️ အရေးပေါ် သတိပေးချက် ⚠️ထိုင်းရောက် မြန်မာနိုင်ငံသားများအားလုံး သတိထားကြပါ။လတ်တလော ထိုင်းနိုင်ငံအတွင်း လူဝင်မှုကြီးကြပ်...
27/06/2026

⚠️ အရေးပေါ် သတိပေးချက် ⚠️
ထိုင်းရောက် မြန်မာနိုင်ငံသားများအားလုံး
သတိထားကြပါ။

လတ်တလော ထိုင်းနိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် တရားမဝင် အလုပ်သမားများ ဈေးရောင်းသူများကို စစ်ဆေးဖမ်းဆီးမှုများ အရှိန်ဟုန်ထိုး တင်းကြပ်စွာ လုပ်ဆောက်လျက်ရှိပါသည်။

ထိုကြောင့် မိမိလုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးဂရုပြုပါ။
- နိုင်ငံကူးလက်မှတ်၊ Work Permit၊ Visa နှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို အမြဲဆောင်ထားပါ။
-စာရွက်စာတမ်းမပြည့်စုံသူများ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ပါ။
- လူစည်ကားရာနေရာများ၊ စစ်ဆေးရေးဂိတ်များတွင် အထူးသတိထားပါ။
-သတင်းအတုများကို မယုံကြည်ဘဲ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များမှသာ အတည်ပြုပါ။
-အဖမ်းအဆီး သို့မဟုတ် စစ်ဆေးမှုနှင့် ကြုံတွေ့ပါက ထွက်ပြေးခြင်း၊ အငြင်းပွားခြင်းမပြုဘဲ အေးဆေးစွာ ပူးပေါင်းဆောင်ရွက်ပါ။
-မိသားစု၊ မိတ်ဆွေများကို မျှဝေအသိပေးပြီး အရေးပေါ်အဆက်အသွယ်များကို ကြိုတင်သိမ်းဆည်းထားပါ။

သတိရှိခြင်းက အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

မြန်မာအချင်းချင်း ကူညီစောင့်ရှောက်ပြီး ဤသတိပေးချက်ကို အများသိအောင် မျှဝေပေးကြပါ..🙏

#ဘန်ကောက်
#ထိုင်းသတင်း

သူခိုး၁ဦးကို အခိုးခံရတဲ့ ပိုင်ရှင်က မိသွားပီး သူ့အိမ်ကို ခေါ်လာတယ်။ သူခိုးကို လက်မှာ ကြိုးတုတ်ပီး ထိုင်ထ အခါ 600ဒဏ်ပေးတယ...
27/06/2026

သူခိုး၁ဦးကို အခိုးခံရတဲ့ ပိုင်ရှင်က မိသွားပီး သူ့အိမ်ကို ခေါ်လာတယ်။

သူခိုးကို လက်မှာ ကြိုးတုတ်ပီး ထိုင်ထ အခါ 600ဒဏ်ပေးတယ်။

ပီးတော့ သူခိုးကို အပြင်ခေါ်ထုပ်လာပီး ကြိုက်တဲ့ ဓာတ်တိုင်ကို ရွေးခိုင်းပါတယ်ရှင့်။

သူခိုးကလဲ မျက်နှာငယ်လေးနဲ့ စာသင်ကျောင်းရှေ့က မီးတိုင်၁ချောင်းကို ရွေးချယ်လိုက်တယ်။

အဲနောက် ပိုင်ရှင်က သူခိုးရွေးချယ်ခဲ့တဲ့ မီးတိုင်မှာပဲ ကြိုးချည်ပေးခဲ့တယ်။

ပိုင်ရှင်က သူ့ပစ္စည်းအခိုးခံရတော့ ရဲကို အရင်အပ်ရင် မသေချာလို့ သူက သူခိုးကို အရင်ဒဏ်ပေးတာ ထိုင်ထ 600ကြိမ်လုပ်ခိုင်းလိုက်တယ်။

ပီးမှ ရဲကို အကြောင်းကြားလိုက်ပါတယ်။

ဒီသူခိုးတော့ လမ်းလျောက်နိုင်ပါ့အုန်းတော့မလားနော်။

Crd
Nanpiya

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sawasdee Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์