31/10/2024
ဝက်သားချဥ်ပေါင်ကြော်🤤😋
အလုပ်တစ်ဖက်နဲ့ချက်ဖို့လဲအချိန်မရ
ကောင်းကောင်းလေးစားချင်တယ်ဆိုပီးOrderမှာလို့ ချက်ပေးဖစ်တာလေး🤗 လိုက်ချက်စားကြည့်လို့ရအောင် ချက်နည်းလေး👇
ပါဝင်ပစ္စည်းများ-
(၁)ဝက်သား -အတုံးလိုက်ပြုတ်ပီးမှ လိုချင်တဲ့အရွယ်
လှီးပါ
(၂)ချဥ်ပေါင်ရွက် -၂စည်း(မိမိဝက်သားနဲ့ချိန်ပီးသုံးပါ)
(၃)ကြက်သွန်ဖြူ/နီ-၁၀မွှာ/၃လုံး
(၄)အရောင်တင်မှုန့်-အနည်းငယ်
(၅)ငရုတ်ခွဲကြမ်းမှုန့်-အစပ်စားနိုင်သလောက်
-ကြက်သွန်ဖြူ/နီ၊အရောင်တင် ရောထောင်းပီး ဆီသတ်ပါ။
-မွှေးလာလျှင်ချဥ်ပေါင်ထည့်၊ငရုတ်ခွဲကြမ်းမှုန့်ထည့်ပီး ချဥ်ပေါင်နွမ်းတဲ့အထိမွှေကြော်ပေးပါ။
-နောက်ဆုံးမှဝက်သားထည့်ပီး အရသာစိတ်ကြိုက်မြည်း ၅-၁၀မိနစ်အရသာဝင်အောင် မွှေကြော်ပေးလိုက်ရင်
ရပါပီ🤗
(ဆားလျှော့ပီး ငံပြာရည်လေးပိုထည့်ပေးလိုက်ရင် စိုစိုလေးပိုစားကောင်းပါတယ်။)🤤😋🤗