Eat with Seng Food Blog

Melia ဟိုတယ်အောက်က စစဖွင့်ချင်းကို စည်ကားနေတဲ့ နောက်ထပ် ကိုရီးယားဆိုင်အသစ်ကြီး...🥓♨️2026 ထဲမှာ ခေတ်အစားဆုံးကတော့ဟိုတယ်တွ...
10/07/2026

Melia ဟိုတယ်အောက်က စစဖွင့်ချင်းကို စည်ကားနေတဲ့ နောက်ထပ် ကိုရီးယားဆိုင်အသစ်ကြီး...🥓♨️

2026 ထဲမှာ ခေတ်အစားဆုံးကတော့ဟိုတယ်တွေထဲမှာ အမိုက်စားဖွင့်လာကြတဲ့ ကိုရီးယားစားသောက်ဆိုင်တွေပဲ..

ခုလည်းကြည့်....ရန်ကုန်မြို့ရဲ့ အမိုက်စား Melia Hotel ကြီးထဲမှာ ဝါးတောအုပ်လေးထဲ ရောက်သွားသလို Outdoor ရယ်၊ Indoor ရယ် ကြိုက်သလို ရွေးထိုင်လို့ရတဲ့ Korean Restaurant အသစ်စက်စက်။

နာမည်က "Hwa Ro" တဲ့....ဆိုင်ထဲ ဝင်လိုက်တာနဲ့ တကယ့် Luxury ကွယ်....table နည်းနည်း...Private table တွေနဲ့ အပြင်ဘက် Outdoor Area မှာ ဝက်သားကင်တွေစားဖို့ BBQ Table လေးတွေက တပိုင်း။

အဲ့တော့ ကိုရီးယားစာတွေ အစုံလင်စားမယ် ဝက်သားကင် မစားဘူးဆို အတွင်းဘက် Table တွေရွေး။ဝက်သားကင်ပါ ကိုယ်တိုင်ကင်စားမယ်ဆို အပြင်ဘက် Table တွေ ရွေးလို့ရတယ်။ အရမ်း အရမ်း သာယာပြီး စိမ်းစိုနေတာပဲ။

ဘာတွေရလဲလို့ မီနူးထဲ စပ်စုမှာလိုက်တာ....
👉ဝက်အူစုံ ကိုရီးယားအသုပ် ပွဲကြီး

👉ဝက်သုံးထပ်သား ကိုရီးယားအစပ်သုပ် ပွဲကြီး

👉ရေဘဝဲ ကိုရီးယား အစပ်သုပ်ပွဲကြီးတွေ

👉မစားမဖြစ် တော်တော့်ကို အပြင်ဘက် crispy ဖြစ်ပြီးအထဲက အိစက်စက် ဆန်မုန့်နှစ်စပ်တာ အရသာကောင်းကောင်း နဲ့ပင်လယ်စာ ချိုလတ်တဲ့ Korea Pancake ရယ်

👉ဂုံးတွေ ကိုရီးယား ပဲငါးပိနှစ်နဲ့သေချာလေးချက်ထားတာ သိသာတဲ့ ပင်လယ်စာ ပဲငါးပိဟင်းရည်

👉ကိုရီးယား ခေါက်ဆွဲအေးသုပ်တွေ

👉တော်တော်လေး စေးပိုင်ပြီး ငါးအသားချောင်းများများ နဲ့ တော့ပူကီတွေ

👉ကိုရီးယားကြက်ဥပေါင်းရယ်

👉ဆိုဂျူး၊ မက်ကောလီ အကုန်ရတယ်။

👉အာလူးတွေနဲ့ ဧရာမ ဝက်ကျောရိုးစွပ်ကို အကြာကြီး မြေ့နေအောင် တည်ထားတဲ့ ဝက်ကျောရိုးစွပ်ပွဲကြီးက ဒီမိုးရာသီအတွက် အထိမိဆုံးပဲ။

ဟိုတယ်ထဲမှာ ဖွင့်ထားတော့ ကွာလတီ ကုန်ကြမ်း သိသိသာသာ ထိန်းထားတာ တွေ့ရတယ်။ အကုန် ကိုရီးယားက Import မှာတယ်တဲ့။ ဈေးနှုန်းတွေကတော့ ၂သောင်းကနေ ၇သောင်းဝန်းကျင်ပေးရတယ်။

အဲ့မှာသွားစားတဲ့အခါ ကိုယ်ကတော့ ဖြစ်နိုင်ရင် အထဲဘက်ဝိုင်းတွေမှာ ထိုင်စေချင်တယ်။ ဘယ်နေရာထိုင်ထိုင်ကို ဇိမ်ကျပြီး အရမ်း သက်တောင့်သက်သာနဲ့ စိတ်ချမ်းသာရတယ်။

အပြင်ဘက်ဝိုင်းတွေကတော့ အသားကင် ကင်စားပြီး အေးဆေး Relax လုပ်၊ လေကောင်းလေသန့်ရှူ၊ ရုံးသမားအဖွဲ့တွေ လွတ်လွတ်လပ်လပ် ထိုင်လို့ကောင်းတယ်။

အသားကင်အတွက်ဆို ဝက်သုံးထပ်သား၊ ဂုတ်သားတွေအပြင် အမဲသား ကို Premium Texture နဲ့ Imported Beef တွေကအစရတယ်။ Side Dish တွေ၊ Sauce တွေ တောင်းသလောက်ရတယ်။🥓

ဆိုင်သစ်ဆိုတော့ ဝန်ထမ်းလေးတွေ Service လေး နည်းနည်း ဂရုစိုက်ရမှာကလွဲရင် ဆိုင်က လူပြည့်တာတောင် ဟိုပြေးဒီပြေးနဲ့ သေချာလုပ်ပေးကြရှာတယ်။

လတ်တလော ကိုရီးယားစာလည်း စားချင်တယ်...ဟိုတယ်မှာ ချေချေမိုးမိုးမှဆို Melia ရဲ့ Ground Floor ညာထောင့်ဆုံးက Hwa Ro မှာ သွားစားကြည့်။‼️

Melia မှာ ကိုရီးယား ဝက်သားကင် သွားစားမယ်တ်ို့ဘာတို့ ချေလို့ကောင်းတယ်..😎😜

ဆိုင်နာမည်- "Hwa-Ro Korean BBQ”

ဖွင့်ချိန်- မနက် 10 နာရီကနေ ည 11 နာရီ

ဖုန်း -09 7648 7777 1

လိပ်စာ- Melia Hotel မြေညီထပ် ညာဘက်။

အလုံမှာ သင်္ဘောသားတယောက် ပိုက်ဆံလေးစုပြီး ဖွင့်ထားတဲ့ ကော်ဖီဆိုင်အသစ်လေးတဲ့...🥐☕️သူ့ဆိုင်လေးဖွင့်တုန်းက Post လေးကြည့်ပြီ...
25/06/2026

အလုံမှာ သင်္ဘောသားတယောက် ပိုက်ဆံလေးစုပြီး ဖွင့်ထားတဲ့ ကော်ဖီဆိုင်အသစ်လေးတဲ့...🥐☕️

သူ့ဆိုင်လေးဖွင့်တုန်းက Post လေးကြည့်ပြီး စိတ်ဝင်စားသွားလို့ တကူးတက သွားအားပေးခဲ့တာ..

အိမ်ကိုလွမ်းလို့ မြန်မာပြည်မှာပဲ အခြေကျချင်တဲ့ သင်္ဘောသားတယောက်က သူ့လုပ်အားလေးတွေနဲ့စုပြီး ဒီမြန်မာပြည်မှာပဲ နေတော့မယ်ဆိုတဲ့စိတ်နဲ့ ကော်ဖီဆိုင်လေးကို အလုံ ငုဝါလမ်းထဲမှာ ဖွင့်လိုက်တာ။

အဲ့ဒီကော်ဖီဆိုင်လေးက သူ့အိပ်မက် သူ့စိတ်ကူးတွေတဲ့။ မြန်မာပြည်ကိုချစ်လွန်းတဲ့သူ၊ စိတ်ကူးယဉ် ကဗျာသမား၊ စာပေသမားမှန်းသိရတယ်။

ဆိုင်ကလေးက နွေးနွေးထွေးထွေး လင်းထင်းနေပြီး တဆိုင်လုံး နံရံတွေကနေ ထိုင်ခုံစားပွဲတွေကအစ လက်နဲ့ဆွဲတဲ့ ပန်းချီရုပ်လေးတွေ။ ပြီးတော့ စာအုပ်စင်နဲ့ အရုပ်ကောက်စက်လေး ရှိတယ်။

နံရံကအရုပ်လေးတွေက ပစ်တိုင်းထောင်၊ဖိုးဝရုပ်တို့လို မြန်မာဆန်ဆန်လေး၊ ဆိုင်လေးတခုလုံးကို handmade လေးတွေ တန်ဖိုးထားလို့ အဲ့လို အလှဆင်ထားတယ်တဲ့။

နောက်ပိုင်း မြန်မာမုန့် ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ ဘိန်းမုန့်တို့လို မုန့်လေးတွေအများကြီးထည့်မယ်ပြောတယ်။

ဆိုင်မှာ Coffee , Matcha , Smoothie , Soda နဲ့ Frappe လေးတွေ ရတယ်။ ဈေးမှန်တယ်။ ☕️Cheese & Ham Sandwich ကောင်းတယ်။ 🌭

စမူဆာက ငှက်ပျောစမူဆာလေး ချိုချို အိအိဖောင်းဖောင်းလေးနဲ့ သိပ်စားကောင်းတယ်။

သီးရွက်စုံကော်ပြန့်ကြော်၊ ပြောင်းဖူးကော်ပြန့်ကြော်လေးတွေရှိတယ်။🌯

ကြက်သားပြားကြော် ဆော့စ်လောင်းထားတာလေးတွေလည်း ပွဲအကြီးကြီးပဲ။

Beef Hot Dog ကလည်း အကိတ်ကြီး။ အားရပါးရစားပဲ။ အထဲမှာ Hot Dog Sausage နဲ့ အမဲသားတွေနဲ့။ တခြား အသားလည်းရတယ်။

Prawn Cocktail လို ဆလပ်လေးရတယ်။ သူ့ဆီမှာ ကိုယ်တ်ိုင်ဖုတ် Mini Pizza လေးတွေ ဈေးအရမ်းတန်။🍕

Cheese Cake / Tiramisu စတဲ့ကိတ်အစုံရတယ်။ ဈေးက တသောင်းဝန်းကျင်လေးတွေပဲပေးရတယ်။ တော်တော်တန်တာပါ။🍰

အဓိကက ဆိုင်ကလေးရော ဝန်ထမ်းတွေရော ပိုင်ရှင်ကအစ Humble ဖြစ်လွန်းပြီး နွေးနွေးထွေးထွေး ဖော်ရွေတယ်။

ပိုအားပေးချင်တာက သူ့ပိုက်ဆံလေးတွေအကုန်စုပြီး အိပ်မက်ကဖေးလေးဖွင့်ထားတဲ့ အသစ်စက်စက်ဆိုင်လေးမို့ လူတွေ အများကြီး လာစေချင်တယ်။ တကယ်လည်း ထိုင်လို့ကောင်းတယ်။❤️

ဆိုင်လေးက တိုက်ခန်းမြေညီထပ်မှာ ၂ ဖက်ခွဲဖွင့်ထားတာ။ ဝိုင်းလေးတွေတော့ ၈ ဝိုင်းလောက်ပဲ ရှိတယ်။ ဆိုင်လာရင် အချိန်နဲ့ ဝိုင်း ကြိုယူရမယ်ထင်တယ်။

ဒါမျိုး ကိုယ်ထူကိုယ်ထဆိုင်လေးတွေက အားပေးကောင်းပါတယ်။ မြန်မာပြည်ကနေ မထွက်သွားချင်တဲ့ လူတယောက်ရဲ့ အဆုံးစွန် မျှော်လင့်ချက် ကဖေးလေးပေါ့။

အပတ်စဉ် အင်္ဂါတစ်ရက်ပဲ ပိတ်ပါတယ်တဲ့။ ကျန်တဲ့ ၆ရက်လုံး သွားလို့ရတယ်။ ဝိုင်းတော့ ကြိုယူသွားနော်။

ဆိုင်နာမည်က “ ကဖေးဧကေ “ တဲ့။

အလုံ ငုဝါလမ်းထဲမှာ သွားမယ်ဆို Grab မှာ Pet World Vet Clinic လို့ Point ထောက်ရင်သူ့ရှေ့တည့်တည့်ပဲ။

ဆိုင်ဖွင့်ချိန် - မနက် 9 နာရီ - ည 8 နာရီ

လိပ်စာ- အမှတ် ၂၂၉ , ငုဝါလမ်း , အလုံမြို့နယ်။ (Pet World Vet Clinic ရှေ့)

ဖုန်း- 09 750 160 748 , 09 426 061 421

#ကဖေးဧက

ပူစပ်ထုံမွှေး မာလာထန်အရည်ပျစ်ပျစ်လေးရယ်.. မာလာအကင်မွှေးမွှေးလေးပါအစုံစားရမယ့်ဆိုင်..🫕🔥(၂သောင်းခွဲတန် မာလာထန် set ၃ယောက်စ...
23/06/2026

ပူစပ်ထုံမွှေး မာလာထန်အရည်ပျစ်ပျစ်လေးရယ်.. မာလာအကင်မွှေးမွှေးလေးပါအစုံစားရမယ့်ဆိုင်..🫕🔥

(၂သောင်းခွဲတန် မာလာထန် set ၃ယောက်စာ လေးပါတယ်နော်‼️)

မာလာကိုဘယ်လောက်စွဲလမ်းသလဲဆို မိုးလင်း မိုးချုပ် မာလာထန်နဲ့ပဲ မျက်နှာသစ်ရလည်းဖြစ်တယ်ဆိုတဲ့အထိ..🫢 မာလာကို အဲ့လောက်ကြိုက်တဲ့အထဲ ဒီဆိုင်က မာလာထန်နဲ့ မာလာအကင်က မပါမဖြစ်ပဲ..🔥

ဒီမှာက မာလာမောက်ချိုက်၊ မာလာထန်သုပ်၊ မာလာဟင်း၊ မာလာအကင်တွေပါ အစုံရတယ်..

♨️အကြိုက်ဆုံးဆို သူ့ရဲ့ မာလာထန်အရည်.. အချိန်ကြာကြာတည်ထားတဲ့ အရိုးပြုတ်ရည်ရဲ့ အရသာဆိမ့်ဆိမ့်လေးနဲ့ မာလာအရသာကို Lvl 3 လောက်ထည့်စားရင် စပ်စပ်လေးနဲ့ စားလို့သိပ်ကောင်းတာ..

♨️မာလာထန်သုပ်က မြေပဲနှစ်စေးစေး၊ အရသာခပ်လေးလေးနဲ့ ထိထိမိမိရှိတယ်..

စျေးတန်တန် ၂ယောက်စာ set menu လေးတွေဆို ၁ပွဲလုံးစာမှ ၂၅၀၀၀ ကျပ်။ အသား၊အသားလုံး၊အသီးအရွက်အစုံပါပြီးသား အရည်ဖိုး ဘာညာထပ်ပေးစရာမလိုဖူး။ ခုလို လကုန်ရက်တွေဆို ဒီ မာလာထန် set လေးမှာ ၁ယောက် ၁သောင်းကျော်လောက် ကောင်းကောင်းစားရတယ်..😉

ကိုယ်တိုင်ရွေးစားမယ်ဆို မာလာမောက်ချိုက်/ မာလာထန်အတွက်က အသား၊ ပင်လယ်စာအကန့်သပ်သပ်၊ မာလာအကင်စားဖို့အတွက် တုတ်ထိုးအသားနှပ်ထားတာတွေ၊ မန်ထို၊ ကောက်ညှင်းကြာစွယ်၊ ပုစွန်အစာသွပ်၊ ပဲလိပ်ခြောက်ကင်၊ နို့ပြားကင်တွေကတော့ ရှယ်..🔥 အကင်အရသာနှပ်ထားတာလည်းမိုက်သလို မာလာမှုန့်လေးဖြူးပြီး မန်ကျည်းဆော့စ်နဲ့တွဲစားရတာလည်းလိုက်တယ်..

မန်ထိုကြော်အိအိလေးဆို နို့ဆီနဲ့တို့စား.. မဟုတ်ရင် မာလာထန်အရည်လေးနဲ့ နှစ်စားရင်ပိုအရသာရှိတာ..😋

ညနေပိုင်းရုံးဆင်းပြီဆို ဒီမှာ ငါးကင်တွေ၊ ဖက်ရွက်နဲ့ ငါးပေါင်းမွှေးမွှေး၊ နို့ခဲကင်တွေအပြင် ဆိတ်သားခြောက်ဖုတ်သုပ်၊ ရှမ်းခေါပုတ်၊ ကြက်စလွတ်ကြော်လိုမျိုး one portion တွေလာစားကြတာ.. သောက်မယ်ဆို ပုလင်းတွေယူလာလည်းရသေးတယ်.. Bottle charges ဖရီးတဲ့👀

ပြီးတော့ ဝိုင်းတိုင်းကို ပြောင်းဖူးကြော် ၁ပွဲစီပါ လက်ဆောင်ဆိုပြီးကျွေးသေးတာ..

ဆိုင်ကတော့ အိမ်ဆိုင်လိုမျိုး ခြံဝန်းလေးနဲ့ဆိုတော့ အေးဆေးထိုင်လို့ကောင်းတယ်.. မာလာထန်ကောင်းကောင်း၊ အကင်ကောင်းကောင်း စားချင်ရင်ဒီမှာအကုန်ရတော့ ကွက်တိ..♨️

Giveaway လေးက ၂သောင်းခွဲတန်မောက်ချိုက် set ၃ ယောက်စာပါ။ ဒီပိုစ့်ကို like & share ပြီး မဲပေါက်ရင် တူတူစားမယ့်သူကို comment မှာ mention ခေါ်ထားတဲ့ထဲက ၃ယောက်ကိုရွေးပြီး Let’s eat with Seng❣️Group မှာ ကြေညာပေးပါမယ်။💎

ဆိုင်နာမည်က “Po Tay Toe Mao Cai “
☎️ Phone - 09757586337 , 095061985
⏰Open Daily - 11:00 AM - 9:30 PM
📍 အမှတ်(၇)၊မဂ္ဂင်လမ်း၊(၁၄)ရပ်ကွက်၊ကျောက်ကုန်း၊ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ။
(ရန်ကင်းလမ်းနဲ့ ကျောက်ကုန်းလမ်းကြား)

Matcha တစ်ခေတ်ထချိန်မှာ ဒီလို series လိုက် matcha အအေးနဲ့ အီဆိမ့်မွှေး tart လေးပါ ရတဲ့ ဆိုင်..🥧💚(matcha flavor အသစ် try ...
19/06/2026

Matcha တစ်ခေတ်ထချိန်မှာ ဒီလို series လိုက် matcha အအေးနဲ့ အီဆိမ့်မွှေး tart လေးပါ ရတဲ့ ဆိုင်..🥧💚

(matcha flavor အသစ် try ချင်တဲ့သူတွေအတွက် ၃သောင်းတန် #၅ယောက်စာGiveaway လေး ပါတယ်နော်💚)

ဒါကလေ matcha ကြိုက်တဲ့သူတွေ သွားကိုသွား try သင့်တာ.. ဆိုင်က နိုင်ငံခြားစတိုင်အမိုက်စားကော်ဖီဆိုင်မျိုး၊ သူ့ဆီက pastry တွေကအစ တော်တော်လေး fresh ဖြစ်ပြီး စားကောင်းတဲ့ထဲပါတယ်..🥐

အခုအသစ်ထွက်ထားတဲ့ထဲက Tart လေးတွေဆို matcha, strawberry, passion အရသာ ၃မျိုး.. အပြင် crustသားက crunchy ဖြစ်တယ်၊ အထဲမှာ cream filling လေးထည့်ထားတာ ပျစ်နှစ်နေရော တစ်ခုဆိုတစ်ခုထိထိမိမိ စားရတာ..🥧

ပြီးတော့ matcha fan တွေအကြိုက် matcha series drinks လေးတွေလည်း ရှယ်မိုက်💚🔥

Matcha ကောင်းကောင်းရဲ့အရသာသိချင်ရင် ဒီက Matcha Cloudy ☁️ သာသောက်ကြည့်..
matcha ရဲ့ဆိမ့်သက်သက်နဲ့ coconut ရဲ့ ချိုမွှေးအရသာစပ်လေးက တအားလိုက်တာ.. 🥥

Matcha Mango က အသီးရဲ့အချဉ်ဓာတ်နဲ့ matcha အဖန်အရသာဆိုတော့ တစ်မျိုးလေး🥭

ချိစ်တွေနဲ့ အရသာခပ်လေးလေး ပျစ်နှစ်နေတာမျိုးကြိုက်ရင် Matcha Cheesy လေးသောက်ခဲ့..🧀

ဒီလို Drinks & Pastry တွေအပြင် နေ့လည်
နေ့ခင်း အဝစားလို့ရမယ့် မီနူးတွေလည်းအစုံရတယ်.. အရင်ကဆို European မီနူးပိုများပေမယ့် အခုအသစ်ထွက်ထားတဲ့မီနူးအကုန် ကိုယ်တွေအကြိုက်တွေချည်း..🔥

♨️ကြက်တောင်ပံကြော်က အပြင်သားကြွပ်ကြွပ်လေးကိုမှ အတွင်းသားနူးအိနေတာလေးကို ကြက်သွန်ကြော်နဲ့ပြန်အုပ်ထားတာ မွှေးနေရော..

♨️ကက္ကတစ်ငါးခေါင်းဟင်းချိုဆို ပူပူနွေးနွေးအိုးကြီးနဲ့ ၃ယောက်လောက်ရှဲသောက်လို့ရတယ်..

♨️နာနတ်သီးထမင်းကြော်ကိုပင်လယ်စာနဲ့စားရတာက ဘားတွေမှာစားနေကြအရသာလေးတောင် သွားသတိရမိ..

♨️နူးနူးအိအိငါးခဲပတ်ကင်တွေ.. ပင်လယ်စာ၊ bbq အကင်ချောင်းတွေပါ အသစ်ထပ်ထည့်ထားတော့ ညနေခင်း outdoor ဝိုင်းတွေမှာထိုင်ရင်း chillရင်း အေးဆေးစားသောက်လို့ရသေး..🍢

ဆိုင်ရဲ့ vibe ကအစ မနက်ပိုင်းဆို bakeryမုန့်လေးမှာ ကော်ဖီတစ်ခွက် မာချာတစ်ခွက်နဲ့ ကောင်မလေးတွေအကြိုက် photo spot အပြည့်ဆိုင် vibe ကနေ.. ညနေပိုင်းဆို ရုံးအပြန်၊ လူကြီးတွေအကြိုက် အေးဆေးလာစားလို့ကောင်းတဲ့ vibe လေးပြောင်းသွားတာ.. ကိုယ်ကတော့ ဘယ်အချိန်သွားသွား ဒီက pastry နဲ့ drinks လေးရယ်၊ warm ဖြစ်တဲ့ ဆိုင် vibe လေးနဲ့ service ကိုတော့ တော်တော်လေးသဘောကျတယ်..❤️

ဒါနဲ့ အခုအသစ်ထွက်တဲ့ Tart နဲ့ Matcha series ကိုတော့ တစ်ခါလောက် သွားtryကြည့်ကြ..😉

Giveaway လေးက ၃သောင်းတန် Gift voucher ၅ယောက်စာပါ။🥂 ဒီပိုစ့်ကို like & share ပြီးရင် တူတူသွားစားမယ့်သူကို comment မှာ mention ခေါ်ခဲ့တဲ့ထဲက ၅ ယောက်ကို နောက်တစ်ပတ်ရွေးပေးပါမယ်။💎

ဆိုင်နာမည်က “Archway Bistro“

🕥 ဆိုင်ဖွင့်ချိန် : 7:00 AM - 10:30 PM

☎️ ဖုန်း : 09 969 775 877

🏠 8 Mile Junction, Kabar Aye Road, Myaing Hay Wun Park, Mayangone Township, Yangon.

ဘန်ကောက်ရောက်နေသလို ရန်ကုန်မှာတင် ဒီလို ၂၄လွှာက viewအမိုက်စားနဲ့ ဆိုင်နေရာလှလှလေးရှာတွေ့ထားတာ..👀🔥🥂( #၅သောင်းတန်Gift vouc...
03/06/2026

ဘန်ကောက်ရောက်နေသလို ရန်ကုန်မှာတင် ဒီလို ၂၄လွှာက viewအမိုက်စားနဲ့ ဆိုင်နေရာလှလှလေးရှာတွေ့ထားတာ..👀🔥🥂

( #၅သောင်းတန်Gift voucher ၃ ယောက်စာ Giveaway လေးပါတယ်နော်‼️)

ဒီဆိုင်က M Tower ရဲ့ ၂၄ လွှာမှာဖွင့်ထားတဲ့ Wine Bar vibe မျိုးကိုမှ အစားအသောက်တွေက local taste နဲ့ စားရအဆင်ပြေတာမျိုး..🍷

ညနေခင်းဆို နေဝင်ချိန် view လေးနဲ့ တအားလှသလို ညဖက်တွေဆိုလည်း အမျှော်ကင့်ကနေ city view လေးကြည့်ရင်း Chill beats နားထောင်ရင်းဇိမ်...🔥 ဆိုင်ရဲ့အလယ်တည့်တည့်က စိမ်းစိုစိုသစ်ပင်ကြီးကလည်း ဆိုင် vibe တစ်ခုလုံးကိုဖမ်းစားထားတာ။ အဲ့နေရာလေးဆို ဓာတ်ပုံရိုက်လို့သိပ်လှ..🌳

ဆိုင်အပြင်အဆင်နဲ့ နေရာကြည့်ပြီး စျေးတအားကြီးမယ်ထင်ထားရင်မှားမယ်။ တကယ်က အစားအသောက်တွေ အမြည်းတွေဆို ၁ပွဲ ၁၅,၀၀၀ လောက်ကနေ စားလို့ရပြီ…

ပြီးတော့ ကော့တေးလ် Free သောက်လို့ရမယ့် Challenge တစ်ခုက သူငယ်ချင်း ၄ ယောက်လာပြီး Fish Bowl Wine Cocktail မှာ။ အဲ့တာက 30 sec အတွင်း သောက်နိုင်ရင် လုံးဝပေးစရာမလိုဘူး။ မကုန်ရင်တော့ အဲ့ကော့တေးလ်ဖိုးပြန်ရှင်းပေါ့..🫢

အမြည်းတွေထဲကဆို -
ကယား sausage မွှေးမွှေးလေး
ကြွပ်ကြွပ်ရွရွငါးသလဲထိုးကြော်
ဆာတေးလိုပုံစံနဲ့ Pork Skewer ထုပ်ထုပ်အိအိ
အမြည်းနဲ့လိုက်တဲ့ အထောင်း၊အသုပ် အစုံရတယ်

♨️ထူးထူးဆန်းဆန်း လက်ဖက် pasta ဆို လက်ဖက်အရသာစပ်စပ်လေးကိုမှ ပါစတာရဲ့အဆိမ့်ဓာတ်လေးနဲ့တွဲစားရတာ..

♨️Ah-So ကြက်ကင်ကတော့ သူရဲ့ signature sauce ကအသက်၊ spice အရသာအစုံပါတဲ့ ဆော့စ်လေးဆမ်းပြီးစားရင်တော့ ရှယ်မိုက်

♨️မီးအေးအေးနဲ့အချိန်ကြာကြာချက်ထားတဲ့ ဘဲပေါင်းဆို အသားကနူးပြီးအိနေတာ

♨️အမိုက်ဆုံးကတော့ စားလိုက်တာနဲ့ လျှာပေါ်ပျော်ဝင်သွားမယ့် Cold Smoked Salmon ပဲ

ပြီးရင် အမိုက်စားကော့တေးလ်တွေ.. ဝိုင်တွေဆိုလည်း ပုလင်းဖောက်မလား..glass by glass သောက်မလား ရသေးတယ်..🍾

ဒီလို view နဲ့ ဆိုင်နေရာအမိုက်စားမှာ classic ဆန်ဆန်ဒိတ်မယ်.. Party ပွဲတွေလုပ်ချင်လည်းအဆင်ပြေတယ်..

သွားမယ်ဆို လှည်းတန်း M Tower ဝင်ပေါက်ရဲ့ ဘေးအပေါက်က ဝင်လို့ရတယ်။ ကားပါကင်ကလာမယ်ဆို Ground floor ကိုတက်သွားပြီး Mall ထဲမဝင်ဘဲ ညာဖက်က Office Tower entrance ထဲ ဝင်သွားရုံပဲနော်…📍

လေးက ၅သောင်းတန် Gift voucher ၃ယောက်စာပါ။🥂 ဒီပိုစ့်ကို like & share ပြီးရင် တူတူသွားစားမယ့်သူကို comment မှာ mention ခေါ်ခဲ့တဲ့ထဲက ၃ယောက်ကို နောက်တစ်ပတ်ရွေးပေးပါမယ်။💎

ဆိုင်နာမည်က “Bar Ah-So”

🕥 Open Daily : 4:00 PM - 11:00 PM

🏠24th Floor, M Tower, Pyay Road, Hledan.

ရန်ကုန်မှာ ရှားမှရှားတဲ့ စီချွမ်စာအစစ်တွေ...ဧရာမ စီချွမ်အိုးကြီးတွေနဲ့ ...ကျောက်ပုစွန်တွေ...စီချွမ်အသုပ်အပေါင်း၊ စီချွမ်...
01/06/2026

ရန်ကုန်မှာ ရှားမှရှားတဲ့ စီချွမ်စာအစစ်တွေ...ဧရာမ စီချွမ်အိုးကြီးတွေနဲ့ ...ကျောက်ပုစွန်တွေ...စီချွမ်အသုပ်အပေါင်း၊ စီချွမ်ခေါက်ဆွဲပျစ်နှစ်နေတာ အကုန်ရတဲ့ဆိုင်...🌶️

ဆိုင်နာမည်က "Sichuan House " တဲ့...အလုံ အောက်ကြည့်မြင်တိုင် က လျှပ်စစ်ရုံး ရှေ့တည့်တည့်မှာ ဟီးနေအောင် ဖွင့်ထားတာ။

ဒီဆိုင်ရောက်ရင် မစားမဖြစ် စားရမှာက "စီချွမ်အိုးကြီးတွေ" ။ အမဲသား/ ငါးအသားလွှာ/ ဝက်သားလွှာစီချွမ်အိုးတွေမှ ၃-၄ ယောက်စာ အိုးကြီးကို ၃သောင်းခွဲကျော်ပဲကျတယ်။

♨️ဘဲကင် ၊ကြက်ကင်၊ အသား၃မျိုးစပ်ကင်တွေ၊ ပီကင်းဘဲကင်တွေ နာမည်ကြီးတယ်။ ဘဲသားကို အိစိုနေတာ။ ဈေးတော့နည်းတဲ့ထဲ မပါဘူး။ ဒါပေမယ့် အရသာရှိတယ် ဘဲညှီနံ့မရဘူး။ အသား များတယ်။

🫕သူ့ဆီမှာ တကယ့် ချုံချင့်အရသာ စစ်စစ် ခေါက်ဆွဲတွေ ရှိတယ်။ တနေကုန် တမြေ့မြေ့တည်ထားတဲ့ အမဲသားခေါက်ဆွဲ၊ ဆိတ်သားခေါက်ဆွဲတွေနဲ့ ချားရှုးထျန်းရွှေခေါက်ဆွဲတွေ မဖြစ်မနေစားခဲ့။ တပွဲမှ ၁၅,၀၀၀ ကျော်လေးပဲကျတယ်။ အသားတွေအများကြီးပဲ။

ကိုယ်တွေစားခဲ့တာက ဝက်အူစုံ ကန်းကောအိုးကြီး။ အူစုံတွေဆိုတာ နူးအိနေတာပဲ။ အဲ့ဒါကို မွှေးမွှေးလေးစားရတာ။

♨️နောက်ပြီး ဝက်သားလွှာ စီချွမ်အိုးကြီးဆို အသားတွေက ခပ်လိုက်တိုင်း အလွှာလိုက်ကြီးပါတာ။ အရည်က ထုံစပ်ပြီး မပျစ်မကျဲနဲ့ တော်တော်ကောင်းတာပါ။

ဝက်သားမာပိုတိုဟူးကတော့ ဘယ်တရုတ်ဆိုင်သွားသွားမစားမဖြစ်။ ပွဲလည်း ကြီးတယ်။

♨️အမဲအူကြမ်းတွေကို စီချွမ်လို သုပ်တာဆို အရည်လေးနဲ့ ခပ်အေးအေး စပ်စပ်ရွှဲရွှဲလေးစားရတာ။

ဒီဆိုင်ရဲ့ အတန်ဆုံး မစားမဖြစ်တွေဆို တယောက်စာမှ ၁၅,၅၀၀ ပဲပေးရတဲ့ ထမင်း ၊စီချွမ်ဟင်း၊ ဟင်းချို Set လိုက်ကြီးတွေ။ အသားဟင်းတပွဲစာလောက်ကို ပါလို့ တန်တယ်လို့တောင် ပြောယူရတဲ့ထိပဲ။ ဟင်း Set ကို ၈ မျိုးလောက်ရွေးလို့ရတယ်။‼️

♨️နောက်ပြီး သူ့ဆီမှာ တရုတ်ထမင်းပေါင်းတွေ ကောင်းတယ်။ အသားတွေအများကြီးကိုမှ ပန်းကန်အပြားကြီးနဲ့ အယ်စတုံချပေးတာ။

Sichuan House ရောက်ရင် ဘာမှာမှာ ပန်းကန်တွေ ပွဲတွေကြီးလို့ တကယ် ပေးရတဲ့ဈေးနဲ့ တန်တယ်။ စိတ်ချမ်းသာတယ်။

ဪ...ဒီဆိုင်က Deli ပို့တာလည်း ချေတယ်အမိုက်စားနော်။ ဘာပဲမှာမှာ EV ကားတစီးဝယ်ပြီး EV Deli နဲ့ပို့ပေးတာ။👀

ရန်ကုန်မြို့တွင်းတွေဆို တသိန်းခွဲဖိုး စုမှာကြရင် ပို့ခ ဖရီးတဲ့။

သာကေတ၊ မြောက်ဒဂုံ၊ သန်လျင် star city တွေ၊ လှိုင်သာယာတွေ၊ ရွှေပြည်သာတွေဆို တသိန်းခွဲဖိုးပဲမှာ ပို့ခ ၅ထောင်တည်းနဲ့ပို့ပေးတယ်တဲ့။

သူ့ဆိုင်ကလည်း အဲ့လို ဘောစိတွေ၊ တရုတ်သူဌေး အစစ်တွေ၊ ဆယ်လီတွေ၊ တရုတ်စာအစစ်စားချင်သူတွေချည်း စုနေတာ။

မီနူးဈေးတွေက ၁၅,၀၀၀ လောက်ကနေ စပါတယ်။ အပေါ်ထပ် အောက်ထပ်တင် လူ၃၀၀ လောက်ဆန့်တာဆိုတော့ မွေးနေ့တွေ၊ ပွဲတွေလုပ်လို့လည်း အရမ်းအဆင်ပြေတယ်နော်..

သွားစားမယ်ဆို ဆိုင်နေရာလေးက -

☎️ 𝟎𝟗𝟕𝟔𝟕𝟏𝟏𝟎𝟗𝟖𝟕
⏰ 𝟏𝟏:𝟎𝟎 𝐀𝐌 ~ 𝟏𝟎:𝟎𝟎 𝐏𝐌
🚴‍♀️ 𝐅𝐨𝐨𝐝𝐩𝐚𝐧𝐝𝐚 , 𝐆𝐫𝐚𝐛𝐟𝐨𝐨𝐝 , 𝐒𝐢𝐜𝐡𝐮𝐚𝐧 𝐇𝐨𝐮𝐬𝐞 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲
📍အမှတ် (၂၁၄) အောက်ကြည့်မြင်တိုင်လမ်း၊ လျှပ်စစ်ရုံးအရှေ့တည့်တည့် အလုံ။

#စီချွမ်

“ဘယ်ချိန်စားစားမရိုးတဲ့ မန်းလေးအရသာစစ်စစ် မုန့်တီ၊ မြီးရှည်နဲ့ နန်းကြီးသုပ်ဆိုင်လေးးး”..♨️မနက်စာကို ၁ပွဲ ၅၀၀၀ လောက်နဲ့ ဒ...
28/05/2026

“ဘယ်ချိန်စားစားမရိုးတဲ့ မန်းလေးအရသာစစ်စစ် မုန့်တီ၊ မြီးရှည်နဲ့ နန်းကြီးသုပ်ဆိုင်လေးးး”..♨️

မနက်စာကို ၁ပွဲ ၅၀၀၀ လောက်နဲ့ ဒီ Tea House လေးမှာ ထိုင်စား.. ပြီးရင်မလိုင်ဖတ်အပြည့်နဲ့ မန်းလေးလက်ဖက်ရည်ထိုင်သောက်ရတဲ့ မနက်ခင်းက သိပ်ကိုအရသာရှိတာ..😋

မန်းလေးမုန့်တီ၊ မြီးရှည်နဲ့ နန်းကြီး၊ နန်းလတ်၊ နန်းပြားတွေကို မန်းလေးစတိုင် မန်းလေးအရသာမျိုးနဲ့ ရန်ကုန်မှာပါ စားလို့ရတဲ့ဆိုင်ဆို ဒီ “ မန္တလေး - Food House” ဆိုင်ပဲ..

သူရဲ့မုန့်တီကလေ စားပြီးရင်းကိုထပ်စားချင်တာ။ တစ်ပွဲနဲ့ဆို အာသာမပြေမာမာဝေဖြစ်တတ်တာ ဘာလို့ဆို ဒီထဲမှာပါတဲ့ ကုန်ကြမ်းတွေအစ မုန့်ဖတ်နဲ့ ပဲမှုန့်အဆုံး မန်းလေးကတိုက်ရိုက်မှာပြီး ကွာလတီကောင်းပေ့တွေချည်း သုံးပေးတာ..

♨️စေးစေးပိုင်ပိုင်နဲ့ စားလို့ကောင်းတဲ့ ခိုတောင်မုန့်တီ ဆို ငါးဖယ်လုံးပိတ်စွယ်ဟင်းရည်လေးနဲ့ စားရင် သိပ်လိုက်..

♨️ပဲငါးပိရယ် ကော်ရည်ပျစ်ပျစ်လေးနဲ့ နယ်စားရတဲ့ မန်းလေးမြီးရှည်ဆိုလည်း ဝက်ခေါက်ကြွပ်ကြွပ်လေးက မပါမဖြစ်.. မြီးရှည်ကိုမှ ဝက်ဦးနှောက်နဲ့စားချင်ရင် ပိတ်ရက်မှာပဲ weekend special အနေနဲ့ ထည့်ပေးထားလို့ တကူးတကလာစားရတဲ့အထိ..

♨️ဒီရောက်လို့ နန်းကြီးသုပ်မှာရင် မန်းလေးစတိုင်အလုံးတုတ်ကြီးနဲ့လာချပေးလိမ့်မယ်.. ကိုယ့်အတွက်တော့ ရန်ကုန်ပါးစပ် နန်းလတ်သုပ်ဆိုဒ်က အနေတော်ပဲ..🫢 နန်းပြားသုပ်ဆိုလည်း အိအိထွေးထွေးလေးနဲ့ စားကောင်းတယ်.. ပြီးတော့ ကြက်၊ ဝက်၊ ငါးဖယ်အပြင် နံရိုး၊ တုတ်ထိုး၊ အမဲကြောနဲ့ပါ ရသေးတာ ရွေးစရာအစုံအလင်..

အစပ်ကြိုက်တဲ့သူဆို ငရုတ်သီးများများနဲ့ ရှယ်သုပ်ပေးထားတဲ့ ရှူးရှဲအရသာလေးပြောင်းစား..

မနက်စာထဲမှာ ရှမ်းလိုင်းထဲကဆို တိုဟူးနွေး၊ ရှမ်းခေါက်ဆွဲ၊ ရှမ်းထမင်းချဉ်တွေ..
ဗမာဆန်ဆန် ထမင်းဖြူပူပူလေးနဲ့ ဝက်ဆီဖတ်ကြော်သုပ်၊ တုတ်ထိုးသုပ်စပ်စပ်လေးတွေလည်း ရသေးတာ..🔥

ဒီလို ခိုတောင်မုန့်တီနဲ့ မန်းလေးမြီးရှည်အရသာကောင်းကောင်းစားချင်ရင် ၁ပွဲ ၅၀၀၀ လောက်ရင်းပြီးသွားစားကြည့်..လျှာစည်းစိမ်ထပ်ခံချင်ရင်တော့ ၃၅၀၀တန် မလိုင်လက်ဖက်ရည်ပါ အပိုသောက်ခဲ့ပေါ့..👀

🕥 ဆိုင်ဖွင့်ချိန် : 7:00 AM - 5:00 PM
☎️ ဖုန်း : 09 766888865
🏠 အမှတ် ၉၉၁ (မြေညီထပ်)၊ ဝေဇယန္တာလမ်း နှင့် မေတ္တာလမ်းထောင့်၊ မေတ္တာလမ်းမပေါ်၊ တောင်ဥက္ကလာ။

#မနက်စာ #မုန့်တီ #မြီးရှည်

ရန်ကုန်ရဲ့ နာမည်ကြီး သံပြားပူ teppanyaki တွေ၊ sushi နဲ့ ramen မီနူးအစုံရပြီး ဂျပန်ဝတ်စုံလှလှလေးပါ ဖရီးဝတ်လို့ရမယ့်နေရာ.....
22/05/2026

ရန်ကုန်ရဲ့ နာမည်ကြီး သံပြားပူ teppanyaki တွေ၊ sushi နဲ့ ramen မီနူးအစုံရပြီး ဂျပန်ဝတ်စုံလှလှလေးပါ ဖရီးဝတ်လို့ရမယ့်နေရာ..👘🍱

ဒီဆိုင်ကလေ ဂျပန်အစားအစာတွေတင်မိုက်တာမဟုတ် အပြင်အဆင်ကအစ Japanese theme နဲ့ ဂျပန်ဝတ်စုံတွေပါဝတ်ပြီး အလှဓာတ်ပုံလာရိုက်လို့ရတဲ့နေရာမျိုး..‼️

ဆိုင်ကလည်း ပေါ့သေးသေးတော့မဟုတ်.. ရန်ကုန်မှာ သက်တမ်းကြာဖွင့်ထားတဲ့ Legendary ဂျပန်ဆိုင်ကြီးထဲကတစ်ခု.. ပုလဲကွန်ဒိုထဲက “38 Station Teppanyaki” ဆိုရင် မသိသူမရှိ..😉

ဒီဆိုင်ရဲ့ဆယ်လီဟင်းပွဲကတော့ အငွေ့တထောင်းထောင်းနဲ့ လာချပေးတဲ့ Hot Plate သံပြားပူကြီးပဲ.. သူတို့ပေးတဲ့ ဆော့စ်ကို ထမင်းပေါ်ရှဲကနဲလောင်းထည့်၊ ပြီးရင် ပူပူနွေးနွေး ထမင်းနဲ့အနှစ်လေးနယ်ပြီး အသားလွှာအိအိလေးနဲ့စား ရှယ်မိုက်.. နေ့လည်စာဆို ဒီလို ထမင်းဟင်း portion တစ်ပွဲနဲ့တင် အိုကေတယ်.. 🫕

ဆူရှီကြိုက်တဲ့သူဆို အယ်စတုံဆိုဒ်နဲ့ တစ်ဝကြီးစားရမယ့် ၇ မျိုးပါတဲ့ Sushi set သာမှာချ..
salmon, tuna, mayo နဲ့ egg roll တွေအစုံပါတာ ၁ပွဲဆီမှာစားတာထက် ဒီလို set လိုက်ဆို များများပါပြီး ပိုတန်တယ်.. 🍣

ပြီးတော့ ဆိုင်ရောက်ရင် Ramen ကလည်းမပါမဖြစ်.. Ramen က ၇ မျိုးလောက်ရှိတာ အခုဟာက ပူပူစပ်စပ်အရသာလေး.. creamy type ကြိုက်ရင် အသစ်ထွက်ထားတဲ့ Tan Tan Ramen စားခဲ့ကြည့်.. 🍜

တစ်မျိုးတည်းမှာပြီး ပွဲတော်တည်သလို ဟင်းအစုံနဲ့စားချင်ရင်တော့ Yakiniku Set သာမှာလိုက်။ အဲ့မှာက ပုစွန်ကင်မွှေးမွှေးလေးရယ်၊ ရေဘဝဲသုပ်၊ ဒိုရီးငါးကင်အစပ်လေးနဲ့ ဆဲလ်မွန်ကင်ကို ဆော့စ်အချိုဆမ်းပေးထားတဲ့ ဟင်း ၄မျိုးရယ်၊ အာလူးထောင်းဆိမ့်ဆိမ့်လေးပါ ပါတာ တစ်မျိုးနဲ့တင် ချိုချဉ်ငံစပ်အရသာအစုံနဲ့ထိထိမိမိလေး။ အဲ့ set က ထမင်းနဲ့ဆို ၂ယောက်ရှဲစားလို့ရတယ်..🍱

ကင်ချီ၊ ဆဲလ်မွန်၊ တိုဖူးနဲ့ အပ်မှိုလေးတွေပါတဲ့ ဟင်းရည်ဆို ချဉ်ပြုံးပြုံးလေးနဲ့ အခုလိုမိုးအေးအေးနဲ့တအားလိုက်တာ..🫕

အချိုပွဲကတော့ တော်ရုံဆိုင်တွေမှာမရတဲ့ ချိစ်ရေခဲမုန့်လေး ပျစ်နှစ်ပြီး ချိစ်အရသာဆိမ့်ဆိမ့်လေးနဲ့ ကောင်းမွန်သောနော် 🍨

သူ့ရဲ့ legendary dish အငွေ့တထောင်းထောင်းနဲ့ သံပြားပူတွေ၊ sushi roll အမိုက်စားတွေစားချင်ရင် “38 Station” မှာသွားစားကြည့်..

⏰ဆိုင်ဖွင့်ချိန် - 11:00 AM - 9:00 PM
☎️ဖုန်း - 09880768657
📍 G17 ,ကမ္ဘာအေးဘုရားလမ်း ,ပုလဲကွန်ဒို, ရန်ကုန်မြို့။

ဗဟန်း ဆရာစံလမ်းကတော့ ခု ညထမင်းကြော် နဲ့ဟင်းအစုံဆိုင်ပါ ထပ်တိုးပြီး ပိုစည်နေပြီ...🔥😋ညဘက်ဗိုက်ဆာတဲ့သူတွေစားဖို့ ဆရာစံမှာ ည...
21/05/2026

ဗဟန်း ဆရာစံလမ်းကတော့ ခု ညထမင်းကြော် နဲ့ဟင်းအစုံဆိုင်ပါ ထပ်တိုးပြီး ပိုစည်နေပြီ...🔥😋

ညဘက်ဗိုက်ဆာတဲ့သူတွေစားဖို့ ဆရာစံမှာ ညထမင်းကြော် ပူပူလေးကို ဟင်းအစုံနဲ့ရောင်းတဲ့ဆိုင်...♨️

ရန်ကုန် က တော့ ညဘက်ထိ ညထမင်းကြော်ဆိုင်တွေ အပြည့်နဲ့ ဖြစ်နေပြီ...🫢

ဒါက ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့် District တို့ ရွှေပုစွန်တို့နားက ဇော်ဂျီ တီးဟောက်စ် အသစ်မှာ ညထမင်းကြော် ကို ဟင်းအစုံနဲ့ရောင်းနေတာ...

အစက မနက် ၇ နာရီကနေ ညနေ ၃ ထိပဲ ဖွင့်တာကနေ ခု ညနေ ၄ ကနေ ည ၁၁ နာရီထိကို ထမင်းကြော်၊ မုန့်ဟင်းခါးနဲ့ ဆိတ်စွပ်တွေရတာ။ ရှယ်ပဲ..

ထမင်းကြော် ပူပူလေးမှာရင် ချဉ်ပေါင်ကြော်၊ ငါးပိသုပ်၊ ဟင်းချိုနဲ့ ချပေးတယ်။

ကျန်တာ ဟင်းတွေ အများကြီးထဲက ကြိုက်ရာရွေးစား။ ဟင်းတွေအကုန် ဆီသန့်၊ Chef လက်ရာ၊ သန့်သန့်ရှင်းရှင်းစားရတယ်။

ဘာဟင်းတွေရလဲဆို...

👉ကြက်ကြော်
👉ကြက်ပေါင်း
👉ဝက်ချို
👉ဝက်စပ်
👉ကြက်အူချောင်း / ဝက်အူချောင်း
👉ငါးခူကြော် / ငါးကျည်းကြော်
👉ဘဲဥပေါင်း / ဘဲဥငံပြာရည်ချက်
👉ကြက်အူချက်
👉အမဲနှပ်
👉အသီးရွက်ကြော်
👉အမဲကြော်
👉ဝက်သားကြော် အစုံလင်ပဲ။

ဈေးတွေကတော့ အစားစားပဲ။ ထမင်းကြော်က ပူပူလေး ကြော်လှော်ထားတော့ လာမယ့်မိုးရာသီမှာ မိုးအေးအေးလေးနဲ့ ဆွဲလို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။

သူ့မုန့်ဟင်းခါးလည်း ဆိုင်စဖွင့်တည်းက နာမည်ကြီးတယ်။ မုန့်ဟင်းခါးလည်း ညထိ စားချင်သူတွေ အဲ့မှာ စားလို့ရတယ်။ အကြော်၊အိုးဘဲဥ၊ ငါးဖယ်လေးနဲ့ အားရပါးရစား ညဘက်စားရတဲ့မုန့်ဟင်းခါး က တခါတလေပိုမြိန်တယ်။

ကဲ...ညဘက်ဗိုက်ဆာတဲ့သူတွေ ည ၁၁ နာရီထိ ဆရာစံမှာ ထမင်းကြော် နဲ့ဟင်းအစုံရယ် ၊မုန့်ဟင်းခါးရယ် ဆွဲလို့ရပြီနော်..🤤

“Zawgyi Tea House”
ဆိုင်ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီထိ ။
☎️ ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴
🏠လိပ်စာ -အမှတ် ၄၄ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#ညထမင်းကြော်

မော်လမြိုင် ရေစိမ်မုန့်ဟင်းခါး၊ အကြော်စုံ၊ သင်္ကြန်ထမင်း၊ အာပုံ အကုန်ရတဲ့ ရန်ကုန်ရဲ့ သက်တမ်းရှည် နာမည်ကြီးဆိုင်...😋🔥ဒီလေ...
17/05/2026

မော်လမြိုင် ရေစိမ်မုန့်ဟင်းခါး၊ အကြော်စုံ၊ သင်္ကြန်ထမင်း၊ အာပုံ အကုန်ရတဲ့ ရန်ကုန်ရဲ့ သက်တမ်းရှည် နာမည်ကြီးဆိုင်...😋🔥

ဒီလောက်ဆို အစားသမား အကုန်သိလောက်ပြီ...ပါရမီ အေဒီမီးပွိုင့်နားက ဟီးထနေတဲ့ ဒီဆိုင်ကြီးပဲ...🥳

မနက် ၆ နာရီတည်းက ဖွင့်တယ်။ ညနေ ၅ နာရီ ထိပဲ ရောင်းတယ်။

ဒီဆိုင်မှာ အဓိက ရောင်းတာ ၂ မျိုးတည်း။ မနက်စာ အစုံလင်၊ ဒင်းဆမ်းနဲ့ မော်လမြိုင်စာတွေနဲ့...

နေ့လည်စာ ထမင်း Set အမျိုး ၂၀ ခေါင်းမူးအောင်ရွေးရမယ့် Set တွေရယ်၊ ထမင်းကြော်တွေ၊ ခေါက်ဆွဲကြော် ဘာညာ ဗိုက်ဝတဲ့အစားစာပွဲကြီးတွေ...

ဒီဆိုင် နာမည်ကြီးတာက ...
👉နေ့တိုင်းရောင်းတဲ့ မော်လမြိုင် ရေစိမ် မုန့်ဟင်းခါး
👉ဖယောင်းရည်ထမင်း၊ သရက်သီးကြော် နဲ့ စားရတဲ့ သင်္ကြန်ထမင်းရယ်
👉မော်လမြိုင် အကြော်စုံနဲ့ အချဉ်ရည်ရယ်
👉ဘိတ်စာ အာပုံ နဲ့ တခြား အစားစာတွေ က သူ့ဆိုင် ရဲ့ signature ပဲ။ မော်လမြိုင်စာ ကြိုက်တဲ့သူတွေ စားကိုစားရမယ့်ဆိုင်။

နောက်ပြီး ပူရီ၊ တိုရှည် အစုံရတယ်။ ဆီချက်ခေါက်ဆွဲ၊ကြာဆံကို နံရိုးပေါင်း၊ ဝက်လက် နဲ့ရှယ်ရတယ်။

ကော်ရည်၊ ကွေ့တီယို၊ ဝက်သား/ကြက်သားလိပ်၊ အသားပေါင်း၊ ပေါက်စီ နဲ့ ဒင်းဆမ်းတွေကအစ ရတယ်။ ဈေးတွေက ၄ထောင်လောက်ကနေစတယ်။🔥

မလိုင်ဖတ်ခဲပျစ်နေတဲ့ စီလုံတီး၊ နှပ်ကော်ဖီ၊ လက်ဖက်ရည် အကုန် စုံစိနေတာပဲ။☕️

မနက် ၆ နာရီ ဆိုင်ဖွင့်ကာစ ကနေ ၉-၁၀ နာရီလောက်ထိ လူကအပြည့်။ နေ့တိုင်းကို စည်တာ။

ဒါပေမယ့် မဖြစ်မနေစားရမှာက နေ့လည်စာတွေ...

👉ပန်းသေးခေါက်ဆွဲကို ကြက်ပေါင်ကြီးနဲ့...
👉မလေးရှား ခေါက်ဆွဲကြော်က စပ်စပ်ရဲရဲ
👉ထမင်း နဲ့ ဝက်လက် ချဉ်စပ်ဟင်း
👉ဝက်ခေါက်ကြွပ်ကြော် ထမင်းပေါင်း တို့လို ထမင်း Set တွေဆို ပန်းကန်အကြီးကြီး ပွဲအကြီးကြီးကိုမှ ဈေး ၁၀,၀၀၀ ဝန်းကျင်တွေပဲ။

အဲ့လို ထမင်း Set တွေချည်း အမျိုး ၂၀ နီးပါးရှိတယ်။ မနက်စာတင်မက နေ့လည်စာပါ ရွေးစမ်းပဲ။

ပြီးတော့ သူ့ဆိုင်မှာ အချိုတည်းဖို့ စတော်ဘယ်ရီနဲ့ ကူဖီးရေခဲချောင်းရှယ်ကောင်းတယ်။ တချောင်းမှ ၃,၀၀၀ တဲ့။ ဒီရေခဲချောင်းလေးတွေ အချိုတည်းခဲ့။🍦

ပြီးရင် ဘိတ်ဒေသစာလေးတွေ ငါးပိ၊ ငံပြာရည်တွေ၊ ယိုလေးတွေ၊ ခေါက်မုန့် တို့လို မုန့်လေးတွေ တခါတည်း ဝယ်လို့ရတယ်။

ပြောရရင် သူ့တဆိုင်တည်းနဲ့တင် အကုန်စုံနေတာ။ ထူးခြားချက်က မနက်စာနဲ့ နေ့လည်စာ၊ ညနေစာထိပဲ။ ညနေ ၅ နာရီထိပဲ ဖွင့်တာ။

ကဲ...ဒီဆိုင်ကတော့ လူတိုင်းသိမယ် ထင်တယ်။ မော်လမြိုင်စာတွေနဲ့ အရမ်း နာမည်ကြီးတဲ့ "Kaung Thant Food Centre" တဲ့…

ရန်ကုန်က လူတွေ ဒါမျိုး ဒေသစာဆိုင်တွေမှာ စားရတာ နိုင်ငံခြားရောက်နေတဲ့သူတွေ တကယ် သရေကျရတဲ့ ကံကောင်းမှုပဲ...ရန်ကုန်မှာနေတယ်ဆို သွားစားကြပါလို့...🥹🥹🥹

ဆိုင်ဖွင့်ချိန် - မနက် ၆:၀၀ - ညနေ ၅:၀၀ နာရီ
📍လိပ်စာ - အမှတ် (၈)၊ ပါရမီလမ်းမပေါ် (၆) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (AD မီးပွိုင့် နှင့် RC 2 အနီး၊ အင်းယားလေးကန်ရှေ့)
Delivery - 🚚 Foodpanda 🚚
☎️ : 09441444552

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eat with Sengผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Eat with Seng:

ทางลัด

แชร์