22/08/2023
🥕 မုန်လာဥနီလေးတွေကို စားတော့စားဖြစ်နေတယ်.. ဒါပေမယ့်..ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာကော သတိထားမိကြရဲ့လား...🐭🥕🥕
အမရာငြိမ်းရဲ့ မုန်လာဥ ဆနွင်းမကင်းမှာ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုထားတဲ့ မုန်လာဥနီရဲ့ ကျန်းမာရေးအကျိုးပြုပုံ ( ၅ ) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
1️⃣ မုန်လာဥနီဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။
- မုန်လာဥနီမှာ သူ့သဘာဝအရသာ အချိုဓာတ်တွေရှိနေပေမယ့် ဆီးချိုရောဂါကို ကာကွယ်ကုသနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တယ်လို့ 𝙁𝙤𝙤𝙙 𝙖𝙣𝙙 𝙉𝙪𝙩𝙧𝙞𝙩𝙞𝙤𝙣 𝙎𝙘𝙞𝙚𝙣𝙘𝙚𝙨 ရဲ့ အစီရင်ခံစာအရသိရပါတယ်။
လိမ္မော်ရောင်ရှိတဲ့ သူရဲ့သဘာဝ အရောင်နဲ့ Fiber ဓာတ်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ဆိုပါတယ်။
2️⃣ မုန်လာဥနီဟာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။
- ကယ်လိုရီ ဓာတ်ပါဝင်မှုနည်းပါးပြီး ဖိုက်ဘာဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် မုန်လာဥနီကို သတ်မှတ်နည်းလမ်းအတိုင်း စားသုံးပေးခြင်းက အဝလွန်ခြင်း ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
3️⃣ မုန်လာဥနီဟာ ဦးနှောက် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
- 𝙉𝙪𝙩𝙧𝙞𝙚𝙣𝙩𝙨 ရဲ့ ၂၀၂၁ အစီရင်ခံစာအရ မုန်လာဥနီမှာပါဝင်တဲ့ Lutein ဓာတ်ဟာ မှတ်ဉာဏ်ယိုယွင်းပျက်စီးခြင်းနှင့် Eye Tissue တွေထိခိုက်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။
4️⃣ ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
- Antioxidants ဓာတ် တွေကြွယ်ဝစွာ ပါဝင်တဲ့ မုန်လာဥနီဟာ အဆုတ်၊ ဆီးကျိတ် နှင့် သွေး ကင်ဆာဖြစ်နိုင်ချေတွေကို ဆန့်ကျင် တိုက်ထုတ်ပေးပါတယ်။
5️⃣ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
- မုန်လာဥနီမှာ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင် Cနှင့် ဗီတာမင် A တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် သဘာဝကိုယ်ခံစွမ်းအင် မြှင့်တင်ဖို့ သဘာဝမုန်လာဥရဲ့ အာနိသင်ကို အသုံးပြုနိုင်ပါတယ်။
◾ဒီလိုမျိုး ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေတဲ့ ဆေးဖက်ဝင် သဘာဝမုန်လာဥနီကို အခြေခံပြီး ပြုလုပ်ထားတဲ့....
🥕 အမရာငြိမ်းရဲ့ '' မုန်လာဥ ဆနွင်းမကင်း '' လေးတွေကို အကောင်းမွန်ဆုံးအရသာ ၊ အသန့်ရှင်းဆုံး ရိုးရာမုန့်လေးတွေအဖြစ် ရရှိနိုင်ပါတယ်နော်။ ✅
#အမရာငြိမ်း
#ဆနွင်းမကင်း
#မုန်လာဥ
#ကျန်းမာရေး
#မြန်မာမုန့် #ချင်းမိုင်