Padonmar House ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Padonmar House, บริการจัดส่งอาหาร, Chiang Mai.

သင်္ကြန်မုန့်ဟင်းခါးနာမည်ကျော် ချင်းမိုင်သင်္ကြန် ရဲ့ မနက်ခင်းတိုင်း မှာ ပဒုမ္မာမုန့်ဟင်းခါး ရရှိနိုင်မှာဖြစ်ပါတယ်။ ပွဲအ...
11/04/2023

သင်္ကြန်မုန့်ဟင်းခါး
နာမည်ကျော် ချင်းမိုင်သင်္ကြန် ရဲ့ မနက်ခင်းတိုင်း မှာ ပဒုမ္မာမုန့်ဟင်းခါး ရရှိနိုင်မှာဖြစ်ပါတယ်။ ပွဲအရေအတွက် အကန့်အသတ်ရှိလို့ ကြိုတင်မှာယူထားတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။

အလွတ် = ၆၀ ဘတ်
ပဲကြော် = ၁၀ ဘတ်
အိုးဘဲဥ = ၁၅ ဘတ်
ငါးဖယ်ကြော် = ၁၅ ဘတ်
ပဒုမ္မာအိမ်
#ချင်းမိုင် #မုန့်ဟင်းခါး #ချင်းမိုင်သင်္ကြန် #ပဒုမ္မာအိမ်

ပွဲ ၃၀၊ ၃ နာရီ မုန့်ဟင်းခါးတရက်ပွဲ (၃၀) ဘဲချက်ပြီး မနက် (၉) ကနေ (၁၂) နာရီအထိ ၃ နာရီအတွင်းသာ ရနိုင်တဲ့ ပဒုမ္မာအိမ်ရဲ့ အိမ...
03/04/2023

ပွဲ ၃၀၊ ၃ နာရီ မုန့်ဟင်းခါး

တရက်ပွဲ (၃၀) ဘဲချက်ပြီး မနက် (၉) ကနေ (၁၂) နာရီအထိ ၃ နာရီအတွင်းသာ ရနိုင်တဲ့ ပဒုမ္မာအိမ်ရဲ့ အိမ်ချက်မုန့်ဟင်းခါး ကို တနင်္လာနေ့ကနေ့ သောကြာနေ့အထိ မှာယူနိုင်ပါပြီ။

ပဒုမ္မာမုန့်ဟင်းခါး စားပြီးပြီလား ???
14/03/2023

ပဒုမ္မာမုန့်ဟင်းခါး စားပြီးပြီလား ???

ပဒုမ္မာမုန့်ဟင်းခါးဝေဖန်အကြံပြုချက်အားလုံးကို နွေးထွေးစွာကြိုဆိုအပ်ပါတယ်။ပဒုမ္မာအိမ်
13/03/2023

ပဒုမ္မာမုန့်ဟင်းခါး
ဝေဖန်အကြံပြုချက်အားလုံးကို နွေးထွေးစွာကြိုဆိုအပ်ပါတယ်။

ပဒုမ္မာအိမ်

ပဒုမ္မာ မုန့်ဟင်းခါးပဒုမ္မာမုန့်ဟင်းခါးကို လာမယ့် တနင်္လာနေ့ (၁၃၊ ၃၊ ၂၀၂၃) ရက်နေ့ကနေစတင်ပြီး နံနက် ၉ နာရီကနေ နေ့လယ်၂ နာရ...
11/03/2023

ပဒုမ္မာ မုန့်ဟင်းခါး
ပဒုမ္မာမုန့်ဟင်းခါးကို လာမယ့် တနင်္လာနေ့ (၁၃၊ ၃၊ ၂၀၂၃) ရက်နေ့ကနေစတင်ပြီး နံနက် ၉ နာရီကနေ နေ့လယ်၂ နာရီ အထိ နေရာအရောက်ပို့ဆောင်ပေးတဲ့စနစ်နဲ့ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အခုကနေစပြီး ကြိုတင်အော်ဒါမှာယူထားနိုင်ပါတယ်။

မုန့်ဟင်းခါး အလွတ်တပွဲ ၆၀ ဘတ်
ငါးဖယ်ကြော် ၁၅ ဘတ်
အိုးဘဲဥ ၁၅ ဘတ်
ပဲကြော် ၁၀ ဘတ်

Padonmar Mohinga!
Order Now!
We are making it easier than ever to enjoy our Mohinga by bringing it straight to your doorstep. Our door-to-door delivery services are available for orders placed between 9:00 am to 2:00 pm, Monday to Friday. You can simply place your order by calling us or sending us a message through our page, mobile phone, email, or line account, and we'll take care of the rest.

Mohinga +++ 60 THB
Fish Cake +++ 15 THB
Boiled Egg +++ 15 THB
Fried Crispy Bean +++ 10 THB

Padonmar House
[email protected]
Padonmar House page Messenger
+66 0623713725
#မုန့်ဟင်းခါး #ချင်းမိုင် #ပဒုမ္မာအိမ် #ပဒုမ္မာမုန့်ဟင်းခါး

Padonmar Mohinga!As Asian cuisine continues to gain popularity around the world, one dish is standing out as a potential...
10/03/2023

Padonmar Mohinga!
As Asian cuisine continues to gain popularity around the world, one dish is standing out as a potential contender for the next big thing in noodle soups - Mohinga.

Originating from Myanmar, Mohinga is a traditional noodle soup made with fish broth, lemongrass, ginger, and an array of aromatic herbs and spices. It is typically served with a hard-boiled egg, crispy fritters, and a generous squeeze of lime juice.

We are thrilled to announce that Padonmar House now offers door-to-door delivery services for our delicious Mohinga. Our commitment to our customers is to provide a seamless and convenient experience, which is why we are introducing this new service.

At Padonmar House, we take great pride in our traditional Mohinga recipe, which has been passed down through generations of our family. We only use the freshest ingredients and authentic spices to create a rich and flavorful broth, which is combined with rice noodles and topped with crispy fried fritters and tender chunks of fish.

Now, we are making it easier than ever to enjoy our Mohinga by bringing it straight to your doorstep. Our door-to-door delivery services are available for orders placed between 9:00 am to 2:00 pm, Monday to Friday. You can simply place your order by calling us or sending us a message through our page, mobile phone, email, or line account, and we'll take care of the rest.

With Padonmar House's new door-to-door delivery services, you can savor our delicious Mohinga in the comfort of your own home or office. Our delivery team will ensure that your food arrives fresh and hot, ready to be enjoyed.

At Padonmar House, we are committed to providing our customers with exceptional service and high-quality food. If you have any special requests or dietary requirements, please let us know, and we'll do our best to accommodate your needs.

Thank you for choosing Padonmar House, and we can't wait to deliver our mouthwatering Mohinga to your doorstep soon!

Padonmar House
[email protected]

ပဒုမ္မာ မုန့်ဟင်းခါး (Padonmar Mohinga)CNN သတင်းဌာန က ရွေးချယ်တဲ့ အာရှအကောင်းတုံး ဟင်းရည်တွေထဲ စာရင်းဝင်သွားပြီးဖြစ်တဲ့ ...
07/03/2023

ပဒုမ္မာ မုန့်ဟင်းခါး (Padonmar Mohinga)
CNN သတင်းဌာန က ရွေးချယ်တဲ့ အာရှအကောင်းတုံး ဟင်းရည်တွေထဲ စာရင်းဝင်သွားပြီးဖြစ်တဲ့ မုန့်ဟင်းခါး (Mohinga) ကို နှစ်ပေါင်း ၁၀၀ ကျော် မျိုးဆက် ၃ ဆက် လက်ဆင့်ကမ်းလာတဲ့ နည်းစနစ်အတိုင်းချက်မယ့် ပဒုမ္မာမုန့်ဟင်းခါးကို လာမယ့် ၁၃.၄.၂၀၂၃ ရက်နေ့ကနေ စတင်ပြီး ပဒုမ္မာအိမ် က နေရောင်းချပေးတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်
ပဒုမ္မာအိမ်
#မုန့်ဟင်းခါး #ချင်းမိုင် #ပဒုမ္မာမုန့်ဟင်းခါး

ပဒုမ္မာအိမ် ရဲ့ “Cheaper Bowl” အစီအစဉ်ပဒုမ္မာအိမ် ချိုင့်ဆွဲရဲ့ Signature အမှတ်အသား ဝက်သားနီအလှူချက် ပါဝင်လာမယ့် အသင့်စာ...
15/02/2023

ပဒုမ္မာအိမ် ရဲ့ “Cheaper Bowl” အစီအစဉ်

ပဒုမ္မာအိမ် ချိုင့်ဆွဲရဲ့ Signature အမှတ်အသား ဝက်သားနီအလှူချက် ပါဝင်လာမယ့် အသင့်စား အစားအစာ “Cheaper Bowl” အစီအစဉ်ကို ပဒုမ္မာအိမ် ကနေ လူကြီးမင်းတို့အတွက် မကြာခင် ဝန်ဆောင်မှု စတင်ပေးတော့မှာဖြစ်ပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေ အခြေခံအလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေ၊ ရွေ့ပြောင်းလုပ်သားတွေ စတဲ့ လူတန်းစားအားလုံးစားသုံးနိုင်တဲ့ စျေးနှုန်းနဲ့ အိမ်အရောက် ရောင်းချပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ပဒုမ္မာအိမ် ရဲ့ “Cheaper Bowl” အစီအစဉ်သစ် တွေ့ဆုံပွဲတွေ၊ အစည်းအဝေးတွေ၊ သင်တန်းတွေ၊ မိတ်ဆုံစားပွဲတွေ အပြင် အလှူအတန်းလုပ်လိုသူတွေအတွက်ပါ အထူးသင့်လျော်မှာဖြစ်ပါတယ်။

#ဝက်သားနီချက်
မြန်မာအစားအစာတွေမှာ “အသီးမှာသရက်၊ အရွက်မှာလက်ဘက်၊ အသားမှာဝက်” ဆိုပြီး အသားနဲ့ ပတ်သက်ရင် ဝက်သားကို ထိပ်ဆုံးကထားပြီးပြောလေ့ရှိကြပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ အလှူပွဲလမ်းသဘင်တွေမှာ အဓိကထားပြီး ကျွေးမွေးဧည့်ခံကြတဲ့ အစားအစာလည်း ဖြစ်ပါတယ်။

"Caramelized Pork Curry"
In Burmese cuisine, there is a saying that "Mango is the best fruit, tea leaf is the best leaf, and, when it comes to meat, pork is at the top." Pork is also the dish that is mainly served in Burmese traditions and at charity events.

#ချင်းမိုင် #အိမ်ချက်လက်ရာ #ပဒုမ္မာအိမ် #ဝက်သားနီချက် #ချင်းမိုင်မြို့ #အသင့်စားအစားအစာ

ပဒုမ္မာအိမ် ချိုင့်ဆွဲ ကို ဘာကြောင့် မှာစားရမှာလဲ ?????ချင်းမိုင်မြို့မှာ ဆိုင်တွေအများကြီးရှိနေရဲ့သားနဲ့ ပဒုမ္မာအိမ် ချ...
04/02/2023

ပဒုမ္မာအိမ် ချိုင့်ဆွဲ ကို ဘာကြောင့် မှာစားရမှာလဲ ?????

ချင်းမိုင်မြို့မှာ ဆိုင်တွေအများကြီးရှိနေရဲ့သားနဲ့ ပဒုမ္မာအိမ် ချိုင့်ဆွဲ ကိုဘာကြောင့်မှာစားရမှာဆိုတဲ့ မေးခွန်းကို ချင်းမိုင်မြို့မှာ ပထမဆုံး အိမ်ချက်လက်ရာ မြန်မာအစားအစာ ချိုင့်ဆွဲ ဝန်ဆောင်မှုကို ပေးနေတဲ့ ပဒုမ္မာအိမ် က လူကြီးမင်းတို့အတွက် နွေးထွေးစွာဖြေဆိုပေးလိုက်ပါတယ်။

(၁) အိမ်ချက်လက်ရာစစ်စစ်ဖြစ်လို့ပါ။
အိမ်ချက်လက်ရာစစ်စစ်ဆိုတာ အမတန်ရိုးရှင်းစွာချက်ပြုထားသလို ဟင်းပွဲတွေဟာလည်း နေ့စဉ်၊ အပတ်စဉ်ပြောင်းလဲနေတာကြောင့် စားသုံးသူတွေအနေနဲ့ ငြီးငွေ့မသွားတော့ပါဘူး။

(၂) ဘယ်မှာမှဝယ်စားလို့မရတဲ့ ဟင်းပွဲတွေပါဝင်လို့ပါ။
အိမ်ချက်လက်ရာစစ်စစ်ဆိုတာ ချက်ပြုတ်တဲ့ပုံစံတစ်ခုထဲတင်မဟုတ်ပဲ၊ အပြင်ဆိုင်တွေမှာ ဝယ်စားလို့မရတဲ့ အထူးဟင်းပွဲတွေ ပဒုမ္မာအိမ်ချိုင့်ဆွဲမှာ ပါဝင်တာဖြစ်ပါတယ်။

(၃) မစားတဲ့အသားငါးကိုကြိုပြောထားလို့ရလို့ပါ။
ပဒုမ္မာအိမ် ဟာ ရောင်းသူ၊ ဝယ်သူဆက်ဆံရေး ပုံစံမျိုးမဟုတ်ပဲ ပဒုမ္မာအိမ် က ချက်ထားတဲ့ အိမ်ချက် လက်ရာတွေကို မိသားစု၊ မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ အတူသုံးဆောင်နိုင်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါကြောင့် မစားတဲ့ အသား၊ ငါး ရင်ကြိုတင်ပြောကြားထားလို့ရပါတယ်။ ပဒုမ္မာအိမ် ဟာ စားသုံးသူ တစ်ယောက်ခြင်းစီတိုင်းနဲ့ အဆင်ပြေနေအောင် ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

(၄) အဟာရတန်ဖိုးတွက်ချက်ထားလို့ပါ။
စားသုံးသူတွေ အဟာရမျှတစေဖို့ အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ် စတဲ့အဟာရတန်ဖိုးတွေ တွက်ချက်ပေးထားသလို နေ့စဉ် ပို့ဆောင်ပေးနေတဲ့ ဟင်းပွဲတွေမှာ အချို၊အချဉ်၊အငံ၊အဖန်၊အစပ်၊အခါး စတဲ့ အရသာအတွဲအစပ်အပြင် အရောင်အတွဲအစပ်ကိုပါ ထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်။

(၅) ကျန်းမာရေးနဲ့ညီညွှတ်အောင်ချက်ပြုတ်ထားလို့ပါ။
ပဒုမ္မာအိမ် ဟာ မြန်မာအစားအစာတွေကိုချက်ပြုနေတာဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်မျှတစေဖို့ နေကြာဆီ ကိုသာ အနည်းငယ်အသုံးပြုတာဖြစ်သလို ဟိမဝန္တာတောင်တန်းကလာတဲ့ ပန်းရောင်ဆား နဲ့ ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ကြက်သားဟင်းလျာတွေအားလုံးအတွက် အိမ်ကြက်စစ်စစ် ကိုသာ အသုံးပြုမှာဖြစ်ပါတယ်။

(၆) ခရီးထွက်ရင် ရက်အစားပြန်ရလို့ပါ။
ပဒုမ္မာအိမ် ရဲ့ အိမ်ချက်လက်ရာ ချိုင့်ဆွဲကို ၁ ပတ်စာ၊ ၂ ပတ်စာ နဲ့ ၁ လစာ ဆိုပြီး သုံးမျိုးခွဲမှာ ယူနိုင်ပါတယ်။ အစီအစဉ်အားလုံးမှာ တနင်္ဂနွေနေ့ ပါဝင်မှာမဟုတ်ပဲ၊ တနင်္လာနေ့ ကနေ စနေနေ့ အထိသာ အကြုံးဝင်မှာဖြစ်ပါတယ်။ ၁ ပတ်ကို ၆ ရက် နဲ့ သတ်မှတ်ပြီး ၂ ပတ်ဟာ ၁၂ ရက် ဖြစ်သလို ၁ လကို ၂၆ ရက် ဒါမှမဟုတ် ၂၇ ရက် ပုံစံမျိုးနဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ (၁) လစာအစီအစဉ်မှာ ယူထားတဲ့ လူကြီးမင်းတို့အနေနဲ့ အသုံးမပြုတဲ့ရက်ကို (၃) လအတွင်းသိမ်းဆည်းထားနိုင်တာကြောင့် ခရီးထွက်ရင်လည်း ရက်အစားပြန်ရတာဖြစ်ပါတယ်။

လူကြီးမင်းအနေနဲ့ လာမယ့် ဖေဖဝါရီလ (၆) ရက်နေ့ ကနေ (၁၁) ရက်နေ့အထိ တစ်ပတ်စာဟင်းလျာတွေနဲ့အတူ ပဒုမ္မာအိမ်ရဲ့ ချိုင့်ဆွဲ အစီအစဉ်ကို ဆက်လက်ဖတ်ရှု့နိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို Padonmar House page Messenger ကနေ အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

ပဒုမ္မာအိမ် ရဲ့ ချိုင့်ဆွဲ အစီအစဉ်
လူတစ်ယောက်စာအတွက် (Single Plan)
(၁) အသားဟင်း (၂) မျိုး၊ အသီးအရွက် (၁) မျိုး၊ ထမင်းဖြူ တစ်ယောက်စာ
၁ ပတ်စာအတွက် = ၁၉၉၉ ဘတ်
၂ ပတ်စာအတွက် = ၂၉၉၉ ဘတ်
၁ လစာအတွက် = ၄၉၉၉ ဘတ်

လူနှစ်ယောက်စာအတွက် (Couple Plan)
(၁) အသားဟင်း (၂) မျိုး၊ အသီးအရွက် (၁) မျိုး၊ ထမင်းဖြူ သုံးယောက်စာ
၁ ပတ်စာအတွက် = ၃၉၉၉ ဘတ်
၂ ပတ်စာအတွက် = ၅၉၉၉ ဘတ်
၁ လစာအတွက် = ၇၉၉၉ ဘတ်

ဘယ်လိုပို့ဆောင်ပေးမှာလဲ? ပို့ဆောင်ခပေးရမှာလား?

ပဒုမ္မာအိမ် ရဲ့ မြန်မာအစားစာ အိမ်ချက်လက်ရာစစ်စစ်တွေကို နံနက် ၁ဝ ခွဲ ကနေ ၁၁ နာရီ ခွဲအတွင်း မိတ်ဆွေတို့ပေးပို့ထားတဲ့ လိပ်စာအတိုင်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
၁ ပတ်စာအတွက် = ပို့ဆောင်ခ မြို့တွင်း ဘတ် ၃၀၀၊ မြို့ပြင် ဟန်တုံး ဘတ် ၅၀၀။
၂ ပတ်စာအတွက် = ပို့ဆောင်ခ မြို့တွင် အခမဲ့၊ မြို့ပြင် ဟန်တုံး ဘတ် ၅၀၀။
၁ လစာအတွက် = ပိုဆောင်ခ မြို့တွင် အခမဲ့၊ မြို့ပြင် ဟန်တုံး ဘတ် ၅၀၀။
ပဒုမ္မာအိမ် ရဲ့ ချိုင့်ဆွဲအစီအစဉ်အားလုံးကို မိတ်ဆွေဖတ်ပြီးပြီဆိုရင်တော့ အခုပဲလင့်ကို နိုပ်ပြီး အော်ဒါ တင်လိုက်လို့ရပါပြီ။

https://docs.google.com/.../1dAPOpG34p9FctwUwL0.../edit...
ပဒုမ္မာအိမ်
#ချင်းမိုင် #အိမ်ချက်လက်ရာ #ပဒုမ္မာအိမ် #ဝက်သားပုန်းရည်ကြီး #ပုစွန်လုံးမုန်လာပင်ပေါက်ချဉ်ရည် #ဘဲဥကုလားပဲသီးစုံ #ဝက်နံရိုးမျှစ်ချဉ် #ချိုင့်ဆွဲ

တစ်ပတ်စမ်းစားကြည့်မယ်ပဒုမ္မာဟောက်စ် အိမ်ချက်ချိုင့်ဆွဲမှာယူသူများအတွက် တစ်ပတ်စာ စားဖွယ်များ(၃၀.၁.၂၀၂၃ ရက်နေ့ မှ ၄.၂.၂၀၂၃...
01/02/2023

တစ်ပတ်စမ်းစားကြည့်မယ်
ပဒုမ္မာဟောက်စ် အိမ်ချက်ချိုင့်ဆွဲမှာယူသူများအတွက် တစ်ပတ်စာ စားဖွယ်များ
(၃၀.၁.၂၀၂၃ ရက်နေ့ မှ ၄.၂.၂၀၂၃ နေ့အထိ)

တနင်္လာနေ့ (၃၀.၁.၂၀၂၃)
ကြက်သားအာလူး
တောဘဲဥကြော်နှပ်
ပဲနီလေးဟင်းချို

အင်္ဂါနေ့ (၃၁.၁.၂၀၂၃)
ဝက်သားပုန်းရည်ကြီး
ငါးကြင်းဆီပြန်
ပဲသီးကြော်

ဗုဒ္ဓဟူးနေ့ (၁.၂.၂၀၂၃)
အိမ်ကြက်ကာလသားချက်
ဝက်သားခရမ်းသီးနှပ်
ပုစွန်ခြောက်ခရမ်းချဉ်သီးငပိချက်

ကြာသပတေးနေ့ (၂.၂.၂၀၂၃)
ဝက်နံရိုးမျှစ်ချဉ်ဟင်း
ပုစွန်လုံးကြော်
ပဲပင်ပေါက်ပဲပြား

သောကြာနေ့ (၃.၂.၂၀၂၃)
အမဲသားအာလူး
ဘဲဥကုလားပဲသီးစုံဟင်း
ပန်းဂေါ်ဖီကြော်

စနေနေ့ (၄.၂.၂၀၂၃)
ဝက်သားနီချက်
ငါးကြင်းကြော်နှပ်
ကန်စွန်းရွက်ချဉ်ရည်

မှတ်ချက်။ ။ မစားတဲ့အသားငါးအပေါ်မှုတည်ပြီး ဟင်းအပြောင်းအလဲအနည်းငယ်ရှိနိုင်ပါတယ်။ တို့စရာနဲ့ငရုတ်သီးဆားထောင်းပူးတွဲပါရှိမှာဖြစ်ပါတယ်။ အစားအစာများပို့ဆောင်ချိန်မှာ နံနက် ၁၀ : ၃၀ မှာ ၁၁ : ၃၀ အတွင်းဖြစ်ပါတယ်။

ပဒုမ္မာအိမ် ချိုင့်ဆွဲ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်ကြတဲ့မိတ်ဆွေအားလုံးကို ပဒုမ္မာအိမ် ကနေကြိုဆိုလိုက်ပါတယ်။ သန့်ရှင်းလတ်ဆပ်ပြီး မြန်မာအစားအစာအိမ်ချက်လက်ရာစစ်စစ်တွေကို လူကြီးမင်းတို့ အခန်းရှေ့ အရောက် ပဒုမ္မာအိမ် က ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့ချက်ပြုတ်မှာလဲ ???
ပဒုမ္မာအိမ် က ချက်ပြုတ်မယ့်အစားအစာပုံစံမှာ ရိုးရှင်းတဲ့အိမ်ချက်လက်ရာ ပုံစံမျိုးဖြစ်ပါတယ်။ ကြက်သားဟင်းလျာတွေအားလုံးအတွက် အိမ်ကြက် ကိုသာ အသုံးပြုမှာဖြစ်သလို ငါးဟင်းလျာ တွေအတွက် ငါးဖယ်စစ်စစ် ကိုသာအသုံးပြုမှာဖြစ်ပါတယ်။ ဟင်းချက်ဆီအတွက် နေကြာဆီ ကို အသုံးပြုမှာ ဖြစ်ပါတယ်။ မြန်မာအစားအစာတွေကိုချက်ပြုမှာဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ် မျှတစေဖို့ ဆီ အနည်းငယ် ကိုသာအသုံးပြုမှာဖြစ်သလို ဟိမဝန္တာတောင်တန်းကလာတဲ့ ပန်းရောင်ဆား နဲ့ ချက်ပြုတ်မှာဖြစ်ပါတယ်။ တို့စရာနဲ့ငရုတ်သီးဆားထောင်း အခမဲ့ပါဝင်မှာဖြစ်ပါတယ်

ဘယ်လိုမှာယူနိုင်မလဲ ???
ပဒုမ္မာအိမ် ရဲ့ အိမ်ချက်လက်ရာ ချိုင့်ဆွဲကို ၁ ပတ်စာ၊ ၂ ပတ်စာ နဲ့ ၁ လစာ ဆိုပြီး သုံးမျိုးခွဲမှာ ယူနိုင်ပါတယ်။ အစီအစဉ်အားလုံးမှာ တနင်္ဂနွေနေ့ ပါဝင်မှာမဟုတ်ပဲ၊ တနင်္လာနေ့ ကနေ စနေနေ့ အထိသာ အကြုံးဝင်မှာဖြစ်ပါတယ်။ ၁ ပတ်ကို ၆ ရက် နဲ့ သတ်မှတ်ပြီး ၂ ပတ်ဟာ ၁၂ ရက် ဖြစ်သလို ၁ လကို ၂၆ ရက် ပုံစံမျိုးနဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ (၁) လစာအစီအစဉ်မှာယူထားတဲ့ မိတ်ဆွေတွေ ဟာ သင်တို့ရဲ့ အသုံးမပြုရသေးတဲ့ရက်ကို (၃) လ အတွင်းသိမ်းဆည်းထားနိုင်တာ ကြောင့် လိုအပ်ချက်ကြောင့် ခရီးထွက်ရရင်တောင် ရက်အစားပြန်ရမှာ မလို စိတ်ပူစရာမလိုတော့ ဘူးပေါ့နော်။

ပဒုမ္မာအိမ် ဟာ မိတ်ဆွေတွေနဲ့ ရောင်းသူ၊ ဝယ်သူဆက်ဆံရေး ပုံစံမျိုးမဟုတ်ပဲ ပဒုမ္မာအိမ် က ချက်ထားတဲ့ အိမ်ချက်လက်ရာတွေကို မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ အတူသုံးဆောင် ကြမယ့်ပုံစံဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတွေမစားတဲ့ အသား၊ ငါး ရှိခဲ့ပါက ကြိုတင်ပြောကြားထားလို့ရပါတယ်။ ပဒုမ္မာအိမ် ဟာ မိတ်ဆွေ တစ်ယောက်ခြင်းစီနဲ့ သင့်တော်ကိုက်ညီမယ့် အစားအသောက်ပုံစံမျိုး ဝန်ဆောင်မှုပေး နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ပဒုမ္မာအိမ် ရဲ့ ချိုင့်ဆွဲ အစီအစဉ်

လူတစ်ယောက်စာအတွက် (Single Plan)
(၁) အသားဟင်း (၂) မျိုး၊ အသီးအရွက် (၁) မျိုး၊ ထမင်းဖြူ တစ်ယောက်စာ
၁ ပတ်စာအတွက် = ၁၉၉၉ ဘတ်
၂ ပတ်စာအတွက် = ၂၉၉၉ ဘတ်
၁ လစာအတွက် = ၄၉၉၉ ဘတ်

လူနှစ်ယောက်စာအတွက် (Couple Plan)
(၁) အသားဟင်း (၂) မျိုး၊ အသီးအရွက် (၁) မျိုး၊ ထမင်းဖြူ သုံးယောက်စာ
၁ ပတ်စာအတွက် = ၃၉၉၉ ဘတ်
၂ ပတ်စာအတွက် = ၅၉၉၉ ဘတ်
၁ လစာအတွက် = ၇၉၉၉ ဘတ်

ဘယ်လိုပို့ဆောင်ပေးမှာလဲ? ပို့ဆောင်ခပေးရမှာလား?
ပဒုမ္မာအိမ် ရဲ့ မြန်မာအစားစာ အိမ်ချက်လက်ရာစစ်စစ်တွေကို နံနက် ၁ဝ ခွဲ ကနေ ၁၁ နာရီ ခွဲအတွင်း မိတ်ဆွေတို့ပေးပို့ထားတဲ့ လိပ်စာအတိုင်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

၁ ပတ်စာအတွက် = ပို့ဆောင်ခ မြို့တွင်း ဘတ် ၃၀၀၊ မြို့ပြင် ဟန်တုံး ဘတ် ၅၀၀။
၂ ပတ်စာအတွက် = ပို့ဆောင်ခ မြို့တွင် အခမဲ့၊ မြို့ပြင် ဟန်တုံး ဘတ် ၅၀၀။
၁ လစာအတွက် = ပိုဆောင်ခ မြို့တွင် အခမဲ့၊ မြို့ပြင် ဟန်တုံး ဘတ် ၅၀၀။

ပဒုမ္မာအိမ် ရဲ့ ချိုင့်ဆွဲအစီအစဉ်အားလုံးကို မိတ်ဆွေဖတ်ပြီးပြီဆိုရင်တော့ အခုပဲလင့်ကို နိုပ်ပြီး အော်ဒါ တင်လိုက်လို့ရပါပြီ။ ပဒုမ္မာအိမ် က နွေးထွေးစွာ ကြိုဆိုပါတယ်။

https://docs.google.com/forms/d/1dAPOpG34p9FctwUwL0-KCprV-2G9rJD8hssc2mMxy7Q/edit

ပဒုမ္မာအိမ်
#ချင်းမိုင် #အိမ်ချက်လက်ရာ #ပဒုမ္မာအိမ် #ဝက်သားပုန်းရည်ကြီး #ပုစွန်လုံးမုန်လာပင်ပေါက်ချဉ်ရည် #ဘဲဥကုလားပဲသီးစုံ #ဝက်နံရိုးမျှစ်ချဉ် #ချိုင့်ဆွဲ

23/01/2023

ပဒုမ္မာအိမ် အိမ်ချက်ချိုင့်ဆွဲ
(၂၃.၁.၂၀၂၃ ရက်နေ့ မှ ၂၈.၁.၂၀၂၃ နေ့အထိ)

၂၃.၁.၂၀၂၃ တနင်္လာနေ့
ဝက်သားပုန်းရည်ကြီးချက်
တောဘဲဥကြော်
ပဲနီလေးဟင်းချို

၂၄.၁.၂၀၂၃ အင်္ဂါနေ့
အိမ်ကြက်ဆီလည်ရေလည်
ငါးကြင်းကြော်
ကန်စွန်းရွက်ချဉ်ရည်ဟင်း

၂၅.၁.၂၀၂၃ ဗုဒ္ဓဟူးနေ့
ဝက်သားမျှစ်ချဉ်ဟင်း
အိမ်ကြက်ကြွပ်ကြော်
ပဲသီးကြော်

၂၆.၁.၂၀၂၃ ကြာသပတေးနေ့
ပုစွန်ထုတ်ဆီပြန်
တောဘဲဥရုံးပဒေသီးချဉ်ရည်
ပန်းဂေါ်ဖီကြော်

၂၇.၁.၂၀၂၃ သောကြာနေ့
အိမ်ကြက်ကာလသားချက်
ဝက်သားကြော်
ကြက်မြစ်အစိမ်းကြော်

၂၈.၁.၂၀၂၃ စနေနေ့
ပုစွန်လုံးမုန်လာပင်ပေါက်ချဉ်ရည်
ဝက်သားအာလူးချက်
ပဲပင်ပေါက်ပဲပြားကြော်

မှတ်ချက်။ ။ မစားတဲ့အသားငါးအပေါ်မှုတည်ပြီး ဟင်းအပြောင်းအလဲအနည်းငယ်ရှိနိုင်ပါတယ်။ တို့စရာနဲ့ငရုတ်သီးဆားထောင်းပူးတွဲပါရှိမှာဖြစ်ပါတယ်။ အစားအစာများပို့ဆောင်ချိန်မှာ နံနက် ၁၀ : ၃၀ မှာ ၁၁ : ၃၀ အတွင်းဖြစ်ပါတယ်။ မှာယူတဲ့အတွက် ပဒုမ္မာအိမ်မှ ကျေးဇူးတင် ရှိပါတယ်။
ပဒုမ္မာအိမ် ချိုင့်ဆွဲ

ဆေးခြောက်ကြက်ကာလသားချက်ဟင်းပဒုမ္မာအိမ် ကနေ ချင်းမိုင်မြို့မှာ ပထမဆုံးအနေနဲ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကြက်ကာလသ...
19/01/2023

ဆေးခြောက်ကြက်ကာလသားချက်ဟင်း
ပဒုမ္မာအိမ် ကနေ ချင်းမိုင်မြို့မှာ ပထမဆုံးအနေနဲ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကြက်ကာလသားချက်ဟင်း ဖြစ်ပါတယ်။ အိမ်ကြက်စစ်စစ်ကို မြန်မာဘူးသီးနုနု နဲ့ အတူ ၁ ဂရမ်မှာ ဆေးခြောက် ၂၆% ပါဝင်တဲ့ ဆေးခြောက်အမျိုးအစားကို အသုံးပြုပြီး ချက်ပြုတ်မှာဖြစ်ပါတယ်။ အပတ်စဉ် သောကြာနေ့ညတိုင်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ကြိုတင်အော်ဒါတင်ဖို့လိုအပ်ပါတယ်။ အသက် ၁၈ နှစ်အောက်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကျောင်းသူကျောင်းသားများကို ပဒုမ္မာအိမ်က ရောင်းချမှာ မဟုတ်ပါဘူး။

နှစ်ယောက်စာ တစ်ပွဲ ၁၉၉ ဘတ်
ပို့ဆောင်ခ ဘတ် ၅၀
ပို့ဆောင်ချိန် ညနေ ၅ နာရီမှ ၆ နာရီ အတွင်း

ကြိုတင်မှာယူသူများအတွက်သာ
လင့်ကိုနိုပ်ပြီး အော်ဒါမှာယူဖို့စာရင်းသွင်းလိုက်ပါ
https://docs.google.com/forms/d/e/1FAIpQLScK0o7NPlvhtPBSKnF1I0lnxUK51r7cIsmr8wgi3vhfNs2PNA/viewform

ပဒုမ္မာအိမ်
#ချင်းမိုင် #အိမ်ချက်လက်ရာ #ပဒုမ္မာအိမ် #ကြက်ကာလသားချက် #ဆေးခြောက် #ကြက်ဘူးသီး #ဆေးခြောက်ကြက်ကာလသားချက် #ချိုင့်ဆွဲ

ပဒုမ္မာအိမ် ရဲ့ ချိုင့်ဆွဲ အစီအစဉ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်ကြတဲ့မိတ်ဆွေအားလုံးကို ပဒုမ္မာအိမ် ကနေကြိုဆိုလိုက်ပါတယ်။ သန့်ရှင်းလတ်ဆပ်ပြီး မြန်မာအစားအစာအိမ်ချက်လက်ရာစစ်စစ်တွေကို လူကြီးမင်းတို့ အခန်းရှေ့ အရောက် ပဒုမ္မာအိမ် က ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့ချက်ပြုတ်မှာလဲ ???
ပဒုမ္မာအိမ် က ချက်ပြုတ်မယ့်အစားအစာပုံစံမှာ ရိုးရှင်းတဲ့အိမ်ချက်လက်ရာ ပုံစံမျိုးဖြစ်ပါတယ်။ ကြက်သားဟင်းလျာတွေအားလုံးအတွက် အိမ်ကြက် ကိုသာ အသုံးပြုမှာဖြစ်သလို ငါးဟင်းလျာ တွေအတွက် ငါးဖယ်စစ်စစ် ကိုသာအသုံးပြုမှာဖြစ်ပါတယ်။ ဟင်းချက်ဆီအတွက် နေကြာဆီ ကို အသုံးပြုမှာ ဖြစ်ပါတယ်။ မြန်မာအစားအစာတွေကိုချက်ပြုမှာဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ် မျှတစေဖို့ ဆီ အနည်းငယ် ကိုသာအသုံးပြုမှာဖြစ်သလို ဟိမဝန္တာတောင်တန်းကလာတဲ့ ပန်းရောင်ဆား နဲ့ ချက်ပြုတ်မှာဖြစ်ပါတယ်။ တို့စရာနဲ့ငရုတ်သီးဆားထောင်း အခမဲ့ပါဝင်မှာဖြစ်ပါတယ်

ဘယ်လိုမှာယူနိုင်မလဲ ???
ပဒုမ္မာအိမ် ရဲ့ အိမ်ချက်လက်ရာ ချိုင့်ဆွဲကို ၁ ပတ်စာ၊ ၂ ပတ်စာ နဲ့ ၁ လစာ ဆိုပြီး သုံးမျိုးခွဲမှာ ယူနိုင်ပါတယ်။ အစီအစဉ်အားလုံးမှာ တနင်္ဂနွေနေ့ ပါဝင်မှာမဟုတ်ပဲ၊ တနင်္လာနေ့ ကနေ စနေနေ့ အထိသာ အကြုံးဝင်မှာဖြစ်ပါတယ်။ ၁ ပတ်ကို ၆ ရက် နဲ့ သတ်မှတ်ပြီး ၂ ပတ်ဟာ ၁၂ ရက် ဖြစ်သလို ၁ လကို ၂၆ ရက် ပုံစံမျိုးနဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ (၁) လစာအစီအစဉ်မှာယူထားတဲ့ မိတ်ဆွေတွေ ဟာ သင်တို့ရဲ့ အသုံးမပြုရသေးတဲ့ရက်ကို (၃) လ အတွင်းသိမ်းဆည်းထားနိုင်တာ ကြောင့် လိုအပ်ချက်ကြောင့် ခရီးထွက်ရရင်တောင် ရက်အစားပြန်ရမှာ မလို စိတ်ပူစရာမလိုတော့ ဘူးပေါ့နော်။

ပဒုမ္မာအိမ် ဟာ မိတ်ဆွေတွေနဲ့ ရောင်းသူ၊ ဝယ်သူဆက်ဆံရေး ပုံစံမျိုးမဟုတ်ပဲ ပဒုမ္မာအိမ် က ချက်ထားတဲ့ အိမ်ချက်လက်ရာတွေကို မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ အတူသုံးဆောင် ကြမယ့်ပုံစံဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတွေမစားတဲ့ အသား၊ ငါး ရှိခဲ့ပါက ကြိုတင်ပြောကြားထားလို့ရပါတယ်။ ပဒုမ္မာအိမ် ဟာ မိတ်ဆွေ တစ်ယောက်ခြင်းစီနဲ့ သင့်တော်ကိုက်ညီမယ့် အစားအသောက်ပုံစံမျိုး ဝန်ဆောင်မှုပေး နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

လူတစ်ယောက်စာအတွက် (Single Plan)
အသားဟင်း (၂) မျိုး၊ အသီးအရွက် (၁) မျိုး၊ ထမင်းဖြူ တစ်ယောက်စာ၊ တို့စရာ+ငရုပ်သီးဆားထောင်း
၁ ပတ်စာအတွက် = ၁၉၉၉ ဘတ်
၂ ပတ်စာအတွက် = ၂၉၉၉ ဘတ်
၁ လစာအတွက် = ၄၉၉၉ ဘတ်

လူနှစ်ယောက်စာအတွက် (Couple Plan)
အသားဟင်း (၂) မျိုး၊ အသီးအရွက် (၁) မျိုး၊ ထမင်းဖြူ သုံးယောက်စာ၊ တို့စရာ+ငရုပ်သီးဆားထောင်း
၁ ပတ်စာအတွက် = ၃၉၉၉ ဘတ်
၂ ပတ်စာအတွက် = ၅၉၉၉ ဘတ်
၁ လစာအတွက် = ၇၉၉၉ ဘတ်

(တစ်လစာအတွက် မြို့တွင်းအခမဲ့ပို့ဆောင်ပေးသလို မယူဖြစ်တဲ့ရက်တွေအတွက် ၃ လအတွင်း အစားထိုးပြန်ယူနိုင်မှာဖြစ်ပါတယ်။ တစ်ပတ်စာ၊ နှစ်ပတ်စာလည်းမှာယူနိုင်ပါတယ်။)
ဖုန်း +၆၆ ၀၆၂၃၇၁၃၇၂၅
Facebook Messenger နဲ့ [email protected] ကနေလည်း ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်။

ချင်းမိုင်မြို့ရဲ့ ပထမဆုံး
ပဒုမ္မာအိမ် ချိုင့်ဆွဲ

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Padonmar Houseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Padonmar House:

แชร์