Seven Dwarfs - cnx

Seven Dwarfs - cnx အကောင်းဆုံးလက်ရာ - အကောင်းဆုံးဝန်ဆောင်မှု

ဆိုင်ထိုင်စား ယာယီပိတ်ထားပေမယ့် အိမ်ထိလာစားကြတဲ့မိတ်ဆွေတွေ၊ ပါဆယ်ဆွဲကြသူတွေကြောင့် လူပုလေး ၇ ယောက်တို့က ခုထိစင်ပေါ်ကပါပဲ...
26/02/2024

ဆိုင်ထိုင်စား ယာယီပိတ်ထားပေမယ့် အိမ်ထိလာစားကြတဲ့မိတ်ဆွေတွေ၊ ပါဆယ်ဆွဲကြသူတွေကြောင့် လူပုလေး ၇ ယောက်တို့က ခုထိစင်ပေါ်ကပါပဲ🤍 အားလုံးကို ကျေးဇူးတင်တယ်ရှင့် 🥰

ဒီနေ့ (၂၆.၂.၂၀၂၄) အတွက် Menu ကတော့

ငါးဒုက္ခ - ၂၀၀ ဘတ်
ဝက်နံရိုးမီးတောက် - ၁၂၀ ဘတ်
ဝက်နံရိုးကင် - ၅၀ ဘတ်
ဖားကြော် - ၅၀ ဘတ်
မာလာအကင်သုပ် - ၅၀ ဘတ်

ည ၆ - ၁၂ အတွင်း အိမ်အရောက် Delivery fees သက်သက်သာသာနဲ့ ပို့ပေးနေပါပြီနော်။
Page messenger ကနေ ကြိုမှာထားလို့ရပါပြီရှင့်။

#လူပုလေး၇ယောက် #ငါးဒုက္ခ

တစ်ပတ်လုံးမှာမှ စနေ တနင်္ဂနွေ (၂) ရက်ပဲရနိုင်တဲ့ “ရန်ကုန်ညထမင်းကြော်”ရန်ကုန်မြို့ရဲ့ ညနက်တွေမှာ ဘော်ဒါတွေနဲ့အတူ လမ်းဘေးဆ...
25/02/2024

တစ်ပတ်လုံးမှာမှ စနေ တနင်္ဂနွေ (၂) ရက်ပဲရနိုင်တဲ့ “ရန်ကုန်ညထမင်းကြော်”

ရန်ကုန်မြို့ရဲ့ ညနက်တွေမှာ ဘော်ဒါတွေနဲ့အတူ လမ်းဘေးဆိုင်လေးမှာစားခဲ့ဖူးတဲ့ ထမင်းကြော်နဲ့ ဟင်းမျိုးစုံအရသာလေးလွမ်းနေကြသူတွေအတွက် အမှတ်တရတွေပြန်လည်ခေါ်ဆောင်ပေးမယ့် Seven Dwarfs- လူပူလေး ၇ ယောက်ရဲ့ “ရန်ကုန်ညထမင်းကြော်”လာပါပြီ။

ည ၆ နာရီကနေ ၁၁ နာရီအတွင်း ချင်းမိုင်မြို့၊ ဟန်တုန်းမြို့နယ်ထဲက လူပုလေး ၇ ယောက်အိမ်မှာ ဘော်ဒါတွေနဲ့ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်လို့ရသလို delivery လည်း မှာလို့ရပါတယ်။ အိမ်လိပ်စာအသေးစိတ်ကိုတော့ page messenger မှာ လာတောင်းပေးပါနော်။

ရန်ကုန်ညထမင်းကြော်နဲ့ တွဲစားလို့ရမယ့်ဟင်းတွေကတော့ 👇🏻

- ဝက်ချိုချက်
- ငါးကြော်နှပ်
- အမဲနှပ်ဆီပြန်
- ကြက်ဥဆီပြန်
- ကြက်ဥကြော်
- မျှစ်ရခိုင်ချက်

ဈေးနှုန်းကတော့

ပုံစား (ထမင်းကြော် + အသားဟင်း + အရံဟင်း + ငရုပ်သီးကြော် + ကြက်သွန်သုပ်) = ၅၀ ဘတ်

ထမင်းကြော် = ၁၀ ဘတ်
အသားဟင်း = ၅၀ ဘတ်
အရံဟင်း = ၃၀ ဘတ်

ရန်ကုန်ညထမင်းကြော်အပြင် စားဖူးသူတိုင်းထပ်မှာစားဖြစ်ကြတဲ့ Signature Menu “ငါးဒုက္ခဟင်း” ကိုလည်း တစ်ကောင် ၂၀၀ ဘတ်နဲ့ ရောင်းပေးနေပါတယ်ရှင့်။

#လူပုလေး၇ယောက် #ရန်ကုန်ညထမင်းကြော် #ငါးဒုက္ခ #မာလာ

“အိမ်လွမ်းနာ မဟုတ်တဲ့ ရန်ကုန်ညထမင်းကြော်လွမ်းနာ”အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေတိုင်းမှာ ရောင်းပေးနေပါပြီ။ တွဲစားလို့ရမယ့်ဟ...
23/02/2024

“အိမ်လွမ်းနာ မဟုတ်တဲ့ ရန်ကုန်ညထမင်းကြော်လွမ်းနာ”

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေတိုင်းမှာ ရောင်းပေးနေပါပြီ။ တွဲစားလို့ရမယ့်ဟင်းတွေကတော့ 👇🏻

- ဝက်ချိုချက်
- ကြက်ခြောက်စပ်ကြော်
- အမဲနှပ်ဆီပြန်
- ငါးကြော်နှပ်
- ကြက်ဥဆီပြန်
- ကြက်ဥကြော်
- အာလူးကြော်နှပ်
- မျှစ်ကြော်
- ပဲပင်ပေါက်ကြော်

စနေ၊ တနင်္ဂနွေ ည ၆ နာရီကနေ ၁၁ နာရီအတွင်း ဘော်ဒါတွေနဲ့ပျော်ပျော်ပါးပါး လူပုလေး ၇ ယောက်အိမ်မှာ လာစားလို့ရသလို delivery လည်း မှာလို့ရပါပြီဗျ။

#ရန်ကုန်ညထမင်းကြော် #ငါးဒုက္ခ #လူပုလေး၇ယောက်

Seven Dwarfs-လူပုလေး ၇ ယောက်က ဆိုင်ထိုင်စား ယာယီပိတ်ထားပေမယ့် အော်ဒါဆက်တိုက်လက်ခံနေပြီး အိမ်အရောက် Delivery စနစ်နဲ့ပို့ပ...
23/02/2024

Seven Dwarfs-လူပုလေး ၇ ယောက်က ဆိုင်ထိုင်စား ယာယီပိတ်ထားပေမယ့် အော်ဒါဆက်တိုက်လက်ခံနေပြီး အိမ်အရောက် Delivery စနစ်နဲ့ပို့ပေးနေပါတယ်ရှင့်။ ရင်းနှီးတဲ့မိတ်ဆွေတွေကိုတော့ service အပြည့်နဲ့ အိမ်မှာဝိုင်းထောင်ပေးနေပါတယ်နော်။ messenger မှာ ကြိုတင် booking လုပ်ယုံပါပဲ။

ယနေ့ မှာယူနိုင်သော အစားအစာများ
- ငါးဒုက္ခ (၂၀၀ ဘတ်)
- ဝက်နံရိုးမီးတောက် (၁၂၀ ဘတ်)
- ဝက်နံရိုးကင် (၅၀ ဘတ်)
- ဖားကြော် (၅၀ ဘတ်)
- မာလာအကင်သုပ် (၅၀ ဘတ်)
- မာလာအကင် (၅/၁၀ ဘတ်)

#လူပုလေး၇ယောက် #ချင်းမိုင်ညဈေး #မာလာ #ငါးဒုက်ခ #ဖားကျွော #ဝကျဂုတျသားကငျ

ရန်ကုန်မှာနေတုန်းက အလုပ်က ဝန်ကြီးများရုံးဘေးကပ်လျက်တင်ဆိုတော့ ညနေအလုပ်ဆင်းတာနဲ့ ၃၄ လမ်းဘက်သွားပြီး မာလာအကင်သုပ်ရောင်းတဲ့...
19/02/2024

ရန်ကုန်မှာနေတုန်းက အလုပ်က ဝန်ကြီးများရုံးဘေးကပ်လျက်တင်ဆိုတော့ ညနေအလုပ်ဆင်းတာနဲ့ ၃၄ လမ်းဘက်သွားပြီး မာလာအကင်သုပ်ရောင်းတဲ့ လမ်းဘေးဆိုင်လေးမှာ တိုးဝှေ့ပြီးဝယ်စားနေကြ။ ခုချင်းမိုင်မှာနေတာကြာလာတော့ ငတ်နေတဲ့အစားအစာထဲမှာ အဲဒါကလည်း တစ်မျိုးအပါအဝင်ပဲ။ ထုံချိုင်း/လုချင်းအလုံးမျိုးစုံအကြော်ကို Spicy အနှစ်နဲ့ မာလာအမှုန့်ရောပြီးနယ် Mayonnaise (မယိုးနိစ်) အပေါ်ကဆန်းစားရတဲ့အရသာလေးက ဘယ်တော့မှ မေ့မရနိုင်သော။ ဆလပ်ရွက်နဲ့ထုပ်စားရင်လည်း တစ်မျိုးလေး ကောင်းပြန်ရော။ ဒီမှာက မာလာအကင်တွေ နေရာတိုင်းနီးပါးမှာရပေမယ့် မာလာအကင်သုပ်ရတဲ့နေရာကတော့ သိပ်ပြီးမတွေ့မိတော့ လွမ်းနေကြလောက်မယ့်သူတွေအတွက် Seven Dwarfs- လူပုလေး ၇ ယောက်ဆိုင်က “မာလာအကင်သုပ်” menu လေး ထပ်တိုးပေးထားကြောင်း လက်တို့လိုက်ပြီနော်။

ယနေ့ (၁၉.၂.၂၀၂၄) ရနိုင်သောအစားအစာများ

ငါးဒုက္ခ - 200 baht
ဖားကြော် - 50 baht
မာလာကင်သုပ် - 50 baht
မာလာအကင် - 5/ 10 baht

page messenger မှာစာပို့ပြီး အိမ်အရောက် ငွေချေစနစ်နဲ့ ဝယ်ယူလို့ရပါပြီရှင့်။ 🤍

#လူပုလေး၇ယောက် #မာလာ #ချင်းမိုင်ညဈေး #ချင်းမိုင် #ဖားကြော်

📣 ဆိုင်ထိုင်စား ယာယီပိတ်ထားပေမယ့် အိမ်အရောက် ပါဆယ်စနစ်အတွက် Sunday Special Menu ရှိတယ်နော်။ရရှိနိုင်သောအစားအစာများ 👇🏻👇🏻င...
18/02/2024

📣 ဆိုင်ထိုင်စား ယာယီပိတ်ထားပေမယ့် အိမ်အရောက် ပါဆယ်စနစ်အတွက် Sunday Special Menu ရှိတယ်နော်။

ရရှိနိုင်သောအစားအစာများ 👇🏻👇🏻

ငါးဒုက္ခ - 200 baht
ဖားကြော် - 50 baht
ဝက်နံရိုးကင် - တပွဲ 50 baht
ဝက်နံရိုးမီးတောက် - 120 baht
ကြက်ခြောက်စပ် - 40 baht
မာလာကင်သုပ် - 50 baht
မာလာအကင် - 5/ 10 baht

page messenger မှာစာပို့ပြီး အိမ်အရောက် ငွေချေစနစ်နဲ့ ဝယ်ယူလို့ရပါပြီရှင့်။ 🤍🤍🤍

‼️Announcement ‼️Anusarn Market မှာဖွင့်ထားတဲ့ Seven Dwarfs- လူပုလေး ၇ ယောက်ဆိုင်ကို နေရာအပြောင်းအရွှေ့ရှိမှာဖြစ်လို့ ယာယ...
17/02/2024

‼️Announcement ‼️
Anusarn Market မှာဖွင့်ထားတဲ့ Seven Dwarfs- လူပုလေး ၇ ယောက်ဆိုင်ကို နေရာအပြောင်းအရွှေ့ရှိမှာဖြစ်လို့ ယာယီပိတ်ထားပေမယ့် “ငါးဒုက္ခနဲ့ မာလာအကင်” ကိုတော့ Order လက်ခံနေပြီး အိမ်အရောက် ပို့ဆောင်ပေးနေဆဲ ဖြစ်ပါတယ်။
တချို့ရက်တွေမှာ Special Menu အသစ်တွေထပ်တိုးဖို့ရှိလို့ Page ကို Like & Follow လုပ်ထားပေးကြပါနော်။ 🥰
ဆိုင်ပြန်ဖွင့်မယ့် ရက်နဲ့ နေရာကိုလည်း မကြာခင် Page ကနေ ပြန်အသိပေးသွားမှာဖြစ်လို့ လတ်တလောတော့ ပါဆယ်စနစ်နဲ့ပဲ ဆက်လက်အားပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။🤍🤍🤍

ဈေးနှုန်းကတော့ 👉🏻 ငါးဒုက္ခ - ၂၅၀ ဘတ် (ဆိုင်စဖွင့်တဲ့ ပထမလ promotion 20% off ရှိတဲ့အတွက်၂၀၀ ဘတ် နဲ့ ရပါမယ်ရှင့်) ၊ မာလာအကင်စုံ - ၅/ ၁၀ ဘတ်

#ငါးဒုက္ခ #လူပုလေး၇ယောက် #မာလာ #ချင်းမိုင်ညဈေး #ချင်းမိုင်

16/02/2024

ငါးကင်/ ငါးကြော်တွေကို ပုံမှန်ဆို အချဉ်ရည်နဲ့တွဲစားကြပေမယ့် Seven Dwarfs- လူပုလေး ၇ ယောက်ဆိုင်က “ငါးဒုက္ခဟင်း”ကတော့ ငါးဗိုက်ထဲမှာ အစာသွပ်ထားတဲ့ ဟင်းခပ်ရွက်အနှစ် မွှေးမွှေးလေးနဲ့တွဲစားရတဲ့ အဆင်းရောအချင်းပါ တမူထူးခြားနေတဲ့ ငါးဟင်းလေးဖြစ်ပါတယ်။🔥🔥🔥
အစ အလယ် အဆုံး စေတနာပါပါနဲ့ ဂရုတစိုက်ချက်ထားတဲ့ ရှမ်းစတိုင် အိမ်ချက်လက်ရာစစ်စစ်ဖြစ်လို့ မစားဖူးတာ မဖြစ်ရလေအောင် ခုပဲ messenger မှာစာပို့ပြီး Order တင်လိုက်ပါနော်။ 👉🏻✉️
“ငါးဒုက္ခ” မူရင်းရောင်းဈေး ၂၅၀ ဘတ်ကို ဖေဖော်ဝါရီ လကုန်အထိ ၂၀% (၂၀၀ ဘတ်) နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။
‼️လတ်တလော ဆိုင်ထိုင်စားပိတ်ထားပြီး delivery စနစ်နဲ့ပဲ ရောင်းချပေးနေတာကိုတော့ နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။‼️🙏🏼

(ငါးဒုက္ခဟင်း ချက်နေစဉ်အတွင်း ရိုက်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။)

Valentine’s Day နေ့က စိတ်မကောင်းစွာနဲ့ပဲ ဆိုင်ပိတ်ထားရတော့ Seven Dwarfs- လူပုလေး ၇ ယောက်ဆိုင်ရဲ့ “ငါးဒုက္ခဟင်း” မျှော်နေ...
15/02/2024

Valentine’s Day နေ့က စိတ်မကောင်းစွာနဲ့ပဲ ဆိုင်ပိတ်ထားရတော့ Seven Dwarfs- လူပုလေး ၇ ယောက်ဆိုင်ရဲ့ “ငါးဒုက္ခဟင်း” မျှော်နေကြမယ့်သူတွေအတွက် ဒီနေ့တော့ Order ပြန်လက်ခံနေပါပြီ။

ဆိုင်ထိုင်စားတာကို လတ်တလောနားထားပေမယ့် ဈေးသက်သက်သာသာနဲ့ အိမ်အရောက် delivery ရှိတော့ ညကြစားဖို့ ခုပဲ messenger ကနေ လာမှာထားလိုက်တော့နော်။

“ငါးဒုက္ခ” မူရင်းရောင်းဈေး ၁ ကောင် ၂၅၀ ဘတ်ဆိုပေမယ့် ဖေဖော်ဝါရီလကုန်အထိ ၂၀% လျော့ဈေး (၂၀၀ ဘတ်) နဲ့ရမယ့် promotion အစီအစဉ်ရှိနေမယ်နော်။🤍

ကိုဗစ်ကာလ မတိုင်ခင်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ ရုံးပိတ်ရက်လိုနေ့မျိုးမှာ ဆုံကြတဲ့အခါ ဘီယာဆိုင်ကနေ အိမ်ကို မပြန်ခင...
14/02/2024

ကိုဗစ်ကာလ မတိုင်ခင်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ ရုံးပိတ်ရက်လိုနေ့မျိုးမှာ ဆုံကြတဲ့အခါ ဘီယာဆိုင်ကနေ အိမ်ကို မပြန်ခင် လမ်းဘေးထမင်းကြော်ဆိုင်လေးတစ်ခုမှာ ဝင်စားလေ့ရှိကြတယ်။ ကျွန်တော်ကတော့ ထမင်းကြော်ဆိုရင် ဝက်ချိုလေးနဲ့ အရမ်းကြိုက်တာ၊ ငရုပ်သီးထောင်းနဲ့ ကြက်သွန်နီအချဉ်လေးနဲ့ဆို အရမ်းလိုက်ဖက်တာဗျာ။ ရေနွေးကြမ်းလေးသောက် သူငယ်ချင်းတွေ စကားစမြည်တွေပြောကြပြီးမှ အိမ်ပြန်နေကြ။ ဘယ်လောက်ပဲ ဘီယာဆိုင်မှာ စားခဲ့ စားခဲ့ လမ်းဘေးက ရန်ကုန်ညထမင်းကြော်လေးကို အမြဲတမ်း ဝင်စားလေ့ရှိတယ်။ ကျွန်တော်တို့ အဖွဲ့လာပြီဆို ဆိုင်ရှင်အန်တီကြီးက ဘယ်သူ ဘာကြိုက်တတ်လဲဆိုတာ အလွတ်ရနေပြီး တကူးတက မှာစရာကို မလိုတော့တာ။ ကိုဗစ်ကာလကနေ ခုချိန်ထိ အဲဒီလိုဆိုင်လေးမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ မဆုံကြတော့ဘူး။ အခုဆို အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တွေ တစ်နေရာစီ ရောက်နေခဲ့ကြတယ်။

အခုချင်းမိုင်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့သူတွေထဲမှာ ကျွန်တော်တို့လို ရန်ကုန်ညထမင်းကြော်ကို လွမ်းနေကြသူတွေရှိမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ Seven Dwarfs- လူပုလေး ၇ ယောက်ဆိုင်ကနေပြီး ရန်ကုန်ညထမင်းကြော်ကို ရောင်းပေးဖို့ပြင်ဆင်နေပါပြီ။ ဘော်ဒါတို့လဲ ရန်ကုန်ညထမင်းကြော်ကို ဘယ်လိုဟင်းတွေနဲ့ စားချင်ကြလဲဆိုတာ ပြောခဲ့ကြဦးနော်။

#ရန်ကုန်ညထမင်းကြော်လွမ်းကြသူများ...

မူရင်းဓါတ်ပုံပိုင်ရှင်အား Credit ပေးပါတယ်ဗျ

#လူပုလေး၇ယောက် #ငါးဒုက္ခ

ဖေဖော်ဝါရီ ၁၄ ရက်၊ ဆိုင်ခေတ္တပိတ်ပါမည်⛔အလိုက်မသိသောအတွဲများအား ဈေးမရောင်းပါ🤭 ‌မှားလို့😝 လိုအပ်တာလေးတွေပြင်ဆင်ရန်အတွက်ပါ။...
13/02/2024

ဖေဖော်ဝါရီ ၁၄ ရက်၊ ဆိုင်ခေတ္တပိတ်ပါမည်⛔

အလိုက်မသိသောအတွဲများအား ဈေးမရောင်းပါ🤭 ‌
မှားလို့😝 လိုအပ်တာလေးတွေပြင်ဆင်ရန်အတွက်ပါ။

#လူပုလေး၇ယောက် #ချင်းမိုင်ညဈေး #ချင်းမိုင် #မာလာ #ငါးဒုက္ခ

ဆာတေး ကုန်သွားပါပြီ၊ BBQ နဲ့ မာလာကင်ပဲကျန်ပါတော့မယ်
13/02/2024

ဆာတေး ကုန်သွားပါပြီ၊ BBQ နဲ့ မာလာကင်ပဲကျန်ပါတော့မယ်

ที่อยู่

Anusan Sunthon Road, Chang Khlan Sub/district
Chiang Mai
50100

เวลาทำการ

จันทร์ 18:00 - 00:00
อังคาร 18:00 - 00:00
พุธ 06:00 - 00:00
พฤหัสบดี 18:00 - 00:00
ศุกร์ 18:00 - 00:00
เสาร์ 16:30 - 00:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Seven Dwarfs - cnxผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์