Sha-it Kitchen ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sha-it Kitchen, อาหารและเครื่องดื่ม, No. 200/263, Soi/4, Mu Ban Sri Anan, Faham, Chiang Mai.

အစားအသောက် ချက်ပြုတ်ခြင်းဖြင့် ပျော်ရွှင်မှုရရှိရန်၊ စိတ်ကျန်းမာခြင်းနှင့် ကိုယ်ခန္ဓာကျန်းမာရေး ထိန်းသိမ်းနိုင်ရန်အတွက် ရိုးရှင်း အရသာရှိ ကောင်းမွန်သည့် ဟင်းပွဲတွေကို ဖန်တီးချက်ပြုတ် တင်ပြနိုင်ဖို့လည်း ရည်မှန်းထားပါသည်။

ခံတွင်းရှင်း ဆေးဖက်ဝင်တဲ့ ချဉ်စော်ကားသီးဟင်းရည်အိမ်မှာတော့ ချဉ်စော်ကားသီးပေါ်ချိန်ဆိုရင် ချဉ်စော်ကားသီးကို နည်းမျိုးစုံန...
22/07/2026

ခံတွင်းရှင်း ဆေးဖက်ဝင်တဲ့ ချဉ်စော်ကားသီးဟင်းရည်

အိမ်မှာတော့ ချဉ်စော်ကားသီးပေါ်ချိန်ဆိုရင် ချဉ်စော်ကားသီးကို နည်းမျိုးစုံနဲ့ ဟင်းချက်စားပါတယ်ရှင်။
ဒီနေ့တော့ အချိန်ကုန်သက်သာ ထမင်းစားလဲမြိန်၊ ခံတွင်းလည်းရှင်း၊ ဆေးဖက်လဲဝင်သည့် ချဉ်စော်ကားသီးဟင်းရည် လုပ်သောက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းတွေကတော့ ချဉ်စော်ကားသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နံနံပင်၊ ငရုတ်သီး၊ ငရုပ်ကောင်း၊ ဆား၊ ကြက်သားမှုန့်တို့ ဖြစ်ပါတယ်ရှင်။

မိတ်ဆွေတို့လည်း ချဉ်စော်ကားသီးလှိုင်လှိုင်ထွက်တဲ့ ဒီအချိန်မှာ ချဉ်စောက်ကားသီးဟင်းရည် မလုပ်သောက်ရင် တစ်ခေတ်နောက်ကျသွားနိုင်တယ်နော်။





မြန်မာလူမျိုးများ အကြိုက်ဆုံးဟင်းလျာတစ်ခွက်ဝက်သားနဲ့ ဒညှင်းသီးဆီပြန်ဟင်းကို ရာသီစာအနေနဲ့ အိမ်မှာ ချက်စားလိုက်တယ်ရှင် အဲလ...
22/07/2026

မြန်မာလူမျိုးများ အကြိုက်ဆုံးဟင်းလျာတစ်ခွက်

ဝက်သားနဲ့ ဒညှင်းသီးဆီပြန်ဟင်းကို ရာသီစာအနေနဲ့ အိမ်မှာ ချက်စားလိုက်တယ်ရှင် အဲလိုချက်ရင် ဒညှင်းသီးက ဝက်သားထက် ပိုစားကောင်းနေတတ်တာ စားဖူးသူတိုင်းလက်ခံတယ်ဟုတ်။ ကျမက အရမ်းစားလို့‌ ကောင်းတော့ထမင်းအများကြီးစားလိုက်တယ်ရှင်။

ဒညှင်းသီးကိုအနံ့သက်သာအောင် ထန်းညှက်နဲ့ နာနတ်သီးအခွံထည့်ပြုတ်ပြီး ရေအနည်းဆုံး သုံးခါလှဲပြုတ်ပေးလိုက်တော့ အရသာအရမ်းစားကောင်းသွားပါတယ်ရှင်။

ကျမနဲ့ အကြိုက်တူ မိတ်ဆွေများရှိခဲ့ရင် ဒညှင်းသီးရာသီမကုန်ခင် ချက်စားဖို့မမေ့နဲ့နော်။




ဒေသထွက် မျှစ်ချိုချိုလေးကို ဈေးမှာ လာရောင်းတာတွေ့တာနဲ့ အရမ်းစားချင်သွားလို့ ဝယ်လာလိုက်တယ်ရှင်။မျှစ်ကို သုပ်စား၊ ကြော်စား...
18/07/2026

ဒေသထွက် မျှစ်ချိုချိုလေးကို ဈေးမှာ လာရောင်းတာတွေ့တာနဲ့ အရမ်းစားချင်သွားလို့ ဝယ်လာလိုက်တယ်ရှင်။

မျှစ်ကို သုပ်စား၊ ကြော်စား၊ အချဉ်ဟင်းချက်စား အမျိုးမျိုးချက်စားလို့ရပါတယ်ရှင်။ ကျမကတော့ မျှစ်နဲ့ ဝက်သားကို ကြော်စားလိုက်တယ်ရှင်။

အနံလေးမွှေးပြီး ထုံတဲ့အရသာကို လိုချင်တဲ့အတွက် မက်ခါးသီးမှုန့်ကို ထည့်လိုက်တော့ အနံကမွှေး အရသာကလည်း ထုံထုံလေးဆိုတော့ ထမင်းစားမြိန်ချက်ကတော့ ကမ်းကုန်ပေါ့ရှင်။

မိုးရာသီမှာက မျှစ်မျိုးစုံရတယ်ဆိုတော့ မိတ်ဆွေတို့လည်း ဘယ်လို‌တွေချက်စားဖြစ်လဲ comment မှာ ပြောပြခဲ့ပါနော်။




ရွာဈေးတန်းက သဘာဝငါးလေးတွေမြင်တော့ လွမ်းတဲ့စိတ်နဲ့ ကချင်ချက်လေး ချက်စားဖို့ ဝယ်လာခဲ့ပါတယ်ရှင်။ကချင်ချက်ဆိုတဲ့အတိုင်း အဆာပ...
18/07/2026

ရွာဈေးတန်းက သဘာဝငါးလေးတွေမြင်တော့ လွမ်းတဲ့စိတ်နဲ့ ကချင်ချက်လေး ချက်စားဖို့ ဝယ်လာခဲ့ပါတယ်ရှင်။

ကချင်ချက်ဆိုတဲ့အတိုင်း အဆာပလာက‌တော့ ရှာလပ်ရွက်၊ ဖက်ဖဲရွက်၊ ဒရင်ကောက်၊ ပူစီနံ၊ မက်ခါးရွက်နု၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဆား၊ ပဲပုပ်၊ ချဉ်စော်ကားသီး ခြောက်ထည့်ပြီးချက်လိုက်တော့ အရသာက ကောင်းမှကောင်းပါ။
ငါးနဲ့အဆာပလာတွေကိုနှယ်ပြီး နာရီဝက် သို့ တစ်နာရီထားချက်ရင် အရသာပိုကောင်းပါတယ်ရှင်။

မိတ်ဆွေတို့ရော် ချက်စားဖြစ်ကြလာရှင်။ ချက်တဲ့နည်းလေးမျှဝေပေးပါရှင်။




ဈေးသွားတော့ အဝါရောင်နဲ့ အစိမ်းရောင်သန်းတဲ့ အသီးကိုတွေ့တော့ ရောင်းတဲ့အစ်မကို ဘာသီးလဲလို့မေးတော့ တောကြက်ဟင်းခါးသီး တောထဲမှ...
17/07/2026

ဈေးသွားတော့ အဝါရောင်နဲ့ အစိမ်းရောင်သန်းတဲ့ အသီးကိုတွေ့တော့ ရောင်းတဲ့အစ်မကို ဘာသီးလဲလို့မေးတော့ တောကြက်ဟင်းခါးသီး တောထဲမှာ သဘာဝအတိုင်း သီးတာတဲ့။ အိမ်မှာစိုက်တဲ့ ကြက်ဟင်းခါးသီးနဲ့ အရသာတူတယ်လို့ပြောပြတယ်ရှင်။

တစ်ခါမှ မမြင်၊ မကြား၊ မစားဘူးတော့ ကျမအတွက်က အထူးအဆန်းကြီးဖြစ်လို့။ အဲဒါနဲ့ ကျမလို့ မမြင်ဖူးတဲ့ မိတ်ဆွေတွေအတွက် တောကြက်ဟင်းခါးသီးပုံကို လာရောက် မျှဝေပေးလိုက်တာပါရှင်။

တောကြက်ဟင်းခါးသီးချက်စားဖူးတဲ့သူရှိရင် comment မှာ မျှဝေပေးပါရှင်။




သားလေးအကြိုက် တစ်ပတ် တစ်ခါ အမြဲချက်ပေးဖြစ်တဲ့ ဘက်စုံသုံးမာလာအနှစ်ပါရှင်။ ကိုယ်တိုင်ချက်တော့ လတ်ဆတ်သလို ကိုယ့်မိသားစုအကြိ...
17/07/2026

သားလေးအကြိုက် တစ်ပတ် တစ်ခါ အမြဲချက်ပေးဖြစ်တဲ့ ဘက်စုံသုံးမာလာအနှစ်ပါရှင်။ ကိုယ်တိုင်ချက်တော့ လတ်ဆတ်သလို ကိုယ့်မိသားစုအကြိုက် အပေါ့၊ အငန် ချိန်ဆနိုင်တော့ စားရတာ ပိုအဆင်ပြေပါတယ်ရှင်။

ဘက်စုံသုံးမာလာအနှစ်ဆိုသည့်အတိုင်း ထမင်းနှယ်စားလို့ ရသလို့၊ ခေါက်ဆွဲမှာလည်း ထည့်စားလို့ရ၊ မလာသုပ်၊ မာလာငါးချက် စသည့်ဖြင့် နည်းမျိုးစုံ စားလို့ရတော့ ကျမတို့ မိသားစုအတွက် မရှိမဖြစ်ပေါ့ရှင်။

ကျမသုံးထားတဲ့ ပါဝင်ပစ္စည်းတွေကို အားလုံးကိုလည်း မျှဝေထားပေးတယ်နော်။မိတ်ဆွေတို့လည်း ကျမတို့မိသားစု ချက်သလို မာလာအနှစ်ကို ချက်စားကြည့်ကြပါနော်။




ခြံထဲကနေ လတ်လတ်ဆတ်ဆတ် ရလာတဲ့ တောင်ပို့မှို၊ မှိုဥ၊ မှိုပန်း သုံးမျိုးစပ် ကို ဆား၊ ပဲငံပြာရည်အကြည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်...
17/07/2026

ခြံထဲကနေ လတ်လတ်ဆတ်ဆတ် ရလာတဲ့ တောင်ပို့မှို၊ မှိုဥ၊ မှိုပန်း သုံးမျိုးစပ် ကို ဆား၊ ပဲငံပြာရည်အကြည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျုံးဖူး၊ ငရုတ်သီး၊ မက်ခါးသီးနဲ့ မက်ခါးရွက်နု တို့နဲ့ကြော်လိုက်တော့ ဟင်းအနံလေးက မွှေးပြီး အရသာကိုတမူထူးခြားသွားစေတဲ့ ထမင်းမြိန်ဟင်းလျာလေး ကောင်းမှကောင်းရှင်။

ဒီဟင်း‌အရမ်းစား‌ကောင်းသွားစေတဲ့ အဓိကလျှို့ဝှက်ချက်ကတော့ မက်ခါးသီးစိမ်းနဲ့ မက်ခါးရွက်နု ပါပဲရှင်။

ရာသီစာလေးမို့ ဈေးမှာတွေ့ရင် မလွတ်တမ်း ဝယ်ချက်စားကြည့်ကြပါနော်။





ဒေသထွက် သဘာဝ မြင်းခွာရွက် ဆိုတာနဲ့ စားချင်စိတ်ဖြစ်သွားတဲ့ မိတ်ဆွေများအတွက် ဒီနေ့တော့ မြင်းခွာရွက်နဲ့ အရွက်စုံ အသုပ်လေး သ...
15/07/2026

ဒေသထွက် သဘာဝ မြင်းခွာရွက် ဆိုတာနဲ့ စားချင်စိတ်ဖြစ်သွားတဲ့ မိတ်ဆွေများအတွက် ဒီနေ့တော့ မြင်းခွာရွက်နဲ့ အရွက်စုံ အသုပ်လေး သုပ်ထားပါတယ်ရှင်။

အသုပ်မှာထည့်ထားတဲ့ပါဝင် ပစ္စည်းတွေကတော့ 🍅၊ 🌶️ ၊ ပဲပုပ်၊ မြေပဲဆန်၊ ကြက်သွန်နီ၊ ချဉ်စော်ကားသီး၊ ဆား၊ အချို့မှုန့် အနည်းငယ် တို့ဖြစ်ပါတယ်ရှင်။

အသုပ်ရဲ့အဓိက လျှို့ဝှက်ချက်ကတော့ ချဉ်စော်ကားသီးပါပဲရှင်။ ချဉ်စော်ကားသီးက ပေးတဲ့ဆန်းသစ် ထူးခြားတဲ့ အရသာနဲ့အတူ မြင်းခွာရွက်နလတ်လတ်ဆတ်ဆတ်၊ ကုလားပူစီနံအရွက်၊ ကချင်အခေါ် အမ်းနမ်အရွက်နဲ့ နံနံပင်တို့ရဲ့ အမွှေးအကြိုင်က တကယ်ကို အရသာကောင်း အရမ်းကိုထမင်းစားမြိန်စေခဲ့တာပါရှင်။

အခုအရသာမျိုး မစားဖူးရင် နောင်တရသွားလောက်အောင်ကို အရသာရှိတဲ့အတွက် မိတ်ဆွေတို့ အိမ်မှာ ကျမသုပ်တဲ့ အတိုင်း စမ်းသုပ်စားကြည့်ကြပါရှင်။




13/07/2026

မိုးရွာပြီးနောက် ကိုယ်တိုင်ရွာခြံထဲဝင်၊ မှိုလိုက်ရှာပြီး ရလာတဲ့မှိုလေးတွေကို ချက်စားရတဲ့ အရသာကတော့ တခြားဘယ်အရာနဲ့မှ လဲလို့မရပါရှင် သဘာဝတရားက ရတဲ့လက်ဆောင်ပါပဲရှင်။

မိတ်ဆွေတို့ကို အလွမ်းပြေကြည့်ဖို့အတွက်ပါရှင်။





ငယ်ငယ်တုန်းက ကျောင်းသွားရင် လွယ်အိတ်ပြဲမတတ် ထည့်သွားပြီး စားခဲ့တဲ့ ဒေသမျိုး သစ်တော်စိမ်းအရသာကို တရုတ်ပြည်ကလာတဲ့ သစ်တော်သ...
13/07/2026

ငယ်ငယ်တုန်းက ကျောင်းသွားရင် လွယ်အိတ်ပြဲမတတ် ထည့်သွားပြီး စားခဲ့တဲ့ ဒေသမျိုး သစ်တော်စိမ်းအရသာကို တရုတ်ပြည်ကလာတဲ့ သစ်တော်သီးစိမ်းကို ဝယ်စားမိတော့ အရမ်းကိုလွမ်းခဲ့ရ။

တရုတ်သစ်တော်သီးစိမ်းက အရွက်သေးတယ် ကြွပ်တယ် အရသာချိုချိုလေး မျိုးရိုးဗီဇ ပြောင်းထားတယ်နဲ့တူတယ်ရှင်။ ဒေသမျိုးက အရွယ်ကြီးတယ်ရှင် ချိုတာကတော့ ချိုတယ် ဒါပေမဲ့ပေါ့တယ်‌ရှင်။

ဒေသမျိုး သစ်တော်သီးပင်နဲ့ အသီးတွေကို အလွမ်းပြေ
ကြည့်ဖို့အတွက် တွဲတင်ထားလိုက်တယ်နော်။ မိတ်ဆွေတို့လည်း ကြုံရင်ဝယ်စားကြည့်ပါနော်။



ที่อยู่

No. 200/263, Soi/4, Mu Ban Sri Anan, Faham
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sha-it Kitchenผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์