CHEL -ချယ်စားသောက်ကုန်

CHEL -ချယ်စားသောက်ကုန် အသင့်စားမျိုးစုံထိုင်းနိုင်ငံအနှံပို့ပါတယ်

ချယ်တို့ ဆိုင်လေးဆီကနေ မဲဆောက်မှာကတည်းကနေ ချင်းမိုင်အထိပါ ဝယ်ယူစားသုံးခဲ့ကြတဲ့ အမျိုးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်...
06/08/2026

ချယ်တို့ ဆိုင်လေးဆီကနေ မဲဆောက်မှာကတည်းကနေ ချင်းမိုင်အထိပါ ဝယ်ယူစားသုံးခဲ့ကြတဲ့ အမျိုးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်

၂နှစ်ကျော်တဲ့အထိ ချယ့်ခုလိုရပ်တည်နေနိုင်တာစားသုံးသူအမျိုးတို့ကြောင့်ပါပဲ

အရေးကြီးအသိပေးစရာလေးရှိလို့ပါရှင်
ခုကစပြီးချယ်တို့ Page ကနေစားစရာလေးတွေကို Take away only သာ ရောင်းချသွားပါတော့မယ်ရှင်

လူအားမနိုင်တာမို့ ဟိုးအရင်ကတည်းက တနိုင်တပိုင်ပေါ့ပေါ့ပါးပါးလေးပဲရောင်းချပေးနိုင်ခဲ့တာပါ
လွဲချောတာတွေ အဆင်မပြေတာတွေစာသေချာမပြန်နိုင်တာလေးတွေရှိခဲ့တာအတွက်လည်းကျေးဇူးပါရှင်

ခုတော့အရင်ထက်ပိုပြီး နိုင်နိုင်နင်းနင်းလေးစားသုံးသူတို့ကို ပို၍Service ပေးနိုင်ဖို့အတွက်
Take away သီးသန့်ကိုမှ တစ်ပတ်ကို ၃ရက်လောက်ပဲ
စားစရာအမျိုးစုံကိုကြိုကြေငြာပေးပြီးပွဲအရေတွက်ကန့်သတ်လေးနဲ့ရောင်းပေးပါ့မယ်ရှင်

ခုချိန်ထိ ၂နှစ်ကျော်အတွင်း အားပေးခဲ့ကြတဲ့ အမျိုးတို့ ကျန်းမာလို့စီးပွါးရေးတွေဆထက်တပိုးတိုးတက်ကြပါစေရှင်🙏

Hello foodie လေးတို့ရေ့ဆိတ်မီနူးတွေကို အစဥ်တစိုက်ပိုစ့်မတင်လည်း ဆိတ်ဆိုတာနဲ့သတိတရ အားပေးကြတဲ့ စားသုံးသူအမျိုးတို့ကိုကျေး...
26/07/2026

Hello foodie လေးတို့ရေ့

ဆိတ်မီနူးတွေကို အစဥ်တစိုက်ပိုစ့်မတင်လည်း ဆိတ်ဆိုတာနဲ့သတိတရ အားပေးကြတဲ့ စားသုံးသူအမျိုးတို့ကိုကျေးဇူးအများကြီးတင်ရပါတယ်

လူအားမနိုင်တာမို့ အော်ဒါတအားကျရင်မနိုင်တော့ ပိုစ့်မတင်ပဲတမင်ပုံမှန်ကိုယ်နိုင်သလောက်လေးပဲရောင်းပေးနေခဲ့တာပါ

ခုလကုန်ကစပြီး ချယ်တို့ဆီက အပြင်ဆိုင်ထိုင်လေးနားပြီး Take away သီးသန့်သာရောင်းချသွားပါတော့မယ်

ဆိတ်မီနူးကို ကြိုအော်ဒါကောက်ပြီး တစ်ပတ်၁ရက် သေချာလေး စားသုံးသူတွေဆီ ရောင်းချပေးသွားပြီး

တစ်ခြားမီနူးလေးတွေလည်း အသစ်လေးတွေထပ်ရောင်းပေးအုံးမှာမို့
အရင်လိုဆိုင်ထိုင်မရတော့ပေမဲ့ ကြိုအော်ဒါကောက်ပြီးပွဲအရေတွက်လေးနဲ့နိုင်နိုင်နင်းနင်းလေး Quality လည်းသေချာထိန်းရင်း
စားသုံးသူအမျိုးတို့ကိုအစားကောင်းလေးတွေ ထပ်ဖန်တီးပေးနေပါအုံးမယ်ရှင်

ဒီအပတ်ရဲ့ Sunday မှာ တော့
ဆိတ်တုတ်ထိုး
ဆိတ်ကလီစာသုပ်
ဆိတ်စွပ်ပြုပ် ရသေးတာမို့ ၄နာရီနောက်ပိုင်း အားပေးလို့ရပါပြီရှင်

သောကြာ/စနေ/တနင်္ဂနွေ ရဲ့ ဇာတ်လိုက်ဆိတ်စွပ်ချဥ်စပ်လေး က လက်ရှိရာသီဥတုလေးနဲ့ အလိုက်ဖက်ဆုံးပဲနော်ပူပူချဥ်စပ်လေးသောက်ပြီး မိ...
18/07/2026

သောကြာ/စနေ/တနင်္ဂနွေ ရဲ့ ဇာတ်လိုက်

ဆိတ်စွပ်ချဥ်စပ်လေး က လက်ရှိရာသီဥတုလေးနဲ့ အလိုက်ဖက်ဆုံးပဲနော်

ပူပူချဥ်စပ်လေးသောက်ပြီး မိုးအေးအေးလေးမှာ ဇိမ်ယူကြမယ်

Take away ပို့တယ်နော်
ဒီနေ့အတွက်က ၅ပွဲစာလောက်သာကျန်တာမို့ ဟဲလိုလိုက်တော့နော်😍

13/07/2026

စပါယ်ရှယ်မီနူး ချင်းမိုင်မှာ ချယ်တို့ဆီမှာပဲ ရတဲ့ ဆိတ်ချောင်းမာလာ ထုံစပိမွှေး

ဆိတ်ချောင်းရဲ့ ကြွပ်ရွနေတာလေး
ဝါးလိုက်တိုင်းထုံစပ်တဲ့မာလာအရသာလေးနဲ့

ဘျာနဲ့မည်းမလား🍻

ထမင်းပူပူလေးနဲ့စားမလား🍛

မိုးအေးအေးလေးမှာရေနွေကြမ်းလေး ဆိတ်
ချောင်းလေးစားရင်နှပ်မလား😋

အပြင်မထွက်ချင်ရင် Take away လည်းမှာလို့ရသလို

ဆိုင်မှာ ဘျာလေးနဲ့ လာထိုင်မြည်းချင်ရင် Windy Hill - လေထန်ကုန်း ကိုလာခဲ့နော်😍

တစ်ပတ်တစ်ခါ စောင့်ပြီးစားရတဲ့ဆိတ်တုတ်ထိုးလေးပြန်ရပြီနော်ဆိတ်တုတ်ထိုး စားချင်ပေမဲ့ ချင်းမိုင်မှာ ရောင်းတဲ့ဆိုင်မရှိလို့ စ...
03/07/2026

တစ်ပတ်တစ်ခါ စောင့်ပြီးစားရတဲ့ဆိတ်တုတ်ထိုးလေးပြန်ရပြီနော်

ဆိတ်တုတ်ထိုး စားချင်ပေမဲ့ ချင်းမိုင်မှာ ရောင်းတဲ့ဆိုင်မရှိလို့ စိတ်မညစ်နဲ့
ရှားရှားပါးပါး ဆိုင်လေး Windy Hill - လေထန်ကုန်းမှာ သောကြာ/စနေ/တနင်္ဂနွေ ၃ရက်

ဆိတ်တုတ်ထိုး
ဆိတ်ကလီစာသုပ်
ဆိတ်ကလီစာစွပ်ပြုပ် ချဥ်စပ်

ညနေ၃နာရီလောက်ကစပြီးရနေပြီနော်
ဆိုင်မှာ ပူပူလေးလာထိုင်စားလည်းရတယ်

Take away လည်းပို့ပေးပါတယ်
အကုန်လည်းမြန်တာမို့ အော်ဒါလေးတော့ လာတင်မှစိတ်ချရမယ်နော်🥰

တစ်ပတ်တစ်ခါ စောင့်နေရတဲ့နေ့ ပြန်ရောက်ပါပြီဆိတ်တုတ်ထိုးက စားတဲ့အပိုင်းလေးတွေရွေးထည့်ခိုင်းလို့ရပါတယ်နော်🍲ရာသီဥတုလေးကောင်း...
19/06/2026

တစ်ပတ်တစ်ခါ စောင့်နေရတဲ့နေ့ ပြန်ရောက်ပါပြီ

ဆိတ်တုတ်ထိုးက စားတဲ့အပိုင်းလေးတွေရွေးထည့်ခိုင်းလို့ရပါတယ်နော်

🍲ရာသီဥတုလေးကောင်းလို့ဆိုင်လာထိုင်စားမလား
🥡Take away ပို့ပေးရမလား

Order now😍

ဟဲလို မေ့နေမှာစိုးလို့ တစ်ပတ်တစ်ခါပဲရတဲ့ ဆိတ်တုတ်ထိုး ရတဲ့နေ့လေးပါနော်ရှားရှားပါးပါး ဆိတ်တုတ်ထိုးလေးစားချင်ရင် Windy Hil...
12/06/2026

ဟဲလို

မေ့နေမှာစိုးလို့ တစ်ပတ်တစ်ခါပဲရတဲ့ ဆိတ်
တုတ်ထိုး ရတဲ့နေ့လေးပါနော်

ရှားရှားပါးပါး ဆိတ်တုတ်ထိုးလေးစားချင်ရင်
Windy Hill - လေထန်ကုန်း မှာ အပတ်တိုင်း
သောကြာ/စနေ/တနင်္ဂနွေ ၃ရက်ရတယ်နော်

ညနေ၄နာရီခွဲလောက်ဆိုရပါပြီရှင်

ဆိတ်တုတ်ထိုး🫕
ဆိတ်ကလီစာသုပ်🥙
ဆိတ်ကလီစာစွပ်ပြုတ် ချဥ်စပ်🍲

🍽 ဆိုင်စားမလား
🥡 Take away လား

အကုန်လည်းမြန်တာမို့
နောက်အပတ်ထိပြန်မစောင့်ရအောင် ကြိုအော်ဒါတင်ထားလည်းရပါတယ်နော်

ဆိတ်ခြောက်မီနူးတွေလည်း ပိုစ့်မတင်ဖြစ်ပေမဲ့ အမြဲရတယ်နော်ထမင်းဆီဆမ်းနဲ့တွဲမှာလည်းရတယ်ဆိတ်ချောင်းမာလာဆိတ်ချောင်းအချိုဆိတ်မွ...
09/06/2026

ဆိတ်ခြောက်မီနူးတွေလည်း ပိုစ့်မတင်ဖြစ်ပေမဲ့ အမြဲရတယ်နော်

ထမင်းဆီဆမ်းနဲ့တွဲမှာလည်းရတယ်

ဆိတ်ချောင်းမာလာ
ဆိတ်ချောင်းအချို
ဆိတ်မွှဆီစိမ်
ဆိတ်သားပြားကင်
ဆိတ်မွှသုပ်ချဥ်စပ်

ရေဦးဝက်အူချောင်းကြော်

ဒါလေးတွေက ဘျာနဲ့မြည်းရင်ရှယ်နော်
ဘျာမသောက်တတ်ရင် ရေနွေးကြမ်းနဲ့ မြည်းကွယ်🥰

တနင်္လာ/အင်္ဂါ/ဗုဒ္ဓဟူး ၃ရက်သာရမဲ့ စပါယ်ရှယ်မီနူးအသစ်ဝက်လက်စွပ်ပြုတ်🥘Windy Hill - လေထန်ကုန်းမှာ လာထိုင်ရင် မှာစားနော် 🥰ရ...
08/06/2026

တနင်္လာ/အင်္ဂါ/ဗုဒ္ဓဟူး ၃ရက်သာရမဲ့ စပါယ်ရှယ်မီနူးအသစ်

ဝက်လက်စွပ်ပြုတ်🥘

Windy Hill - လေထန်ကုန်းမှာ လာထိုင်ရင် မှာစားနော် 🥰

ရာသီဥတုနဲ့ လိုက်ဖက်ပြီး
နူးညံ့တဲ့ဝက်လက်ကွင်းလေးကို အချဥ်နဲ့တို့
အရည်လေးကိုသောက်ရင်း

take away လားဆိုင်လာထိုင်စားမလား Lady တို့ကြိုက်တာရွေး🥰

ဆိတ်တုတ်ထိုး/ဆိတ်စွပ်/ဆိတ်ကလီစာသုပ်ဒီနေ့အစောကြီးကတည်းက take away orderလေးတွေနဲ့ မနက်ပိုင်းတင်ကုန်သွားလို့ပါရှင်ညနေကြမှ ဆ...
07/06/2026

ဆိတ်တုတ်ထိုး/ဆိတ်စွပ်/ဆိတ်ကလီစာသုပ်
ဒီနေ့အစောကြီးကတည်းက take away orderလေးတွေနဲ့ မနက်ပိုင်းတင်ကုန်သွားလို့ပါရှင်

ညနေကြမှ ဆိုင်မှာ လာစားတတ်တဲ့ဧည့်သည်လေးတွေရှိတတ်လို့ ဒီနေ့တော့မနက်ပိုင်း ကြိုတင်တဲ့အော်ဒါလေးတွေကြောင့်ကုန်သွားလို့ တောင်းပန်ပါတယ်ရှင်

နောက်အပတ်မှ ပြန်ဆုံကြမယ်နော်
နောက်ပတ်တွေလည်း ခုလိုပဲ အားပေးကြပါအုံးလို့
ဆိတ် foodie လေးတွေကို ကျေးဇူးပါရှင်

ဆိတ် မီနူးကုန်ပေမဲ့

ဝက်သားတုတ်ထိုး🫕
ဝက်ခေါင်းသုပ်🥙
ဝက်အူစုံသုပ်🥙
ဝက်အူစုံကြော်
ဝက်နံရိုးကြော်🧆
ဝက်နံရိုးစွပ်ချဥ်စပ်🍲
ဝက်ဂုတ်သားကြော်/သုပ်
ဝက်အူလုံးကြော်

ဆိတ်ချောင်းမာလာ/အချို
ဆိတ်မွှဆီစိမ်
ဆိတ်မွှချဥ်စပ်သုပ်
ဆိတ်သားပြားကင်

ကော်ပြန့်ကြော် (ကြက်သား/အသီးရွက်)
ကော်ပြန့်ကြော်သုပ်

အဲတာလေးတွေကတော့ပုံမှန်မီနူး လေးတွေအနေနဲ့ ရပါတယ်ရှင်

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 23:00
อังคาร 09:00 - 23:00
พุธ 09:00 - 23:00
ศุกร์ 09:00 - 23:00
เสาร์ 09:00 - 23:00
อาทิตย์ 09:00 - 23:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ CHEL -ချယ်စားသောက်ကုန် โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่