19/09/2025
👉Hermaphrodite ဆိုတာ ဘာလဲ ?👈
Cannabis မှာ " Hermaphrodite "ဆိုတာ
အဖိုဗီဇ ရော အမဗီဇ ပါ ပါဝင်တဲ့ အပင် လို့ပဲ
အလွယ် ပြောရမှာပါ
😎Hermaphrodite က ဘာကြောင့်ဖြစ်လာတာလဲ?😎
Stress, Environment, Genetic, Survival Instinct စတဲ့ အချက် တွေကြောင့် ပါ
1.Stress & Environment
အလင်း ရောင် အချိန် မညီမျှမှု (Light Circle)
အပူချိန် /အစိုဓာတ် အ ပြောင်း အလဲ (Temperature & Moisture)
အရမ်းညှပ်ခြင်း (over pruning)
အစာချို့တဲ့မှု (nutrient deficiency)
2.Genetic
တချို့ strain တွေမှာ Genetic အရ
Hermaphrodite ဖြစ်နိုင်ချေ များပါတယ်
3.Survival Instinct
သဘာဝအရ အပင်က stress များလာတဲ့အချိန်
သူ့မျိုးဆက်မပျောက်ဖို့ အလိုအ လျှောက်
hermaphrodite ဖြစ်လာတတ်ပါတယ်
😒သူရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ😒
အဓိက ဆိုးကျိုးဖြစ် စေတဲ့ အရာ တွေက
(၁) အဖူး အရည်အ သွေး ကျခြင်း
(၂)အထွက်နှုန်း လျော့လာခြင်း
(၃) အစေ့အင်မတန်များလွန်းပြီး မျိုးပြန့်/
မျိုးပျက်ခြင်းတွေ
ဖြစ်ပေါ်စေတတ်လို့ အခင်းတစ်ခုလုံး ပစ်ရတတ်ပါတယ်
🤔ဒါဆို Hermaphrodite မဖြစ် အောင်
ဘယ်လို ကာကွယ်ကြမလဲ ?🤔
💥အတိုချုံးပြောရရင်💥
👇Indoor မှာ👇
(1)Lighting အချိန် ကို အထူး ဂရုစိုက်ရပါမယ်
(Flowering အဆင့်မှာ 12/12 Cycle တိကျနေဖို့
လိုအပ်ပါတယ်)
(2)အပူချိန် စိုထိုင်းစ ထိန်းညှိရပါမယ်
(22°-28° C အတွင်း ထားသင့်ပါတယ်)
(3)Stress မရစေဖို့
အပင်ကို ခဏခဏ ညှပ်တာမျိုး
မြေဩဇာ အလွန်အကျွံ ထည့် တာ တွေ မလုပ်သင့်ပါ
(4)Genetic အရလည်း
Stable Strain တွေ ကိုသာ သုံးသင့်ပါတယ်
(5)Flowering အစပိုင်းမှာ ဂရုတစိုက် စစ်ဆေးပြီး
Male Pollen Sac မထွက်မခြင်းဖယ်ပါ
👇Outdoor မှာဆိုရင် 👇
(1)နေရောင် ကျရောက်မဲ့အချိန်ကို သေချာ ရွေးရပါမယ်
Cannabis ဟာ photoperiod sensitive ပင် ဖြစ်တဲ့အတွက် နေ(အလင်း)ရောင် ၁၂ နာရီ ခန့်
မရ တဲ့အခါ
Stress ဖြစ်နိုင်ပါတယ်
(2)မိုးဒဏ်၊လေဒဏ် ၊အပူဒဏ် များကို လည်း ကာကွယ် ဂရုစိုက်ရပါမယ်
ရာသီဥတုအခြအ နေ အရ
အပင်ပေါ် အရိပ်ကျတာ များပါက
Flowering ရသင့်သလာက် မရနိုင်ပါ
မိုးတိမ်များသော ဒေသမှာ
Supplemental Lighting သုံးပါ
(3)Flowering အစ ၂ပတ် ၃ပတ်မှာ
Pollination sac များ မထွက်မခြင်း
လျင်မြန်စွာ ဖယ်ထုတ်ပါ
(4)Male plants တွေ သီးသန့်ထားပါ
ယေဘူယျအားဖြင့် Indoor နဲ့ Outdoor မှာ
Indoor က hermaphrodite ဖြစ်စဉ် ပို ဖြစ်ပွားနိုင် ချေ များပါတယ်
အရေးကြီးဆုံး နဲ့ အဓိက အကျဆုံး အချက်ကတော့
အပင်ကို Stress မဖြစ် စေ ရန် နေ့တိုင်း
ဂရုစိုက်ဖို့ လိုအပ်တာပါပဲ
Grower တိုင်း အနံ့ အရသာ ပြည့်စုံ တဲ့
အဖူး အပွင့်များ ပိုင်ဆိုင်နိုင်ကြပါ စေ ။ ။
# Sunset Bud's