Ko Kyaw Zin တရားမျှသမှုကိုသာ အလိုရှိသည်

ကိုယ့်ကိုကိုယ် သိပ်လည်း အထင်မသေးမိပါစေနဲ့အထင်သေးလွန်းရင်  ကြိတ်ပြီးရူးသွားတတ်တယ်ကိုယ့်ကိုကိုယ် သိပ်လည်း အထင်မကြီးမိပါစေန...
17/02/2024

ကိုယ့်ကိုကိုယ် သိပ်လည်း အထင်မသေးမိပါစေနဲ့
အထင်သေးလွန်းရင် ကြိတ်ပြီးရူးသွားတတ်တယ်

ကိုယ့်ကိုကိုယ် သိပ်လည်း အထင်မကြီးမိပါစေနဲ့
အထင်ကြီးလွန်းရင် ထိန်းသိမ်းရခက်သွားတတ်တယ်

ကိုယ့်ကိုကိုယ် သိပ်လည်း စိတ်ကူးယဉ်မဆန်မိပါစေနဲ့
စိတ်ကူးယဉ်ဆန်မိရင် ခံစားချက်တွေ အစွန်းရောက်သွားတတ်တယ်

ကိုယ့်ကိုကိုယ် သိပ်လည်း မသိမ်ငယ်မိပါစေနဲ့
သိမ်ငယ်လွန်းရင် စိတ်ဓါတ်တွေပျော့သွားတတ်တယ်

ကိုယ့်ကိုကိုယ်သိပ်လည်း သည်းခံစိတ်မရှိမိပါစေနဲ့
သည်းခံလွန်းရင်လည်း အနိုင်ကျင့်ခံရတတ်တယ်

ကိုယ့်ကိုကိုယ် သိပ်လည်း အတ္တမာနတွေမတင်မိပါစေနဲ့
အတ္တမာနတွေ တင်လွန်းရင်လည်း ပူဆွေးလောင်မြိုက်နေတတ်တယ်

ကိုယ့်ကိုကိုယ် သိပ်လည်း အပြစ်မတင်မိပါစေနဲ့
အပြစ်တင်လွန်းရင်လည်း ကြိုးစားလိုစိတ်တွေ
ကွယ်ပျောက်သွားတတ်တယ်

ကိုယ့်ကိုကိုယ် သိပ်လည်း ယုံကြည်မှုမလွန်ကဲမိပါစေနဲ့
ယုံကြည်မှုတွေ လွန်ကဲလွန်းရင်လည်း ကျရှုံးခဲ့ရင် ဘ၀ပျက်သွားတတ်တယ်

ဘ၀ဆိုတာ အခိုက်အတန့်လေးသာဖြစ်သောကြောင့်
ကြိုးစားရုန်းကန်ရင်းနဲ့ သင်ခန်းစာယူကြရတာပါ

ကောင်းတဲ့သူဆီက သင်ယူရသလို
ဆိုးတဲ့သူဆီကလည်း သင်ယူရမယ်

ချစ်တဲ့သူဆီက သင်ယူရသလို
မုန်းတဲ့သူဆီကလည်း သင်ယူရမယ်

ရှင်ရသေ့ဆီက သင်ယူရလို
မုဆိုးဆီကလည်း သင်ယူရမယ်

လူကြီးတွေဆီက သင်ယူရသလို
ကလေးတွေဆီကလည်း သင်ယူရမယ်

တရားသမားဆီက သင်ယူရသလို
အရက်သမားဆီကလည်း သင်ယူရမယ်

ဘ၀သမားဆီက သင်ယူရသလို
အလှသမားဆီကလည်း သင်ယူရမယ်

သူဌေးသားဆီက သင်ယူရသလို
ဆင်းရဲသားဆီကလည်း သင်ယူရမယ်

ကားသမားဆီက သင်ယူရသလို
ဆိုက်ကားသမားဆီကလည်း သင်ယူရမယ်

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသလို အခြားသူအပေါ်လည်း ယုံကြည်မှုရှိပါ

ကိုယ့်ကိုကိုယ် လေးစားမှုရှိသလို အခြားသူအပေါ်လည်း လေးစားမှုရှိပါ

ကိုယ့်ကိုကိုယ် တန်ဖိုးထားသလို အခြားသူအပေါ်လည်း တန်ဖိုးထားမှုရှိပါ

လူသားတိုင်း တစ်ယောက်ချင်းစီမှာ
သူ့တန်ဖိုးနဲ့သူ ရှိပါတယ်

#ရိုးရိုးကျင့်မြင့်မြင့်ကြံပါ

#ဆရာဇော်ဇော်မြင့်

09/02/2024

လူ့စိတ်ဆိုသည်မှာ အများပေါ်မှာ အကျိုးစီးပွါးကိုလိုလားတဲ့စိတ်ဓာတ်၊မေတ္တာထားနိုင်ရမယ်။

ကိုယ်မေတ္တာထားတဲ့ အားလုံးသတ္တဝါတွေ ကိုကြင်နာ နိုင်ရမယ်။

ဒုက္ခရောက်နေရင် ဖိမတွန်းရဘူး။ဆိုလိုတာက ခုခေတ်ဆိုရင် အချွန်နဲ့ မတာတို့ ။ဘီးတပ် ပေးတယ်တို့ ဒါမျိုးတွေ ရှိတယ်လေ။

လူတစ်ယောက်ဒုက္ခရောက်ပြီဆိုရင် ဖိတွန်းပေးဖို့ပဲ။ ဒုက္ခ က ကယ်ဖို့ဆိုတာ သိပ်မရှိကြဘူး။

ဘာပြောသေးတုန်းဆိုရင် ဖြစ်မှာပေါ့ဆိုတဲ့ လေသံလေးက လာသေးတယ်။

ဝမ်းသာတဲ့ သဘောလေ။ဒုက္ခရောက်တာ ဝမ်းသာတဲ့ သဘော။

ဖြစ်မှာပေါ့။ငေါ့တဲ့ဟာလေးက ပါသေးတယ်။

အဲ့တော့ ဒါတွေက လူ့စိတ်မဟုတ်ဘူး။

မြင့်မြတ်တဲ့စိတ်မဟုတ်ဘူး။

မြင့်မြတ်တဲ့စိတ်မဟုတ်ရင် မထားနဲ့တဲ့ကိုယ့်ဆီမှာ။

တရားအားထုတ်ဖို့ထက် ပိုအရေးကြီးတာက အဲ့ဒါတွေက အရေးကြီးတာနော်။

အေး ငါ တို့မှာ လူ့စိတ်အပြည့်အဝရှိစေရမယ်။
ကိုယ့် ကိုယ်ကို ကျင့်ကြံကျိုးကုတ် အားထုတ်ဖို့လိုတယ်။

ငါဟာ လူ့စိတ်ရှိသူဖြစ်ရမယ်။
လူ့ စိတ်ကင်းတဲ့လူ မဖြစ်စေရဘူး။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

လူ့စိတ်ကင်းမဲ့သော လူ တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။

#ပါချုပ်ဆရာတော် #တရားမှတ်စု

08/02/2024

❛"လူချင်းတူသော်လည်း"

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်


မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်


လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်


အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက်
အများအကျိုး အတွက်
အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်


ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်


ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်


အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....။


ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်... ။

#𝘾𝙧𝙚𝙙𝙞𝙩

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66630622184

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Kyaw Zinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ko Kyaw Zin:

แชร์