PN Publishing House

PN Publishing House စာရေးသူရဲ့ စကားလုံးတွေ စာဖတ်သူတို့ နှလုံးသားထဲ အသက်ဝင်အောင် ဖန်တီးပေးပါရစေ...

05/08/2026

YouTube မှာ အသံဇာတ်လမ်းအနေနဲ့ အောင်မြင်ပြီးသားဖြစ်တဲ့ အိုမန်ရောက် အိမ်အကူ မြန်မာမလေးတစ်ယောက်ရဲ့ ချောက်ချားဖွယ်ရာ နှစ်နှစ်တာ ဇာတ်လမ်းလေးကို တောင်းဆိုသူတွေ များတာကြောင့်ရော မိမိအလုပ်အပေါ်သစ္စာရှိပြီး ရင်ဆိုင်ရသမျှအခက်အခဲကို ရဲရင့်စွာကျော်လွှားနိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မခင်သက်ဝေကို လေးစားဂုဏ်ပြုသောအားဖြင့် စာရေးသူ "မလေးပျို" က ဒီစာအုပ်လေးကို သူမရဲ့ ပထမဆုံး လုံးချင်းစာအုပ်အဖြစ် ဖန်တီးရေးသားလိုက်တာဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ဇာတ်လမ်းထဲက မခင်သက်ဝေဆိုတဲ့ အမျိုးသမီး တကယ်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တာကြောင့် ပရလောကအကြောင်း စိတ်ဝင်စားသူများ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါကြောင်း ...
၁၅၀၀၀ ကျပ်
09456900060 #မလေးပျို #သရဲ၀တ္ထု ゚

YouTube မှာ အသံဇာတ်လမ်းအနေနဲ့ လူသိများ အောင်မြင်ပြီးသားဖြစ်တဲ့ အိုမန်ရောက် အိမ်အကူ မြန်မာမလေးတစ်ယောက်ရဲ့ ချောက်ချားဖွယ်ရ...
05/08/2026

YouTube မှာ အသံဇာတ်လမ်းအနေနဲ့ လူသိများ အောင်မြင်ပြီးသားဖြစ်တဲ့ အိုမန်ရောက် အိမ်အကူ မြန်မာမလေးတစ်ယောက်ရဲ့ ချောက်ချားဖွယ်ရာ နှစ်နှစ်တာ ဇာတ်လမ်းလေးကို တောင်းဆိုသူတွေ များတာကြောင့်ရော မိမိအလုပ်အပေါ်သစ္စာရှိပြီး ရင်ဆိုင်ရသမျှအခက်အခဲကို ရဲရင့်စွာကျော်လွှားနိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မခင်သက်ဝေကို လေးစားဂုဏ်ပြုသောအားဖြင့် စာရေးသူ "မလေးပျို" က ဒီစာအုပ်လေးကို သူမရဲ့ ပထမဆုံး လုံးချင်းစာအုပ်အဖြစ် ဖန်တီးရေးသားလိုက်တာဖြစ်ပါတယ်။

ဒီစာအုပ်လေးထဲမှာ ပြည်ပရောက်အိမ်အကူများရဲ့ ဘဝအတွေ့အကြုံနဲ့ အခက်အခဲများကိုမီးမောင်းထိုးပြနေတာဖြစ်သလို ငယ်ရွယ်ပေမဲ့ ကိုယ့်အလုပ်အပေါ် သစ္စာရှိပြီး အခက်အခဲမှန်သမျှကို ရဲရင့်စွာ ရင်ဆိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ သတ္တိကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

အသံဇာတ်လမ်းနားထောင်ပြီးသူတွေကတော့ ဒီဇာတ်လမ်းအကြောင်း သိပြီး ဖြစ်မှာပါ။
ဒီစာအုပ်လေးထဲမှာ ပြည်ပရောက်အိမ်အကူများရဲ့ ဘဝအတွေ့အကြုံနဲ့ အခက်အခဲများကို မီးမောင်းထိုးပြနေတာဖြစ်သလို ငယ်ရွယ်ပေမဲ့ ကိုယ့်အလုပ်အပေါ် သစ္စာရှိပြီး အခက်အခဲမှန်သမျှကို ရဲရင့်စွာ ရင်ဆိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ သတ္တိကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ဇာတ်လမ်းထဲက မခင်သက်ဝေဆိုတဲ့ အမျိုးသမီး တကယ်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တာကြောင့် ပရလောကအကြောင်း စိတ်ဝင်စားသူများ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါကြောင်း ...

မှာမယ်ဆို 09456900060 ကိုသာ Hello လိုက်ပါရှင်။


#မလေးပျို #ပရလောကဇာတ်လမ်း #ဖြစ်ရပ်မှန် #ချောက်ချားဖွယ်

ဝါတွင်း ၃ လ ပုတီးတူတူစိပ်ရအောင်။ ပထမဆုံးအဆင့် ၉ ရက်က ဂုဏ်တော် ၉ ပါးစလုံး တစ်ပတ်စီ စိပ်ရမှာနော်။ အရဟံတစ်ပတ်တည်းစိပ်ပြီး အ...
28/07/2026

ဝါတွင်း ၃ လ ပုတီးတူတူစိပ်ရအောင်။ ပထမဆုံးအဆင့် ၉ ရက်က ဂုဏ်တော် ၉ ပါးစလုံး တစ်ပတ်စီ စိပ်ရမှာနော်။ အရဟံတစ်ပတ်တည်းစိပ်ပြီး အဓိဌာန်အောင်ပြီ ဖြစ်နေမှာစိုးလို့ 😁 #ပုတီးစိပ်နည်း #ဝါတွင်းသုံးလကိုးနဝင်းပုတီးစိပ်နည်း

28/07/2026

✨ "နှလုံးသားတို့ရှိရာ ကမ္ဘာ" (Jewel of the Art, Love & The Nation) စာအုပ်သစ်လေးအတွက် Special Giveaway / လက်ဆောင်မဲဖောက်ပေးမယ့် အစီအစဉ်လေး လာပါပြီရှင်။ 🎉
ချစ်ခင်ရသူတွေအတွက် လက်ဆောင်ပေးဖို့ အကောင်းဆုံးဖြစ်မယ့် ဒီစာအုပ်လေးကို လက်ဆောင်ရယူဖို့ အောက်ပါအတိုင်း ပါဝင်နိုင်ပါပြီ -
🎁 ပါဝင်ဆင်နွှဲရမယ့် နည်းလမ်းများ
* ဒီပို့စ်လေးကို Public နဲ့ Share ပေးပါ။
* Share ထားတာကို Screenshot ရိုက်ပြီး ဒီပို့စ်ရဲ့ Comment မှာ မန့်ပေးပါ။
* အဲ့ဒီလို Comment မန့်ပေးကြတဲ့ သူငယ်ချင်းတွေထဲကမှ ကံထူးရှင်တွေကို မဲနှိုက်ပြီး လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကံထူးရှင်ရွေးချယ်ပေးမယ့်နေ့လေးကတော့ August လ ထဲမှာဖြစ်ပါတယ်ရှင်။ ရက်အတိအကျလေးကိုတော့ ပြန်ပြောထားပေးမယ်နော်။

#စာအုပ် #ဝတ္ထု

✨ "နှလုံးသားတို့ရှိရာ ကမ္ဘာ" (Jewel of the Art, Love & The Nation) စာအုပ်သစ်လေးအတွက် Special Giveaway / လက်ဆောင်မဲဖောက်ပ...
25/07/2026

✨ "နှလုံးသားတို့ရှိရာ ကမ္ဘာ" (Jewel of the Art, Love & The Nation) စာအုပ်သစ်လေးအတွက် Special Giveaway / လက်ဆောင်မဲဖောက်ပေးမယ့် အစီအစဉ်လေး လာပါပြီရှင်။ 🎉
ချစ်ခင်ရသူတွေအတွက် လက်ဆောင်ပေးဖို့ အကောင်းဆုံးဖြစ်မယ့် ဒီစာအုပ်လေးကို လက်ဆောင်ရယူဖို့ အောက်ပါအတိုင်း ပါဝင်နိုင်ပါပြီ -

🎁 ပါဝင်ဆင်နွှဲရမယ့် နည်းလမ်းများ
* ဒီပို့စ်လေးကို Public နဲ့ Share ပေးပါ။
* Share ထားတာကို Screenshot ရိုက်ပြီး ဒီပို့စ်ရဲ့ Comment မှာ မန့်ပေးပါ။
* အဲ့ဒီလို Comment မန့်ပေးကြတဲ့ သူငယ်ချင်းတွေထဲကမှ ကံထူးရှင်တွေကို မဲနှိုက်ပြီး လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကံထူးရှင်ရွေးချယ်ပေးမယ့်နေ့လေးကတော့ August လ ထဲမှာဖြစ်ပါတယ်ရှင်။ ရက်အတိအကျလေးကိုတော့ ပြန်ပြောထားပေးမယ်နော်။
ဇာတ်လမ်းလေးက ဒီလိုလေးပါ...
- အနုပညာကို တန်ဖိုးထားလွန်းပြီး ဖြစ်ချင်တဲ့ အနုပညာဇာတ်အဖွဲ့ကို မဖြစ်ဖြစ်အောင် တည်ထောင်နိုင်တဲ့ လူငယ်လေး "ဇေယျဟန်သာ"
သူ ကြုံလာရမယ့် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ...
- နိုင်ငံခြားမှာ အထည်အလိပ်ပညာကို သင်ယူပြီး နိုင်ငံခြားမှာပဲ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်ရဲ့ အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီးတစ်ဦးရဲ့ အငယ်ဆုံးသမီး"Emerald မြဒေဝီမင်း"
သူ ပြန်မလာချင်ဘဲ မြန်မာပြည် ပြန်လာခဲ့ရပြီး သူ တာဝန်ယူရမယ့် လုပ်ငန်းတွေကို အခက်အခဲတွေကြားကနေ ဘယ်လိုအောင်မြင်အောင် ကြိုးစားမလဲ...
- သူတို့နှစ်ယောက် ဆုံလာကြတဲ့အခါ အချစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပြီး ဘယ်လိုတန်ဖိုးထားကြမလဲ...
မြင်နေကျ ဇာတ်လမ်းတွေလို အရမ်းချမ်းသာတဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသမီးနဲ့ အညတရ အနုပညာသမားလေးကို မိဘက သဘောမတူနိုင်လို့ အချစ်အတွက် ရုန်းကန်ရတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ... ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို အောင်မြင်အောင် ဘယ်လိုအကောင်အထည်ဖော်ဖို့ ကြိုးစားမလဲ... တစ်ယောက်ကို တစ်ယောက် ဘယ်လိုအလေးထား၊ လေးစားပြီး နားလည်မှုပေးမလဲ...
အထူးသဖြင့် ဘိုးဘွားအမွေအနှစ်ရိုးရာ ယဉ်ကျေးမှုအနုပညာတွေကို တန်ဖိုးထားခြင်းဟာ တိုင်းပြည်တစ်ခုရဲ့ အသက်ဝိညာဉ်ကို ရှင်သန်အောင် မောင်းနှင်နိုင်ခြင်းဖြစ်တယ်ဆိုတာနဲ့ လူသားအချင်းချင်း မေတ္တာတရားထားပြီး နားလည်ပေးနိုင်ရင် ဒီကမ္ဘာကြီးဟာ ပိုမိုလှပလာနိုင်မှာ ဖြစ်ပါတယ်ဆိုတာကို စာရေးဆရာမ Autumn Maple က အလေးပေး ရေးသားထားတာလည်း ဖြစ်ပါတယ်။
စာရေးသူ - Autumn Maple
စာမျက်နှာ - ၁၆၈ မျက်နှာ
တန်ဖိုး - ၂၃,၀၀၀ ကျပ်
Genre : ချစ်ခြင်းမေတ္တာ၊ဒရာမာ၊ ယဉ်ကျေးမှုနှင့်စိတ်ခွန်အားဖြည့်ဝတ္တု (Romantic Drama / Cultural Fiction / Inspirational Literature Romance)
စာအုပ်လေးတစ်အုပ်ဝယ်တာနဲ့ ပိုးသားအိတ်လေးတစ်လုံး လက်ဆောင်ပါ ရဦးမှာနော်။ ပုံလေးကတော့ Ment မှာ ပြပေးမယ်နော်။
ဝယ်ယူချင်တယ်ဆိုရင်လည်း PN Publishing House ကို တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါတယ်ရှင်။
🏢 PN Publishing House
အမှတ်-၁၂၅ (ဒုတိယထပ်)၊ ၄၆ လမ်း (အထက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း - ၀၉ ၄၅၆ ၃၀၀ ၆၀၁၊ ၀၉ ၅၀ ၈၈ ၄၄ ၅၅

#စာဖတ်သူများဆုံဆည်းရာ #စာအုပ် #ဝတ္ထု

အပိုင်း(၂)*မွေးဖွားခြင်း*အနှီးစများကတော့ဖြင့် အဆင်သင့်ပင်။ ကလေးငယ်သည် လူ့လောကထဲသို့ လာနိုင်ပေတော့မည်။ ဒါကလည်း ကြာမည်မဟုတ...
21/07/2026

အပိုင်း(၂)
*မွေးဖွားခြင်း*

အနှီးစများကတော့ဖြင့် အဆင်သင့်ပင်။ ကလေးငယ်သည် လူ့လောကထဲသို့ လာနိုင်ပေတော့မည်။ ဒါကလည်း ကြာမည်မဟုတ်ပါ။
နာကျင်မှုများသည် ဆက်၍ ဖြစ်နေဆဲ၊ မခံမရပ်နိုင် ဖြစ်ဆဲပင်။ အမျိုးသမီးငယ်အေသီနာသည် ငိုမိသည်။ အော်မိသည်။
နာလွန်း၍ အသက်ရှူရပ်မတတ် ဖြစ်သည်။ အစေခံမလေးသည် ကြောက်ရွံ့ စွာဖြင့် အိမ်နီးချင်းများ၏ အိမ်တံခါးသို့ သွား၍ခေါက်လေသည်။
ထိုအိမ်နီးချင်းများလည်း သတင်းကို တစ်ဆင့်ချင်း၊ တစ်အိမ်ချင်းပေးရန် သူတို့အလှည့်တွင် အနီးဆုံး အိမ်တံခါးကို ခေါက်လေသည်။
ဂရိမိန်းကလေး အေသီနာသည် ကလေးမွေးဖွားတော့မည် ဖြစ်ကြောင်း တစ်အိမ်ပြီး တစ်အိမ်၊ တစ်လမ်းပြီး တစ်လမ်းဖြင့် သတင်းရသွားသော လူအုပ်စုသည် ကြီးမားလာသည်။ အားလုံး သိကုန်ကြသည်။ ဘာလာရပ်ကွက်မှ ဒီဂျီဘာလီရပ်ကွက်အထိ၊ အနည်းဆုံးတော့ ကြက်သားဟင်းတစ်အိုးတော့ ချက်ရန်လိုသည့် အချိန်အတိုင်းအတာအတွင်းတွင် ဖြစ်သည်။

အေသီနာ၏ခင်ပွန်း နီကိုလာယော့စ်သည် သူ့မိန်းမ ကလေးမွေးတော့မည်မှာ အဆင်သင့်ဖြစ်နေ၍ သူသည် ၄င်းကို လာကြည့်ရန် စိတ်ပါဝင်စားနေသည်။ သူသည် ဝမ်းဆွဲသည်မကြီးနှင့် အတူ ရှိနေရမည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ချက်ကြိုးကို ဖြတ်ရမည်။ ပြီးလျှင် အမျိုးသမီးတစ်ဦး လိုသည်။ သူ့မိန်းမအား အကူအညီအထောက်အပံ့ပေးရန် ဖြစ်သည်။ သူမ၏နဖူးပေါ်တွင် အဝတ်စသေးသေးလေး တင်ပေးထားခြင်း၊ သူမ၏လက်ကို ကိုင်ထားပေးရန်၊ သူမအား အားပေးစကားပြောရန် ဖြစ်သည်။ အကယ်၍ များ အခြေအနေသာ တောင်းဆိုလာလျှင် သူမသည် မည်သည့်အကူအညီမျှမပါဘဲ ရှောရှောရှူရှူ မွေးနိုင်ရန်ဖြစ်သည်။

တစ်နေ့ခင်းလုံး သတင်းစကားပါးခြင်းဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပြီး နောက်ပိုင်းတွင်မှ အေသီနာ အားငယ်စွာဖြင့် အထီးကျန် မခံစားရစေရန် သူတို့ပါ ရှိနေသင့်သည်ဆိုသည်ကို လူအုပ်စုလေးသည် နားလည်လိုက်ကြသည်။ ယောကျာ်းများနှင့် မိန်းမများ အယောက်သုံးဆယ်ခန့်သည် ဂါလာတာရပ်ကွက်တွင်ရှိသော သူမ၏အိမ်ဆီသို့ တိုးဝှေ့ ဝင်ရောက်လာကြသည်။ သနားစရာအေသီနာ၊ သူမ၏မျက်လုံးများသည် ကြောက်ရိပ်များ လွှမ်းနေသည်။ ရောက်လာကြသော ဧည့်ပရိသတ်ထဲမှ သုံးပုံတစ်ပုံသည် ဂရိအမျိုးသမီးငယ် အေသီနာအား ကူညီကြရန်၊ အားပေးကြရန်ဖြစ်သည်။ သူတို့သည် ဖခင်လောင်းအတွက် ဆုတောင်းပေးကြသည်။ ပြီးနောက် တချို့က သူတို့၏အိမ်များသို့ ပြန်ကြရန် ထိုအိမ်မှ ပြန်ထွက်ခဲ့ကြသည်။
လူပရိသတ်မှာ အယောက်နှစ်ဆယ်လောက်သာ ရှိတော့သည်။ တစ်ဖက်ခန်းထဲတွင် ဖြစ်သည်။
ကာဖော့်စ် ကတ်ရင်း ရေနွေးကြမ်း နွေးနွေးလေးသောက်ရန် သို့မဟုတ်ပါကလည်း ကော်ဖီသောက်ရန် ဖြစ်သည်။ သူတို့သည် အနားကွပ်များ၌ ငွေရောင်ကြိုးချည်များဖြင့် ထိုးထားသော ဆိုဖာကြီးများဖြင့် ဖုံးအုပ်ထားသော ထောင့်မှန်စတုဂံပုံသစ်သား ထိုင်ခုံရှည်ကြီးများပေါ်တွင် ထိုင်နေကြသည်။ ဤ ကလေးမှာ နီကိုလာယော့စ်၏ ပထမဆုံးသောကလေးငယ် ဖြစ်သည်။ သားကလေး ဖြစ်ပါစေဟု သူသည် မျှော်လင့်နေသည်။ အမှန်တကယ်ပြောရလျှင် သူသည် ၄င်းကို သံသယမဖြစ်မိချေ။ သူ၏မိခင်နှင့်ညီမများ၏ ပြောစကားအရ သူ၏မိန်းမဖြစ်သူ၏ ဗိုက်အနေအထားကိုကြည့်လျှင် ကလေးသည် ယောကျာ်းလေးဖြစ်သည်ဟု သံသယ ဖြစ်စရာပင် မလိုချေ။ သူ၏မိန်းမသည် ပက်လက်လှန် လှဲလိုက်ချိန်၌ သူမ၏ဝမ်းဗိုက် သည် ကောင်းကင်သို့ ထိုးတက်တော့မည့်ဟန်ရှိနေသည်။ ဗိုက်သည် ချွန်ထွက်နေသည် ဆိုပါက ပိုသေချာပါသည်။ ၄င်းသည် ယောကျာ်းလေးဖြစ်သည်။ ၄င်းဖွင့်ဆိုချက်များသည် မိသားစုထဲတွင် သတင်းမွှေးပျံ့နေသည်မှာ ကိုယ်ဝန်ရှိစဉ် ငါးလမြောက် ကတည်းကဖြစ်ရာ ၄င်းသည် ဂရိလူငယ် နီကိုလာယော့စ်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ သားကလေး၊ သူ၏နာမည်ကို တစ်သက်လုံး ဆက်ခံမည့် သားကလေး။
ကြေးလင်ပန်းကြီးပေါ်တွင် မုန့်အချိုများတင်၍ လမ်းသွယ်လေးများပေါ်တွင် လှည့်လည်ရောင်းချနေသော မုန့်သည်သည် သူ၏မုန့်များကို အကုန်ဝယ်ယူထားပြီး ဖြစ်သော နီကိုလာယော့စ်၏ အိမ်သို့ ချက်ချင်းပင် သွားလေသည်။ ထိုမျှနှင့်ပင် မလုံလောက်သေး။ မွေးဖွားပြီးချိန်၌ အချိုတည်းရန် အိမ်ဖော်မိန်းကလေးသည် နီကိုလာယော့စ်၏ အဘွားဖြစ်သူ ပေးထားသော ကိတ်မုန့်လုပ်နည်းဖြင့် ကိတ်မုန့်လုပ်ရမည် ဖြစ်သည်။
မွေးဖွားချိန်သည် စတင်ခဲ့ပြီဖြစ်သည်။ ဝမ်းဆွဲသည်မကြီးသည်လည်း ဂရိ အမျိုးသမီးငယ်အား အကူအညီပေးသည်။ အားပေးသည်။ မခံမရပ်နိုင်အောင် နာကျင်မှုကြောင့် အေသီနာသည် အော်ဟစ်ညည်းတွားလိုက်သည်။
"ကျွန်မ မမွေးနိုင်ဘူး၊ ကျွန်မ မမွေးနိုင် .."
သူမသည် အော်ဟစ်၍ ပြောမိသည်။
"မိန်းမတိုင်း မွေးနိုင်သွားတာပဲ၊ နင်လည်း သူများတွေလိုပဲ အေသီနာ"
အေသီနာသည် နောက်တစ်ကြိမ် လွှတ်ခနဲ အော်မိပြန်သည်။ ကြာလိုက်တာ၊ ကြာလိုက်တာ။ ဝမ်းဆွဲသည်မကြီးသည်လည်း စိတ်အနည်းငယ်တိုသွားသည်။ ဒီလောက်တောင် အော်စရာကောင်းနေသလား။ သူမသည် ဂရိမိန်းကလေး အေသီနာ၏ ပါးပြင်ကို ခပ်နာနာ တစ်ချက်ရိုက်လိုက်သည်။ ဂရိမိန်းကလေးသည် အံ့အားသင့်လျက် သူမ၏မို့ဖောင်းနေသော မျက်နှာပေါ်သို့ လက်ဖြင့် စမ်းလိုက်သည်...
×××

#ဘော့စဖိုက_ကလေးငယ်
#နီနီဦး(ပါရီ-ဆိုဘွန်းတက္ကသိုလ်)

စာအုပ်မှာယူလိုပါက...
09456900060 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အပိုင်း(၁)*လမ်းကလေး*အယ်လီဇာသည် လူသွားလမ်းကလေးကို မျက်လုံးမလွှဲ ကြည့်နေသည်။ ခြေထောက်မတော်တဆမှား၍ မနင်းမိစေရန်၊ ခြေချော်မသ...
20/07/2026

အပိုင်း(၁)

*လမ်းကလေး*

အယ်လီဇာသည် လူသွားလမ်းကလေးကို မျက်လုံးမလွှဲ ကြည့်နေသည်။ ခြေထောက်မတော်တဆမှား၍ မနင်းမိစေရန်၊ ခြေချော်မသွားစေရန်၊ ခြေချင်းဝတ် ခေါက်မသွားစေရန်၊ ခလုတ်မတိုက်မိစေရန်၊ လက်ထဲမှ အဝတ်ထုပ် ပြေကျမသွားစေရန် သတိကြီးစွာထားရင်းဖြင့် လူသွားလမ်းကလေးကို စူးစူးစိုက်စိုက် ကြည့်နေရသည်။ ဂရိမိသားစုတစ်စုသည် သူ့အား ကလေးအနှီးထုပ်တစ်ထုပ် မှာထားပြီး ဖြစ်သည်။ မွေးဖွားလာမည့် ကလေးငယ်အတွက် ဖြစ်သည်။ မွေးဖွားလာမည့် အချိန် ဖြစ်သော နောက်လာမည့် တစ်ပတ်ကို စောင့်နေကြခြင်းဖြစ်သည်။ အီဂျစ်ပြည်လုပ် အရည်အသွေး အမြင့်ဆုံး၊ အဖြူဖွေးဆုံး၊ အဖွေးဆွတ်နိုင်ဆုံးသော ပိတ်စများ၏ထောင့်တိုင်းတွင် သူတို့၏အလုပ်သမားများထဲမှ တစ်ဦးအား ရွှေရောင်လက်ဝါးကပ် တိုင်ပုံ ကြက်ခြေခတ်ထိုးပေးရန် မိသားစုဝင်များမှ ခိုင်းထားခဲ့ခြင်းဖြစ်သည်။
အဝတ်ထုပ်သည် အတော်ပင်လေးပေသည်။ မိခင်များ သိကြသည့်အတိုင်းပင်၊ မိခင်များသည် သူတို့၏သားသမီးများအတွက်ဆိုလျှင် တော်ရုံတန်ရုံလောက်ဖြင့် မတင်းတိမ်တတ်ကြပေ။ ကလေးငယ်တစ်ဦးသည် ပိစိလေးမှ ကြီးလာကာ ပြောင်းလဲသွားကြမည် ဖြစ်သည်။ ကလေးငယ်အား ရေချိုးပေးပြီးလျှင် ထွေးထုပ် ရသော သိုးမွေးအစများ လျှော်ဖွပ်ချိန်နှင့် နေရောင်အောက်တွင် အခြောက်လှန်းရန် အချိန်တို့ဖြစ်ပါသည်။ ဟုတ်ပါသည်။ ကလေးငယ်သည် ယောကျာ်းလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ပြာများဖြင့် ပြည့်နေသော ခုတင်တစ်လုံးပေါ်တွင် ကိုယ်တုံးလုံး လေးများဖြင့် ချထားရသည်။ သို့သော် မြို့ထဲတွင် ခေတ်စားနေသော၊ ဒဏ္ဍာရီ တစ်ပုဒ်မဟုတ်သော၊ ကြောက်စရာကောင်းသော ရှေးဖြစ်ဟောင်း သမိုင်းရာဇဝင် တစ်ခုမှာ ပြာအောက်တွင် အပြီးငြိမ်းသေခြင်း မရှိသေးသော၊ ပြာအဖြစ် မရောက်သေးသော မီးခဲသည် ကလေးငယ်အား လောင်ကျွမ်းသည်မှ ရပ်ကွက်အထိပင် ဖြစ်သည်။ မိရိုးဖလာ လုပ်ရိုးလုပ်စဉ် လုပ်နေကျ ဖြစ်သော်လည်း မိခင်များသည် ထိုနည်းလမ်းကို မယုံကြည်ချင်ကြတော့ပေ။ ထိုအချိန်မှစ၍ သူမတို့သည် ထိုအဖြစ် ဆိုးများကို အဖြစ်ခံ၍ မိရိုးဖလာအလုပ်များကို မလုပ်ကြတော့ချေ။ ဒုက္ခဆင်းရဲများမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနှီးပိတ်များ၊ အထည်များဖြင့် အလုပ်များကို နှစ်ခြိုက်လာကြတော့သည်။
လမ်းကလေးများသည် ဘော့စဖိုမြစ်ကမ်းပါးမှ ဂါလာတာမျှော်စင်အထိ အတော်လေးပင် ကြမ်းတမ်းလှပေသည်။ ကုန်သည်အယ်လီဇာသည် အလွန်ပင် လျင်မြန်ဖျတ်လတ်၍ ပျော့ပျောင်းသူ ဖြစ်သည်။ သူသည် အနောက်ဘက်သို့ ပြန်လဲ လုမတတ်ပင် လှေကားထစ် လေး၊ ငါးထစ်ကို တစ်ချက်တည်းဖြင့် ခုန်တက်နေပေသည်။ တစ်ခါတလေမှာဖြင့် သူသည် အသက်ရှုူရန် တစ်အောင့်လောက် ရပ်နားသည်။ တစ်ဖန် ဆက်၍ တက်ပြန်သည်။ မျှော်စင်အထိ ရောက်သော လမ်းကလေးသို့ ရောက်သောအခါ အင်ပါယာရဲသားနှစ်ဦးသည် လမ်းသွား၊ လမ်းလာများ အား အခြားလမ်းမှ သွားကြရန် လမ်းညွှန်ပြနေပေသည်။ ထိုနေရာ၌ ရေပန်းတစ်ခု ဆောက်လုပ်နေ၍ ဖြစ်သည်။
အယ်လီဇာ ပြုံးမိသည်။ သူ့အား လမ်းကြောင်းပြောင်းသွားခိုင်းနေသည်မှာ တစ်ကြိမ်လည်း မဟုတ်၊ နောက်ဆုံးအကြိမ်လည်း မဟုတ်နိုင်ချေ။ အတိအကျ ပြောရလျှင်ဖြင့် ပြည်သူလူထု သွားလိုရာပင် မဟုတ်ပါလား။ ကမ္ဘာတစ်ဝန်းရှိ လမ်းများပေါ်တွင် လူများ ပြန့်ကျဲနေကြသည်။ နားခိုရာကို ရှာဖွေရင်း၊ ငြိမ်းချမ်းမှုကို ရှာဖွေရင်းဖြင့်။ တချို့ကတော့ ပြောကြသည်။ ၎င်းငြိမ်းချမ်းမှုကို စပိန်တွင် အဆုံးမရှိ ရှာဖွေတွေ့ရှိနိုင်သည်ဟု။ ထိုသူတို့သည် ဂျူးများ ဖြစ်သည်။ သူတို့အား အနှိပ်စက် မခံရမီအချိန်အထိ သူတို့သည် ထိုနေရာစပိန်၌ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင် ခဲ့ကြသည်မဟုတ်ပါလား။
အုပ်ချုပ်သူတစ်ဦး၊ သူတစ်ဦးတည်းကသာလျှင် သူတို့အားလုံး၏ ကံကြမ္မာကို ငဲ့စောင်းကြည့်ပေသည်။ ဘေရာဇစ်၂၊ သူ၏အမည်အား ဘုရားသခင်မှ ချီးမြှောက်ခဲ့သည်။ အော့တိုမန်တို့၏ အင်ပါယာပြည့်ရှင်ဆူတန်၊ သူသည် သူ၏ အင်ပါယာကြီး တစ်ခုလုံး၏ တံခါးများအားလုံးကို ဂျူးများအတွက် ဖွင့်ပေးခဲ့သည်။
ယခုဆိုလျှင် စပိန်နိုင်ငံမှ ရောက်လာခဲ့ကြသော ဂျူးလူမျိုးများသည် သူတို့ မျှော်လင့်စောင့်စားခဲ့သည့်အတိုင်း ဤအင်ပါယာကြီးတွင် နေထိုင်နိုင်ကြပေသည်။ လုပ်ငန်းများ လုပ်ကိုင်နိုင်ကြပေသည်။ ပညာများသင်ယူနိုင်ကြပေသည်။ ဘယ်သော အခါမျှ သူတို့စိုးရိမ်သောကရောက်စရာ မလိုတော့ချေ။ ထိုအရာများထက် ပိုကောင်း တာပင် ရှိသေးသည်၊ ၎င်းမှာ သူတို့အား ကာကွယ်စောင့်ရှောက်ပေးထားခြင်း ဖြစ် ပေသည်။
သူတို့သည် ဤအင်ပါယာကြီးသို့ ရောက်လာကြသည်။ ဆူတန်ကိုယ်တိုင် စီးစေခဲ့သည့် ခရစ်စ်တိုဖာ ကိုလံဘတ်၏ရွက်လှေကြီးများကဲ့သို့သော ရွက်လှေကြီး များဖြင့် ရောက်လာကြသည်။ စပိန်တွင် သန်းပေါင်းများစွာသော ဂျူးယောကျာ်း၊ ဂျူးမိန်းမ၊ ဂျူးကလေးများသည် ပြိုကွဲပျက်စီးခဲ့ကြရသည်။ လယ်ယာမြေများကို စွန့်ပစ်ခဲ့ကြရသော သူတို့သည် ယခုအခါ ဤနေရာတွင် ပျော်ရွှင်နေကြသည်။ သာယာသော ဘဝများကို ရရှိနေကြသည်။ သူတို့အား ကယ်တင်ရန် ဆုံးဖြတ်ချက် ချခဲ့သောသူ မည်သူဆိုသည်ကို အသိတရားထဲတွင် ထည့်၍ဖြစ်သည်။
အီစတန်ဘူလ် ...
လွန်ခဲ့သော ရာစုနှစ်စုကတည်းကပင် သူတို့ဂျူးများသည် ဤနေရာတွင် ပျော်ခဲ့ကြသည်၊ အောင်မြင်ခဲ့ကြသည်။ ရိုသေလေးစားခြင်း ခံခဲ့ကြရသည်။
မျှော်စင်ခြေရင်းသို့ရောက်သောအခါ အယ်လီဇာသည် ဘယ်ဘက်အခြမ်းတွင် ရှိသော ဗလီနှင့် ဘေးချင်းကပ်အိမ်များကို ပထမဆုံးအိမ်မှစ၍ ရေတွက်လိုက်သည်။ ခြံတံခါးကို တွန်းလိုက်သည်။ နှစ်ထပ်အိမ်အကြီးကြီးရှေ့သို့ ရောက်သည့် လူသွား လမ်းလေးကို လျှောက်လာလိုက်သည်။ သူသည် တံခါးခေါက်လိုက်သည်။ မရှေး မနှောင်းဆိုသလိုပင် အလွန်ပင် ငယ်ရွယ်သော အစေခံမလေးတစ်ဦး၊ ကလေး သာသာပင် ရှိသေးသည်။ သူ့အား အိမ်ထဲသို့ ဖိတ်ခေါ်သည်။ အထဲသို့ ရောက်သော အခါ သူမသည် သူ့အား အပေါ်ထပ်သို့ နောက်တစ်ဖန် ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် အိမ်ကြီးရှင် အမျိုးသမီးငယ် ရှိနေသည်။ မွေ့ရာအထူကြီးပေါ်တွင် လဲလျောင်းနေသည်။ ဆိုဖာကူရှင်နှစ်လုံးဆင့်ပေါ်တွင် ခြေထောက်များကို ချိတ်တင် ထားသည်။ မျက်နှာနှင့် မျက်လုံးများသည် မို့ဖောင်းနေသည်။ သူမ၏ဝမ်းဗိုက်ကြီးသည် သူမ၏အိမ်ဆောက်လုပ်ထားရှိရာ တောင်ကမူကြီးကဲ့သို့ပင် မိုးသို့ပျံတက်နေသည်။ သူ့အား အသာအယာ ဦးညွှတ်ပြနေသော ကုန်သည်အယ်လီဇာအား သူမက ယဲ့ယဲ့မျှ ပြုံးပြသည်။
အစေခံမလေးသည် အဝတ်ထုပ်ကို ဖြေလိုက်သည်။ သူမသည် အဝတ်စ များကို အိမ်ကြီးရှင်သခင်မ အေသီနာအား ပြရသည်။ အေသီနာ၏လက်ချောင်း များဖြင့် အဝတ်စအား ချည်သားကောင်း၊ မကောင်း၊ နူးညံ့၊ မညံ့၊ ခိုင်ခံ့၊ မခံ့၊ စမ်းကြည့်စေရန် ဖြစ်သည်။ ကလေးမလေးသည် အဝတ်စများကို တစ်ထည်ပြီး တစ်ထည် သတိကြီးစွာ ထား၍ ပြနေရသည်။ သူမ၏စိတ်ပါဝင်စားမှုနှင့် သူမ၏အပျော်သည် မိခင်လောင်းထက်ပင် ကျော်လွန်ပေသည်။ အေသီနာသည် အလွန် အမင်း မောဟိုက်ပင်ပန်းခြင်းနှင့် သူမအား ကတ်ကြေးဖြင့် ဖြတ်လိုက်သကဲ့သို့ပင် နာလွန်းအားကြီး၍ အော်ဟစ်လိုက်သည့် သူမ၏ အသံစူးစူးတို့သည် ပေါ်လာလိုက်၊ ပျောက်သွားလိုက်နှင့် ပြတ်တောင်း၊ ပြတ်တောင်း ရှိနေချေသည်။
အယ်လီဇာသည် ထိုအော်သံကြားတိုင်း၊ သူမ တစ်ခါအော်လိုက်တိုင်း ထ၍ ခုန်မိပေသည်။ ထိုအခါ အိမ်ဖော်မလေးသည် သူ့ဘက်သို့ လှည့်၍ လက်ဟန်ခြေဟန် ဖြင့် စိတ်အေးအေးထားပြီး ထိုင်ဖို့ရန်ပြလိုက်သည်။ အယ်လီဇာသည် ပြန်၍ထိုင်ချ လိုက်သည်။ ပြနေသောအစတစ်ခုစီတိုင်းအား အေသီနာသည် ကျေနပ်သည့်အမူ အရာဖြင့် ခေါင်းတစ်ချက်ဆတ်ပြသည်။ အစေခံမလေးသည် သူမ၏သခင်မအား အစများကို ပြပြီးသည့်အချိန်တွင် သခင်မသည် သူမအား စကားတစ်ခွန်း ကပ်ပြော လိုက်သည်။ ထိုအခါ ကလေးမလေးသည် အခြားတစ်ဖက်ရှိ အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ နောက်တစ်ဖန် အော်လိုက်သည့်အသံကြောင့် ကုန်သည် အယ်လီဇာသည် သူ့ထိုင်ခုံမှခုန်၍ ထမိပြန်သည်။ ချက်ချင်းဆိုသလိုပင် ပြန်၍ ထိုင်ချလိုက်ပြန်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အစေခံမလေးသည် ပြန်၍ထွက်လာသည်။ ဘယ်ဘက်လက်ဖဝါးထဲတွင် ရွှေပြားထည့်ထားသော ပိုးအိတ်ကလေး တစ်အိတ်ကို ကိုင်၍ ဖြစ်သည်။ ညာလက်ထဲတွင် ရေအေးအေးတစ်ခွက် ကိုင်လျက် ဖြစ်သည်။ သူမသည် ရေဆာနေ၍ လိုလိုချင်ချင် လှမ်း၍ယူနေသော ဂျူးလူမျိုးကုန်သည် အယ်လီဇာအား ရေကို လှမ်းပေးလိုက်သည်။ ထို့နောက် သူမသည် ပိုးအိတ်ကိုပါ ကုန်သည်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကုန်သည်သည် အေသီနာအား ကျေးဇူး တင်ကြောင်း ဦးခေါင်းညွှတ်ပြလိုက်သည်။ သို့သော် အေသီနာသည် မျက်ခုံးတစ်ချက် ပင့်၍သာ အသိအမှတ်ပြုလေသည်။ ထို့နောက် သူသည် အိမ်၏တံခါးမကြီးကို တွန်းဖွင့်လိုက်သည်။ သူ့၏လုပ်ငန်းဆောင်တာသည် အလုံးစုံ ပြီးစီးသွားပြီ ဖြစ်သည်။
သူသည် အပြင်သို့ရောက်သောအခါ သစ်ပင်များ၊ အိမ်များ၊ တောင်ကမူ လေးများ၊ ပန်းခြံများကို မြင်ရသည်။ သူ၏အရှေ့တွင် အခြားတစ်ဖက်လမ်းပေါ်၌ ဆူတန်နန်းတော်ရှိသည်။ ဘော့စဖိုသည် နေရောင်အောက်တွင် အလင်းရောင်ပေါင်း ထောင်ချီ၍။ ကြည့်လေရာတိုင်း၌ အလင်းရောင်များဖြင့် လှပရင်းသာ လှနေပေ တော့သည်။
မယုံနိုင်စရာ၊ သံသယဖြစ်စရာ မရှိပါ။ ကမ္ဘာပေါ်တွင် အလှပဆုံးမြို့ ဖြစ်ပေသည်။

x x x

#ဘော့စဖိုက_ကလေးငယ်
#နီနီဦး(ပါရီ-ဆိုဘွန်းတက္ကသိုလ်)

စာအုပ်မှာယူလိုပါက...
09456900060 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

12/07/2026

ထူးထူးခြားခြားတင်ဆက်ပေးမယ့်စာအုပ်လေးတစ်အုပ်...
စာရေးသူက မလေးပျိုပါ။ YouTube မှာလည်း အသံဇာတ်လမ်းအနေနဲ့ လူကြိုက်များတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တာကြောင့် PN Publishing House ရဲ့စာဖတ်ပရိသတ်တွေလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါကြောင်း...
စာအုပ်တန်ဖိုးက ၁၅၀၀၀ ကျပ်နဲ့ Preorder မှာယူသူတိုင်းကို 10% လျှော့စျေးနဲ့ မှာယူနိုင်ပြီဖြစ်ပါတယ်။
ပထမဆုံး အုပ်ရေ ၁၀၀ အထိပဲ ၁၀% လျှော့စျေးနဲ့ ရမှာပါနော်။ မြန်မြန်လေး အော်ဒါတင်ဖို့... Hello လိုက်နော်။

09456900060
#ချောက်ချားဖွယ်ရာနှစ်နှစ်တာ #မလေးပျို

ဝါဝင်ခါနီးဆိုတော့ ဝါဆိုသင်္ကန်းကပ်ရင်း မိမိအလှူကို ကြွရောက်လာပေးကြသူများကို ဝေပြီး ဓမ္မဒါန လုပ်ဖို့အကောင်းဆုံးကတ်လေးတွေ ...
29/06/2026

ဝါဝင်ခါနီးဆိုတော့ ဝါဆိုသင်္ကန်းကပ်ရင်း မိမိအလှူကို ကြွရောက်လာပေးကြသူများကို ဝေပြီး ဓမ္မဒါန လုပ်ဖို့အကောင်းဆုံးကတ်လေးတွေ ဆုဆီကနေ မှာလို့ရပါပြီရှင်။

ဒီကတ်လေးတွေက ၆ ခေါက်ချိုး ကတ်အမာ ရောင်စုံကတ်လေးတွေ ဖြစ်ပါတယ်ရှင်။

တစ်ကတ်ချင်းယူရင် ၁၀၀၀ ကျပ်ပါ။ ကတ် ၁၀၀ က စပြီး အလှူရှင်စတစ်ကာလက်ဆောင်ထုတ်ပေးပါတယ်ရှင်။ ကတ် ၂၀၀ အထက်ဆိုရင်တော့ ၁၀% လျှော့စျေးနဲ့အတူ အလှူရှင်စတစ်ကာပါ လက်ဆောင် ထည့်ပေးမယ်နော်။

#သရဏဂုံ #ပုတီးစိပ်နည်း #ပဌာန်းပုတီးစိပ်နည်း

26/06/2026

"ကျန်းမာရေးဆိုတာ… နေမကောင်းဖြစ်မှ လေ့လာရတာ မဟုတ်ပါဘူး။"

"မိသားစုကို စောင့်ရှောက်ချင်တဲ့သူတိုင်း
ကြိုတင်သိထားသင့်တဲ့ ကျန်းမာရေးအသိပညာတွေ ရှိပါတယ်။"

"ဒီစာအုပ်လေးက
အိမ်တိုင်းမှာ ရှိသင့်တဲ့
ကျန်းမာရေးအဖော်မွန်တစ်အုပ်ပါ။"

"ကိုယ့်အတွက်…
မိသားစုအတွက်…
အနာဂတ်အတွက်…"

"📖 ကျန်းမာရေးလက်စွဲစာအုပ်ကောင်းလေးဖြစ်တဲ့ ဆရာဝန်မရှိတဲ့နေရာစာအုပ်လေး မှာယူနိုင်ပါပြီရှင်။

အိမ်ရောက်ငွေချေမှာယူလိုပါက Royal Express ရောက်တဲ့နေရာတွေဆိုရင် ရပါတယ်နော်။
စာအုပ်တန်ဖိုး၂၀၀၀၀ ကျပ်ပါ။

၂၀၀၀၀ ကျပ်ထက်မက တန်တဲ့ ကျန်းမာရေးဗဟုသုတတွေကို အစုံအလင်ရယူဖို့ ခုပဲ မှာကြရအောင်နော်...

#အခြေခံကျန်းမာရေးဗဟုသုတ #အထွေထွေဆေးဝါးများ #ဒေါက်တာမိုးဇော်အောင် #သိထားသင့်သောကျန်းမာရေး #ဆရာဝန်မရှိတဲ့နေရာ

Address

Amphoe Bang Bua Thong, Nonthaburi, Thailand
Yangon
11130

Website

Alerts

Be the first to know and let us send you an email when PN Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share