05/09/2026
လုပ်ရတာလွယ်ကူပေမယ့် အရသာတအားရှိတဲ့ မြန်မာ့ရိုးရာ “မုန့်ကြာစိသာကူ”လုပ်နည်းလေးလာပါပြီ…
ပိတ်ရက်မှာ အပျင်းပြေလုပ်စားချင်သူတွေအတွက် ချိုချိုစိမ့်စိမ့်လေးနဲ့ ပါးစပ်ထဲမှာ အရသာတွေ့စေမယ့် မုန့်ကြာစိသာကူအလွယ်လုပ်နည်းလေးမျှဝေပေးချင်ပါတယ်ရှင်
တစ်လုတ်ဆိုတစ်လုတ် တအားအချိုမပြင်းပဲသောက်လို့ တကယ်ကောင်း
✅ အရင်ဆုံး ထန်းလျက်ကြိုဖို့ ရေဆူဆူထဲ မုန့်လုပ်ထန်းလျက်လေးတွေထည့်ထားလိုက်ပါ
✅ အရသာလေး ပိုကောင်းသွားအောင်လို့ နွေးက ဆားလေးအနည်းငယ်ထည့်ပေးလိုက်တယ်
✅ ကျိုပြီးရလာတဲ့ ထန်းလျက်ရေလေးတွေကို အမှုန်အမှိုက်တွေမပါအောင် ဇကာနဲ့စစ်ချပေးလိုက်တယ်
✅ မုန့်ကြာစိလုပ်ဖို့ ကောက်ညှင်းမှုန့် ၅ဇွန်းနဲ့ ဆန်မှုန့် ၁ဇွန်းခွဲထည့်ပေးပြီး ရေအနည်းငယ်ထည့်ပြီး နယ်မယ်
✅ အခုလိုမုန့်သာလေးတွေအိစက်လာတဲ့ထိနယ်ပေးလိုက်ပါ
✅ ရလာတဲ့ မုန့်သာလေးတွေကို အလုံးလေးတွေလုံးပေးထား၊ ရေဆူဆူထဲထည့်ပြုတ် မုန့်လုံးရေပေါ်လို့ ရေပေါ်တက်လာပြီဆို မုန့်ကြာစိပါပြီ
✅ ပြီး ရေနွေးပူပူထဲကို သာကူစေ့လေးတွေထည့် ပြီးသာကူမျက်စိပျောက်လာတဲ့ထိကျိုပေး ရလာရင် ရေတွေကိုဇကာနဲ့စစ်ချပေး
✅ ကဲ အခုမုန့်ကြာစိသာကူ စကျိုဖို့အတွက် အိုးထဲကို ခုနကတည်ထားတဲ့ ထန်းလျက်ရည်ထည့်၊ မုန့်ကြာစိထည့်၊ သာကူထည့်၊ အတုံးလေးတွေတုံးထားတဲ့ ကန်စွန်းဥပြုတ်ထည့်၊ နောက်ဆုံး အုန်းသီးဖတ်လေးတွေထည့်ပြီးရင်တော့ တအားသောက်လို့ကောင်းတဲ့ မုန်ကြာစိသာကူရပြီရှင်🥰
စားခံနီးအုန်းနို့ရည်လေးဆမ်းစားရင် ရှယ်ပဲပေါ့…
ဒီနည်းလေးအတိုင်းသာ ကျိုကြည့်လိုက်ရင် ဆိုင်ကရောင်းတဲ့ အရသာထက်တောင် ပိုကောင်းနေမှာ အသေအချာပါပဲ
အားလုံးအဆင်ပြေကြပါစေရှင်။🥰