Eat with Chaw food blogger
(1)

ဝါတွင်းမှာ အဓိဌာန်ဝင်ချင်တဲ့သူတွေအတွက်🙏🙏🙏
17/06/2026

ဝါတွင်းမှာ အဓိဌာန်ဝင်ချင်တဲ့သူတွေအတွက်🙏🙏🙏

📿 ၂၀၂၆ ခုနှစ် ဝါတွင်း (၃) လ "ကိုးနဝင်းပုတီး" အဓိဌာန် ရက်ပေါင်း (၉၀) ပုတီးစိပ်ပူဇော်နည်း

💡 အဓိဌာန်ဝင်ရာတွင် သိထားရန်
❌ သက်သတ်လွတ် စားစရာမလိုပါ။

❌ အချိန် တိတိကျကျ သတ်မှတ်ပြီး စိပ်စရာမလိုပါ။

နေ့တိုင်း မှန်မှန်နှင့် စိတ်ပါလက်ပါ စိပ်ရုံသာ လိုအပ်ပါသည်။

အဆင့် (၁) - မိတ်ဆက် ရက်သတ္တပတ်
(၂၉.၇.၂၀၂၆) မှ (၆.၈.၂၀၂၆) အထိ

အောက်ပါ ဂုဏ်တော် (၉) ပါးစလုံးကို နေ့တိုင်း (၁) ပတ်စီ စိပ်ပေးရပါမည်။

📿 အရဟံ — (၁) ပတ်

📿 သမ္မာသမ္ဗုဒ္ဓေါ — (၁) ပတ်

📿 ဝိဇ္ဇာစရဏသမ္ပန္နော — (၁) ပတ်

📿 သုဂတော — (၁) ပတ်

📿 လောကဝိဒူ — (၁) ပတ်

📿 အနုတ္တရောပုရိသဒမ္မသာရထိ — (၁) ပတ်

📿 သတ္ထာဒေဝမနုဿာနံ — (၁) ပတ်

📿 ဗုဒ္ဓေါ — (၁) ပတ်

📿 ဘဂဝါ — (၁) ပတ်

အဆင့် (၂) - ဂုဏ်တော်တစ်ပါးချင်းစီအလိုက် "သိဒ္ဓိ" ပုတီးစိပ်ရမည့် ရက်စွဲများ
သတ်မှတ်ထားသော ရက်အလိုက် သက်ဆိုင်ရာ ဂုဏ်တော်တစ်ခုတည်းကိုသာ (၉) ပတ်စီ စိပ်ရပါမည်။

📿 အရဟံ သိဒ္ဓိ (၉ ပတ်)

၇ . ၈ . ၂၀၂၆ မှ ၁၅ . ၈ . ၂၀၂၆ အထိ

📿 သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉ ပတ်)

၁၆ . ၈ . ၂၀2၆ မှ ၂၄ . ၈ . ၂၀၂၆ အထိ

📿 ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉ ပတ်)

၂၅ . ၈ . ၂၀၂၆ မှ ၂ . ၉ . ၂၀၂၆ အထိ

📿 သုဂတော သိဒ္ဓိ (၉ ပတ်)

၃ . ၉ . ၂၀၂၆ မှ ၁၁ . ၉ . ၂၀၂၆ အထိ

📿 လောကဝိဒူ သိဒ္ဓိ (၉ ပတ်)

၁၂ . ၉ . ၂၀၂၆ မှ ၂၀ . ၉ . ၂၀၂၆ အထိ

📿 အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉ ပတ်)

၂၁ . ၉ . ၂၀၂၆ မှ ၂၉ . ၉ . ၂၀၂၆ အထိ

📿 သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉ ပတ်)

၃၀ . ၉ . ၂၀၂၆ မှ ၈ . ၁၀ . ၂၀၂၆ အထိ

📿 ဗုဒ္ဓေါ သိဒ္ဓိ (၉ ပတ်)

၉ . ၁၀ . ၂၀၂၆ မှ ၁၇ . ၁၀ . ၂၀၂၆ အထိ (မှန်ကန်သော ရက်စွဲဖြစ်ပါသည်)

📿 ဘဂဝါ သိဒ္ဓိ (၉ ပတ်)

၁၈ . ၁၀ . ၂၀၂၆ မှ ၂၆ . ၁၀ . ၂၀၂၆ အထိ

🙏 ဗုဒ္ဓဂုဏ်တော်ကိုးပါး၏ အဓိပ္ပါယ်နှင့် အကျိုးကျေးဇူးများ
၁။ အရဟံ

အဓိပ္ပါယ်: ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

အကျိုးတရား: ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ

အဓိပ္ပါယ်: သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

အကျိုးတရား: အသိဉာဏ်ပညာ ထိုးထွင်းတိုးပွားစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော

အဓိပ္ပါယ်: အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အကျိုးတရား: ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည်၊ နှလုံးရည် တိုးပွားစေကာ သတ္တိ၊ ဗျတ္တိနှင့် ပြည့်စုံစေသည်။

၄။ သုဂတော

အဓိပ္ပါယ်: ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။

အကျိုးတရား: သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီချီးမြှင့်ခြင်း ခခံရသည်၊ မိမိတောင့်တသမျှ အောင်မြင်ပြီး ရောက်လေရာရာ၌ မျက်နှာပွင့်လန်းစေသည်။

၅။ လောကဝိဒူ

အဓိပ္ပါယ်: သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

အကျိုးတရား: အချိန်ကာလ နေရာဌာနအလိုက် ကြံစည်သမျှ ကိစ္စအားလုံး အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့၏ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ

အဓိပ္ပါယ်: မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။

အကျိုးတရား: သူတစ်ပါးတို့က မိမိအပေါ် နိုင်ထက်ကလူ မပြုနိုင်ဘဲ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရရှိစေသည်။

၇။ သတ္တာဒေဝမနုဿာနံ

အဓိပ္ပါယ်: လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။

အကျိုးတရား: သူတစ်ပါး၏ အကြည်ညိုခံရပြီး အစဉ်ထာဝရ လေးစားရိုသေမှု ရရှိစေကာ ဩဇာအာဏာ ထက်မြက်စေသည်။

၈။ ဗုဒ္ဓေါ

အဓိပ္ပါယ်: သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား။

အကျိုးတရား: အရာရာကို ကြံဆသိမြင်နိုင်ပြီး ကြုံတွေ့ရသမျှ ပြဿနာဟူသမျှကို ကောင်းမွန်စွာ ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ

အဓိပ္ပါယ်: ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် (၆) ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အကျိုးတရား: လူချစ်လူခင် ပေါများပြီး အခြွေအရံ စုံလင်စေသည်၊ အားလုံးက ကြည်ညိုကြပြီး သူတစ်ပါးတို့ မတုပြိုင်ဝံ့ဘဲ ကြောက်လန့်ရိုသေစေသည်။

📿 ဆုတောင်းဂါထာ

ဤသို့လျှင် အရဟံ စာသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ 🙏🙏🙏

Dubai မှာ ပုဇွန်ကတော့ပေါတယ်ချိုလဲချိုတယ် 😋
15/05/2026

Dubai မှာ ပုဇွန်ကတော့ပေါတယ်ချိုလဲချိုတယ် 😋

11/05/2026

မသုပ်စားဖူးသေးတဲ့သူတွေသုပ်စားကြည့်ပါရှင့် အရမ်းကိုစားကောင်းလို့😋😋😋

ထမင်းဆီဆမ်းပူပူလေးနဲ့စားရင်ရှယ်ပဲ😋😋😋
09/05/2026

ထမင်းဆီဆမ်းပူပူလေးနဲ့စားရင်ရှယ်ပဲ😋😋😋

ပင်စိမ်း ချဉ်ပေါင် ဘူးညွှန့် ငါးခြောက်ပုဇွန်ခြောက်တွေအစုံရတဲ့ Dubaiရဲ့ fish market
03/05/2026

ပင်စိမ်း ချဉ်ပေါင် ဘူးညွှန့် ငါးခြောက်ပုဇွန်ခြောက်တွေအစုံရတဲ့ Dubaiရဲ့ fish market

Dubai မှာဆို ရှမ်းနံနံကဝယ်ရတာရှားတယ် ဒီဆိုင်ကရှမ်းနံနံအပြင် ဘူးညွှန့် ဖရုံညွှန့် မြင်းခွါရွက်ကစရတယ်
28/04/2026

Dubai မှာဆို ရှမ်းနံနံကဝယ်ရတာရှားတယ် ဒီဆိုင်ကရှမ်းနံနံအပြင် ဘူးညွှန့် ဖရုံညွှန့် မြင်းခွါရွက်ကစရတယ်

27/04/2026

ဒီကြားထဲမအားတာနဲ့ blog တွေနားထားတာ နောက်ပိုင်းတော့ဆက်တင်နိုင်ဖို့ပြန်ကြိုးစားတော့မယ်

ที่อยู่

55/750 Moo 5 Khok Kham
Samut Sakhon
74000

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eat with Chawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Eat with Chaw:

ทางลัด

แชร์